alinsettFebruary 21, 20152min45237
                                      ကျွန်တော် = customer ။။။။။။။။။။။။။။။။။။။။။။။။။။။။ စကား(၁) ဖုန်းနဲ့ ဖုန်း ဆက်စပ်အပိုပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ထဲ ဝင်လိုက်တယ်။ ဆိုင်ထဲက အရောင်းဝန်ထမ်းဖြစ်ပုံရတဲ့ အမျိုးသမီးငယ်နှစ်ယောက်က ဆိုင်ထဲ ဝင်လာတဲ့ ကျွန်တော့်ကို တစ်ချက်ပဲ…မော့ကြည့်လိုက်ပြီး သူတို့ချင်း စကားဆက် တွတ်ထိုးနေတယ်။ ဆိုင်ထဲဝင်လာတဲ့သူကို ဘာအလိုရှိသလဲ…မေးဖို့ သူတို့မှာ တာဝန်မရှိသလိုပဲ.. ။ ကျွန်တော်လည်း..သူတို့ကို ဘာမှမပြောသေးဘဲ ဆိုင်ထဲက ဖုန်းကာဗာလေးတွေ ချိတ်ထားတဲ့စင်ပေါ်ကို လိုက်ကြည့်နေလိုက်တယ်။ ကျွန်တော့်ဖုန်းမှာ တပ်မယ့် ကာဗာများတွေ့မလားလို့။ ဒါပေမယ့် […]


.အလှူ ဒါန၊ ပရဟိတ နဲ့ပတ်သက်လို့ ဝိဝါဒတွေကွဲပြားမှု ရှိနေတာ တကယ်တော့ စကားလုံး ပြ၁သနာများလားလို့ ကျမ တွေးနေမိပါတယ်။ .ဘယ်စာအုပ်တွေလဲလို့ အတိအကျ စာရင်းချမပြနိုင်တော့ပေမယ့် ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေထဲမှာ အလှူ အတမ်း များတဲ့ တိုင်းပြည်တွေ ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးကြတယ်။ ဥပမာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရန်၊ အီရတ် စတဲ့ အစ္စလာမ် နိုင်ငံတွေဟာ လှူ တဲ့တမ်းတဲ့ နေရာမှာ မြန်မာတွေနဲ့ တော်တော်တူပါတယ်။ မြန်မာတွေက ထမင်းရေချောင်းစီး လှူ ကြသလို သူတို့ကလည်း သွေးရည်ချောင်းစီးလှူ ကြတယ်။ လှူ တဲ့လူတွေ လှူ နေလျက်ကပဲ ဆင်းရဲ ချမ်းသာ ကွာဟမှုက လျော့ကျ မသွားဘူး။ အစိုးရ […]


alinsettFebruary 19, 20155min16810
မင်္ဂလာပါ။ အပါတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ် အောင်ဇေမီဒီယာကနေ ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့… သပိတ်မှောက် ကျောင်းသားတွေကို သည်းခံခွင့်လွှတ်ပြီး တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့ အစိုးရကို တိုက်တွန်းလိုက်တဲ့ သီတဂူဆရာတော်ကြီးရဲ့ တိုက်တွန်းချက်သတင်း .. ၁ဝ ရက်ကြာ ရက်နားထားမယ့် ကျောင်းသားသပိတ်ဆိုင်ရာ သတင်းများ.. မိကျောင်းကန်သပိတ် စခန်းက ဆန္ဒပြသူ ၁၄ ဦးကို ထောင်းဒဏ် အသီးသီး ချမှတ်လိုက်တဲ့သတင်း.. မီးလောင်သွားတဲ့ ရေနံချောင်း မြို့မဈေးကြီးရဲ့ နောက်ဆက်တွဲသတင်းနဲ့ ဝေဖန်ပြောဆိုမှုများ.. US မှာ အသေးစား စီးပွားရေးလုပ်ငန်းတွေမှာ သုံးတဲ့ ယာဉ်များ အသုံးပြုမှုနဲ့ပတ်သက်ပြီး စည်းမျဉ်း/စည်းကမ်းသစ် မူကြမ်းတရပ်ထုတ်ပြန်လိုက်တဲ့သတင်း… မြန်မာ-တရုတ် နယ်စပ် တည်ငြိမ်အေးချမ်းရေးကို ပျက်စီးအောင် ပြုလုပ်လာလျှင်       ဘယ်လို အဖွဲ့အစည်းကိုမှ […]


