naywoon niAugust 18, 20151min1808
ကံ​ကောင်​း​အောင်​လုပ်​ခဲ့တဲ့သူ ————————— ” လာပါပီ ​ရွှေမန်​း ×××× ​ရွှေမန်​း ××× ဦး​ရွှေမန်​း ” ဆိုလားပဲ ။ စ​နေရယ်​ တနင်္ဂ​နွေ ရယ်​ အပတ်​တိုင်​း ညပိုင်​းဆို ​နေဝန်​းနီ ရဲ့ ​မွေးသမိခင်​​ရော အိမ်​နားနီးချင်​း တစ်​ချို့​ကော TV ကို ခပ်​ကျယ်​ကျယ်​ ဖွင်​့ထားတတ်​ကြတယ်​ ။ အစက​တော့ သူတို့​ပြောတဲ့ မိုးရာသီ ဇာတ်​သဘင်​ လွှင်​့တဲ့ အစီအစဉ်​ကို သိပ်​မကြိုက်​လှပါဘူး ။ ခုလည်​း ကြိုက်​လား ဆို “ဟင်​့အင်​း ” လို့ ​ပြောမှာမိမှာပါပဲ ။ အစက ဒီအ​ကြောင်​းကို အဆိုးမြင်​နဲ့ ​ရေးမလို့ ရည်​ရွယ်​ရင်​းစွဲပါ ။ ဟုတ်​တယ်​​လေ ။ တစ်​​ယောက်​လာလည်​း “​ရွှေမန်​းဦးတင်​​မောင်​ရဲ့ ​ရွှေ​ကြေးစည်​ ” […]


aye.kkAugust 17, 20151min26112
စကါးဟူသည် ကေါင်းသည့်စကါးနှင့်မကေါင်းသည့်စကါးဟူ၍၊ဤစကါး၂-မျိုးကို နေ့စဉ်ကြားသိနေရသည်မှာ အမှန်ပင်ဖြစ်၏။ ကိုယ်ကျင့်သီလမြင့်မြတ်သောသူတို့နှင့်ပေါင်းသင်းဆက်ဆံရပါလျှင်နူးညံ့သိမ်မွေ့သော အကျိုးရှိသောစကါးကိုသာလျှင် ကြားသိရမည်မှာ အမှန်ပင်။ ကိုယ်ကျင့်သီလ မမြင့်မြတ်သူတို့နှင့်ပေါင်းသင်းဆက်ဆံရလျှင်၊မကေါင်းသည့်စကါး ကြမ်းတမ်းသောစကါးတို့ကိုသာလျှင်ကြားရမည်မှာကါး၊ဧကန်အမှန်ပင်ဖြစ်၏။ “ရွှေပါးစပ်ငွေပါးစပ်” ဖြစ်ဘို့လျှင် ခဲယဉ်းမည်မှာကါးအမှန်ပင်ဖြစ်၏။ ပုထုစဉ်လူသားမှန်သမျှ၊မုသားမကင်းနိုင်ကြသဖြင့်၊မကေါင်းသည့်စကါးတို့အား နေ့စဉ်ကြုံတွေ ့ကြားသိနေရမည်မှာကါး၊အသေအချာပင်ဖြစ်သည်။ မကေါင်းသည့်စကါးဟုဆိုရာ၌ သိမ်ဖျင်းသောစကါး၊ဆဲဆိုသောစကါး၊ယုတ်ညံသောစကါးများပင်ဖြစ်သည်။ မိမိအနေနှင့်လည်းထိုသိမ်ဖျင်းသော၊ဆဲဆိုသော၊ယုတ်ညံ့သောစကါးများအားကြားရပါလျှင် နားမခံသာဖြစ်ရသည်မှာအမှန်ပင်ဖြစ်၏။ ကေါင်းသောစကါးဟုဆိုရာ၌ အကျိုးရှိသော၊ဟုတ်မှန်သောစကါးကေါင်းမှန်သမျှဟုဆိုလိုချင်ပါသည်။ မိမိအနေဖြင့်အကျိုးရှိပြီး၊ဟုတ်မှန်သည့်ကေါင်းသောစကါးအားကြားသိရပါလျှင် နားထောင်၍မဝနိုင်ဖြစ်ရသည့်အပြင်၊ပြောသူကိုလည်း ကျေးဇူးတင်သဖြင့်”ရွှေပါးစပ်ငွေပါးစပ်”ဟုခေါ်ဝေါ်တင်စားမိရပါသည်။။။ “ရွှေပါးစပ်ငွေပါးစပ်”များဖြစ်ကြပါစေဟူ၍သာ…….ဆုမွန်တောင်းမိပါတော့သည်။။။။။      


အရင်က လူကြီးတွေဟာ ဓာတ်ပုံရိုက်ရမှာကြောက်တယ်တဲ့။ ကြားဖူးနားဝရှိခဲ့တာလေးပါ။ အရင်က ဓာတ်ပုံရိုက်ဖို့ဆိုတာလည်း ကင်မရာဆိုတာ ခပ်ရှားရှားမဟုတ်လား။ အခုတော့ ဖုန်းတွေမှာပါ တော်တော်ကောင်းတဲ့ ကင်မရာပါလာပြီလေ။ တကယ်တော့ ကင်မရာတွေပေါများလာခြင်းဟာ ကောင်းသောဖက်ကကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ အမှတ်တရပုံရိပ်တွေကို ပြန်ကြည့်ရင် ကြည်နူးလို့ရတာပါပဲ။ 2008 ကနေ 2015 ထိ ပုံလေးတွေကြည့်ရင် ဇရာဆိုတာကိုတောင် တွေးကြောက်လာမိတယ်။ စိတ်ထဲကလည်း ရေရွတ်မိပါရဲ့  ဖြည်းဖြည်းလာပါ အို “ဇရာ”…….ရယ်လို့။  


ဒီရာသီက ဇော်မုတ်ဆိတ်သစ်ခွတွေ ပွင့်ဆဲဆိုတော့ ဟိုနားဒီနားက ယူထားတဲ့ ဇော်မုတ်ဆိတ်သစ်ခွ အကြောင်းလေးပြောချင်ပါတယ်။ Paphiopedilum parishii ဆိုတဲ့နာမည်ကတော့ မော်လမြိုင်မှာသာသနာပြုခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး Charles Parish ကို ဂုဏ်ပြုတဲ့အနေနဲ့ (parishii) လို့ ပေးခဲ့တာပါတဲ့။ သူက ဒီသစ်ခွကို ၁၈၅၉ခုနှစ်မှာ တွေ့ရှိခဲ့ပြီး သူ့ဇနီး ရေးဆွဲထားတဲ့ အဲ့သည်သစ်ခွပုံ ရေဆေးပန်းချီမူရင်းကို ယခုတိုင် Royal Botanic Garden, Kew မှာ ထိန်းသိမ်းထားပါတယ်။ ဘုန်းတော်ကြီးရဲ့ ရှာဖွေမှုတော်တော်များများကို ဖော်ပြမိတ်ဆက်သူ H.G. Reichenbach ကပဲ ဒီသစ်ခွကို Cypripedium parishii အဖြစ် ၁၈၆၉ခု ဂျာမနီဂျာနယ် Flora မှာ ဖော်ပြခဲ့ပါတယ်။ ထူထဲပြီး အဖျားဝိုင်းတဲ့ အစိမ်းရောင်အရွက်တွေဟာ 45cm အထိရှည်နိုင်ပြီး 4cm […]


Ma MaAugust 16, 20153min2385
မူလတန်းဖတ်စာမှာပါတဲ့ မပုကြွယ်နဲ့ ခရုငယ်မှာ…. ခရုငယ်လေးကို အတုယူပြီး ကြိုးစားအားထုတ်ခဲ့တဲ့ မပုကြွယ်လေးကို မှတ်မိကြမယ်ထင်ပါတယ်။   ပင်ကိုယ်အသိစိတ်ဓာတ်နဲ့ အတုယူကြိုးစားတာမျိုး မဟုတ်ပဲ ဘေးလူက တွန်းထိုးပင့်တင်မှပဲ နိုးထတတ်ကြတဲ့သူတွေလည်း ရှိတတ်တယ် မဟုတ်လား။ :k:   ဒီတစ်ပတ်တစ်နေ့ပြီးတစ်နေ့ အပိုင်း (၁၈) ကတော့ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁ဝ ရက်နေ့အထိဖြစ်ပါတယ်။ ဒါကတော့ စက်တင်ဘာတစ်လလုံးအတွက် အမြည်းပေးတာ ဖြစ်ပါတယ်။ 🙂 ******************************************************************************************   လုပ်ငန်းသစ်ကို ပိုကောင်းမယ်ထင်ပြီး လုပ်ငန်းဟောင်းကို ခြေစုံကန်ပြီးတော့မှ မျောက်သစ်ကိုင်းလွတ်သလို ဒုက္ခရောက်တာတွေ မြင်ဖူးတွေ့ဖူးလို့ ဒီအတွေးအခေါ်ကို သဘောတူထောက်ခံပါတယ်။   ဘဝတစ်လျှောက်လုံးအတွက် အရေးကြီးတဲ့ အဖိုးတန်တဲ့ သတိပေးချက်တစ်ခုပါပဲ။   ******************************************************************************************* ဒီကာတွန်းကတော့ စဉ်းစားတွေးခေါ်ကြံဆနေတဲ့အဆင့်ကို ကျော်ပြီး အလုပ်ဖြစ်ချင်တဲ့ […]


