nagargyiMay 20, 20111min32134
ကျွန်တော် Mandalay Gazette (MG) မှာမန်ဘာ ဖြစ်တာ သိပ်မကြာ သေးပါဘူး။ တစ်လလောက်ပဲ ရှိအုန်းမှာပေါ့။ မန်ဘာအသစ် ဆိုတော့ ထုံးစံအတိုင်း ပို့စ်တွေ၊ ကောမန့်တွေ ဝင်ဖတ်တာပေါ့။ အဲဒီမှာ ဘာသတိထားမိ လဲဆိုတော့ ကောမန့်တွေမှာ ကံ၊ ဘာသာ၊ နိူင်ငံ၊ လူမျိုး၊ အယူဝါဒ တွေနဲ့ပတ်သက်ပြီး တော်တော်ဆွေးနွေး ငြင်းခုံကြတာ တွေ့ရတယ်။ တစ်ချို့ ကောမန့်တွေဆို ဆွေးနွေးထားတာ အများကြီး အရှည်ကြီးပဲ။ တစ်ချို့ ပို့စ်တွေမှာဆို ပို့စ်နဲ့မဆိုင်တဲ့ ကောမန့်တွေပေးရင်း အငြင်းပွားနေ တွေတောင် တွေ့ရတယ်။ (MG)ရဲ့ စည်းမျဉ်း အမှတ်(၆)မှာတော့ “လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။” လို့ရေးထားတာ တွေ့ရတယ်။ နောက်တစ်ချက်က လူတွေက ပြောကြတယ်။ အမြင်မတူဘဲ ဆွေးနွေးမှ […]


nagargyiMay 18, 20111min17912
သတင်းစာတွေမှာ အမွေပြတ် စွန့်လွှတ်တဲ့ သတင်းတွေ တွေ့လို့ တွေးမိ မြင်မိတာလေး ရေးလိုက်တာပါ။ အမွေဖြတ် တာတွေကြည့်ရင် အများအားဖြင့် မိဘ သဘောမတူတဲ့ သူကိုယူတာနဲ့ ငွေကိုဖြုန်းလို့ ဆိုတာတွေ့ ရတယ်။ လုပ်ငန်းရှင် သူဋ္ဌေးတစ်ယောက် တွေ့ဘူးတယ်။ သူ့စီးပွားရေး လုပ်ငန်းကလည်း တော်တော်အောင်မြင် ပါတယ်။ သူ့သားတစ်ယောက်က မိန်းကလေး တစ်ယောက်နဲ့ ကျောင်းမှာကတည်းက ရည်ငံနေကြတယ်။ သူ့သား ကျောင်းပြီးတော့ သူ့ရည်စားနဲ့ အိမ်ထောင်ပြုဖို့ မိဘကိုဖွင့်ပြောတယ်။ အဖေဖြစ်သူက သဘောမတူဘူး။ အဓိက  အကြောင်းကတော့ မိန်းကလေးဖက်က ငွေကြေးမပြည့်စုံမှု့ ကြောင့်ပေါ့။ သူ့သားကလည်း မိန်းကလေးနဲ့ မခွဲနိုင်တော့ ခိုးပြေးတာပေါ့။ အဲ့ဒီမှာ အဖေဖြစ်သူမှာ ဒေါသပေါက်ကွဲပြီး ချက်ချင်း အမွေပြတ် စွန့်လွှတ်ကြောင်း ကြေငြာပါတော့တယ်။ နောက်တစ်ဦးလည်း တွေ့ဘူးတယ်။ သူက […]


