alinsettJanuary 19, 20171min45712
                                      ”…..မြေပုံထဲမှာ မပါချင်တဲ့လမ်း” တစ်ဖက်က တွန်းပြီး တစ်ဖက်က ဆွဲနေတုန်းပဲ။ ဘယ်သူနဲ့ဘယ်ဝါကလည်း တွန်းတိုက် ဆန့်ကျင်. . . ဘေးဘီနဲ့ဝဲယာကလည်း ကော့လန် ထွန့်လူး. . .   ကြွေမှာကြောက်ရတယ်… နဂိုကတည်းကမှ အညှာမခိုင်သေးတဲ့ သစ်သီးအကင်းတွေ. . . ဒါပေမဲ့ ”အခါးဆိုတာ လူနဲ့ တည့်သကွ”ဆိုပြီး… နည်းနည်းတော့ အချိုပေါ့ထားတယ်။   ပြီးပါလေရော. . . ဖြစ်ပုံက အဲ့ဒီမှာကတည်းက စ. […]


alinsettJanuary 18, 20171min2716
                  စာပေတိုက်ပွဲခေါ်သံ(၂)-NEO-CLASSICISM တွေ ထွက်ခဲ့ဟေ့ ဆိုတဲ့ ပိုစ့်ထဲမှာ မပြုံးက ဒီလို ဝင် ဆွေးနွေးခဲ့ပါတယ်။ ဝင့်ပြုံးမြင့် says: ဒါဆို ကဗျာကို ဘယ်လိုရေးမလဲ။ နောက်ချေးပုံပေါ် ဇီဇဝါ ပန်းလေး စိုက်ရင်ကော ကဗျာ ဖြစ်ပြီလား။ . နောက်ချေးပုံပေါ် ဇီဇဝါ ပန်းလေး စိုက်ရင်ကော ကဗျာ ဖြစ်ပြီလား ဆိုတာကတော့ ကပ်သီးကပ်ဖဲ့ မေးခွန်းပါပဲ။ အဲ့လို မေးခွန်းမျိုးကို ပြန်ဖြေရင် ကျွန်တော်ပဲ ချောက်(ဂျောက်)ကျမှာ။ ဘာနဲ့မှ မတူအောင် နက်ရှိုင်းလှတဲ့ အနုပညာ ကမ်းပါးနံဘေးက ချောက်ထဲ ကျွန်တော် ထိုးကျ သွားပါလိမ့်မယ်။ ဆိုတော့ မဖြေရေးချ […]


ko sixJanuary 16, 20171min36322
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကျွန်တော့်လိုမျိုး ကျွန်တော်တစ်ယောက်တည်း ကြုံဖူးတာတော့ မဟုတ်လောက်ဘူး ထင်တာပါပဲ။ ပြန်တွေးမိမှပဲ ကျောထဲ တစိမ့်စိမ့်နဲ့ ကြက်သီးထလာတယ်။ ဘာလို့ ပြောပြချင်နေရတာလဲဆိုတာ ဒီစာကို ပြီးအောင် ဖတ်ကြည့်ရင် သိလာမှာပါ။ ××× အဲဒီ အဖြစ်အပျက်က ဒီလို။ ကျောချမ်းရမယ့်ကိစ္စကို သတ္တိမရဲတရဲလောက်နဲ့ လွန်ခဲ့သော 1998 က ကြုံခဲ့ရတာပါ။ အဲတုန်းက ရမည်းသင်းခရိုင် အသက် ၁၆ နှစ်အောက် လက်ရွေးစင် ဘောလုံးသမားအဖြစ် မိတ္ထိလာခရိုင်နဲ့ ဗိုလ်လုပွဲ ကစားအပြီး အိမ်ပြန်လာတဲ့နေ့။ ရွာမှာက အရေးကြီးတဲ့ အလုပ်ကိစ္စရှိနေလို့ မပြန်မဖြစ် ပြန်ရမှာ။ ပြန်ရမှာက ပျဉ်းမနားမြို့နယ်၊ တောင်ညိုရွာကို။ ပျဉ်းမနားကနေ တောင်ညိုကို ဆက်ရမယ့်ခရီးကလည်း မသေး။ မိုင် 23 မိုင်ကျော်ကျော်။ မိတ္ထီလာကနေ ရွာအရောက်ဆို ခရီးက […]