ဇီဇီAugust 14, 20152min113628
၁) ကောက်ညှင်းပေါင်းးး (ဝယ်မစားနိုင်တဲ့ နေရာတွေ အတွက်၊ ကိုယ့်အိမ်မှာ ပေါင်းချင်တဲ့ သူတွေ အတွက် ပြောတာနော်)   ကောက်ညှင်းဆန်        – နို့ဆီဘူး ၄ လုံး ပဲလွန်းစေ့/ကုလားပဲ      – နို့ဆီဘူး ၁ ဘူး နှမ်းလှော်                   – နို့ဆီဘူး တစ်စိတ်   မပေါင်းခင် ညကို ကောက်ညှင်းတွေကို ရေစိမ်ထားပါ။ (ဒီက ဆန်က အဲလို စိမ်ရတယ်) မနက်ကျ ပဲလွန်းစေ့တွေကို နူးအောင်ပြုတ်ထားပါ။ စိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ပဲစေ့တွေနဲ့ ရောပြီး ပေါင်းအိုးးး (သို့) ရိုက်(စ) ကွတ်ကာရဲ့ ပေါင်းချောင်ထဲကို ထည့်ပါ။ ပေါင်းအိုးထဲကိုတော့ ရေတစ်ဝက်လောက် ထည့်ထားပါ။ အဲဒီ ပေါင်းချောင် […]


ဇီဇီAugust 13, 20151min41845
ဒီမှာက အလကား ရသလို တောင်းတာမျိုးမရှိဘူးဗျ။ တစ်ချို့ က သီချင်း ဆိုပြတယ်။ တစ်ချို့က တစ်ရှူးလေးလိုက်ရောင်းတယ်။ တစ်ချို့ကတော့ လက်ကမ်းစာစောင် ဝေပေးတဲ့ အလုပ်နဲ့ အခကြေးငွေယူတယ် စသည်ဖြင့်ပေါ့။ ခါတလေတော့ ချယ်ရတီ အတွက် ကျောင်းသားကျောင်းသူလေးတွေ စုဘူးလိုလေးတွေ ကိုင်ပြီး အလှူလိုက်ခံပါတယ်။ ပိုက်ဆံထည့်တဲ့ အချိန် ကိုယ့် ကို သူတို့ စတစ်ကာလေးတွေ ကပ်ပေးလိုက်တာပါပဲ။ တစ်ချို့ကကျလည်း ရေခဲမုန့်တွေ လိုက်ရောင်းပါတယ်။ တစ်ချို့ကကျ ကျောင်းက စာရွက်နဲ့ တွဲပြီး အိတ်လေးတွေ လာပေးတယ်။ ကိုယ့် အိမ်က အသုံးမဝင်တာကို ထည့်ပြီး အိမ်ရှေ့မှာ ထားပေးထားရတာပါပဲ။ အဲဒီ ရက်ကျရင် လာယူသွားတယ်။ ………………….. ဆိုတော့ တောင်းရမ်းချင်ချင်၊ အလှူပဲ ခံချင်ချင် ဒီတိုင်း ပရမ်းပတာ […]


manawphyulayAugust 12, 20151min25913
ငါ မျှော်လင့်ချက် တစ်ခုနဲ့ ဟိုး မဆုံးနိုင်တဲ့ ကောင်းကင်ကြီးကို ငေးကြည့်နေမိတယ်။ ငါ့ အတွေးပင်လယ်ထဲ မှာ ငါ့ကိုယ်ငါ စီးမျောရင်း ဒီ အချစ်တစ်ခုကို ငါ ရဲရဲကြီး မွေးဖွားခဲ့တယ်။ ငါ ပျော်နေတယ်။ ငါ ဝမ်းသာတယ်။ ငါတွေးပြီး ကြည်နူး နေမိတယ်။ ဒါဟာ အချစ် ကိုယ်ပွားတဲ့လား? ရင်ထဲက မေတ္တာတရားက အဆမတန် ဖွံ့ဖြိုးလာခဲ့ပြီ။ ငါသိတာ တစ်ခုက ငါ့ရင်ထဲမှာ ဒီအချစ်သစ် နဲ့ အတူ ပေါက်ဖွားလာတဲ့ မျှော်လင့်ချက် ရောင်စဉ်တွေက နံနက်ခင်း ရောင်စဉ်နဲ့ အတူ ငါ့ဘဝကို အရောင်တွေ ခြယ်နေပြီ။ ပေပေတေတေနေတတ်ခဲ့တဲ့ ငါ့အတွက် အနာဂတ်ကို လှမ်းမျှော်ကြည့်တတ်လာပြီ။ ဟိုး အရှေ့က ဝိုးတဝါးဝါး မြင်နေရတာ “အနာဂတ်” […]


စိတ်ကူးထားတာလေးပေါ့ ကန်ထရိုက်ပြီးရင် ငါအပင်တွေ ဘယ်လိုစိုက်ရမယ်ဆိုတာမျိုး။ ကန်ထရိုက်တိုက်ဆိုတာလည်း ကျဉ်းတော့ သစ်ခွပင်လောက်ပဲ အိမ်အနောက်ဘက်မှန် တန်းနဲ့စိုက်မယ် ဆိုပြီးတွေးထားတယ်။ ဘာလို့လဲဆိုတော့ အိမ်ရဲ့ အနောက်ဘက်က မနက်ဦးနေကို ပိုရလို့ပဲ။   အခုတော့ ဖေ့ဘွတ်က ပို့စ်လေးတစ်ခုတွေ့တာနဲ့ တိုက်ခန်းထဲမှာ Green Space လေးတွေဖြစ်အောင် စိုက်ဖို့ စိတ်ကူးရထားတယ်။ အမှန်တော့လည်း ရတဲ့ တိုက်ခန်းတွေထဲက တစ်ခန်းရောင်းပြီး သန်လျင်ဘက် ခပ်လှမ်းလှမ်းမှာ မြေကွက်လေးတစ်ကွက်လောက် ဝယ်ဖို့လည်း စိတ်ကူးထားတာပါ။ လူကတော့ လက်ရှိနေရာမှာ နေရမှာမို့ အာသာပြေ သစ်ခွနဲ့ အခုပြမယ့် အပင်လေးတွေ စိုက်ဖို့ ရည်ရွယ်ထားတယ်။   လေးစားစွာဖြင့် အောင်မိုးသူ   https://myanmargazette.net/wp-content/uploads/2015/08/10407672_741827549277312_2649729409027592331_n.jpg   https://myanmargazette.net/wp-content/uploads/2015/08/10407672_741827549277312_2649729409027592331_n.jpg   https://myanmargazette.net/wp-content/uploads/2015/08/11813518_741827562610644_1502011827645497154_n.jpg   https://myanmargazette.net/wp-content/uploads/2015/08/11822414_741827572610643_6717828969093063091_n.jpg   […]


( ကြက်ခြေခတ် မှတ်စု ) ဖုတ်၍ ဖုတ်၍ သော်လည်းကောင်း ပြုတ်၍ ပြုတ်၍ သော်လည်းကောင်း ကြော်၍ လှော်၍ သော်လည်းကောင်း လူမျိုးပေါင်းတကာတို ့ တညီတညွတ်တည်းဆိုကြသည်မှာ သူနဲ ့အလိုက်ဖက်ဆုံးသောအတွဲသည်ကား …. ” ငပိ ” ++++++++++++++++++++++++ တောလည်ကနေ အပြောကြွယ်တာရယ် မဟုတ် ဒီလ ဒီရာသီ ဒီတော ဒီတောင်တစ်ခွင်မှာ အနံ ့တကြိုင်ကြိုင်နဲ ့ ဒင်းတို ့တစ်တွေ လှိုင်လှိုင်သီးပါလေ ့ လေဝှေ ့ရာနွဲ ့ယိမ်းကခုန် နတ်ကိန္နရာမလေးတွေလို ကိုင်းဖျားမှာတဲ ့ ယီးလေးခိုရင်း တေးလေးဆိုလို ့ မြူးကြတယ်။   တောနေပျော် ဆွေမတော် မျိုးတော်တို ့ကလည်း ဝမ်းပွတ်ကာ နံငယ်ကားအောင် မြို […]


