kaiJuly 14, 20101min1152
အောက်မှာ အီလဲဗန်းမီဒီယာက သတင်းဖေါ်ပြထားပါတယ်။ အဲဒီသတင်းနဲ့ဆက်စပ်ပြီး နည်းနည်းလေကန်ဝေဖန်မလို့ပါ။ မြန်မာရုပ်ရှင်ပွဲတော်(Myanmar Film Festival)ကကျင်းပလာတာ ၃နှစ်(၃ကြိမ်)ရှိပြီဆိုပါတော့။ အကယ်ဒမီချိုပြုံး၊ ဒါရိုက်တာမီးပွား တို့ ပြီးခဲ့တဲ့နှစ်တွေကလာခဲ့တာပါ။ ဒီနှစ်တော့ ဘယ်သူလာမလည်း လေရောင်ပိတ်ကားပေါ်ကြည့်ရမှာပါပဲ။ လေရောင် ဆိုတာက ဘာမှမရှိတာမို ့အရာမထင်ဘူးလည်း ဆိုချင်ဆိုပေါ့။ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန်ကအမေရိကသံရုံးက ခပ်ကြမ်းကြမ်းလေး ဗီဇာတွေပေးပြီး။ ခပ်ကြမ်းကြမ်းလေး ဆွဲပြန်ကိုင်နေလို့ပါ။ ဟုတ်မှာပေါ့။ (Tourist Visa)နဲ့ဝင်လာ အမေရိကတခွင်လှည့်လည်စဉ်လုပ်ပြီး အင်တာတိန်းတွေလုပ်ကြတာမို ့အမေရိကအစိုးရငွေရမဲ့ P1 Entertainment Visa လျှောက်ပြီးမှလာရင် အစိုးရ အခွန်ငွေပိုရတဲ့အပြင် အမေရိကမြေပေါ်က ဝင်ငွေအခွန်ကိစ္စဘာဘာညာညာတွေလည်း အတိအကျ စာရင်းပေါက်မှာမို ့ဖြစ်မယ်ထင်တာပါပဲ။Tourist Visaထက်စာရင် Entertainment Visaကငွေသိသိသာသာပိုကုန်ပြီး အချိန်လည်း ကြာတာမို ့ပါ။ ဒါပေမဲ့ ပွဲသွင်းတယ်ဆိုတာကလည်း နာမယ်ကြီးသလောက် ငွေကျန်တဲ့အလုပ် မဟုတ်တာမို ့ […]


yannaingechJuly 8, 20101min1011
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၁ဝ ပြည့်နှစ် မတ်လ (၈) ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ဤဥပဒေတွင် အခန်း (၄) ခန်းပါဝင်ပြီး ပုဒ်မ (၁၄) ခုရှိပါသည်။ ဥပဒေကို လေ့လာပြီး တွေးစရာ၊ ပြောစရာများရှိလာသဖြင့် မျှဝေကြည့်လိုပါသည်။ ပထမဦးစွာ အခန်း (၂)၊ “ဖွဲ့စည်းခြင်း” အခန်းရှိ ပုဒ်မ (၃) နှင့် ပုဒ်မ (၇) ကို လေ့လာလိုပါသည်။ ပုဒ်မ(၃) “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပထမအကြိမ် လွှတ်တော်ရွေးကောက်ပွဲများကို ကျင်းပနိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရေးအတွက်လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းရမည်။ …” ပုဒ်မ(၇) “ဖွဲ့စည်းထားသော ကော်မရှင်၏သက်တမ်းသည် နိုင်ငံတော် သမ္မတက ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ […]


