nagargyiMay 5, 20111min1334
မေသစ္စာ လပြည့်နေ့မနက်တွင် အိပ်ရာမှနှိးလာတယ်။ မေသစ္စာ ။ ။ ဝါး….ဒီနေ့ဥပုသ်နေ့ပဲ။ ဒီနေ့ ရုံးမသွားခင် သီလယူရမယ်။ အမေ ဘာချက်ထားလဲ မသိ။ ပိုးမျိုးရှစ်ဆယ်။ ။ ဟေ့..ဗိုက်ထဲကအစာတွေ အရင်ထုတ်အုံး။ငါတို့ နံနေပြီ။ မေသစ္စာ ။ ။ အား…ဗိုက်ထဲက ရစ်လာပြီ။ အိမ်သာ တက်အုံးမှ။ ပိုးမျိုးရှစ်ဆယ်။ ။ အခုမှ သက်သာသွားတယ်။ ဟေ့..ဗိုက်ဟာသွားပြီ။ ဗိုက်ဖြည့်အုံး။ မေသစ္စာ ။ ။ အမေရေ။ ဒီနေ့ ဥပုသ်နေ့နော်။ သမီး ဗိုက်ဆာနေပြီ။ အမေ ။ ။ အေး..စားလို့ရပြီ။ ဒီနေ့ ဥပုသ်နေ့မို့ ရှယ်ချက်ထားတယ်။ အခုစားလိုက်။ ရုံးမသွားခင် သီလယူသွား။ အမေ ထမင်းချိုက် ပြင်ပေးထားမယ်။ မေသစ္စာ ။ ။ […]

binladin-killed1.jpg

ကျွမ်းကျင်ရာလိမ္မာ Expertise ဓာတ်ပုံ (White House – P. Souza) ကို ကြည့်လိုက်ပါ။ ဘာထူးသလဲလို့…. ယနေ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်မှာ အိုစမာ ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ စစ်ဆင်ရေးကို အိမ်ဖြူတော်ကနေ တိုက်ရိုက်ကြည့်နေခဲ့တဲ့ ဓာတ်ပုံကို သတင်းနဲ့အတူ တင်ထားတာတွေ့လို့ ပြည်တွင်းက ရွာသားများ တွေ့ရအောင် ဝေမျှလိုက်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းကိုလည်း ဒီကနေပဲ ခွင့်တောင်းပါတယ်။ အမေရိကန် သမ္မတ အိုဘားမားဟာ နိုင်ငံသမတ၊ စစ်တပ်သေနာပတိချုပ် စတဲ့ ကမာ္ဘကို ကိုင်လှုပ်နိုင်အောင် ဩဇာအာဏာ ကြီးမားပေမဲ့ သူ့နေရာသူ သိပါတယ်။ ဘင်လာဒင်ကို ဖမ်းတဲ့ စစ်ဆင်ရေးကို တကယ်ကိုင်တွယ်သူ စစ်ဗိုလ်ချုပ်က အမိန့်ပေးခုံမှာ ထိုင်ပြီး သမတအပါအဝင် ဒုတိယသမတနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြိးများက […]