alinsettJanuary 11, 20171min3578
“ဤ”ကို ခပ်လွယ်လွယ်… ကျွဲချင်သူတွေ…များလွန်းတော့လည်း… ———————————————————————————– “Good driving ! Ko Thura” အဲဒီ စကားဟာ ကျွန်တော် ကားမောင်းနေစဉ် မကြာခဏ ကြားရလေ့ရှိတဲ့ စကား ဖြစ်ပြီး အဲဒီ စကားကို မကြာခဏ ပြောလေ့ရှိသူကတော့ ကျွန်တော် အလုပ် လုပ်ကိုင်ရာ ရုံးမှာ အရေးပါ အရာရောက်သော/ ရာထူးကြီးသော ပရောဂျက် ဒါရိုက်တာ/ အင်္ဂလိပ် အမျိုးသမီးကြီး ဖြစ်ပါတယ်။ အဲဒီ ချီးကျူးစကားကို ကျွန်တော် ကားမောင်းနေစဉ် သူမက အနောက်ခန်းမှာ ထိုင် လိုက်ပါရင်း ပြောလေ့ရှိတာပါ။ အမှန်တော့ အသက် ၅ဝ ကျော်ပြီ ဖြစ်သော အဲဒီ အမျိုးသမီးကြီးဟာ အလွန်တရာ စိတ်တို ဒေါသ ဖြစ်လွယ်သော… အလွန်တရာ ဂမူးရှူးထိုး […]


aye.kkJanuary 7, 20171min1878
ခါချှုဉ်တွေအုံဖွဲ ့ နေတဲ့တောင်စလဲပင် တောင်စလဲသီးများက အဝါသန်းပြီးပင်လုံးကျွတ်မှည့်တဲ့ချိန် ငယ်ရွယ်သူမို ့နားမလည် စားချင်တာပဲသိခဲ့တယ်။ အစ်ကိုကို ခူးပေးဖို ့ပူဆာတော့ အစ်ကိုက ခါချဉ်တွေ မကိုက်ရအောင် ရေနံဆီတွေလိမ်းကျံပြီး အပင်ပေါ်တက်ပြီးခူးချပေးတဲ့အစ်ကို။ တစ်ရက်မှာ အဖေက အစ်ကို့ကိုဆူတယ်။ နှံပြည်စုတ် လက်တစ်ဆုတ်စာ ငရဲကတစ်ပိဿာ     တဲ့။ အဖေဆူလည်း အစ်ကိုက လေသေနတ် တစ်လက်နဲ ့ငှက်တွေ့ရင် ပစ်ချပီး ငှက်သားကြိုက်တဲ့ ညီမလေးကို အမွွှေးနှုတ် မီးခဲရဲရဲနဲ ့ကင်ပီးကျွေးတဲ့အစ်ကို။ ဆယ်ကျော်သက်အရွယ် အပျိုဖားဖား ဖြစ်လာတော့ ယင်ဖိုတောင် မသန်းရဲအောင် စောင့်ရှောက်ပေးခဲ့တဲ့အစ်ကို။ ကြာခဲ့ပြီးနောက်။ အစ်ကို က မိသားစုတွေကို သူ ့မှာ ချစ်သူတွေ့ထားပြီမို ့ မိသားစုတွေဆီကို  အမှတ်တရ ဓါတ်ပုံ ပို ့လာပေးတယ်။ အစ်ကိုက ရည်းစားသက်တမ်း အတော်ကြာကြာထားခဲ့တယ် ။ သူ့မိသားစုတွေကို သူအရမ်းချစ်လို ့ပါ ။ […]


