yannaingechJune 15, 20101min1556
အပေါ်ယံကြည့်ရင် သူတို့ဟာ ကံထူးသူတွေပါ။ ဘွဲ့တစ်ခုကို အလွယ်တကူ ရခဲ့ပြီး ရာထူးတစ်ခုပါ ချက်ချင်းရခဲ့ကြသူတွေ။ ရတဲ့ဘွဲ့ကလည်း အင်ဂျင်နီယာဘွဲ့၊ မဟာအင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာပါရဂူဘွဲ့တွေ။ ရတဲ့ရာထူးတွေကလည်း လက်ထောက်ကထိက၊ ကထိက၊ ဒုတိယပါမောက္ခ၊ သုတေသနအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး…။ အသက် ၂၂ နှစ်ကနေ ၃၂ နှစ်ကြား လူငယ်လေးတွေမှာ အဲဒီလောက်အရေးပါတဲ့ရာထူးတွေရှိနေတာ အံ့အားသင့်စရာ။ ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ ရန်ကုန်စက်မှုတက္ကသိုလ်အပါအဝင် တက္ကသိုလ်များ ကိုပိတ်လိုက်ပါတယ်။ ၁၉၉၆ အောက်တိုဘာ ၂ မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကို မြန်မာနိုင်ငံရဲ့ အခု ၃ဝမြောက် ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းပေးလိုက်ပြီး ပထမဆုံးနဲ့ တစ်ဦးတည်းသော ဝန်ကြီးအဖြစ် အမေရိကန်သံအမတ်ကြီးဟောင်း ဦးသောင်းကို အပိုင်စားပေးလိုက်ပါတယ်။ ပညာရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်၊ မန္တလေးစက်မှုတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ် စတာတွေကို ၁၉၉ရ ဇန်နဝါရီ ၁ […]


yannaingechJune 13, 20101min2213
အက်ဒ်မင်ခင်ဗျာ… Mandalaygazette ရဲ့ နောက်ခံစိတ်ကူးကို သဘောကျပါတယ်။ အမှတ်ပေးစနစ်ဟာ လူတွေကို တကယ် motivate လုပ်နိုင်ပါတယ်။ ပြီးတော့ အက်ဒ်မင်အဖွဲ့မှ ဘာသတင်းမှလိုက်စရာမလို၊ ဘာဆောင်းပါးမှရေးစရာမလို(ယေဘုယျအားဖြင့်)၊ ဘာတီးဖြတ်မှုမှ လုပ်စရာမလိုဘဲ သတင်းများ၊ ဆောင်းပါးများ၊ သုတ၊ရသစာများမှာ အရှိန်အဟုန်ပြင်းပြင်းနှင့် စီးဝင်နေသည်မှာ ရင်သပ်ရှုမောဖွယ်ပါ။ မြန်မာပြည်ထဲမှာနေပြီး အင်တာနက်သုံးနေရတဲ့သူတစ်ယောက်အနေနဲ့ စဉ်းစားမိတာ(လက်တွေ့ကြုံနေရတာ) လေးတစ်ခုကို ပြောပြလိုပါတယ်။ အဲဒါက မြန်မာနိုင်ငံက Internet connection speed ရဲ့ အခြေအနေလေးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ Internet connection speed က ဘယ်လိုင်းအမျိုးအစားကို သုံးတာပဲဖြစ်ဖြစ် သူတို့ပြောပြီးရောင်းထားတဲ့ (ကျွန်တော်တို့ပိုက်ဆံပေးနေရတဲ့) speed ရဲ့ ၁၀%ပတ်ဝန်းကျင်သာရပါတယ်။ 256k လိုင်းဆိုရင် 25-30 k ပဲရပြီး 512k ဆိုရင် 50-60k ပဲရပါတယ်။ အဲဒါကစက်တစ်လုံးတည်းပဲချိတ်ပြီးသုံးရင် ရတဲ့ speed ကို ပြောတာပါခင်ဗျာ။ ကျွန်တော်တို့ဆီက ဆိုင်တွေက […]