scapegoat.jpg

လူလိမ်လူကောက် နအဖလက်ပါးစေ သာအေး၏ ဧပြီလ၂၉ရက်နေ့စွဲဖြင့် တင်သော ဦးအေးမြင့် (လမ်းပြကြယ်)ဒေါ်စုထံပေးစာ…နှင့်…အသုံးမကျ(၅)လ ပို့စ်နှင့် ပတ်သက်၍ သဂျီးအား မေးမြန်းလိုပါသည်။ သူ၏ပို့စ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက် အပုပ်ချထားပါသည်။ အထူးသဖြင့် နောက်ဆုံးအပိုဒ်တွင် အာဏာမက်သည်ဟူသော နိုင်ငံရေးထိုးနှက်ချက်အပြင် ဒေါ်စု၏ ဒီမိုကရေစီရေးအတွက် လင်ယောက်ျားဆုံးရှုံးရမှု၊ သားများနှင့်ပတ်သက်၍ လူမျိုးရေးစော်ကားချက်များကိုပါ အဆင့်အတန်းမဲ့စွာ ရေးထားပါသည်။ ထို့ပြင် အရင်ဘဝက မကောင်းတာလုပ်ခဲ့လို့ ယခုဘဝမှာ အိမ်ထောင်ရေးပျက်ဆီးရပြီး နောင်ကို ဒါထက်ဆိုးတာတွေနဲ့ပါ ရင်ဆိုင်ရမယ်လို့ ကျိန်စာတိုက်ထားတာကိုလည်း စိတ်မကောင်းစွာဖြင့် ဖတ်ရပါသည်။ ပို၍ခွင့်မလွှတ်နိုင်သည်မှာ အဖွဲ့အစည်းများ အချင်းချင်း အမုန်းပွားစေရန် ရည်ရွယ်၍ အန်အယ်ဒီနှင့် အမြင်မတူသော မြန်မာအီးဂရက်အဖွဲ့ အမည်ကို ထင်ယောင်မှားဖြစ်စေရန် အသုံးချထားသည်ကို ထင်ရှားစွားတွေ့ရပါသည်။ ဧပြီ၂၉ရက်နေ့တွင် သဂျီးမှ ရှုပ်ထွေးမှုမရှိစေရန် ဦးအေးမြင့်၏ မူလစာဖြင့် ပြုခဲ့သော […]

open-letter.jpg

သဲအင်းဂူဆရာတော်အား ကျောက်သင်္ဘောဆရာတော်၊ ဂွတ္တလစ်ဆရာတော်တို့ တရားစစ်မေးတဲ့ အသံဖိုင်ကို http://www.mediafire.com/?dymmja2mnjj သဂျီးနဲ့ပစ္စပ္ပုပန်ဝါဒီများအတွက် ပို့စ်နဲ့အတူ တင်လိုက်ပါတယ်။ ကျောက်သင်္ဘောဂိုဏ်းသည် ရှမ်းပြည်ဖက်မှာ ကျော်ကြားခဲ့တဲ့ စိတ်ကို စိတ်အတိုင်းထားရင် ပြီးတဲ့အယူပါ။ အသံဖိုင်မှာ တဖက်သတ် တရားဟောမဟုတ်ဘဲ နှစ်ဖက် အကြေအလည် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာဖြစ်လို့ လေ့လာသူများအတွက် သင့်တော်ပါတယ်။ ဒါ့ပြင် သဲအင်းဆရာတော်က စာမတတ်လို့ မေးမြန်းဆွေးနွေးတဲ့အခါ ပါဋ္ဌိစာသား မပါသလောက်ဖြစ်ပြီး တရားဗဟုသုတရှိလျှင် သာမန်လူအသိနဲ့ နားလည်နိုင်ပါတယ်။ ခက်ခဲနက်နဲတဲ့ မဂ်ကျပုံအဆင့်ဆင့်၊ အတိတ် ပစ္စုပ္ပန် အနာဂတ်၊ ကုသိုလ် အကုသိုလ် စွန့်ခြင်း၊ ပညတ် ပရမတ်၊ သမုတိအရိယာ၊ စိတ်၏ဖြစ်ပုံ၊ သစ္စာလေးပါးနှင့် မဂ္ဂင်တရား စတာတွေကို ရိုးရှင်းစွာ ဖြေကြားထားတာပါ။ ဥပမာအားဖြင့် သဂျီးနဲ့ပစ္စုပ္ပန်ဝါဒီများ ပြောလေ့ရှိတဲ့ ဘုရားတရားတော်ဆိုတာ လူတွေနားလည်ဖို့ […]