nagargyiMay 16, 20111min1173
တစ်ခါတစ်လေ ကြားတတ်ကြပါတယ်။ ယောကျာ်းမို့ မိန်းမမို့ ဘယ်လူမျိုးမို့ ဘယ်ဘာသာမို့ ဒီလိုလုပ်တာ ဆိုတာပါ။ အမှန်က လူတစ်ဦးချင်းစီရဲ့ လုပ်ဆောင်မှု့နဲ့ပဲ ဆိုင်တာပါ။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းနဲ့ အဆင်ပြေနေတဲ့ လူတစ်ယောက်ရှိ ပါတယ်။ သူဟာ အိမ်ထောင်လည်း မရှိပါဘူး။ လူလတ်ပိုင်းအရွယ် လူပျိုကြီး ဆိုပါတော့။ သူဟာ တစ်နေ့ကြတော့ မိန်းကလေးတစ်ယောက် ကိုတွေ့ပြီး ကြိုက်မိတယ်။ မိန်းကလေး ဆိုပေမယ့် သူ့နဲ့အသက် တူတူလောက် ပါပဲ။ စုံစမ်းကြည့်တော့ မိန်းကလေးမှာ အိမ်ထောင်ရှိကြောင်း သိရတယ်။ သူကလည်း ဒီမိန်းကလေးကိုပဲ စွဲလန်းနေတယ်။ နောက်တော့ ဘယ်လိုက ဘယ်လိုဖြစ်တယ် မသိဘူး။ မိန်းကလေးနဲ့ ချစ်ကြိုက် သွားတယ်။ နောက်တော့ မိန်းကလေးရဲ့ ယောကျာ်းလည်း သိသွားပြီး ပြဿနာတွေတက် ရုံးတွေရောက် ဖြစ်တာပေါ့။ သူလည်း […]


KyaemonMay 14, 201124min1050
  The China Challenge By Henry Kissinger Henry Kissinger on the China Challenge – WSJ.com http://online.wsj.com/article/SB10001424052748703864204576315223305697158.html?mod=WSJ_hpp_sections_lifestyle EXCERPTS: Societies and nations tend to think of themselves as eternal. They also cherish a tale of their origin. A special feature of Chinese civilization is that it seems to have no beginning. It appears in history less as […]


nagargyiMay 13, 20111min1295
လ္ဘက်ရည်ဆိုင်ကို လူအတော်များများ ထိုင်ဖူးကြပါတယ်။ လ္ဘက်ရည်ဆိုင် ထိုင်တာကို အလကား အလုပ်မရှိလို့ အချိန်ဖြုန်း နေတာလို့ မြင်တဲ့သူတွေ ရှိသလိုဘဲ မနက်စောစော လ္ဘက်ရည်လေး တစ်ခွက်လောက်မျှ မသောက်ရလျှင် ကျန်တဲ့အလုပ် မလုပ်နိုင်တဲ့သူလည်း ရှိပါတယ်။ လ္ဘက်ရည်ဆိုင် ထိုင်တာကို ကောင်းတယ်၊ မကောင်းဘူး အဓိက ပြောချင်တာ မဟုတ်ဘဲ ကျွန်တော့်အမြင်ကို တင်ပြခြင်းတာ ဖြစ်ပါတယ်။ မနက်စောစော အပြေးလေ့ကျင့်၊ လမ်းလျှောက်၊ ယောဂလုပ် စတဲ့အားကစားတွေ လုပ်ပြီးတဲ့အခါ မိတ်ဆွေတွေစုပြီး မနက်စာစားဖို့ လ္ဘက်ရည်ဆိုင် ထိုင်တာတွေ ရှိတယ်။ တစ်ချို့ မိသားစုတွေ ကလည်း မနက်စာစားဖို့ တစ်ယောက်တစ်မျိုး ကိုယ်ကြိုက်တာ မှာစားလို့ရတော့ လ္ဘက်ရည်ဆိုင် ထိုင်ကြတယ်။ တစ်ချို့လည်း မတွေ့တာ ကြာပြီဖြစ်တဲ့ မိတ်ဆွေကို သွားလာရင်းတွေ့လို့ စကားပြောရအောင် နီးစပ်ရာ […]