kaiJune 9, 20101min1214
“သတင်းစာဆရာ၊ သတင်းထောက်ခေါင်းဆောင်မှုမပါခဲ့တဲ့ခေတ် တခေတ်မှမရှိဘူး။ အမြဲခေါင်းဆောင်မှုပေးနေ တာဘဲဆိုတာ ကျွန်တော်ရဲရဲကြီးပြောချင်ပါတယ်။ အဲဒီတော့ မေးစရာရှိပါတယ်။ ခေါင်းဆောင်မှုပေးလို့ သတင်း စာဆရာတွေ၊ သတင်းထောက်တွေကဘဲ အစိုးရဖြစ်လို့လား။ သတင်းစာဆရာတွေ၊ သတင်းထောက်တွေကဘဲ ယခုအခေါ် တာဝန်ခံပုဂ္ဂိုလ်ကြီးတွေဖြစ်လို့လားဆိုရင် မဟုတ်ပါဘူး။ သူတို့ခေါင်းဆောင်မှုပေးတာ ငတ်ပြီး ခေါင်းဆောင်မှုပေးတယ်။ အသတ်ခံပြီး ခေါင်းဆောင်မှုပေးတယ်။ ထောင်ချခံပြီးခေါင်းဆောင်မှုပေးတယ်။” ယင်းစကားစုသည် သတင်းစာဆရာ၊ သတင်းထောက်တို့၏ ရှေ့ဆောင်လမ်းပြကြယ်များထဲမှ တစ်ပွင့်တစ်ခိုင် အဖြစ် ပါဝင်ခဲ့သည့် သတင်းစာဆရာကြီးဦးထွန်းဖေ၏ စကားပင်ဖြစ်သည်။ ဆရာကြီး၏စကားသည် ခေတ် အဆက်ဆက် ခေတ်တိုင်းမှန်ကန်နေမည့်စကားဖြစ်သည်။ ခေါင်းဆောင်မှုပေးသူ သတင်းစာဆရာ၊ သတင်းထောက်(ဝါ) သတင်းသမားတို့သည် ခေါင်းဆောင်မှုပေးနေသည်မှာ မှန်သည်။ မည်သို့မည်ပုံခေါင်းဆောင်မှုပေးနေသနည်း။ မေးစရာရှိသည်။ သတင်းသမားတို့သည် ပြည်သူ၏ရှေ့မှ မားမား မတ်မတ်ရပ်တည်ကာ မတရားသောလုပ်ရပ်များကို ဖော်ထုတ်၍ တရားသောလုပ်ရပ်များဖြစ်ပေါ်လာစေရန် ခေါင်းဆောင် မှုပေးသည်။ မှားနေသောအရာများကို […]


agkyawthantJune 2, 20101min881
ပိုက်ဆံရှိမှ စာသင်နိုင်တော့မှာလား? ဒီနေ့ ကျနော့်သူငယ်ချင်းတစ်ယောက်က SE သင်တန်းတစ်ခု တက်ချင်တာ သွားစုံစမ်းမယ်ဆိုလို့ ၊ ကျနော်လည်း နည်းနည်းစိတ်ဝင်စားတာနဲ့ သူနဲ့ အတူလိုက်သွားပါတယ်။ ဟိုရောက်တော့ အဲဒီ့သင်တန်းနဲ့ ပတ်သက်တာတွေကို ကျနော်တို့မေးကြပါတယ်။ ဘာတွေသင်မလဲ ၊ ဘယ်နှစ်လတက်ရမလဲ ဆိုတာတွေမေးကြပါတယ်။ သူတို့ ကလည်း စိတ်ရှည်ရှည်နဲ့ ပြန်ပြောပြကြပါတယ်။ အပြောကလည်း ကောင်းသလားမမေးနဲ့ ၊ တက်ချင်စိတ်ဖြစ်လာအောင်ကို