မောင် ပေApril 26, 20111min23813
သည် ခေါင်းစဉ်ကို ဖတ်ပြီး သည်နှင့် ကျွန်တော်ရေးမည့်စာသည် တိုက်ခိုက်တော့မည် စာဖြစ်သည် ဟု သိကြပြီး ဖြစ်ပါလိမ့်မည် ။ မှန်ပါသည် ။ 26.04.2011 တွင် အချိန် နည်းနည်း ရသဖြင့် အထက်မြန်မာပြည် ၏ နာမည်ရ ဂျာနယ် တစ်စောင် (24.04.2011ထုတ်) ကို ဖတ်မိသည် ။ စိတ်ဝင်စားစရာ မယ်မယ် ရရ မပါ ပါ ။ သို ့နှင့် တစ်ရွက်ချင်း လှန် ရင်း တစ်နေရာ အရောက်တွင် စပွန်ဆာ မပါသော သင်္ကြန် ဟူသော ခေါင်းစဉ် ကို တွေ ့လိုက်ရသဖြင့် ဘာများ စပွန်ဆာ မပါ တာလည်း လို ့စိတ်ဝင်တစ်စား ဖတ်မိလိုက်ပါသည် […]


နည်ရဲဇော်April 25, 20111min1889
တစ်နေ့ တခြားသတင်းစာမျက်နှာတွေဖတ်ရင်းနဲ့ မမျှော်လင့်ဘဲ မန္တလေးဂေဇက် ကိုရောက်လာခဲ့တယ်။ တင်ထားတဲ့ ပိုစ့်လေးတစ်ပုဒ်ဖတ်ကြည့်၊ အောက်က မှတ်ချက်တွေကိုဖတ်ကြည့်၊ တစ်ယောက်နှင့်တစ်ယောက် ခင်ခင်မင်မင် ရေးထားတာတွေကို ဖတ်ကြည့်ပြီး ကျွန်တော့်စိတ်ထဲ နှစ်လိုသွားခဲ့တယ်။ ဒီလိုနဲ့ အရင် တင်ထားတဲ့ ပိုစ့်တွေပါလိုက်ဖတ်ကြည့်တယ်။ ဒီထဲက စာရေးသူတွေ၊ မှတ်ချက်ရေးသူတွေကို လူမမြင်ဘူးပေမယ့် သိလာခဲ့တယ်။ သူတို့ရေးတဲ့ဟန်၊ လေသံ ကနေ သူတို့ရဲ့စိတ်နေစရိုက်ကိုပါတစ်စွန်းတစ်စ ရိုးတိုးရိပ်တိတ် မြင်လာခဲ့ပါတယ်။ အလုပ်ထဲမှာ အင်တာနက် တစ်နေ့ကို အနည်းဆုံး ရှစ်နာရီလောက် သုံးနေရ သူဆိုတော့ နေ့စဉ်လိုလို မန္တလေးဂေဇက်ဟာ တစ်ထောက်နားရာ နေရာလေးဖြစ်လာတော့တယ်။ အတော်ကြာတဲ့အထိ မန်ဘာ မလုပ်ဖြစ်သေးဘူး။ ကိုယ်တိုင် ဝင်ရေးဖို့စိတ်ကူးမရှိသေးဘူး။ ဒါပေမယ့်အခုတော့ ဝင်ဖြစ်ပြီ။ ရေးဖြစ်ပြီ။ ကိုယ်လည်း ဒီအသိုင်းအဝိုင်းရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်ပြီပေါ့။ မိသားစု ဆိုတော့ တည့်သည့်လူလည်းရှိမယ်။ မတည့်သည့်လူလည်းရှိမယ်။ ခပ်တန်းတန်းနေတဲ့လူလည်းရှိမယ်။ ရင်းနှီးတဲ့လူလည်းရှိမယ်။ တစ်မိပေါက်တစ်ယောက်ထွန်းတဲ့လူလည်းရှိမယ်။ စုန်းပြူးတွေလည်းရှိမယ်။ ဒါပေမယ့် ကိုယ့်မိသားစု အဝန်းအဝိုင်းလေးကို […]

root-killer.jpg

လူတိုင်းတွင် အစွဲကိုယ်စီရှိကြသည်။ သူဌေးက စည်းစိမ်ဥစ္စာကို စွဲသလို ဆင်းရဲသားကလည်း ရှိသမျှလေးကိုစွဲသည်။ ငွေမရှိတောင် သားမယား၊ ချစ်သူ ခင်သူကိုစွဲသည်။ ဘုရား၊ ရဟနာ္တတို့မှလွဲ၍ ကျန်ဝေနေယျ သတ္တဝါများအားလုံးတွင် အနည်းနှင့်အများ အစွဲရှိသည်။ ယုတ်စွအဆုံး အထက်အရိယာ အနာဂါမ်ကြီးများပင် မလွတ်၊ သူ့အတိုင်းအတာနှင့်သူ ရှိကြသည်။ ကောင်းသောအစွဲ၊ ဆိုးသောအစွဲ၊ မှန်သောအစွဲ၊ မှားသောအစွဲဟူ၍ စွဲကြပြီး သုဂတိ၊ ဒုက္ခတိဘုံများတွင် ကျင်လည်ရသည်။ ဤအစွဲကပင် ဗုဒ္ဓဘာသာနှင့် အခြားဘာသာအယူဝါဒတို့၏ ကွာခြားချက်ဖြစ်သည်။ အစွဲသည် သံသရာလွတ် နိဗ္ဗာန်မဂ်ဖိုလ် ရောက်ကြောင်းဖြစ်သည်၊ ငရဲ၊ ပြိတ္တာ အပ္ပါယ်လေးဘုံ ရောက်ကြောင်းဖြစ်သည်။ ဖခင်သတ်၍ ထီးနန်းယူသော အဇာတသတ်မင်းအား ပြုခဲ့သော အကုသိုလ် များကို စိတ်မစွဲရန် တရားချနိုင်မှ စိတ်တည်ငြိမ်ပြီး သရဏဂုံတည်သည်။ သဲအင်း ဓမ္မကထိက […]


padonmarApril 18, 20111min11210
ဒီနေ့ဟာ မြန်မာလို တန်ခူးလပြည့်နေ့ပါ။ ရန်ကုန်တရုတ်တန်း ကမ်းနားလမ်းတဝိုက်ကို မိုးတွင်းဒီရေတက်တဲ့ရက်တွေမှာ ဖြတ်သန်းသွားဘူးကြရင် ရေတွေတက်လို့ ကားတွေ ဂျမ်းဖြစ်တာ၊ဓာတ်ဆီကားတွေ ရေဝင်ပြီးထိုးရပ်သွားတာ၊လူတွေ ဒူးလောက်ပေါင်လောက်ရေတွေထဲ ဖြတ်ကြရတာ၊၊အိမ်တွေဆိုင်တွေထဲ ရေတွေဝင်တာတွေ့ဘူးမှာပါ။အထူးသဖြင့် ဘုန်းကြီးလမ်းနဲ့ လသာလမ်းကြားမှာ အဆိုးဆုံးပါဘဲ၊မိုးရွာတာနဲ့များဆုံရင်တော့ ရေတွေပိုကြီး ရေကြီးချိန်ပိုကြာ တတ်တာပေါ့၊အဲဒီတဝိုက်နေသူတွေကတော့ ရိုးနေပါပြီ၊ကိုယ့်အိမ်ထဲ ဆိုင်ထဲကပစ္စည်းတွေ ရေမစိုအောင် မြှင့်ထားတာပေါ့၊ရေထဲ လျှောက်ရတာ ပျော်တဲ့သူတွေလည်းရှိတာပါဘဲ၊ရုံးဆင်းချိန်နဲ့ ကြုံတတ်တော့ မိန်းကလေးတွေလည်း ရှက်မနေနိုင်တော့ဘဲ ထမီတိုတိုဝတ်ပြီး ရေထဲဖြတ်ကြရပါတယ်၊၊ ဒီရေထရက်က လပြည့်နေ့၊လဆုတ် ၁-၂-၃-၄-၅ နေ့၊လကွယ်နေ့၊ လဆန်း၁-၂-၃-၄-၅ နေ့တွေပါ၊ ၃ ရက်နေ့ က ရေအမြင့်ဆုံးတက်လို့ ခေါင်ရေလို့ခေါ်ပါတယ်၊ မနက်ပိုင်းတစ်ကြိမ်။ညနေပိုင်းတစ်ကြိမ်တက်တတ်ပါတယ်၊ ထူးကဲဒီရေတက်မယ့်ရက်ကို သတင်းစာကနေ ကြေငြာပေးတတ်ပါတယ်၊ ထုံးစံကတော့ ဝါဆို။ဝါခေါင်။တော်သလင်း။သီတင်းကျွတ် လေးလဟာဒီရေတက်တဲ့ရာသီပါ။ လွန်ခဲ့တဲ့ ၁-၂ နှစ်လောက်ကစပြီး ကဆုန်မှာ နည်းနည်းတက်လာပါတယ်၊အခု တန်ခူးလပြည့်နေ့မှာရေတက်သွားပါတယ်၊ကမ္ဘာကြီးပူနွေးလာလို့ […]