nagargyiMay 12, 20111min18219
ကံဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်မြင်မိတာလေး ပြောပြချင်တယ်။ ဘာသာရေး အမြင်မဟုတ်ပါဘူး။ ကျွန်တော့် အသိတစ်ယောက် တွေ့ဘူးတယ်။ သူကအရက် သိပ်ကြိုက်တယ်။ အရက်ကို အချိန်ရတိုင်း သောက်တယ်ဆိုတဲ့ လူမျိုးပေါ့။ တစ်နေ့မှာ နေမကောင်းဖြစ်လို့ ဆေးခန်းပြလိုက် ပြန်ကောင်းလိုက်နဲ့ (၄)(၅)ခါလည်းရှိရော သူ့ကို အသည်းပါရဂူနဲ့ ပြခိုင်းတယ်။ သူလည်း အသည်းပါရဂူနဲ့ အထူးကုဆေးခန်းမှာ ပြတာပေါ့။ သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ နောက်ဆုံးတော့ အသည်းဆရာဝန်က ဆေး(၁၀)ရက်သောက်ခိုင်းတယ်။ အဲဒီ(၁၀)ရက်ပြည့်လို့မှ မသက်သာရင် ဆေးရုံတက်ရမယ်လို့ ပြောလိုက်တယ်။ (၅)ရက်လောက်နေတော့ မနေနိုင်တော့လို့ ဆေးရုံသွားပြတယ်။ ဆရာဝန်ကြီးက ဓါတ်မှန်ရိုက်ခိုင်းတယ်။ ဓါတ်မှန်ကြည့်ပြီး ဆရာဝန်ကြီးက အဆုတ်ကမွနေပြီလို့ ပြောတယ်။ အဲဒီမှာ ပထမ အသည်းဆရာဝန်က အဆုတ်မှာဖြစ်နေတာ မသိဘဲ အသည်းဆေးတွေနဲ့ ကုနေတာကိုအံ့ဩမိတယ်။ အဲဒါနဲ့ နောက်ဆရာဝန်ကြီးက ကြိုးစား […]


nagargyiMay 12, 20111min1314
တစ်ခါက ဦးလေးတစ်ယောက် ပြောပြတာနဲ့ ပတ်သက်ပြီး တွေးမိတာကို ပြောပြချင်တယ်။ သူက စာအုပ်ထုတ်ဝေရေး လုပ်ငန်းလုပ်တယ်။ တစ်ခါကတဲ့ စာပေစိစစ်ရေးကနေ ဘာသာပြန်စာအုပ်တွေ မထုတ်ဖို့ ကိစ္စဆွေးနွေးကြတယ်တဲ့။ အဲဒီမှာ တရုတ်သိုင်းဝတ္ထု ဘာသာပြန် ထုတ်ဝေသူတွေက ပြောကြတယ်တဲ့။ တရုတ်သိုင်းဝတ္ထုမှာ ညစ်ညမ်းတာ၊ ကလေးတွေ အတုယူမှားစရာ ဘာမှမပါဘူးတဲ့။ ဂျိမ်းစ်ဘွန်းကမှ သေနတ်ပစ်ခန်းတွေ ပါသေးတယ်။ တရုတ်သိုင်းဝတ္ထုမှာ မင်းသားက သူများကို ကယ်ဖို့ဘဲ ကြိုးစားနေတာ။ နောက်ပြီး မင်းသားနဲ့မင်းသမီး နှစ်ယောက်ထဲရှိရင်လဲ မင်းသားက စိတ်ကို မနည်းချုပ်တည်း ထားရတာတို့၊ အခြားသူတွေက “နင်တို့နှစ်ယောက်ထဲ ဘာလုပ်တယ်။ ဘာဖြစ်တယ်” ဆိုတဲ့ နမိတ်ပြ စကားတွေလဲ မပါဘူး။ ဒါကတရုတ်ရိုးရာဘဲ။ တရုတ်မှာက ယောကျာင်္းနဲ့မိန်းကလေး အတူတွဲသွားတာ၊ ပေါင်းသင်းခင်မင်တာကို မိဘတွေကလည်း ဘာမှမပြောဘူး။ အချိန်တန်ရင် […]