aye.kkAugust 11, 20151min26911
    အလှသဘာဝတရားတွေက၊လွန်စွာဆန်းကျယ်လှသည်။ ဆန်းကျယ်လှသည့်အလှများထဲမှ၊တုမရသည့်ကိုယ်ပိုင်အလှတရားကို သာလျှင်နှစ်သက်မြတ်နိုးမိပါသည်။ တစ်ဦးနှင့်တစ်ဦး၊တစ်ယောက်နှင့်တစ်ယောက်မတူကြပါ။ မတူကြဟုဆိုရာ၌၊ကိုယ်ပိုင်အရည်အချင်းများပင်ဖြစ်သည်။ သူ့တွင်ရှိသောအရည်အချင်းကို၊ကိုယ်ကတု၍မရ၊လိုက်၍မမှီနိုင်ပါလျှင် သူ့ကိုကြည့်၍၊အထင်ကြီး၊လေးစား၊ချစ်ခင်ရသည့်စိတ်တို့ကသူ့အလိုလိုဖြစ်ပေါ်လာရသည်။ သူ့ကိုကြည့်၍၊အထင်ကြီး၊လေးစား၊ချစ်ခင်ရသည့်စိတ်ကလုပ်ယူ၍မရနိုင်ပါ။ သဘာဝတရားတိုင်းမှာ ကိုယ်ပိုင်အလှ၊ကိုယ်ပိုင်အရည်အချင်းများရှိကြသည်ကါးအမှန်ပင်။။။


လူတိုင်းမှာတော့ စိတ်ကူးအချို့ အိပ်မက်အချု့ိ ရှိကြမှာပါ။ ရှိလည်း ရှိကြပါတယ်။ စိတ်ကူးဆိုတဲ့အရာ ကတော့ ကိုယ့်စိတ်ထဲမှာ တွေးထားတဲ့ အရာတွေပေါ့။ အိပ်မက်သည်မှာလည်း ကိုယ်နှစ်သက်ရာ အိပ်မက် မက်ထားတဲ့ အရာတွေပေါ့။ ငယ်ငယ်ကတော့ ကြီးလာရင် ဘာလုပ်မလဲ ဆရာဝန်ကြီး စစ်ဗိုလ်ကြီး အင်ဂျင်နီယာကြီးပေါ့။ ဆယ်တန်းအောင် တက္ကသိုလ်ရောက်လာတော့ ဂရက်ဖစ်ဒီဇိုင်းပညာကို စိတ်ဝင်စားတာနဲ့ အဲ့သည်ပညာနဲ့ ငွေရှာလာတာ ငါးနှစ် ခြောက်နှစ်နီးပါး ရှိလာချိန်မှာတော့။ ကိုယ်ဖြစ်ချင်တဲ့ ဘဝပုံစံကို ငြီးငွေ့စပြုလာပါတယ်။ အသက်အရွယ်လာတဲ့အချိန်မှာ စိတ်ကူးအိပ်မက်အချို့ဟာ အရောင်ပြောင်းလာတော့တယ်။ စိတ်ရှုပ် စရာ ဒီဇိုင်းတွေ မဆွဲချင်တော့ဘူး။ ကိုယ့်နေအိမ်ကို မက်မောလာတယ်။ တိုးတက်ချင်စိတ်မရှိဘူးလို့ ပြောရင်လည်း ခံရမယ့်ပုံစံ။ စိတ်ထဲက အဝေးကြီး မှန်းပြီး အိပ်မက်မက်ရတာထက် စိတ်ကူးတာထက် လက်တစ်ကမ်းအလိုကိုသာ ပိုပြီးအိပ်မက်ချင် စိတ်ကူးချင်တယ်။ လောလောဆယ် […]


alinsettAugust 8, 20153min67817
  ပလို့တွေ ဂျိခဲ့တုန်းက….                                ။။။။။။။။။။။။။။။။။။။။။။။။။။                         ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။                             ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။                 […]