ပြောနေကြတာ။ သင်တန်းအကြောင်း ၊ ဘာသာရပ် အကြောင်းပြောတုန်းကတော့ အဆင်ကိုပြေနေတာဘဲပေါ့။ ဒါနဲ့ နောက်ဆုံးကျတော့ ကျနော်တို့လည်း သင်တန်းစရိတ်ကို မေးကြည့်လိုက်တယ်။ သူတို့ ပြောလိုက်တဲ့ စရိတ်ကြောင့် ကျနော်လည်း တော်တော် လန့်သွားပါတယ်။ ၁ သိန်းခွဲပါတဲ့ဗျာ။ သင်တန်းကာလကလည်း ၃ လ ခွဲတည်းရယ် ပြီးတော့ ရမယ်ဆိုရင်လည်း ဒီကပေးတဲ့ […]


kaiMay 21, 20104min29417
အီလဲဗန်င်းမီဒီယာဂရုက သတင်းကိုဖတ်မိတာပါ။ အဲဒီမှာ ..ဒီလိုရေးပါတယ်..။ အင်တာဗျူးပြုလုပ်ချိန်တွင်  မေးခွန်းခုနစ်ခုခန့် မေးပြီးနောက် အဆိုပါသတင်းထောက်က”ပရိသတ်တွေက ပြောကြတယ်၊ ထက်ထက်မိုးဦး ဘဝကိုခဏခဏ ပြန်စနေရတယ်၊ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လိုခံစားရလဲ”ဟု မေးမြန်းချက် အပေါ်ထက်ထက်မိုးဦးက ”သွားလိုက်တော့၊ နင်သွားလိုက်တော့”ဟု ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် သတင်းထောက် မအေးသူစံက သရုပ်ဆောင် ထက်ထက်မိုးဦးအား တောင်းပန်၍ ပြန်ထွက်လာခဲ့ရာ  ထက်ထက်မိုးဦးမှာ အပြင်သို့ အရင်ရောက်ရှိနေပြီး သတင်းထောက် မအေးသူစံအား ဤသို့မေးသည်မှာ သူ့အားစော်ကားခြင်း ဖြစ်ကြောင်း မည်သူမေးခိုင်းသလဲ၊ စာနယ်ဇင်းများ၏ နှစ်ပဲတစ်ပြားလစာကို သနားလို့ ဖြေနေခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး သတင်းထောက်အား ဆံပင်ဆွဲ၍ ပါးရိုက်ခဲ့ကြောင်း သိရှိရပါသည်။ မူရင်းကို.. ဒီမှာဖတ်ပါ။ http://www.news-eleven.com/ နောက်..အဲဒီမှာ..ကွန်မန်င့်တွေလိုက်ဖတ်ပါတယ်..။ လူတွေအစုံအလင်ရေးထားတာတွေ့ရပေမဲ့..ထူးခြားတာလေးတချို ကူးတင်ပေးလိုက်ပါတယ်။ လူတွေ အနှုတ်အများဆုံးပေးထားတာနဲ့..အပေါင်းအများဆုံးပေးထားတာရယ်။ […]


kaiMay 19, 20106min580
ဇတ်လမ်းက ဒီလိုပါ။ အာရီဇိုးနားပြည်နယ်က..မက်ခ်စီကိုနိုင်ငံဖက်က…တရားမဝင်ခိုးဝင်လာသူတွေ တားဆီး၊ဖမ်းပြန်ပို့နိုင်ဖို့ဆိုပြီး..ဥပဒေတခုထုတ်ပါတယ်။ သူတို့ဆီမှာ..တရားမဝင်လူ လူ၅သိန်းလောက်ရှိတယ်ဆိုပါတယ်။ တနိုင်ငံလုံးမှာ..တရားမဝင်ခိုးဝင်ထားသူ ၁၂သန်းကျော်ရှိတာပါ။ အဲဒီဥပဒေမှာ..ရဲက..လူတယောက်ယောက်ကိုမသင်္ကာရင်…အိုင်ဒီတောင်းကြည့်ခွင့်ရှိတာပါတဲ့..