kaiJuly 7, 20101min1884
ကဗျာကို သေချာဖတ်နိုင်ဖို့ ပုံကိုကလစ်လုပ်ကြည့်ပါ။ ၁၉၉ရ ဧပြီလထုတ် မဂ္ဂဇင်းပါပြီးသား ကဗျာတပုဒ်ကို နောင်တနှစ်လောက်အကြာမှာ မြန်မာအစိုးရအာဘော်ဖြစ်တဲ့ မြန်မာအလင်းသတင်းစာမှာ ထပ်မံဖေါ်ပြတဲ့ကဗျာဖြစ်ပါတယ်။ ပုဂ္ဂိုလ်တဦးတယောက်ရဲ့ ကဗျာကို မဂ္ဂဇင်းတခုခုမှာ ဖေါ်ပြခဲ့တာဟာ ကျယ်ကျယ်ပြန့်ပြန့်မရှိတာမို ့ မသိသာပေမဲ့ (အစိုးရလုံးဝထိမ်းချုပ်ထားတဲ့)နိုင်ငံတော်အဆင့် သတင်းစာမှာ ထပ်မံဖေါ်ပြတာဟာ အစိုးရအာဘော်လို့ ယူဆနိုင်မှာဖြစ်ပါတယ်။ နှစ်စဉ်ရဲ့ မတ်လ ၂ရရက်နေ့ဟာ တပ်မတော်နေ့(တော်လှန်ရေးနေ့)ဖြစ်တာမို ့ မတ်လ ၂၈ ရက်နေ့ထုတ်သတင်းစာမှာဖေါ်ပြတာဟာ တပ်မတော်သားအများစု သတိထားဖတ်နိုင်ဖို့ဖြစ်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အခုကဗျာကို မြန်မာ-အမေရိကန်များဖတ်ပြီး ကိုယ့်အမြင်ကို ကောက်ချက်ချ၊ မှတ်ချက်ပေးလိုတာပါပဲ။ ( ဒီကဗျာကို နောက် ၁၂ နှစ်ကြာမှ ဘာလို့ဝေဖန်သုံးသတ်ဖို့ တင်နေရသလည်းဆိုတော့ …အခုမှ အီးမေးလ်ကရပြီး Hot (ပူ)လာလို့ဖြစ်ပါကြောင်း..)


kaiJune 28, 20101min1542
ဗွိုက်စ်ဂျာနယ် (Monday, June 28 – July 4, 2010)စာမျက်နှာ ၁၃ က “၂၀၁၃ ခုနှစ်တွင် မြန်မာ့သဘာဝဓာတ်ငွေ့ အကြီးဆုံးဝယ်သူဖြစ်ရန် တရုတ်မှန်း” ဆိုတဲ့ သတင်းနဲ့ပါတ်သက်ပြီး မရှင်းလို့ပါ။ အဲဒီမှာ အောက်ကအတိုင်းရေးထားပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ် မတ်လနှင့် ဧပြီလ နှစ်လအတွင်း ထိုင်းနိုင်ငံသို့ မြန်မာ့ သဘာဝဓာတ်ငွေ့တင်ပို့သည့်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၃ ဘီလီယံ ဖြစ်ပြီး ၂၀၀၉-၂၀၁ဝ ခုနှစ် မတ်လမှ ဧပြီလအတွင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ ဘီလီယံသာ တင်ပို့ခဲ့ ကြောင်း တရားဝင်ထုတ်ပြန်ချက်များ အရ သိရသည်။ ရုတ်တရက်ဖတ်ကြည့်ရင်..အဲဒါ မတ်နဲ့ဧပြီ၂လထဲနဲ့ ၂.၅၃ ဘီလီယံဖိုးတင်ပို ့တယ်ဆိုတဲ့သဘောသက်ရောက်နေတာမို့ ဟုတ်မဟုတ်သိသူတွေ ဖြေစေချင်တာပါပဲ။ […]


minnetkhaJune 24, 20101min803
