တက္ကသိုလ်ရိပ်သာလမ်းပေါ်က အမေစု အိမ်ရှေ့ဟာ အရင်လို ပြန်ဖြစ်သွားပြန်ပါပြီ။ အရင်လိုဆိုတာက ဟိုရူးကြောင်းမူးကြောင် ရူးသယောင်ယောင် ဆောင်ထားတဲ့လူက အမေစုအိမ်ကို မီးရှို့ဖို့ ကြံတဲ့အမှု မဖြစ်ခင်ကလို။ ခြံထဲ ဓါတ်ဆီပုလင်းနဲ့ ဗုံးဖောက်ခွဲဖို့ လုပ်ကြံတဲ့ ဖြစ်ရပ်အပြီး နောက်နေ့တွေတုန်းက အမေစု ခြံရှေ့ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လို့တောင် မရအောင် သံဆူးကြီးတွေ ပိတ်ကာ ထားတာ မြင်ခဲ့ရပါတယ်။ အခုတော့ အဲ့ သံဆူးကြိုးတွေ မရှိတော့ဘူး။ ဖယ်လိုက်ပြီ။ အရင်လိုပဲ အမေစုအိမ်ရှေ့ ခြံစည်းရိုးရှေ့ကနေ နီးနီးကပ်ကပ် လမ်းလျှောက်ကြ. . . ဓါတ်ပုံတွေ ရိုက်ကြနဲ့ ပုံမှန် ပြန်ဖြစ်သွားပါပြီ။ တကယ်တော့ ခြံရှေ့ ပလက်ဖောင်းကို သံဆူးကြိုးပဲ ချချ၊ လျှပ်စစ်ပဲ လွှတ်လွှတ်၊ […]


aye.kkFebruary 25, 20181min1581
စိတ်ရင်းနဲ ့ခင်မင်မှုမှန်သမျှက ဘယ်တော့မှ၊မဟောင်းသွားပါဘူး။ စိတ်ထဲမှာပုံရိပ်စစ်စစ်တွေက…အမြဲသစ်နေဆဲပါဘဲ။    