ဗလဒင္.jpg

အိုစမာဘင်လာဒင် သေတာကို နိုင်ငံတကာ မီဒီယာတွေမှာ အကြီးအကျယ် တင်ပြနေကြတာမို့ သဂျီး စကားအတိုင်း မှတ်တမ်းကျန်အောင် ပို့စ်တင်လိုက်ပါတယ်။ ကိုယ့်လူမျိုးရဲ့ အကျင့်စရိုက်ကို သွားလေသူကြီးနဲ့ စပ်ဆက်တွေးမိလို့ပါ။ ဘင်လာဒင်ဆိုတာ နယ်နယ်ရရ မဟုတ်ပါဘူး၊ ဇမ္ဗူဒိပ်ကျွန်းကို အုပ်စိုးတဲ့ အမေရိကား ဧကရာဇ်မင်းကို စိန်ခေါ်ရဲသူပါ။ အမေရိကန်သမိုင်းမှာ ဒုတိယကမာ္ဘစစ်အတွင်း ဂျပန်တို့ အလစ်ဝင်ဗုံးကြဲခဲ့တဲ့ ဟာဝိုင်ရီ ပုလဲဆိပ်ကမ်း အဖြစ်အပျက်ကလွဲရင် တိုင်းတပါးလက်ချက်နဲ့ ကိုယ့်မြေပေါ်မှာ အကစ်ခံလိုက်ရတာ မရှိသလောက် ရှားတယ်။ ဒီအစဉ်အလာကို ဘင်လာဒင်က ပေါ်တင်ကြေငြာပြီး အမေရိကန် ထောက်လှမ်းရေး မျက်စိအောက်ကနေ ၉-၁၁ တိုက်ခိုက်မှုနဲ့ ချိုးဖောက်ပြခဲ့တယ်။ တိုက်ခိုက်မှုမလုပ်ခင် နှစ်အနည်းငယ်တုန်းက မီဒီယာမှတဆင့် အမေရိကန်တွေကို မင်းတို့လက်နက်နဲ့ မင်းတို့ကို ပြန်သတ်မှာလို့ ကြုံးဝါးထားသလိုပဲ အမေရိကန် လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်ပျံကြီးများနဲ့ […]


nagargyiMay 8, 20111min1528
ကျွန်တော် ဖတ်ဖူးတဲ့စာ၊ ဖတ်မိတဲ့စာ၊ ကြားဖူးတဲ့စကားတွေကနေ တွေးမိတာ၊ ကြားဖူးတာတွေကို စပ်မိစပ်ရာခေါင်းစဉ်နဲ့ ရေးကြည့်နေတာပါ။ အခုခေတ် လူကြီးတွေက ကလေးတွေ၊လူငယ်တွေ စာမဖတ်ကျဘူးဆိုပြီး ပြောပြောနေကျတာ ကြားရတယ်။ သူတို့ပြောတာက ပုံနှိပ်စာတွေပေါ့။ အဲဒီမှာ ကျွန်တော် စဉ်းစားမိတာက ကျွန်တော်တို့ငယ်ငယ်က အိမ်တိုင်းလိုလို သတင်းစာ ဝယ်ဖတ်ကျတယ်။ သတင်းစာ တစ်နေ့မဖတ်ရရင် တစ်ခေတ်နောက်ကျတယ် လို့ပြောကြတယ်။ ကလေးစာစောင်တွေဖြစ်တဲ့ ရွှေသွေးတို့ တေဇတို့ဆိုတာ တစ်ပတ်တစ်ကြိမ် တစ်လတစ်ကြိမ်ဘဲ ထွက်တာ။ အဲဒီတော့ ကလေးတွေဟာ ဆော့ရင်ဆော့ မဆော့ရင်ဖတ်စရာ စာစောင်ကသိပ်မရှိတော့ အလွယ်တွေ့တဲ့ သတင်းစာကို ဟိုလှန်ဒီလှန်လုပ်ရင်း စိတ်ဝင်စားတဲ့ အကြောင်းအရာကို တွေ့ရင်ဖတ်မိရော။ ကြာတော့ စာဖတ်ကျင့် ဖြစ်လာရော။ အခုခေတ်မှာက တော်ရုံတန်ရုံအိမ် သတင်းစာ မယူတော့ဘူး။ ကလေးတွေကလည်း ဂိမ်းဘဲဆော့နေကြတယ်။ လူငယ်ယောကျာင်္းလေး အများစုက […]