ကျွှန်တော်တို ့လူသားတွေအားလုံးဟာ ခေတ်တစ်ခေတ်ကိုအမြဲဖြတ်သန်းနေကြရတာပါပဲ။ အဲလိုဖြတ်သန်းနေတဲ့လူတွေအားလုံးကပဲ ဒီခေတ်ရဲ့အခြေအနေ၊ကောင်းသည်ဆိုးသည်တို့ကိုသူ့နေရာနဲ့သူပုံဖော်ဖန်တီးနေကြတာမဟုတ်လား… စိတ်မကောင်းစရာက သမိုင်းတစ်လျောက်လုံးနာကျင်လာတဲ့ ဇတ်လမ်းတစ်ချို ့ကို အခုထိသယ်ဆောင်လာရတဲ့ ကမ္ဘာကြီးရဲ့ခြေလှမ်းတွေပါပဲ…. ခါးသီးစရာစ်ပွဲများ…အစာရေစာမလုံလောက်မူ…တွေကြားမှာအခုသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာတွေကလည်းဆိုးသထက်ဆိုးလို ့နေတယ်…ဒါတွေက ဘယ်သူ့ကြောင့်ဘယ်အကြောင်းကြောင့် တစ်ယောက်နဲ့တစ်ယောက် လက်ညျိးထိုးပြောဆိုနေတဲ့ အသံတွေကိုသာကြားနေရာတယ်.. ကောင်းမွန်တဲ့ဖြေရှင်းမူတွေဟာ စကားဝိုင်းပေါင်းမြောက်များစွာကိုစောင့်ဆိုင်းနေရတယ် သဘောတူညီမူများစွာကိုစောင့်ဆိုင်းနေရပါတယ်… ဒီကနေ့ကမ္ဘာ့သတင်းတွေကိုကြည့်ကြည့်ပါ… အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးပြသနာ၊ နယူကလီယားထိမ်းချုပ်ရေးပြသနာ၊အစွန်းရောက်စစ်သွေးကြွများအရေး နဲ့သဘာဝပတ်ဝန်ကျင်းပျက်စီးမူတွေအတွက် စိတ်သောကပူပန်မူဖြစ်နေကြရတာလဲ ကျွှန်တော်တို့လူသားတွေပဲမဟုတ်လား ၊ကိုယ့်ကိုယ်ကျိုးအတွက်သာကြည့်တက်သူများကတော့ဆိုးရိမ်ပူပန်မူနည်းရင်နည်း နေပါလိမ့်မယ်ဒါပေမယ့် ကမ္ဘာကြီးမှာဖြစ်ပေါ်လာသမျှအကြိုးဆက်တွေဟာ… ကမ္ဘာ့လူသားအားလုံးကိုသက်ရောက်မူ ရှိတယ်ဆိုတာလည်းကမ္ဘာကြီးက သက်သေပြနေပါတယ်။ အခုစဉ်းစားနေတာက ဒီအဖြစ်ပျက်ဆိုးတွေကိုပြောင်းလဲဖို ့နောက်ကျနေပြီလားဆိုတာပါပဲ….နောက်မကျပါဘူးလို့ပဲပြောပါရစေ ဒီအဖြစ်အပျက်တွေကျော်လွန်ဖို ့အတွက်တောင်းဆိုနေလို့မရဘူး၊ လိုချင်နေတယ်လို့ ဆန္ဒရှိနေယုံနဲ့တော့မဖြစ်နိုင်တော့ပါဘူး… ကျွှန်တော်တို့အားလုံးကိုယ်လိုချင်နေတဲ့အရာများအတွက် ကိုယ်တိုင်လုပ်ဆောင်ရမယ့်အချိန်ကိုရောက်နေပါပြီ…


yannaingechJune 23, 20101min1092
ဒီဇင်ဘာ ၃၁ ဆိုတော့ ၂၀၁ဝ မကုန်ခင်လို့တော့ ပြောလို့ရတာပေါ့နော်… ဝန်ထမ်းအဖွဲ့အစည်းတွေကို အောက်တိုဘာ ၃၁ ကနေ ဒီဇင်ဘာ ၃၁ကြား မှာ ၁၈နှစ်ပြည့်မယ့်သူတွေစာရင်း ပြုစုခိုင်းနေပြီဆိုတဲ့အကြောင်း သတင်းစကားကြားရပါတယ်။ မဲပေးဖို့အတွက် ဖြစ်ပါတယ်။ ဒီသတင်းအတိုင်းဆိုရင် မဲပေးမယ့်ရက်ဟာ ဒီဇင်ဘာ ၃၁ ဖြစ်ရပါတော့မယ်။ အစိုးရက ၂၀၁ဝ အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ မှာ မဲပေးရင် ရွေးကောက်ပွဲရလာဒ်တွေကို ၂၀၁၁ ဇန်နဝါရီ မှသိရမှာ ဖြစ်ပြီး လွှတ်တော်တွေစဖို့ကတော့ အဲဒါတွေရဲ့ နောက်မှ ဖြစ်ပါမယ်။ ဘာရယ်ညာရယ်မသိရဘဲ ဝါးတားတားလုပ်နေတာထက်စာရင်တော့ ကာလအကန့်အသတ်တစ်ခုထွက်လာတာပဲ ကျေးဇူးတင်ရပါတော့မယ်…


chitJune 22, 20101min635
၂ပြားတစ်ပဲ လစာလေးကို သနားလို ့ဖြေနေတာ ဆိုတဲ့စကား ထက်ထက်ပြောကြောင်း ဘာသက်သေအထောက်အထားမှမရှိပဲ ယုံ နေတာကျတော့ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ညီလို့လားလို့ လူထုစိန်ဝင်း နဲ့ မောင်ဝံသ တို့ကို မေးလိုက်ချင်ပါသေး။တစ်ဖက်စကားကိ ုပဲ နားထောင်ပြီး မှတ်ချက် မချသင့်ဘူးဆိုတာ ဉဏ်ကြီး ရှင်တို့ မေ့ချင်ဟန်ဆောင်နေ တာလား၊ဒါမှမဟုတ် ငါတို့ပြောသမျှ အမှန် ပဲ လို့ ငါ တကော ကော နေကြတာလား?လူကြီးတွေဖြစ်ပြီး ဘက် လိုက်တတ်တာဟာ သမာဓိဂုဏ် မရှိကြောင်း ထင်ထင်ရှားရှား ပြလိုက်တာပါပဲ။ မမေးသင့်တဲ့ မေးခွန်း မရှိဘူးတဲ့။ လုံးဝ ကန့်ကွက်ပါတယ်။ သတင်းထောက် တစ်ယောက် အနေနဲ့ ကိုယ် interview လုပ်တဲ့ အခါမှာ မိဘမဲ့ကလေး၊ ချစ်သောသူ တစ်စုံ တစ်ဦးကို […]


khinmintatthuJune 22, 20102min1275
ကဲ သူငယ်ချင်းတို့အတွက် အပျင်းပြေရယ်မောနိုင်ပါစေ ကမာ္ဘကျော် ပုဂိ္ဂုလ်ကြီးများရဲ ့ အတွေး အရေး အဆို အမိန် ့များ ကို ဖတ်ကြည့် မိရင်း ၊ကမာ္ဘ မကျော် ဖွားကိ က ပေါက်ကရ တွေးကြည့်မိတယ် ၊ သူတို ့မှန်သလား ကိုယ်မှားသလား လို ့ ၊ ဘယ်လိုပဲ ဖြစ်ဖြစ် လိုရာဆွဲတွေးလေ့ရှိတဲ့ အကျင့် ၊ ခေါင်းမာတတ်တဲ့ အကျင့် က သေရာပါ ဖျောက်မရ ဆိုသလို ရှိနေတာ မို ့ တွေးမိတွေးရာ တွေကို ရေးမိရေးရာ ရေးချလိုက်မိတယ် ။ အမှားပါက ပြင်ဖတ်ကြပါ ။ ( ကိုယ်မှန်တယ်ထင်လို ့ရေးထားတာတွေ ဖြစ်တဲ့ အတွက် ၊ […]


zaylayJune 22, 20101min980
ဖွံ့ဖြိုးရေးနှင့် လူငယ့်စွမ်းအား ့ဖြိုးတိုးတက်မှုဆိုတာ “အရာအားလုံး တိုးတက်ကောင်းမွန်မှုဆက်လက်ဖြစ်ပေါ်နေသောအခြေအနေတစ်ရပ်“ လိုဆိုနိုင်ပါတယ်။ ဖွံ့ဖြိုးတိုး တက်မှုဆိုတာ ပိုပြီးကြီးထွားလာမှု၊ ပိုပြီးကျယ်ပြန့်လာမှု၊ ပိုပြီးရင့်ကျက်လာမှု ပြီးတော့ တိုးတက်မှုကိုရှေးရှူ့တဲ့ အပြောင်းအလဲလို့ဆိုပါတယ်။ လူ့အဖွဲ့စည်းတွေ၊ လူ့ယဉ်ကျေးမှုတွေဟာ အပြောင်းအလဲကိုအလိုရှိကြတယ်။ တိုးတက်တဲ့အပြောင်းအလဲပေါ့။ အပြောင်းအလဲက ဘာခြားနား သလဲဆိုရင် တရွေ့ရွေ့ တဖြည်းဖြည်းပြောင်းလဲခြင်းနဲ့ တဟုန်ထိုးပြောင်းလဲခြင်း တနည်းပြောရရင် အရှိန်အဟုန်ဖြင့်ပြောင်းလဲခြင်း ဆိုတဲ့ အချက်ပဲခြားတာဖြစ်ပါတယ်။( evolution and revolution) ဒါပေမဲ့ တစ်ခုတော့သတိပြုဖို့လိုတယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာဖြစ်စဉ်တစ်ခုဖြစ်တယ်။( Development is a process, not product) ထုတ်ကုန်တစ်ခုမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်သုံးရပ်(Three basic needs for the development)ရှိတယ်လို့တို့တော့ ယုံကြည်တယ်။ အဲဒါတွေကတော့- 1. Character(အကျင့်စာရိတ) 2. Discipline(စည်းကမ်း) 3. […]


zaylayJune 22, 20101min632
မိန်းမယူရင်သိထားရမယ့်အဓိကစဉ်းစားစရာသုံးချက်ရှိတယ်..ကိုယ်တစ်ကယ့်တစ်ကယ်ယူတော့မယ်။ ကိုယ်အသက်အရွယ်နဲ့ဆိုအတော်ပဲ ယူသင့်နေပြီဆိုရင်တော့ စဉ်းစားရမယ့်အချက်အလက်တွေပါပဲ။ဒါတွေကိုမှ မစဉ်းစားမိပဲယူမယ်ဆိုရင်တော့ အိမ်ထောင်ရေးအတွက် သိပ်အခြေမလှတတ်ပါဘူး။ (၁) ကိုယ်မိန်းမမယူခင်မိဘကိုကိုယ်ဘာတွေလုပ်ကျွေးပြီးပြီလဲ လူ့လောကကြီးမှာအဓိကကိုယ့်အပေါ်ကျေးဇူးရှိတာကဘယ်သူလဲ..မလွှဲမသွေမိဘနှစ်ပါးပါပဲ။ ကိုယ့်မိဘနှစ်ပါးမသေခင်ကိုယ်ဘာတွေလုပ်ကျွေးပြီးပြီလဲ။ မိဘနှစ်ပါးကိုကိုယ်ဘာတွေစိတ်ချမ်းသာအောင်ထားပြီးပြီလဲ။ အင်းမိဘနှစ်ပါးလုံးကွယ်လွန်သွားမှတော့ငိုနေလည်းအလကားပဲ။ မိဘနှစ်ပါးသေရင်ကိုယ်ဝမ်းနည်းစရာမလိုလောက်အောင်ကိုအတတ်နိုင်ဆုံးလုပ်ပေးထားပါ။ ကိုယ်မလုပ်ကျွေးနိုင်ပဲထားအုံးတော့စိတ်ချမ်းသာအောင်ထားခြင်းဟာလည်း ကျေးဇူးဆပ်ချင်းတစ်မျိုးပဲဆိုတာမိတ်ဆွေတို့သိမှာပါ။မိဘကျေးဇူးတွေဘယ်လောက်ကြီး တယ်ဆိုတာကိုအကျယ်မဖွင့်တော့ပါဘူး။အဓိကပြောပြချင်တာလေးတစ်ခုရှိတယ်။အဲ့ဒါက ‘ကိုယ့်ကိုမွေးကြီးပြင်းလာအောင်လုပ်ကျွေးပခုံးထမ်းပေးခဲ့တဲ့အမေကို လုပ်မကျွေးနိုင်သေးပဲနဲ့သူများကမွေးတဲ့ သမီးကိုလုပ်မကျွေးချင်ပါနဲ့ဗျာ’ (၂) ကိုယ်ဘာတွေပြင်ဆင်ပြီးပြီလဲ ? ဘဝလက်တွဲဖော်ဆိုတာကို