။ ( မြန်မာစိတ်နဲ့..တွေးရင်..အင်းလေ..လုပ်ရမှာပေါ့ဆိုမိမလားပဲ) ယူအက်စ်မှာ…လဝက ကိစ်စမေးခွင့်၊ စစ်ခွင့်၊ ဖမ်းခွင့်ရှိတာ..ရဲမဟုတ်ပဲ..ICE (Immigration and Customs Enforcement)လို့ခေါ်တဲ့ ဌာနကလူတွေပါ။ အခုတော့..လူအင်အားများတဲ့..ရဲကိုပါလွဲတယ်ပေါ့။ ဒီတော့..ဒါဟာ လူအခွင့်အရေး..ဘာဘာညာညာ..အသားအရောင်ခွဲတယ်..ဘယ်လိုမသင်္ကာဘူး..ရဲကသိမလဲ..။ တမင်တကာရည်ရွယ်ချက်ရှိရှိ..ညစ်လုပ်တာဖြစ်ကြပါရော..။ တိုတိုပြောရရင်..ကယ်လီဖိုးနီးယားက..မြို ့တွေတော်တော်များများ..အာရီဇိုးနားပြည်နယ် မသွားကြဖို ့…ပေါ့..သပိတ်မှောက်တယ်ပေါ့။ ပြည်နယ်၂ခုက..အရှေ့အနောက်..ကပ်ရက်ရှိတာဖြစ်ပါတယ်။ အဲဒီမှာ..အာရီဇိုးနားလည်း တိုးရစ်ဇင်ကရတဲ့ငွေတွေ..ထိုးကျသွားပြိး.. ဟိုတယ်တွေလည်း..ဒုက်ခတွေ့ရောဆိုပါတော့..။ အခုလေးတင်…အာရီဇိုးနားက..ပြန်ခံချဖို ့..သတိပေးစာ ပိုလာတယ်လို့ သတင်းတွေပါလာပါတယ်။ သူတို့က..ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်ဖက်..ရောင်းနေတဲ့လျှပ်စစ်မီး…ဖြတ်မယ်ဆိုပဲ..။ အယ်လ်အေက..မီးအားလုံးရဲ့ ၂၅ ရာနှုန်းက..အာရီဇိုးနားကဝယ်ထားတယ်ဆိုပါတယ်။ နွေရာသီဝင်လာပြီမို ့…လျှပ်စစ်မီးပိုသုံးကြတဲ့..ကယ်လီဖိုးနီးယန်းတွေ..ဒုက်ခရောက်နိုင်ပါတယ်…။ ဘာဖြစ်လာမလဲ… ရွေးကောက်တင်မြှောက်ထားတဲ့…နိုင်ငံရေးသမားတွေ..ဘယ်လောက်ပညာပါသလဲ..။ ဘာပြောကြသလဲ။ စောင့်ကြည့်ကြစို့..။ အောက်မှာ..မူရင်းသတင်း..။ Arizona Fights Back Against Boycott Threats Due […]


kaiApril 30, 20103min911
ဒီနေ့သတင်းတခုဖတ်မိလို့ မျှတာဖြစ်ပါတယ်။ မြန်မာတို့ရဲ ့ဇတ်လိုက်ကြီး အာနိုးတယောက် အမေရိကန်ပြည်ထောင်စုရဲ့ သမတအဖြစ်ရွေးခံမယ်ဆိုရင်ပေါ့.. အမေရိကရဲ့ ဖွဲ ့စည်းပုံအခြေခံဥပဒေကို  အယင်ပြင်ရပါလိမ့်မယ်.။ အဲဒီမှာ ဘယ်လောက်ခက်သလဲရေးထားတာလေးတွေ့လို ့ ဆက်စပ်ပြီးတင်ပေးတာပါ။ သတင်းမှာ…အဲဒါနဲ့ပါတ်သက်တာကို အနီရောင်ပြောင်းပေးထားပါတယ်။ အဲဒီမှာ ရာခိုင်နှုန်းတွေလည်း ပါပါတယ်။ ဗဟုသုတအဖြစ်ပေါ့..။ မြန်မာတွေရဲ့ အခု ၂၀၁ဝ ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး ပြောရယင်.. တချို ့က..