nagargyiMay 8, 20111min1227
ကျွန်တော် ဖတ်ဖူးတဲ့စာ၊ ဖတ်မိတဲ့စာ၊ ကြားဖူးတဲ့စကားတွေကနေ တွေးမိတာ၊ ကြားဖူးတာတွေကို စပ်မိစပ်ရာခေါင်းစဉ်နဲ့ ရေးကြည့်နေတာပါ။ ကျွန်တော်တို့ ဆိုင်မှာပစ္စည်းသွားဝယ်ရင် ဆိုင်ရှင်က လက်ဟောင်းယူမှာလား။ လက်သစ်ယူမှာလား လို့မေးတတ်ကြတယ်။ ကျွန်တော်တို့ကလည်း လက်ဟောင်းပေးပါလို့ ပြောတတ်ကြတယ်။ ပုံမှန်ဆို ဘယ်လုပ်ငန်းမဆို နောက်ထုတ်တဲ့ပစ္စည်းကို ပိုကောင်းအောင် ပထမထုတ်တဲ့ပစ္စည်းမှာပါတဲ့ အပြစ်တွေကို ဖယ်ပြီးထုတ်တာဆိုတော့ လက်သစ်ကပိုကောင်းရမှာပေါ့။ အဲဒါတွေဟာ ကိုယ့်ပြည်တွင်းက ကုန်သည်တစ်ချို့နဲ့လုပ်ငန်းရှင်တစ်ချို့ကြောင့် ဖြစ်ရတာပါ။ ကုန်သည်တွေက နယ်စပ်ကပစ္စည်းသွင်းတဲ့အခါ ပထမတစ်ကြိမ်မှာ ပုံမှန်သွင်းတယ်။နောက်တစ်ခေါက်ကျတော့ ပုံမှန်ဈေးနဲ့အောက် ရအောင်ထုတ်ခိုင်းတယ်။ ဥပမာ-ပထမအကြိမ် တစ်သောင်းနဲ့ဝယ်ရရင် နောက်တစ်ကြိမ်မှာ ရှစ်ထောင်နဲ့ရအောင်ထုတ်ခိုင်းတယ်။ အဲဒီတော့ ဟိုဖက်က ထုတ်လုပ်သူလည်း ဈေးလျှော့လို့ရအောင် ကွာလတီလျှော့ပြီး ထုတ်တော့တာပေါ့။ ကျွန်တော်သိရသလောက်က နယ်စပ်ကသွင်းတဲ့ပစ္စည်းတွေအများစု ကွာလတီမကောင်းတာ ဒီကကုန်သည်တွေရဲ့ တာဝန်မကင်းဘူး။ နောက်ပြည်တွင်းက ထုတ်လုပ်သူတစ်ချို့ဆိုလည်း ပထမအကြိမ်မှာ သူ့ပစ္စည်းနာမယ်ရအောင် အကောင်းဆုံးထုတ်တယ်။ […]


nagargyiMay 7, 20111min15210
ကျွန်တော် ဖတ်ဖူးတဲ့စာ၊ ဖတ်မိတဲ့စာ၊ ကြားဖူးတဲ့စကားတွေကနေ တွေးမိတာ၊ ကြားဖူးတာတွေကို စပ်မိစပ်ရာခေါင်းစဉ်နဲ့ ရေးကြည့်ပါမယ်။ တစ်နေ့က (7)Days ဂျာနယ်မှာ ဆောင်းပါးတစ်ပုဒ် ဖတ်ရတယ်။ မြန်မာပြည်မှာ ဖြစ်နေတာတွေပေါ့။ အရက်ကုမ္ပဏီပိုင်ရှင်က သူ့ကုမ္ပဏီကထုတ်တဲ့ အရက်ကို မသောက်ဘူးတဲ့။ ပြီးတော့ ရင်းနှီးတဲ့မိတ်ဆွေတွေကိုလည်း မသောက်ဖို့ပြောတယ်တဲ့။ ဓါတ်မြေဩဇာထုတ်တဲ့ ကုမ္ပဏီကလူတွေ ဒီနိူင်ငံကိုလာပြီး သင်တန်းပေးရင် သူ့တို့ဓါတ်မြေဩဇာနဲ့ ထုတ်ထားတဲ့ စိုက်ခင်းက သီးနှံတွေကို မစားဘူးတဲ့။ ဘော်ဒါဆောင်ပိုင်ရှင်ကလည်း သူ့သားဆယ်တန်းရောက်တော့ သူ့ဘော်ဒါမှာမထားဘဲ တစ်ခြားဘော်ဒါမှာ ထားတယ်တဲ့။ အဲ့ဒီအကြောင်းတွေဖတ်မိတော့ ဟိုတုန်းက သူငယ်ချင်းတစ်ယောက် ပြောတဲ့အကြောင်းတစ်ခုကို သတိရမိတယ်။ သူက နိူင်ငံခြားစီးကရက်တွေ ခေတ်စားတုန်းက ဖြန့်ဖြူးရေးမှာ ခေါင်းဆောင်ပေါ့။ သူတို့ ကုမ္ပဏီက ညွှန်ကြားချက် ထုတ်ထားတယ်တဲ့။ စီးကရက်သောက်တတ်ရင် အလုပ်ချိန်မှ မဟုတ်ဘူး။ ဘယ်အချိန်သောက်သောက် ကိုယ်ကုမ္ပဏီတံဆိပ်ဘဲ […]