ကိုယ်ရွေးချယ်မယ့်အရွယ်ရောက်လာရင်လည်း စဉ်းစားစရာတွေရှိပြန်ရော။ကိုယ်နဲ့ကောင်မလေး ဘက်ကမိဘတွေဘယ်လိုအဆင်ပြေအောင်နေမလဲ။ကိုယ်ကရောသည်းခံနိုင်တဲ့သူလား။ သည်းမခံနိုင်တဲ့သူလား။ကိုယ့်ဘာသာပြန်မေးကြည့်ခုကိုယ်ကတစ်ယောက်ထဲသမား။ ကဲလက်ထက်ရတော့မယ်ဟေ့ဆိုရင်ပါးစပ်ပေါက်ကနှစ်ပေါက်ဖြစ်လာပြီ။အဲ့ပါးစပ်ပေါက်နှစ်ပေါက်ကို ဘယ်လိုရှာကျွေးမလဲ။ကိုယ့်လစာလေးနဲ့ရောအဆင်ပြေမလား။ အင်းပြေတယ်ထားအုံးတော့မွေးလာတဲ့ကိုယ့်ရဲ့ခလေးတွေကိုဘယ်လိုဝအောင်ရှာ ကျွေးမလဲ။ကျနော်ထင်ပါတယ်ဘယ်ယောကျင်္ားလေးမှ ကိုယ်ယူတဲ့မိန်းခလေးကိုတော့ အလုပ်လုပ်ခိုင်းမယ်လို့တော့မထင်ဘူး။အိမ်ဦးနတ်ဆို တာအလကားထားတာမဟုတ်ဘူးလေ။မွေးလာတဲ့ခလေးတွေကို ရောအဆင့်အတန်းမှီအောင်မျက်နှာမငယ်အောင်ကိုယ်ဘယ်လိုတွေလုပ်ပေးရမလဲ။ (၃) ကျားနှစ်ကောင်ပြိုင်ပြီ.. တစ်ကယ်လို့လင်နဲ့မယားနှစ်ယောက်လုံးကအလုပ်အကိုင်ရှိတယ်ထားအုံးတော့။ ယောကျင်္ားကသူ့ရဲ့အလုပ်မှာကျားတစ်ကောင်လိုအစွမ်းအစရှိတယ်။ အဲ့လိုပဲမိန်းခလေးလုပ်သူကလည်းသူ့အလုပ်မှာအစွမ်းအစရှိတယ်။ ပြောရင်ထက်မြတ်တာပေါ့ဗျာ။ သူတို့ကအလုပ်ထဲမှာကျားတစ်ကောင်လိုပဲထက်မြတ်တယ်။တော်ကြတယ်ပေါ့။ အင်းအလုပ်တွေပြီးလို့အိမ်ပြန်လာတဲ့အခါကျရင်တော့ အဲ့ကျားဆိုတဲ့ဂုဏ်ပုဒ်ကြီးကိုယူလာကြရင် အိမ်ထောင်ရေးဆိုတာမတည်မြဲတော့ဘူး။ကျနော်ထင်ပါတယ်ဘယ်ယောကျင်္ားလေးကမှကိုယ့် အရှေ့မှာမယားလုပ်သူက မော်ကြွားမော်ကြွားနဲ့ပြောတာကိုတော့ သည်းခံနိုင်မှာမဟုတ်ဘူး။ငါကဘယ်လောက်တော်တာငါ့လောက်ဘယ် သူမှမလုပ်နိုင်ဘူး။နင်ရောလုပ်နိုင်လားဆိုရင် ကဲဘယ်လိုဖြေမလဲ။အဲ့ဒါကြောင့်အိမ်ပြန်လာရင်ကျားဆိုတဲ့ဂုဏ်ပုဒ်ကြီးဆိုတာကိုခွာချလာပါ နမူနာတွေတစ်ကယ့်အဖြစ်အပျက်တွေအများကြီးပဲ။ ကျနော်ကြားဖူးတာပြောပြချင်တယ်။နေရာကမန်းမြို့တော်လေးမှာ။အဖြစ်ကတော်တော်လေးကြာပါပြီ။ လင်မယားနှစ်ယောက်လုံးခွဲစိတ်ဆရာဝန်တွေ။နာမည်တော့မပြောတော့ပါဘူး။ တစ်အားကိုနာမည်ကြီးတာပေါ့။ […]


yannaingechJune 21, 20101min962