alinsettFebruary 16, 20155min59933
                ပတ်ဝန်းကျင်သည် အကျည်းတန်မှုများနှင့် ဝန်းရံပစ်လိုက်သောအခါ ထိုပတ်ဝန်းကျင်အတွင်းမှ လူသားသည် သိမ်မွေ့လှပနိုင်စွမ်းဖို့ရာ မလွယ်ကူတော့ချေ။ အဲသည် ဝါကျကလေးကို ချရေးဖြစ်ပြီးနောက် လက်ရှိ ကိုယ် ဖြစ်နေတာတွေကို ပြန် တွေးတောမိသည်။ ညနေက ကျွတော် ဆံပင်ညှပ်ပါသည်။ ဖြစ်ချင်တော့ မြေနီကုန်း ဘဏ်မှ ထုတ်ယူလာသော ငွေကျပ် သုံးသိန်းက လွယ်အိတ်ထဲ ရှိနေသည်။ ဆံပင်ညှပ်ဦးမှပဲ လို့ စိတ်ကူးရပြီး ဆံသဆိုင်ထဲ ဝင်လိုက်ချိန်မှာ အချိန်က ညနေမှောင်ရီပျိုးစဖြစ်နေပြီ။ ဆိုင်ထဲမှာ ကျွန်တော်နှင့် ဆံပင်ညှပ်သူပါဆိုမှ နှစ်ယောက်။ ထို့အပြင် ပို မရှိပါ။ ဆိုင်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့်  အနည်းငယ် ဆိုင်မပီမသများ ဖြစ်နေသလားလို့။ သို့သော် ဒါက […]


ムラカミFebruary 14, 20151min55528
​ပြောရအုံးမယ်​ မိညီမ​ရေ ပဲပြုတ်​ နံပြား​ပေါ့ အ​တော်​ဂယက်​ထတာ တနိုင်​ငံလုံး ပဲပြုတ်​ နံပြား အလှူလုပ်​သဗျာ မည်​သူမဆို စားနိုင်​ပါသည်​ ဘာညာဆိုင်​းဘုတ်​​တွေနဲ့ ​ကောင်​းပါတယ်​ ဗိုလ်​ချုပ်​အမှတ်​တရ အ​နေနဲ့လုပ်​တာ စိတ်​ရင်​း ရည်​ရွယ်​ချက်​ကို​တော့ ​ပြောစရာမရှိပါဘူး ဒါ​ပေမယ်​့ဗျာ ခိညားတို့ စဉ်​းစားကျိ ဗိုလ်​ချုပ်​ရဲ့ ထရိတ်​မာ့ခ်​ က ပဲနံဖြစ်​သင်​့လားဗျာ ဒီဂျားထဲ ပဲပြုတ်​က ​ဆော်​ဒါပါလို့ ဘလားဘလား ဆိုတဲ့ ကျန်​းမာ​ရေးသမား​တွေကတမျိုး နံပြားက အင်​ဒိယအစာမို့ ဗိုလ်​ချုပ်​ကို ကီလားစာကြိုက်​တယ်​ ​ပြောသူ​တွေကတဖုံ တကယ်​ဆို ဗိုလ်​ချုပ်​​မွေး​နေ့က က​လေးများ​နေ့ဗျ ဖတ်​မိသ​လောက်​​တော့ အရင်​က က​လေး အားကစားပြိုင်​ပွဲ​တွေ ကျပန်​းစကား​ပြော​တော လုပ်​ကြတယ်​ သည်​နှစ်​ ပြည်​​ထောင်​စု​နေ့မှာ အာ့​တွေလုပ်​သဗျာ ဗိုလ်​ချုပ်​​မွေး​နေ့ကျ​တော့ ပဲနံ ​ပွဲ​တော်​ကြီး ကျင်​းပကြတယ်​ မဟုတ်​​သေးဘူး​နော ပဲနံဝိုက်​မယ်​့အစား ပိုက်​ပိုက်​စုပီး […]