လင်းဝေApril 6, 20111min14813
ချဲတို့ နှစ်လုံးထီတို့ မှာတော့ ဂဏန်းထွက်ပြီးမှ ဟို ချိုင်းမှာ ဒီလိုဆိုတယ်မဟုတ်လား၊ ဒီခွင်က ကွက်တိပဲ။ ဒီပါဝါ ဒီလိုချိန်းလိုက်ရင် တွေ့တယ်မဟုတ်လား။ ဒီဂဏန်းကို မွေးထားပါဆိုတာမတွေ့ဘူးလား။ ဘာညာ စသည်ဖြင့် လေအီးပေါက်လို့ လျှောက်ရွှီး ရမ်းတုပ်လုပ်တတ်တဲ့သူတွေကို “ပေါက်ဖော်” လို့ ခေါ်ကြ ရိကြပါတယ်။ သို့သော် အခုကြားရတာကတော့ ပေါက်ဖော်ညာရွှီးလားဘာလားမသိ။ လူတွေ ပေါက်ကရ လျှောက်ပြီး မငြင်းရဲအောင်လည်း မြစိမ်းတောင် ဆရာတော်ဆိုတာပါသေးတယ်။ မြန်မာများကလည်း ခက်ပါတယ်။ နည်းနည်းလေး မရွှီးနဲ့ အား… ဟုတ်လား ဒီလိုလား ဆိုပြီး ယုံကြည်လိုက်ချင်တာ ယားနေတာပဲ။ ဘာပြောနေမှန်းမသိတဲ့သူများ သိအောင် နည်းနည်းပြောပြပါမယ်။ မေးလ်ထဲကို ရောက်လာတာပါ။ ရေးသူက ဘယ်သူမှန်းသေချာမသိပါဘူး။ အောက်မှာတော့ ဦးဦးမှော်ဆရာတဲ့။ အဲဒီစာ မှာ ဦးဝင်းမောင်ဆိုတဲ့သူက မြစိမ်းတောင် […]


