bad-evolution1.jpg

ဒီပို့စ်ကို ရေးထားတာတော့ ကြာပါပြီ၊ အရင် တပတ်ကို နှစ်ပိုဒ် သုံးပိုဒ်လောက်ပဲတင်ပြီး သူများတင်တာကို မှတ်ချက်ပြုပါတယ်။ မနေ့ကပဲ သူများကို ဝေဖန်သမှုပြုထားတော့ ကိုယ့်အလှည့်မှာ မျက်စိနောက်တယ်လို့ ပြန်အဆော်ခံရမှာစိုးလို့ ဆက်တိုက်တင်ဖို့ ချင့်ချိန်ရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ မြန်မာပြည်မှာ အင်တာနက် ကွန်နက်ရှင်တွေနှေးအောင် လုပ်ထားတာကြောင့် ပို့စ်တင်သူ နည်းနေလို့ တတ်နိုင်တဲ့ဖက်က ပါဝင်အားဖြည့် ပို့စ်တင်လိုက်ပါတယ်။ လွတ်လပ်ခွင့် ပတ်သက်လို့ မိတ်ဆွေတွေနဲ့ တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်လို့တဖုံ ဆွေးနွေး ဖူးပါတယ်။ အားလုံးလိုလိုက ဒီမိုကရေစီ လိုချင်ကြသူတွေပါ။ လွတ်လပ်ခွင့် မရှိသ၍ တိုင်းပြည်လည်း မကြီးပွား၊ ပြည်ပရောက် မြန်မာတွေလည်း ကိုယ့်ကိုယ်ကို ဘာလူမျိုးလို့ မပြောရဲ။ ဒီတော့ ဒီမိုကရေစီ ကို ကြိုက်တာ အဆန်းတော့မဟုတ်။ ဆန်းတာက ဒီမိုကရေစီသမားလို့ ဆိုသူတွေဟာ […]


whiteOctober 28, 20101min1548
(၁) (21.10.10) နေ့တွင် နိုင်ငံတော် အလံသစ်ကို နေပြည်တော် ဝန်ကြီးဌာနများနှင့် ရန်ကုန်မြို့တော်ခန်းမ အပါအဝင် တစ်နိုင်ငံလုံးတွင် လွှင့်တင်ခဲ့သော်လည်း ခန့်မှန်းခြေအားဖြင့် နိုင်ငံလူဦးရေဧ။် လေးပုံသုံးပုံခန့်မှာ ထိုသတင်းကို မသိရှိကြသေးကြောင်း ကြားသိရခြင်း။ (၂) အဘယ့်ကြောင့် ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံပိုင်သတင်းစာများကို ပြည်သူလူထု ဖတ်ရှုလေ့လာမှုနည်းပါး သောကြောင့် လည်းကောင်း၊ သတင်းအမှန်များကို များသောအားဖြင့် အမှောင်ချထားသဖြင့် စိတ်မဝင်စား သောကြောင့်လည်းကောင်း၊ ပြည်သူအများမှာ တီဗီမှ နေ့စဉ်ပြသပေးနေသည့် ကိုရီးယားဇာတ်ကားများအပြီး သတင်းလာချိန်တွင် ပိတ်ထားသောကြောင့် ဖြစ်နိုင်ကြောင်း ကြားသိရခြင်း။ (၃) ထိုသတင်းကို ကြားသိပြီးသူအများစုမှာလည်း နိုင်ငံတော် အလံသစ်ကို ထင်မြင်ချက်အမျိုးမျိုးပေးနေကြ ကြောင်း၊ အထူးသဖြင့် gazette ထဲတွင် စာဖတ်သူများဧ။် comments များဖြင့် အလံသစ်ကို ထင်မြင်ချက်ပေး ကြခြင်းမှာ လွန်စွာ […]


ဖြိုးဆိုတဲ့ ဒုတ်ဒုတ်ချင်း စလောင်းစလောင်းချင်းမှ အားရတင်းတိမ်သူရေ၊ ခင်ဗျားဒီအကြောင်းတွေပဲ တင်နေတာ မငြီးငွေ့သေးဘူးလား။…………….. တလမ်းထဲ မောင်းနေရတာ ပျင်းစရာကြီး၊ လမ်းအသစ်လေးပြောင်းပါအုံး။ မန်းလေးဂေဇက်ကို လိင်တူချသူများဂေဇက်လို့ ပြောင်းချင်ရင်လည်းပြော၊ ကျုပ်သူတို့ password ကိုခိုးထားတာရှိတယ်၊ လိုချင်ရင် ပေးလိုက်မယ်။ အိုဘားမားနဲ့တော့ ကိုင်မပေါက်ပါနဲ့၊ နဂိုကထဲက အားငယ်ပါတယ် ဆိုမှ.. အဟင့်…