ムラカミFebruary 11, 20151min23713
ခက်​စ်​တယ်​ ခက်​စ်​့တယ်​ စိတ်​ညစ်​တဲ့ယ်​့ ဒီမိုး ဒီ​ရေ ဒီ​လေ ဒီေ​လှေ ဒီလူ​ဒွေနဲ့က​တော့ဗျာ ​ကျော်​့ကိုအထင်​​တော်​လွဲဂျဒယ်​ ​ကျော်​ဗျာ တချို့ပိုစ်​့​တွေမှာ သမ်​မဒယီး ဝူးတိန်​့ရှိန်​ ကျမ္မပါဇီ​ရေးတယ်​ ​ကျော်​့ကို သနက ​တွေ​ရော မတမ ​တွေ​ရော ဖခလ ​တွေ​ရော ဝိုင်​းဆဲတယ်​ ​ကျော်​က အ​ကောင်​း​ရေးတာပါ ဖရုပ်​သဝါစာ ဆဲဆို​နေတာလည်​းမဟုတ်​ ​နောက်​ပီးစဉ်​းစားက​ျိ​လေ ဒင်​းမကျန်​းမာရင်​ သမ်​မဒကျန်​းမာ​ရေးဝန်​​ဆောင်​မှုဆိုပီး နိုင်​ဂံ​ဒေါ်က ပိုက်​ပိုက်​ကုန်​အုံးမှာ ​ကျော်​က အမျိုးသား​ရေးအမြင်​ရှိရှိနဲ့ တတိုင်​းပြည်​လုံးအတွက်​​ရေးရဒါဗာ ကျုပ်​ကို ဖွတ်​​လော်​ဘီလို့​ခေါ်ဂျဒယ်​ ချဉ်​စရာ တခါတ​လေ ​ကျော်​ ကိုကိုဝီ ကျမ္မပါဇီ​ရေးတယ်​ဗျာ အာ့လဲဆဲဂျဒါဗဲ ကိုကိုဝီမမာရင်​ ဒကာ​တွေပဲ ​ငွေကုန်​​ကြေးကျမှာ အီကို​နောမစ်​ အ​တွေးအ​ခေါ်ရှိဂျဇမ်​းဘာ ဥပမာဗျာ မာမူးစ်​့ခါအီ ကျမ္မာပါဇီလို့ ​ရေးမိလို့ဆဲရင်​ ရင်​​ကော့ပီးအဆဲခံနိုင်​ပါတယ်​ဗျာ ဒါမိုးကျုပ်​​ရေးသလား​ပြော မ​ရေးဝူးဟုတ်​? ကိုင်​း […]


.အာဏာရှင်စနစ်ဆိုတာ စစ်တပ်အားကိုး၊ လက်နက်အားကိုးနဲ့ နိုင်ငံသားတွေကို မတရားဖိနှိပ်ချ ုပ်ချယ်ထားခြင်း ဖြစ်တယ်လို့ ယေဘုယျယူဆထားပါတယ်။ နိုင်ငံရေးပညာရှင် ဂျော့အိုဝဲ ပြောတာကတော့ တိုင်းပြည်တွင်းက လူတွေကို အရူးလုပ်၊ မဟုတ်မဟပ် စိတ်ကူးယဉ်တိုင်းပြည်ကြီး တည်ဆောက်၊ သတင်း အချက်အလက်မှန်သမျှ၊ အတိတ်ဖြစ်ရပ်မှန်သမျှ အလုံးစုံကို အမှန်မဖြစ်အောင် အတုလုပ်နိုင်မှ အဲဒီ တိုင်းပြည်ကလူတွေကို အကြွင်းမဲ့အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လို့ရမှာပါတဲ့။ ဒါကို သူက စကားလုံးတစ်လုံး တီထွင်ဆန်းသစ်ပြီး သုံးသွားခဲ့တယ်။ brainwash ပါ။ လူထုဟာ မဟုတ်တာကို ယုံကြည်ထားရမယ်။ အဲသလို ယုံကြည်ထားမှ အာဏာရှင်စနစ် အဓွန့်ရှည်တည်တံ့မှာပါတဲ့။ .ဂျော့အိုဝဲရဲ့ ၁၉၈၄ မှာ အဲဒီလို စိတ်ကူးယဉ် ကမာ္ဘကို တည်ဆောက်ပြထားတယ်။ BB လို့ခေါ်တဲ့ Big Brother အစ်ကိုကြီးက တိုင်းပြည်ကို အုပ်ချ […]