အိုစမာဘင်လာဒင်အကြောင်း ပြောမယ်ဆိုရင် အာဖဂန်နစ္စတန်နိုင်ငံရဲ့သမိုင်းကြောင်းကနေ အစချီပြီးပြောမှ ပြည့်စုံပါမယ်။ ယနေ့ကမာ္ဘ့အဆင်းရဲဆုံး နိုင်ငံ အာဖဂန်နစ္စတန်ဟာ တချိန်ကဆိုရင် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး သက်ဦးဆံပိုင်ဘုရင်ဇာဟီရာရှား အုပ်စိုးပါတယ်။ ရှင်ဘုရင် အီတလီပြည်သွားခိုက်မှာ ရှင်ဘုရင်ရဲ့ညီဝမ်းကွဲ ဒါဝတ်ခန်က သွေးထွက်သံယိုမရှိစေရဘဲ အာဏာသိမ်းခဲ့ပါတယ်။ ၁၉ရ၃ခု၊ ဇူလိုင် ၁ရ ရက်မှာ ရှင်ဘုရင်ရဲ့ နှစ်ပေါင်းလေးဆယ် စိုးစံမှု နိဂုံးချုပ်ပါတယ်။ ၁၉၇၈ ခု၊ ဧပြီလ(၂၇) ရက်မှာ ဆိုဗီယက်ကွန်မြူနစ်များ ဝင်လာပြီး ဒါဝတ်ခန်အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ သမ္မတဒါဝတ်ခန် အသတ်ခံရပါတယ်။ အာဖဂန်ကို ကွန်မြူနစ်ဆိုဗီယက်များ ကျူးကျော်ပြီဆိုတော့ မူဂျာဟစ်ဒင်တွေဟာ ရရာလက်နက်ကိုင်ပြီး တော်လှန်ကြတယ်။ ဆိုဗီယက်နဲ့ မတည့်တဲ့ အနောက်အုပ်စုက မူဂျာဟစ်ဒင်တွေကို လက်နက် အကြီးအကျယ်တပ်ပေးခဲ့တယ်။ မူဂျာဟစ်ဒင်ဆိုတာ အာဖဂန်တောင်သူလယ်သမားတွေပါ။ မူဂျာဟစ်ဒင်ဆိုတဲ့ အဓိပ္ပါယ်က ရုန်းကန်သူ၊ ဒါမှမဟုတ် […]


ဆူးMay 6, 20111min22315
ခါတိုင်းတော့ မိုးတွင်း ရေကြီးမလား မကြီးဘူးလား သူတို့ကို ကြည့်ရတယ်။ အခုတော့.. မိုးတွေ အားကြီးရွာမှ.. ရုတ်ရုတ်သဲသဲ အိမ်ပြောင်းနေကြတယ်။ မိုးဇလ နဲ့ အဆက်အသွယ် ပြတ်နေလို့လား မသိဘူး။ ယနေ့ မိုးရွာပါသည်။ ရေအတော်များများပါသည်။ နွေအခါ မိုးရွာတာ နာဂစ် ပြီးတော့လည်း ရွာတယ်။ ဒီနှစ်လည်း ဒီအချိန် မိုးရွာတယ်။ မနှစ်ကလို မပူလို့ ကျေးဇူးတင်ရမယ်။