alinsettJanuary 6, 20171min3118
စာပေ တိုက်ပွဲခေါ်သံ(၂) – NEO-CLASSICISM တွေ ထွက်ခဲ့ဟေ့ ————————————————————— ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရေးလိုက်တဲ့ စာပေတိုက်ပွဲခေါ်သံ (၁) စာမူ ကို ဝင်ရောက် ဆွေးနွေးတဲ့ စာပေမိတ်ဆွေ သိပ်အများကြီး မရှိပေမဲ့… စာမူကို Share ကြတဲ့ မိတ်ဆွေ အရေအတွက်ကတော့ သာမန်ထက် များနေတာ တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ကျွန်တော် ”တို့ထိ ဆွေးနွေးတဲ့” စာပေသဘောတရား အကြောင်းအရာကို (ကိုယ်တိုင် ဝင်ရောက် ဆွေးနွေးဖို့ရာ မလွယ်ကူသော်လည်း) စိတ်ဝင်တစား Share ယူ ဖတ်ရှုသူများ ရှိနေသေးပါလား…လို့ တွေးယူပြီး… ဒီ ဆောင်းပါးကို ဆက် ရေးမိပါတယ်။   သိပြီး တတ်ပြီးသူများက ကျွန်တော် မှားတာ/လွဲတာတွေ ရှိရင် […]


ဇီဇီJanuary 4, 20171min2156
လွယ်တယ်။ ဘီယာနဲ့စပ်တာမို့ အကြိုက်တွေ့ပြီး လာပြောပြတာ။ ငိငိ။ :mrgreenn:   ပုဇွန်ကြော် ၁) ပုဇွန်တွေကို အမြီးချန်ပြီး ခေါင်းခွံခွါ၊ ကိုယ်ထည်ခွါ၊ ကျောခွဲချေးကြောင်းထုတ်၊ လက်တွေညှပ်ထားပြီး ငရုတ်ကောင်းနည်းနည်းနဲ့ ဆားနယ်ထား     ၂) ပန်းကန်လုံးထဲ ကြက်ဥ၊ ဘီယာ၊ ဂျုံမှုန့်ထည့်ပြီး ခပ်ပြစ်ပြစ်ဖျော်ထား       ၃) နောက် ပန်းကန်လုံးထဲ Bread crumbs နဲ့ coconut flakes ကို ဆတူရောထားး   ၅) ဆီအိုးတည်ပြီး ဆီပူချိန်မှာ ပုဇွန်တစ်ကောင်ချင်းဆီကို အနှစ်ထဲနှစ် ပြီးရင် အမှုန့်ထဲ နှစ်ပြီး ဆီထဲ တစ်ကောင်ချင်းထည့်ကြော်တာပဲ။     ၆) အချဉ်ကတော့ သန်ရာသန်ရာ အချဉ်နဲ့သာ […]


alinsettJanuary 3, 20171min1664
ဂွဇွတ်တောင်ပေါ်မှ မျှစ်ကြော်ပြုံး၏ စိန်ခေါ်သံ —မျှစ်ကြော်ရဲ့ ပထမလက်သီး မော်ဒန်ကဗျာဆရာတွေဟာ ကာရံမလိုဘူးလို့ စွဲကိုင်ပြောမယ်ဆိုရင်၊ အတွေးအမြင်သာ အဓိကလို့ ပြောမယ်ဆိုရင်. . .” (ဝင့်ပြုံးမြင့်) ——– အဲ့ဒီ ပထမလက်သီးချက်ကို အရင် ရှင်းပါရစေ။ ခေတ်သစ်အနုပညာသမားတွေကို “ဆရာမ ဝင့်ပြုံးမြင့်” ထင်တော်မူနေတာကိုက လွဲတွဲတွဲလေး ဖြစ်နေပါတယ်။ ကျွန်တော်တို့(မော်ဒန်သမားတွေ)က ကဗျာမှာ ကာရန် မလိုဘူး လို့ ယူဆတာ မဟုတ်ပါဘူး။ ကာရန် မပါလည်း ကဗျာ ဖြစ်တယ်လို့သာ ယူဆတာပါ။ ”ကာရန်ပါမှ ကဗျာ”ဆိုတဲ့ ”ဘောင်”ကြီးကို ဖြိုချလိုက်ကြရုံပါ။ (ထပ်ပြောပါရစေ။ နှစ်ထပ်ရှိအောင် ပြန် ဖတ်ပေးပါဦး။ ”ကာရန် ပါမှ ကဗျာ ဆိုတဲ့ ဘောင်ကြီးကို ဖြိုချလိုက်ကြရုံပါ”) ကာရန်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကဗျာ ရေးလို့ […]