padonmarFebruary 8, 20151min97138
ဒုံဒုံတိမ်တိမ်အင်တာဗျူး ဒီ အင်တာဗျူး မေးဖြစ်တဲ့ ဇာတ်လမ်းကတော့ ဒီလိုပါ။ Mark Zuckerberg က စတာပေါ့။ အဂ္ဂမဟာ ဖွဘုတ်တော်ကြီးမှာ ၂၀၁၄ နှစ်ကုန်တော့ ကလိစရာတွေ အမျိုးမျိုးတင်ပေးတယ်။ ကလေးတွေက ရှေ့ကနေ ရွစိရွစိ တင်ကြ၊ကျမတို့ အဖွားဂျီးတွေလည်း လိုက်ရူးကြ။ အဲဒီထဲ FB ID card ဆိုသဟာပါလာတယ်။ အဲဒါလေးလိုက်ကလိကြည့်တော့ ကိုယ့်ပရိုဖိုင်းပုံနဲ့ ကဒ်လေးထွက်လာတယ်။ အမယ်…အဲဒီမှာ Personality တဲ့။လက္ခဏာတွေ ဗေဒင်တွေကြည့်လို့ အင်မတန်သဘောကောင်း၊တော်တည့်ထက်မြက်တဲ့ စရိုက်ရှိ ဘာညာသာရကာဆို သိပ်ကြိုက်တာပေါ့။ အဲသလိုပဲ သူက ကိုယ့်စရိုက်ကို Assertive and Outspoken တဲ့။ အဲဒီ အဓိပ္ပါယ်တွေ ရေရေရာရာ မသိလို့ ဒစ်ရှင်နရီတော်ကြီး ပြေးလှန်ရသေးတယ်။ Assertive =Having or showing […]


.ရွာသူ ကောင်းကင်ပြာ ရဲ့ အန်တီ ဒေစီ ပို့စ်လေးက ဟာသလေးစွက်ပြီး ရေးသွားတာ ဖတ်ရတာချောလို့။ ရွာထဲက အော်မေ့ဂိုဏ်းဝင်တွေရောက်လာပြီး မန်းမှုတ်ထည့်လိုက်တော့ အပျိုကြီး လုပ်တာ မှန်တယ် အိုကေတယ်ဆိုတဲ့ အနေအထားဖြစ်သွားပါရောလား။ ကွန်မင့်တွေထဲမှာ အပိုလို ပြောတာလည်း မှားမနေဘူးလေ။ ခုဆို မိသားစုတိုင်းလိုလိုမှာ အပျိုကြီး တစ်ဦးတလေကို တွေ့နေရတော့ ချဲ့တွေးမယ်ဆိုလည်း အများကြီးပေါ့။ တရုတ်မှာက ကလေးတစ်ဦးပဲ ယူခွင့်ရှိပေမယ့် သူတို့က မျိုးဆက်ကပ်တယ်။ မိန်းကလေးတွေကို အသက် ၂၅ အကျော်ကို မခံဘူး။ .သို့ပေမယ့် ဒီပို့စ်က အကြောင်းအရာကိစ္စလည်း မဟုတ်၊ သတင်းအချက်အလက်လည်း မဟုတ်၊ မိန်းမတစ်ယောက်ရဲ့ စိတ်တွင်း ပဋိပက္ခကို ခပ်ရိုးရိုးရေးပြတာသာ ဖြစ်တဲ့အပြင် အရှိတရားနဲ့ ဒက်ထိတွေ့ရတဲ့ အကြမ်းထည် သဘောထက် စိတ်ကူးလေး တငြိမ့်ငြိမ့်ယဉ်ပြီး […]