အမတ်အဖြစ် ပြိုင်အရွေးခံပြီးရင် ၂၀၀၈ ဖွဲ ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက်မယ်ဆိုလား..ကြားနေဖူးလို့.. နှိုင်းယှဉ်နိုင်အောင်ရယ်ပါ။ ကြည့်ရတာ…မြန်မာပြည် ဖွဲ ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့က ပိုခက်မယ်သေချာပါကြောင်း..။ Schwarzenegger for president? Not likely Fri Apr 30, 1:01 pm ET In an appearance Thursday night on the “Tonight Show” to […]


lu ta loneApril 28, 20101min2046
အပျိုကြီးများ၏အားသာချက်များ တစ်ကိုယ်ရေနေထိုင်မှု၏ အားသာချက်များ အပျိုကြီးတို့ကို “ဖက်လုံးအဖော်ပြုသူ” “တိရစာ္ဆန်ထိန်းကျောင်းသူ” “အထီးကျန်သူ” စသည်ဖြင့် ထိခိုက်ပြောဆိုမှုတစ်ချို့ရှိကြသော်လည်း အိမ်ထောင်မပြုကြသဖြင့် သူတို့တွင် အားသာချက်များရှိနေကြသည်။ ယင်းအားသာချက်များမှာ- (၁) ရုပ်မြင်သံကြားကြည့်ပါက remote control လုစရာမလိုခြင်း။ (၂) နံစော်သောအဝတ်အစားများကို လျှော်စရာမလိုခြင်း။ (၃) ချွတ်ချင်ရာ ချွတ်ထားသော ဖိနပ်များကို လိုက်သိမ်းစရာမလိုခြင်း။ (၄) ရေချိုးခန်းကို စိတ်ကြိုက်သုံးခွင့်ရခြင်း။ (၅) တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးလုပ်စရာမလိုုခြင်း။ (၆) ‘ဘာဝတ်မှာလဲ’ ‘ဒါလေးဝတ်ပါလား’ ဟုနေ့စဉ် ပြောစရာမလိုုခြင်း။ (၇) အထူးချက်ပြုတ်၊ ကြော်လှော်၊ ဆေးကြောစရာ မလိုခြင်း။ (၈) မိမိမှာ တစ်ယောက်သောသူအတွက် ဖြစ်နေသည်ဟု စဉ်းစားစရာမလိုခြင်း။ (၉) စိတ်ထဲရှိသလို နေထိုင်လုပ်ကိုင် လွတ်လပ်မှုရှိခြင်း။ (၁၀) အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ လောင်းကစားလုပ်သူတစ်ဦးဦးကို […]


kaiApril 16, 20105min31616
BombBlast (ဧပြီ၁၅ )နေ့ညနေ ၃နာရီကရန်ကုန် ကန်တော်ကြီးစောင်းနှင့် သိမ်ဖြူယာဉ်မောင်းကွင်းအနီး X2O ရေကစားမဏ္ဍပ် လက်ဝဲဘက်ထောင့်၌ဗုံးပေါက်ကွဲမှုဖြစ်သည်။ အနည်းဆုံး ၃လုံးပေါက်သည်ဟုပြောကြပြီး တချို ့က ၅လုံးတွင်သုံးလုံးပေါက်သည်ယူဆလေသည်။ လူ ၁ဝယောက်ခန့်သေဆုံးပြီး ၂ရာနီးပါးခန့်ဒဏ်ရာရကြသည်ဟု လက်ရှိသတင်းများက ပြောသည်။ (၁၆ ရက်နေ့မနက် ထုတ်ပြန်ချက်များအရ သေဆုံးသူစုစုပေါင်း ၈ ဦး ၊ ဒဏ်ရာရသူ စုစုပေါင်း ၁၇ဝ ဦးဖြစ်သည်) ဒဏ်ရာရသူများသဖြင့် သင်္ကြန်တွင်း ၌ဆေးရုံကြီးတွင် ဆရာဝန်မလောက်ငှမှု၊ သွေးမလောက်ငှတို့နှင့် လည်းရင်ဆိုင်ရဖွယ်ရှိသည်။ တချို ့ကဗုံးမှာ တောင်းအေ့စ်ကားပေါ်မှ လက်ပစ်ဗုံးနှင့်ပစ်သည်ပြောပြီး တချို ့က မဏ္ဍပ်ရှေ ့အောက်မှတလုံးချင်းအချိန်ခြားပေါက်ကွဲသည်ပြောကြသည်။ အခင်းဖြစ်ပွားရာသို့ လာရောက် ဝိုင်းဝန်း ကြည့်ရှုသူများ၊ ကူညီ ကယ်ဆယ်ရေး လုပ်သူများထဲမှ ကင်မရာများနှင့် လက်ကိုင်ဖုံးများနှင့် မှတ်တမ်းတင်၊ ရိုက်ကူး […]


kaiApril 12, 20101min1661
ပိတောက်ပန်း လတန်ခူးပေမို့ အလှထူးပါဘိ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ ။ တကယ်တန်းသာဖြင့် ဘယ်ပန်းနော် စံမတူဘု နန္ဒမူ ဖန်ဂူ ထိပ်မှာလ ပစ္စေကာ ချွေးတော်သိပ်ရတယ် အေးရိပ်ဆာယာ ။ တစ်နှစ်တွင်သည်တစ်လပေပ တစ်လတွင် တစ်ရက်ထဲ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ ပွင့်ရှာကြ စုံမြိုင်တွင်း ။ မြူမင်းလွင်ထန် ကြူသင်း တာချိန်ယံမတော့ ရွှေဝတ်ဆံငုံတံညှောက်ကယ်နှင့် ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့ သိန်သရေထိန်ဝေလို့တောက်တဲ့ပြင် လမ်းတစ်လျှောက်သင်းပေမယ့် ဆန်းသလောက်မလင်းနိုင်ဘု ပန်းပိတောက်မင်း ။ ။ (ဦးကြော့) ===== အချည်းနှီးပိတောက် လှလိုက်တာကွယ် ဝင်းဝါထိန်ရဲ ၊ ဆုပ်ခဲရွှေငုံ စုပြုံပွင့်ကြ ၊ ပေါ်ဦးစရှင့် လှ ၊ လှပါဘိ ၊ နှုတ်ခမ်းဖိကပ် နမ်းမိ ချစ်မိ ၊ ပိတောက်နွယ် […]


kaiApril 5, 20101min1445
လျှပ်တစ်ပြက်ဂျာနယ် ၂၀၁၀၊ဧပြီလ(၂)ရက် နေ့ထုတ်တွင် ပါလာတဲ့ ကဗျာဆရာ မောင်ရဲ၏ “ထိုတစ်ရက်” အမည်ရ ကဗျာ.. မြန်မာပြည်ကပို ့လာလို့ပါ။ တဦးဦးကိုရည်ရွယ်တယ်ဆိုပါတယ်။ ကဗျာအရတော့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း ဥက္ကဌဖြစ်မယ်ထင်ပါတယ်။ ရေးသူက အဲဒီအထဲကလူပါပဲတဲ့။ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှုး ဦးတင့်ဆွေ ဆိုပါတယ်..။ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်က ဦးမြတ်ခိုင်ဖြစ်ပါတယ်။ အဲဒီကဗျာက.. စကားတွေ အများကြီးပြောနေပါတယ်။ သေသေချာချာ ဖတ်ကြပါ။ သမိုင်းကျန်ရစ်အောင် ဒီမှာ လာထားရစ်လိုက်တာပါ။