လင်းဝေApril 4, 20111min34521
တစ်ခါတစ်ခါ ဒီမန်းတလေး ဂေဇက်ကြီးပေါ်ဘာမှ တက်ပြီးမရေးချင်ပါ။ ဘာဖြစ်လို့ပါလိမ့်ဆိုတော့ အခြားသူတွေက သူများရေးထားတာ၊ မေးလ်ထဲကရတာ ဘာညာတွေကို အလွယ်ပဲ ကူးပြီးတင်ကြ။ ဓါတ်ပုံတစ်ပုံ ပို့စ်တစ်ခု လုပ်ပြီးတင်လိုက်ကြနဲ့ ဆိုတော့ ကိုယ်လည်း ဟိုလိုဒီလို လိုက်လုပ်မိရော။ တကယ်တမ်းအဲသလိုလုပ်တာမကောင်းမှန်းလည်း သိနေတော့ မလုပ်ချင်တော့ပြန်ဘူး။ တကယ်ကောင်းကောင်းရေးတာကျပြန်တော့လည်း အများတကာ အလွယ်လုပ်နေကြတဲ့ ဆိုက်မှာ ဘာမှန်းမသိ တွေ့ကရာ ရှစ်သောင်း ထွေရာလေးပါးတွေ ထပ်ထပ်တင်နေတော့ ကိုယ်က သေချာရေးပြီးတင်ရင် နောက်လာတာတွေ အသစ်ထပ်ပေါ်လာလို့ ကိုယ့် ပို့စ်လည်း နောက်ကိုရောက်လို့ ပျောက်သွားမှာဖြစ်ပြန်တော့ သေသေချာချာ ရေးရတာလည်း မတန်ပြန်လို့ ခံစားမိတယ်။ အမှန်မတော့ ပို့စ်တင်ရင် ပိုက်ဆံရမယ်ဆိုလို့ လူတွေကလည်း ဘာဖြစ်ဖြစ် တင်ကြတာပေါ့။ သို့သော် ဒီဆိုက်အတွက်ကော ဖတ်ရတဲ့သူတွေအတွက်ကော ဘာမှ အကျိုးမရှိရင် ဆိုက်လည်း နာမည်ပျက် […]


လင်းဝေMarch 24, 20111min1356
မြန်မာနိုင်ငံမှာ မိုးလေဝသ၊ရာသီဥတု ဆိုင်ရာ ကိစ္စတွေကို အများပြည်သူ သိရှိနိုင်အောင်လို့ မိုး/ဇလ ဌာနက တိုင်းထွာရရှိသမျှကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ အခုနောက်ပိုင်း အက်ဖ်အမ် ရေဒီယိုများကနေတစ်ဆင့် ထုတ်လွှင့်ပေးမှသာ လူထုက သိရှိနိုင်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ရှိရင် ( ဒါ ဦးထွန်းလွင်ရဲ့လေသံပါ) အခုနောက်ပိုင်းသဘာဝဘေးအန္တရာယ်ကို မြန်မာလူထုက ခံစားနေရတာနဲ့ပတ်သက်လို့ မြန်မာတာဝန်ရှိသူများဟာ ကြိုတင် အသိပေးမှုနဲ့ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်မှု အားနည်းလွန်းတယ်လို့ အများက စွပ်စွဲပြောဆိုလာကြပြီဖြစ်ပါတယ်။ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်လို့ ပြောင်းလဲဖြစ်ပေါ်ခဲ့ရတဲ့ မြန်မာ့ရာသီ ဥတု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မိုးဇလ ကမှ မထုတ်ပြန်ရင် ဘယ်သူမှ မသိနိုင်ပါဘူး လို့ ဆိုကြပါတယ်။ စင်စစ်အားဖြင့် မိုးဇလကနေပြီး သတင်းဖြန့်ဖြူးဖို့အတွက် ဘယ်လို လုပ်ငန်းစဉ်တွေ လုပ်ရတယ်ဆိုတာ ကျွန်တော်တို့မသိသေးပါဘူး။ နောင်များ […]