alinsettDecember 26, 20161min51124
(နေပြည်တော်နဲ့ ပတ်သက်ပြီး ဟိုးအရင်က ပိုစ့်တစ်ပုဒ် ရေးဖူးပါတယ်။ နေပြည်တော်မြို့ထဲကို ပထမဆုံးအခေါက် အလည်သဘော ရောက်ခဲ့ပြီး ပြန်အလာမှာ “သန့်ချင်ယောင် ဆောင်ထားတဲ့ မြို့တစ်မြို့” ဆိုတဲ့ နာမည်နဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ……. ဆိုင်ကယ် ကယ်ရီသမားတွေ၊ ကားသမားတွေရဲ့ လူလည်ကျပုံတွေ၊ သမာသမတ် မရှိတဲ့ ပတ်ဝန်းကျင်တွေနဲ့ ကြုံခဲ့ရလို့ အစာမကြေဖြစ်ပြီး ရေးခဲ့တာဆိုပါတော့။ အခုလည်း နောက်တစ်ခေါက်မက ရောက်ခဲ့ပြန်ပါပြီ။ သွားရင်း လာရင်းနဲ့ပဲ ဟိုစပ်စပ် ဒီစပ်စပ်ကြည့်မိ၊ ကြည့်သောသူ မြင်၏၊ မြင်ပေမဲ့ လျှာယားတတ်သူမှ ပြောချင်ဆိုချင် လျှာအယားဖြေချင်လာတာပါ။ ဆိုတော့ … နည်းနည်း လျှာ အယားဖြေမယ်နော်။ ) ————————————————————- နေပြည်တော် မြို့ထဲကို ရောက်ပြီ ဆိုရင် … ဒါ…နေပြည်တော်ထဲ […]


Foolish GirlDecember 20, 20161min1114
စက်ရုပ်ဆန်တဲ့နေထိုင်မှုဘဝကိုမုန်းတီးတယ် ဟုတ်လား ဟား ဟား ဟား လူဆိုတာစက်ရုပ်နဲ့ဘာများကွာသလဲ စဉ်းစားတတ်တဲ့ဦးနှောက်ပါတာနဲ့မပါတာပဲကွာတယ် ဒါတောင်အခန်းလွတ်နေတဲ့သူတွေကခပ်များများရယ် လူတွေလုပ်နေတဲ့ကိစ္စအဝအဝတွေကလည်း သံပတ်ပေးထားတဲ့စက်ရုပ်လိုပဲ တစ်နေ့တစ်နေ့ဒါတွေပဲလုပ်နေရတာပဲ အသက်ရှင်နေသရွေ့ ဘယ်မှာနေနေ ဘယ်ကိုရောက်ရောက် ဒီစက်ရုပ်လိုဖြစ်နေတဲ့ ဘဝထဲကနေရုန်းထွက်လို့ရမှာမဟုတ်ဘူးလေ