battle.jpg

လိင်တူဆက်ဆံသူ အကြောင်းတွေရေးထားတဲ့ ပို့စ်တွေ အခုတလော တင်နေတာတွေ့ရလို့ ကိုယ်တွေးမိတာလေးကို အလွတ်သဘော ဝင်ရောက်ဆွေးနွေးတာပါရစေ။ လိင်တူ ဆက်ဆံသူများကို အရပ်စကားနဲ့ဆိုရင် ယောက်ျားလျှာ၊ မိန်းလျှာဆိုပြီးရှိပါတယ်။ သူတို့ရဲ့လိင်မှုဆက်ဆံပုံ အကြိုက်တွေ အလိုက် မှတ်သားဖူးသလောက် ယောက်ျားလျှာ၊ မိန်းမလျှာ နှစ်မျိုး စလုံးမှာ တဖက်ချွန်၊ နှစ်ဖက်ချွန်နဲ့ သုံးဖက်ချွန် စမူစာရယ်လို့ သုံးမျိုးသုံးစား ရှိပါတယ်။ တခုသေချာတာကတော့ လိင်တူဆက်ဆံသူများ အရေအတွက် ထုထည်ပမာဏ ကြီးကြီးမားမား ရှိနေခြင်းကို မျက်ကွယ်ပြု မရခြင်းပါ။ သတင်းတွေမှာ ဆိုတာက လူ၁၀ဝမှာ ပျမ်းမျှ ၁ဝ ယောက်က လိင်တူဆက်ဆံသူတွေလို့ ဖတ်ရပါတယ်။ ဖြစ်နိုင်တာက လိင်တူဆက်ဆံတယ်ဆိုတိုင်း မိန်းမစိတ်ပေါက်နေတဲ့ အခြောက်များတင် မက်ဘဲ ယောက်ျားချင်းသာ လိင်ဆံဆက်လိုစိတ်ရှိတဲ့ ကျားကျားလျားလျား ယောက်ျားများလည်း ပါတယ်ထင်ပါတယ်။ လေ့လာမိသလောက် လိင်တူဆက်ဆံမှုကို […]


manawphyulayOctober 25, 20101min590
အကွေ့အကောက်၊ ဖြောင့်တန်း လျှောပြေ မတ်စောက် ကြမ်းတမ်း ချောမွတ် ဘယ်လိုပင် ဖြစ်စေ လမ်းဟာ လမ်းပါပဲ။ ဝန်တွေ ဘယ်လောက်ပိပိ ဘယ်သူတွေ ဘယ်လိုသုံးသုံး သူကတော့ ခံနိုင်ရည်အပြည့်နဲ့လေ အဲဒီဘဝ ငါ ရချင်တယ်။ နှစ်တွေကြာ အသက်တွေရ အိုမင်းလာတဲ့ ဓာတ်တိုင်အို သူ့တာဝန်သူထမ်း ပခုံးထက် အမာရွတ်တွေနဲ့ပေါ့ အဲဒီဘဝ ငါ ရချင်တယ်။ ပြိုလဲတော့မယ့်အိမ် အထောက်လိုနေပေါ့ အဲဒီအချိန်မှာ ငါ ဝါးတစ်လုံးဖြစ်ချင်တယ်။ ဒါပေမဲ့… ငါဟာ လမ်းတစ်ခုဖြစ်ခဲ့ရင် ဘယ်သူမှ မသုံးတဲ့ လမ်းပဲ ဖြစ်လိမ့်မယ်။ ဓာတ်တိုင်တစ်ခုဖြစ်ခဲ့ရင် ယိုင်နဲ့နဲ့ ခါကြိုးနေတဲ့ သစ်သားချောင်းတစ်ချောင်းပဲ ဖြစ်မယ် ငါဟာ ဝါးတစ်လုံးဖြစ်ခဲ့ရင် ဆွေးနေတဲ့ ဝါးပဲ ဖြစ်မယ်။ ဘဝရဲ့ လှိုင်းကြား ခိုင်မြဲတဲ့ ငါ […]