manawphyulayMarch 24, 20111min701
ကျွန်မနေတဲ့ လမ်းထဲတွင် မနက် – ည လူသူရှင်းလင်းလျက် အစဉ်အမြဲရှိနေတတ်ပါတယ်။ နေ့ခင်း နေ့လည် လူရှိ မရှိတော့ ကျွန်မလည်း သေချာမသိပါ။ မိုးလင်းမိုးချုပ်သွားနေသဖြင့် လမ်းထဲဘယ်နေရာတွင် ဘာရှိသည်ဆိုတာကိုလည်း ကောင်းကောင်း သတိမထားမိတတ်ပါဘူး။ တစ်နေ့ မနက်စောစောတွင် ကျွန်မ သင်တန်းရှိသဖြင့် စောစော တစ်ယောက်ထဲ လျှောက်လာရင်း တစ်ယောက်ထဲ လျှောက်ရတဲ့ အရသာဟာ အလွန်အေးချမ်းတယ်လို့ စဉ်းစားမိတော့ လမ်းအလယ်ရောက်တော့ ရေချမ်းစင်လေးတစ်လုံးကို ကျွန်မ သတိပြုမိပါတော့တယ်။ ရေချမ်းစင်ဆောက်လုပ်ထားပုံလေးကလည်း သပ်ရပ်ပြီး အချိုးကျလှတာကို တွေ့ရှိရပါတယ်။ ရေချမ်းစင်လေးရဲ့ ကိုယ်ထည်ကို အညိုရောင်ဆေးသုတ်ထားပြီး ရေချမ်းစင်ဘေးပေါင်တွေကို အစိမ်းရောင် သုတ်ထားပါတယ်။ ရေအိုးလေးရဲ့ ဘေးပတ်လည်ကို ကြည့်မိတော့ စပါးပင်လို မြက်ရိုင်းရှည်လေးတွေ စိုက်ထားတာကို တွေ့ရခြင်းအားဖြင့် နေပူကျဲကျဲတွင် ရေငတ်လာသူများကို အလွန်တရာအေးချမ်းမှုပေးပြီး စိတ်ကို […]


သောက်ညင်ကပ်စရာကောင်းတဲ့ မန်းဒလေးအွန်လိုင်းကြီးကို ဘယ်လိုချေမှုန်းကြမလဲ။ IT နည်းပညာပိုင်းကတော့ စူ့ထက်စူ လူစွမ်းကောင်းချည်းမို့ ဝက်ဘ်ဆိုက်တင်ထားသရွေ့တော့ မန်းဒလေး အွန်လိုင်းဟာ ရှင်သန်နေမှာပါပဲ။ သို့သော်ငြား မန်းဒလေးအွန်လိုင်းကို အရည်အသွေး ချလို့ရမယ်ဆိုရင် သူ့ရဲ့နဂိုအရည်အသွေးတွေကျပြီး ဗေဒင်အဆင့်လောက်၊ celebrity တွေရဲ့ လျှပ်ပေါ်လော်လီတဲ့ ဝတ်ပြစားပြ ကြော်ငြာအဆင့်လောက်ထိ တန်းချပစ်လိုက်လို့ရနိုင်တယ် ထင်ပါ့။ IT နည်းပညာပိုင်းနဲ့ ထိုးနှက်မယ့်အစား အသိဉာဏ်ပိုင်း၊ သိက္ခာပိုင်းကို ထိုးနှက်တာက ပိုမထိရောက်နို်င်ဘူးလား။ ဒါဆိုရင် နဂိုကရှိနေတဲ့ မန်းဒလေးအွန်လိုင်းရဲ့ အတွေးအခေါ်လွတ်လပ်မှုကို ကြိုဆိုတာ၊ ဦးနှောက်လွှတ်ထုတ်မှုကို လက်သင့်ခံတာ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတကာအရေး၊ နည်းပညာအရေး၊ ပရဟိတ အစရှိတဲ့ နယ်ပယ်အစုံစုံ အတွက် ပို့စ်တင်သူနဲ့ ကွန်မင့်ဝင်ပေးသူတွေ အပြန်အလှန်ပါဝင်ရေးသားပြီး အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့၊ ကူညီလမ်းပြ အကြံဉာဏ်ပေးဖို့ စတဲ့ […]