lu ta loneApril 2, 20101min1292
တနေ့တွင် မုဆိုးတဦးသည် အီစွတ် (Aesop) ထံ အလည်လာသောအခါ အင်မတန်ကျော်ကြားသောလူက သူဧ။် အိမ်မွေးစာကလေး (Pet Sparrow) ဖြင့် ဆော့ကစားနေသည်ကို တွေ့သဖြင့် အလွန်အံ့ဩသွားသည်.. သို့နှင့် အီစွတ်အား “ကစားခြင်းဖြင့် ဘာကြောင့် အချိန်ဖြုန်းတီးနေသလဲ..? စာကလေးလို အသုံးမဝင်လှတဲ့အရာကို ဘာကြောင့် အချိန်ပေးရသလဲ..? “ ဟုမေးလိုက်သည်.. အီစွတ်သည် သူ့အား အံ့ဩစွာကြည့်ပြီး “ ခင်ဗျားရဲ့ လေးပေါ်က ကြိုးက ဘာကြောင့်တင်းမနေတာလဲ..? “ ဟု ပြန်မေးလိုက်သည်… “ တချိန်လုံး တင်ထားလို့ မရဘူးဗျ “ မုဆိုးက ရှင်းပြသည်.. “ သို့မဟုတ်က ၎င်းဟာ တင်းအားလျော့သွားပြီး မြားပစ်ရာမှာ အသုံးမဝင် ဖြစ်သွားမှာပေါ့ “ ဟုပြောလိုက်သည်… “ သူငယ်ချင်း […]


kaiMarch 27, 20101min1844
မြန်မာပြည်တွင်းက အသံတွေကို မြန်မာပြည်ပြင်ပရောက်နေသူတွေ နားထောင်စေချင်မိပါတယ်။ အသံတွေဆိုရာမှာ နိုင်ငံရေးလုပ်နေသူတွေရဲ့အသံတွေထက် သာမန်လူထုအသံဖြစ်စေချင်တာပါ။ အဲဒီတော့..မီဒီယာတခုအနေနဲ့ မြန်မာလူထုကို မေးခွန်းလေးတွေ မေးထားချင်ပါတယ်။ ပြည်တွင်းကလူတွေအဓိကထားဖြေစေချင်တာပါပဲ။ ပြသနာတခုက အခုလ၂၉ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်(ဒီချုပ်)က အပြီးသတ်ဆုံးဖြတ်ရမယ်ဆိုပါတယ်။ သာဂိတို့ ဒေါ်ဘုမတို့ ဘကြီးအောင်တို့ အသံတွေ ၊သာမန်တောနေရွာနေ လူထုကြီးရဲ့အသံတွေနားထောင်ဖို ့ဒီချုပ်အနေနဲ့ အချိန်လောက်လောက်ငှငှ မရထားပါ။ မြို့နေ ရစ်ချက်၊ စီးပွားရေးသမားကြီး ဦးဝမ်ချုး၊ အနုပညာရှင် ကလျာလှနေခြည်တို့အသံနားထောင်ဖ်ု့ ဒေါ်အောင်ဆန်းစုကြည်ခမျာလည်း အကျယ်ချုပ်ကျနေဆဲပါ။ အချိန်မလောက်ချက်က အခုမေးခွန်းတွေတောင် သေသေချာချာ စဉ်းစားဖို့ အချိန်မရှိပါဘူး။ အဲဒီလောက်ဖြစ်နေတာပါ။ သေရေးရှင်ရေး ကိစ္စတခုကို အချိန်တိုတိုနဲ့ ဆုံးဖြတ်ရင် မှားတတ်ပါတယ်..။ ဒီတော့ အခုလိုအချိန်မှာ…မေးမဲ့မေးခွန်းတွေက… ကိုသာဂိခင်ဗျား… ရွေးကောက်ပွဲဟာ ဖြစ်ကိုဖြစ်လာမှာပါ။ ရွေးကောက်ပွဲမှာ အဓိက အုပ်စု၃ခုပဲရှိပါမယ်။ လက်ရှိအစိုးရ၊ တတိယအင်အားစု၊ […]