kogyi mindJanuary 30, 20151min26514
ကျောင်းသားအရေးနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့အမြင်တွေကို နည်းနည်းလေ့လာကြည့်တော့ -တချို့ကျောင်းသားတွေဟာ မြှောက်ပေးလို့လုပ်ရတာပါတဲ့။ လုံးဝလက်မခံပါ။ မြှောက်ပေးတိုင်းလုပ်ရအောင် ကျောင်းသားတွေက ခွေး တွေမို့လို့လား။ ဒါကြောင့် မြှောက်ပေးတိုင်းလုပ်နေတယ်လို့ သင်ထင်နေသမျှ ကျောင်းသားတွေကို နလပိန်းတုန်း၊အဆင့်၊ ခွေးအဆင့်၊ နွားအဆင့် လောက်သာ (သင်) သဘောထားသလားလို့ မေးချင်ပါတယ်။ -နောက် ရဲအရာရှိတစ်ချို့ရဲ့မှတ်ချက်က စိတ်ဝင်စားစရာပါပဲ။ ကိုယ့်ကျောင်းစာ ကိုယ်သင်ပြီး အချိန်တန်ဘွဲ့ယူ၊ ပြီးတော့ ကြိုးစားရင် ဘဝအဆင့်အတန်းမြင့်နိုင်တာမို့ ဒီကိစ္စတွေဟာ အစိုးရသည်းခံလို့ အခွင့်အရေးယူတဲ့သဘောနဲ့ လုပ်တာပါလို့ ဆိုပြန်ပါတယ်။ ရွာကြီးတစ်ရွာလိုဖြစ်နေတဲ့ ကမ္ဘာကြီးဟာ ဒီခေတ်မှာ ပြားနေတာကို သတိမမူမိတာ အံ့ဩစရာသိပ်ကောင်းတယ်။ နိုင်ငံတကာပညာရှင်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်မှ တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်မှာကိုသိနေတဲ့နောက် မြန်မာပြည်က ဘွဲ့ဆိုတဲ့တန်ဖိုးအပေါ် စိတ်ပျက်၊ စိတ်ကုန်နေကြပါပြီ။ -နောက်ထပ်လက်နက်ကိုင်အဖွဲ့အစည်းက ရဲအရာရှိတစ်ယောက်ရဲ့ ကြုံးဝါးသံဟာ ပိုတောင်အံ့ဩစရာကောင်းပါတယ်။ ဒီကောင်တွေကို သေနတ်ပြောင်းဝအောက်မှာပဲထားသင့်တယ်၊ […]


alinsettJanuary 28, 20151min26516
        =======================================================================   အမျိုးသမီးတွေ အသက်ရှည်ချင်ရင် အမျိုးသားတွေကို ဝေးဝေးရှောင် Friday, January 23, 2015   အမျိုးသမီးတွေ အသက်ရှည်ချင်ရင် အမျိုးသားတွေကို ဝေးဝေး ရှောင်ရပါမယ်တဲ့။   စကော့တလန် နိုင်ငံမှာ သက်ရှိထင်ရှား အသက်အကြီးအဆုံး အမျိုးသမီးကြီး တဦးက ဘဝမှာ အသက်ရှည် ရခြင်းရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်တာမှာ ဒီအချက်က အဓိက ဖြစ်တယ်လို့ huffington post.com သတင်းတပုဒ်မှာ ဖော်ပြလာပါတယ်။   ဘယ်တုန်းကမှ လက်မထပ်ခဲ့ဘူးသော အသက် ၁၀၉ နှစ်ရှိပြီဖြစ်တဲ့ Jessie Gallan ဆိုသူ အမျိုးသမီးကြီး က အသက်ရှည် ရခြင်းရဲ့ လျှို့ဝှက်ချက်ဟာ ဆံပြုတ်စားခြင်းနဲ့ ယောက်ျားတွေနဲ့ […]


alinsettJanuary 23, 20151min44414
                        အင်စတီကျူးရှင်းများ အားကောင်းသည်ဆိုရာတွင် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ စာချစ်သူများအတွက် ”Institution များ အားကောင်းသည်ဆိုရာတွင်” ဆိုတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်ကို ရေးသားပြုစုသူကတော့ အားလုံးသိတဲ့ ကိုဘမောင်ကြီး (သို့မဟုတ်) ဆရာနေဇင်လတ် ။ လူတော်တစ်ယောက်ရေးသောစာဆိုတိုင်း  စာကောင်းဖြစ်မယ်လို့ တသမတ်တည်း မပြောနိုင်ပေမယ့် … ကိုဘမောင်ကြီးဟာဖြင့်… လူတော်တစ်ယောက်မှန်း သိသာနေသလို.. သူရေးလိုက်သမျှ စာတော်တော်များများဟာလည်း အကျိုးပြု စာပေတွေလို့…အသိအမှတ်ပြုနေရတာချည်း ။ ဒီတစ်ခါ ဖတ်မိတဲ့စာအုပ်ကလည်း သူ့ရဲ့ စာပေလက်ရာကောင်းတွေထဲက အကောင်းတစ်ခု ။ စာအုပ်ကို အပိုင်း ကဏ္ဍတွေ ပိုင်းထားပြီး သူ့ကဏ္ဍတွေနဲ့သူ သပ်သပ်ရပ်ရပ် တင်ပြထားတယ်။ […]