တစ်ချို့အယူအဆများမှာ အလွန်ကြောက်ဖို့ကောင်းပါသည်။ တစ်ချို့အယူအဆကြတော့ လွန်စွာ အစွန်းရောက်ပါသည်။ တစ်ချို့အယူအဆတွေက အလွန်အံ့ဩဖို့ကောင်းပြီး တစ်ချို့မှာ ခံစားချက်ပြင်းပြင်းတွေကို ပေးစွမ်းနိုင်ပါသည်။ ငြင်းသင့်၊ ရှင်းသင့်သည်ဟုယူဆသည့် အတွေးတစ်ချို့ကို ငြင်းပေး၊ ရှင်းပေးနိုင်ရန် ချပြလိုပါသည်။ ၁။   ကမ္ဘာပေါ်မှာ အကြွင်းမဲ့အမှန်တရားမရှိ (There is no absolute truth on Earth) ကိစ္စတစ်ရပ် မှန်တယ်၊ မှားတယ်ဆိုတာ ကြည့်တဲ့သူရဲ့ ကြည့်တဲ့ရှုထောင့်ပေါ်မှာသာမူတည်တယ်။ ရှုထောင့်တစ်ရပ်မှာ မှန်နေတဲ့သဘောတစ်ခုဟာ တစ်ခြားရှုထောင့် တစ်ခုမှာ မှားနေနိုင်တယ်။ အမှန်လို့ယူဆထားတဲ့အဆိုတစ်ခုကို အပေါ်ကအယူအဆလက်ကိုင်ထားသူနေရာက အချေတင်ကြည့်ပါတယ်။ အဆို- လူမှန်သမျှ မွေးပြီးရင် သေရမယ်။


kaiJune 15, 20101min1636
လွန်ခဲ့တဲ့ဧပြီလတုန်းက spring break ကျောင်း၃ရက်ပိတ်တာနဲ့ Palto Altoက မိတ်ဆွေတယောက်ရဲ့ပင့်ဖိတ်မှုကြောင့် IMC(Inside Meditation Center)မှာတရားပြရန် သွားခဲ့ပါတယ်။ ယင်းမိတ်ဆွေရဲ့အိမ်ရောက်လို့ နောက်တစ်ရက်မှာ စတင်းဖို့ဒ်တကသိုလ်သို့ အင်ဒီယာနာပြည်နယ်Bloomingtonမှ တိဘက်ဘုန်းတော်ကြီးတစ်ပါး ရောက်ရှိလာသဖြင့် သွားရောက်တွေ့ဆုံရင်းစကားလက်ဆုံကြရာ သူကိုယ်တိုင်ရေးထားတဲ့ Surviving the Dragonအမည်ရှိစာအုပ်ကို လက်ဆောင်ရခဲ့ပါတယ်။ စာအုပ်ထဲမှာတရုတ်တွေတဘက်ဒေသကို ကျူးကျော်သိမ်းပိုက်ပြီးတဲ့နောက် သူထွက်ပြေးလွတ်မြောက်ခဲ့ပုံနဲ့ အမေရိကားရောက်တဲ့နောက်ပိုင်းရင်ဆိုင်ကြုံတွေ့ရတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးရဲ့ အခက်အခဲအတွေ့အကြုံတွေကို ဖော်ကျူးထားတဲ့စာအုပ်တစ်အုပ်ပါ။ အဲဒီဘုန်းတော်ကြီးရဲ့ဘွဲ့အမည်က Arjia Rinpoche။ သူဟာ တိဘက်ဒေသနိုင်ငံရေးနယ်ပယ်မှာအရေးပါသူတစ်ဦးဖြစ်သလို တိဘက်နဲ့မွန်ဂိုလူမျိုးတွေရဲ့ဗုဒ္ဓဘာသာ ခေါင်းဆောင်ဆရာတော်တစ်ဦးလည်း ဖြစ်ပါတယ်။ ယင်းနောက်သူနေထိုင်သီတင်းသုံးရာ အင်ဒီယာနာပြည်နယ် Bloomington ရှိTibetan Mongolian Buddhist Cultural Centerသို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဘုန်းတော်ကြီးDalai Lama မေလ၁၁နေ့မှ၁၄ရက်ထိ ကြွရောက်ရန်ရှိတယ်၊ အခွင့်ရရင်လာရောက်တွေ့ဆုံဖူးမြော်ရန် ဖတ်ကြားခဲ့ပါတယ်။ ဒါနဲ့မေလ၁၁ရက်ည၁ဝနာရီခွဲလေယာဉ်ပျံနဲ့ ှဆန်ဖရန်စစ်စကိုလေဆိပ်မှထွက်ပြီး Indiana […]