manawphyulayOctober 24, 20101min1226
လူမှုဆက်ဆံရေးမှာ ကျင့်သုံးဖို့ စကားလုံးတစ်ခုကတော့ ကြီးသူုကို ရိုသေ၊ ရွယ်သူကိုလေးစား၊  ငယ်သူကို သနားတဲ့ ဟုတ်ပါတယ်နော်။ ဒီလိုပဲ နှိမ့်ချတတ်မှုဆိုတာ ပေါင်းသင်းဆက်ဆံတဲ့အခါ ထိပ်တိုက်ဖြစ်အောင် ရင်မဆိုင်ဖို့လည်း လိုပါတယ်။ ဥပမာ ကိုယ့်လောက် စိတ်သဘောထား မပြည့်ဝတဲ့သူနဲ့တွေ့တဲ့အခါမှာ ဖြစ်နိုင်ရင် ရှောင်သွားဖို့၊ မရှောင်နိုင်ရင်လည်း ယဉ်ယဉ်ကျေးကျေးပဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး လျှော့ပေးဖို့။ နောင် ဒီလိုလူမျိုးနဲ့ မတွေ့အောင် တတ်နိုင်သရွှေ့ ရှောင်ဖို့ပဲ ဖြစ်ပါတယ်။ ကားမောင်းတဲ့အခါ ကိုယ်က လမ်းမှန်အတိုင်း သွားနေပေမယ့် ကိုယ့်လမ်းကြောင်းထဲမှာပြီး ထိပ်တိုက်မောင်းလာတဲ့ကားကို ရှောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ မရှောင်ရင် တိုက်မိပြီး ဒဏ်ရာအနာတရဖြစ်ရမှာပေါ့ ဟုတ်ဘူးလားနော်။ အလားတူပဲ အရက်မူးနေတဲ့လုူ၊ ခေါင်းမကောင်းတဲ့လူနဲ့တွေ့ရင် သွားပြီး စကားများရန်ဖြစ်လို့ အလကားပါပဲ။ ကိုယ်က ဦးအောင်ရှောင်သွားမှ တော်မယ် ဒါဟာ ကြောက်စိတ်ရှိလို့ […]

mad-dog.jpg

လွတ်လပ်မှုကို လိုလားသူ မန်းလေးဂေဇက် စာဖတ်သူများနဲ့ ရေးဖော်ရေးဖက်များကို အလေးအနက် တခုလောက်ပန်ကြားလိုပါတယ်။ အခုတလောမှာ သူ့ကိုယ်သူ XXမာစတာများလို့ ကင်ပွန်းတပ်ပြီး အေးရှားပလာဇာမှာ ဖွင့်တဲ့ ဟိုတယ်သင်တန်းတခုကို မန်းလေးဂေဇက်အပေါ်မှာ ကြော်ငြာစာတွေရေးခဲ့သူ တဦးဟာ အဖမ်းခံနေရတဲ့ ကျုပ်တို့ အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်မှုတွေကို ရွေးကောက်ပွဲ အကြောင်းပြပြီး ပြုလုပ်နေပါတယ်။ ဥပမာ ဒေါ်စုရဲ့ အမျိုးသားဖြစ်သူ မိုက်ကယ်အဲရစ် သေဆုံးတာကြာပြီဖြစ်ပေမဲ့ ဒေါ်စုကို Mrs. Michael ဆိုပြီးရည်ရွယ်ချက်ရှိရှိနဲ့ နအဖ လက်ပါးစေ ဆောင်းပါးရှင်တချို့လို အောက်လမ်းနည်းဆန်ဆန် ရေးသားနေတာကို သတိပြုမိပါတယ်။ တိုင်းပြည်ဘဏ္ဍာကို ခိုးဆိုးလုယက်၊ ကိုယ်ကျင့်သိက္ခာမဲ့ စစ်ဗိုလ်များဖင်ကို ဆားဖြူးလျှာနဲ့မယက်ဘဲ၊ ဆယ်စုနှစ် နှစ်ခုကျော်လုံးလုံး လင်သေ၊ သားကွဲ၊ ပြည့်စုံကုံလုံတဲ့ ဘဝကို စွန့်ပယ်ပြီး […]