Foolish GirlDecember 20, 20161min1174
သွက်လက်ချက်ချာတဲ့ ငယ်ငယ်တုန်းကငါ အမြဲတတ်ကြွလန်းလန်းဆန်းဆန်းနေတတ်တဲ့ ငယ်ငယ်တုန်းကငါ ကိုယ်ကိုတိုင်သာမက သူများတွေကိုပျော်ရွှင်မှုတွေပေးတတ်တဲ့ငါ ဘာသာရေးလည်းမပျက်ကွက် မငြီးမငြူ လုပ်တတ်တဲ့ငါ အဲဒီ ငါဟာ ခု ဘယ်များရောက်သွားတာလဲ ဘာတွေများလုပ်နေတာလဲ ပြန်လာခဲ့ပါ ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက်မှ အဲဒီငါ ကို အဝေးကိုရောက်စေမိတာလည်း ငါပါပဲလား ဩ ရိုးသားတဲ့ ချစ်စရာကောင်းတဲ့ ငါကို ကြောက်မတ်ဖွယ်အတ္တကြီးတဲ့ ငါလွမ်းမိုးခံရချိန်ကစပြီး ငါဟာ ငါမဟုတ်တော့ပါလား??????? ငါ့ဘဝကိုပြန်လိုချင်တယ် ငါဘာလုပ်ရမှာလဲ?????? တစ်ခါတစ်ခါ ထွက်ပြေးချင် လာတယ် အဆင်ပြေသွားမှာပါလို့အားတင်းထားပေမယ့် ငါနလန်မထူနိုင်ဘူး ငါဟာငါမဟုတ်ဘူး ငါဟာငါမဟုတ်ဘူး မုန်းတယ် ငါ့ကိုယ်ငါလည်းမချစ်တတ်တော့ဘူး မုန်းတယ် မုန်းတယ် အရာရာအားလုံးကိုမုန်းတယ် #######################  


အောင် မိုးသူDecember 20, 20162min2918
တစ်ရက်က Youtube ထဲမှာ Soysauce Chicken ဆိုပြီး တွေ့တာနဲ့ လက်တည့်စမ်းပြီး အစီအစဉ်မှာ ချက်လိုက်တယ်။ လွယ်ပါတယ်။ ပထမဆုံး ကြက်တစ်ကောင်လုံးကို စင်အောင်ဆေးပြီး ဗိုက်ထဲကို စပါးလင်တစ်ပင် ဒါးပြားရိုက် ၊ ကြက်သွန်ဖြူ ၃မွှာ ၊ ဂျင်း လက်တစ်ဆစ် ၊ ကြက်သွန်ြျွိတ် နှစ်ပင်ကို ထည့်။ ပြီးရင် ပွက်ပွက်ဆူတဲ့ရေထဲ ကြက်ကို တစ်ဝက်ပဲ မြုပ်အောင်နျစ်ပြီး အဖုံးအုပ် ငါးမိနစ်လောက်ထား ပြီးရင် နောက်တစ်ခြမ်းကို လှည့်ပေး အဖုံးအုပ်ထားထား ၊ ပြီးရင် ဆယ် ပြုတ်ရည် တစ်ဇလုံလောက်ယူ ဖယ်ထား။ ကျန်တာ သွန်ပြဏ်။ နောက် ဒယ်အိုးထဲ ဆီနည်းနည်းထည့် ဂျင်းတစ်ပြားကို ဒါးပြားရိုက် ဆီပူထဲကြော် စောနက ကြက်ကို ဆီထဲထည့် ပြီးရင ်ပြုတ်ရည်ဖယ်ထားတာကို ထည့် ပြီးရင ်ပဲငံပြာရည် (၆)ဇွန်းလောက်ထည့် […]


alinsettNovember 25, 20161min2282
                                                  ”ဓါးတွေကို ထိုင်မျှားမိတဲ့သူ”   ——————————— ငါ့ဘက်အခြမ်းဆီကိုမှ ဓါးနဲ့ ပစ်ပေါက်ရတာ ကြိုက်တယ်ဆိုတဲ့သူတွေ ရှိလာလို့. . . ဓါးဖမ်းနည်းကိုပဲ ငါသင်ထားလိုက်ရတယ်။ ဓါးနဲ့ပေါက်မယ့်သူတွေ မရှိအောင် နေထိုင်နည်းက. . . ငါ့အတွက်တော့. . . သိပ်ခက်လွန်းတယ်လေ။ ——————————– သင့်အေးရိပ် ၂၀၁၆၊နိုဝင်ဘာ ၂၄         […]