ဆူးOctober 20, 20101min1567
အင်ဒိုနီးရှားနိုင်ငံမှ ဗုဒ္ဓဘားဆန့် ကျင်ရေးစည်းရုံးလှုံ့ ဆော်ရေးအဖွဲ့၏ အကြိမ်ကြိမ် တိုင်တန်း လျှောက်ထား ပန်ကြားခဲ့မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ ဒိစတြိတ်၊ ဗဟိုတရားရုံးက မြို့တော်မှ ဗုဒ္ဓဘားအမည်ရှိ အရက်ဘားကလပ် ဆိုင်ကိုပိတ်ပစ်စေရန် အမိန့်ချမှတ်ခဲ့ ပါတယ်… “ထိုဘားကို စီမံခန့်ခွဲ အုပ်ချူပ်နေသူများဟာ ဗုဒ္ဓမြတ်စွာ၏ အထိမ်းအမှတ် အသွင်အပြင် လက္ခဏာများနှင့် အဆောင်အယောင် ပုံသဏ္ဍာန်များကို သုံးစွဲနေကြောင်း ပြစ်မှုထင်ရှားသဖြင့် ယခုဖွင့်လှစ် ရောင်းချနေသည့် အရက်ဘားကို အလျင်အမြန် ပိတ်ပစ်ရမည်ဖြစ်ကြောင်း” ထိုအမှုကို ကြားနာခဲ့သည့် တရားသူကြီးအဖွဲ့ ခေါင်းဆောင် ဂျီဝိုဆန်တိုဆိုက ပြောကြားခဲ့သည်ဟု အန်တာရာသတင်းဌာနမှ ဖော်ပြခဲ့ ပါတယ်… ဗုဒ္ဓဘားရဲ ့အသွင်အပြင်၊ အခင်းအကျင်း… အဆိုပါအရက်ဘားကိုစီမံခန့်ခွဲသည့် ကုမ္ပဏီဖြစ်သည့် ပီတီနီရီတာဗစ်စတာ ခရီအေးတစ် ကုမ္ပဏီ၊ ဂျကာတာ ခရီးသွားလုပ်ငန်းအေဂျင်စီနှင့်၊ ဂျကာတာမြို့တော် အုပ်ချူပ်ရေးမှူး […]


whiteOctober 20, 20101min2298
ကျွန်တော်ဒီနေ့ အလုပ်သွားဖို့ အိမ်ကထွက်လာတယ်။ ကားဂိတ်မှာ ကားစောင့်ရင်း တွေ့လိုက်ရတဲ့ သူတစ်ဦးကြောင့် မှင်တက်မိသွားရတယ်ဗျာ။ စကတ်ကို ပေါင်လယ်လောက်အထိ ခပ်တိုတိုဝတ်ထားတဲ့ မိန်းခလေးတစ်ယောက်၊ ဝတ်တဲ့သူတော့ ဘယ်လိုနေမယ်မသိ၊ မြင်ရတဲ့သူကတော့ စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်လောက်တယ်။  ခက်တယ်ဗျာ။ ခေတ်ကြီးက ဒီရေလို တခဏခြင်း ပြောင်းသွားပြီလား။ မသိတော့ပါဘူးဗျာ။ တွေးစရာတော့ ဖြစ်နေပြီ။ ဟိုးအရင်လို မိန်းခလေးဆိုရင် ရိုးရိုးယဉ်ယဉ်တွေ့ရဖို့ ဆိုတာ လိုက်ရှာရမလို ဖြစ်လာပြီ။ ခေတ်စနစ်ရဲ့ ရေစီးကြောင်း ပြောင်းလဲမှုကို လက်ခံနိုင်ပေမယ့် လိုအပ်တာထက် ပိုလွန်းတဲ့ ဝတ်စားဆင်ယင်မှုက ကြည့်မြင်ရသူတွေအတွက် ယိုသူမရှက် မြင်သူရှက် ဖြစ်ရတာတော့ ခက်ပါတယ်။ ဒါတွေဟာ အတုမြင် အတတ်သင်ဆိုတဲ့ လူ့သဘော၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့  မိမိရဲ့ ကိုယ်ပိုင် နေထိုင်မှုစရိုက်ပေါ်မှာ မူတည်မယ်လို့ ကျွန်တော်ကတော့ ရှုမြင်မိပါတယ်။ […]


manawphyulayOctober 20, 20101min2168
၁။ လူကဲခတ် ညံ့ဖျင်းခြင်း ၂။ လုပ်ချင်တာ သိပ်များနေခြင်း ၃။ လူတိုင်းကို ယုံကြည်စိတ်ရှိခြင်း ၄။ တစ်ယောက်ထဲ အလုပ်များနေခြင်း ၅။ သူတစ်ပါးကို အမြဲကူညီတတ်ခြင်း ၆။ လုပ်ချင်ရာကို မဖြစ်မနေ လုပ်တတ်ခြင်း ၇။ အပေါင်းအသင်း အရမ်းပဲ သံယောဇဉ်ကြီးခြင်း ၈။ သူတပါးမကျေနပ်လည်း မှန်ရာကို ပြောတတ်ခြင်း ၉။ မိမိ သိနေတာကို ပြန်လည်ဖောက်သည်ချတတ်ခြင်း ၁၀။ လူအများ၏ ဂရုတစိုက် အသိအမှတ်ပြုမှုကို လိုအပ်ခြင်း ဤသို့ဖြင့်… လူ များကို ယုံကြည်၊ အလုပ်များ ကူညီတတ်ပြီး သံယောဇဉ်ကြီးသူ မိမိ၊ အားလုံးရဲ့ အသိအမှတ်ပြုမှုကို မျှော်လင့်နေပါတယ်။ စာရေးသူ – မနောဖြူလေး