aye.kkFebruary 17, 20181min4346
တစ်ရက်မှာတော့ နေ ့လည်ခင်း၊ထမင်းစားချိန်လေးမှာ၊ကိုယ်နေတဲ့နေရာနဲ ့သူ နေတဲ့နေရာက သိတ်မဝေးလှလို ့၊ထမင်းသွားစားဖြစ်ခဲ့ပါတယ်။ သူကတော့၊တာလော့မှာလည်းနေထိုင်ပါတယ်။ တာလော့ဆိုတာ၊တာချီလိတ်မြို ့ပေါ်က၊အထင်ကရရှိလှတဲ့ရပ်ကွက်တစ်ခုပါ။ အရင်ရောက်ဖူးတဲ့နေအိမ်ကတော့၊ပါလျံမှာရှိတဲ့သူ ့နေအိမ်ခြံဝန်းကိုရောက်ဖူးတာပါ။ သူနေထိုင်တဲ့ပါလျံရပ်ကွက်လေးက၊ကျွန်မတာဝန်ဆောင်ရွက်နေတဲ့ရုံးနဲ ့လည်း အတော်လေးနီးပါတယ်။ အဲဒီအချိန်တုန်းကတည်းက၊ သူကတာလော့ရပ်ကွက်မှာရှိတဲ့ သူ ့ရဲ ့အိမ်ရှေ့မှာ၊ ကျောက်ဘီဒိုဆိုင်လေးဖွင့်ထားပြီးဈေးရောင်းပါတယ်။ ကျွန်မတာဝန်ကျတဲ့နေရာနဲ ့က၊နီးနီးလေးပါဘဲ။ တစ်ခါတစ်ရံမှာ၊ကျွန်မသူ ့ကိုသတိရတဲ့အခါ၊သူ ့အိမ်မှာထမင်းစားဖြစ်ပါတယ်။ ကျွန်မရောက်တဲ့အချိန်မှာ၊သူကဇောင်းလျားသီးတွေကိုသကြားရည်စိမ်ထားတာတွေကို ဆရာတော်ဘုရားဆီယူသွားဖို ့အတွက်ပြင်ဆင်နေတာတွေ ့ရပါတယ်။ ကျွန်မကမေးတော့၊ဆရာတော်ဘုရားရဲ ့ကျန်းမာရေးအတွက်၊လုပ်ပေးတာလို ့ပြောပြပါတယ်။ ကိုယ်တိုင်အပင်ပန်းခံပြီး၊စေတနာထားဆောင်ရွက်နေတာကို၊ကိုယ်တိုင်မြင်လိုက် ရပြန်တော့၊သူ ့စေတနာကို လေးစားမိရပြန်ပါတယ်။ တစ်ညနေခင်းမှာ ပါလျံမှာရှိတဲ့သူ ့အိမ်လေးကိုသွားဖို ့အတွက်၊ကျွန်မနဲ့အတူ အလုပ်လုပ်ဖော်သူငယ်ချင်းကခေါ်တာမို ့ ကျွန်မလိုက်သွားဖြစ်ပါတယ်။ သူ ့ခြံဝန်းလေးထဲရောက်တာနဲ ့၊လူအနည်းငယ်တွေ ့မြင်ရပြီး ခြံဝန်းနောက်ဖက်မှာ၊သူစိုက်ထားတဲ့၊ကန်ဇွန်းပျိုးခင်းထဲမှာအလုပ်ရှုတ်နေကြတာကို တွေ ့မြင်လိုက်ရပါတယ်။ ကျွန်မတို ့လာတာမြင်တော့၊သူကဝမ်းသာအားရစွာနဲ ့ လှမ်းအော်ခေါ်လိုက်ပါတယ်။ သူ ့စိုက်ခင်းထဲရှိရာလာဘို ့အတွက်နဲ ့၊ကန်ဇွန်းရွက်တွေဝိုင်းကူခူးပေးဘို ့ သူက၊အကူညီတောင်းပါတယ်။ ကျွန်မကို၊သူက ဝေယျာဝစ္စ ကုသိုလ်မှာပါဝင်ရစေချင်လို ့သာ၊ အကူညီတောင်းတယ်ဆိုတာကို၊ကျွန်မကသိလိုက်ပါတယ်။ ဘုန်းကြီးကျောင်းအတွက်၊သူ ့ရဲ ့ ခြံထွက် အသီးအနှံတွေနဲ ့ ဟင်းသီးဟင်းရွက်တွေကို သွားလှူဒါန်းပါတယ်။ သူ ့နေအိမ်ခြံဝန်းထဲမှာလည်း၊ စားပင်တွေ အတော်လေးစုံလင်အောင် စိုက်ပျိုးထားတာတွေ ့ရပါတယ်။ ကျွန်မစိတ်ထဲမှာတော့၊သူ […]


ဂျစ်ပစီတစ်ယောက်ရဲ့အိပ်မက်ထဲက အမှန်တရား ————————–   ဂျစ်ပစီတစ်ယောက်… နတ်သမီးပါတဲ့ အိပ်မက် မက်သလိုပဲ. . . ဆားနည်းနည်း ပေါ့တယ်။ – ဘယ်လိုပဲဖြစ်ဖြစ် . . . အိပ်မက်ထဲမှာ ကိုယ့်အသက်ရှုသံ ကိုယ်ပြန် ကြားခဲ့ရတာအတွက် ကျေနပ်ရတယ်။   – မောက်မာရင့်သီးပြီး ကိုယ့်မြင်းကိုကိုယ် အထီးအမ မသဲကွဲတဲ့ အဝါရင့်ရောင် တိမ်စိုင်တို့ရေ. . . မှတ်ထားစမ်း. . . ပစ်မှတ်ကို လွယ်လွယ်မှန်ရိုးထုံးစံ ရှိမှတော့. . . အမှန်တရားရုပ်တုဟာ . . . နတ်ဘုရားဆန်စွာ ကိန်းခန်းကြီးမနေဘူး။       သင့်အေးရိပ် 16/02/2018 (Photo credit=  internet)   […]


aye.kkFebruary 6, 20182min3274
လွယ်စီတုံတောင်တောင်ဆိုတာ-ကိုယ်မရောက်ဘူးတဲ့တောင်ပါ။ ထူးဆန်းတာတွေရှိနေတာသိရလို ့ ရောက်ဘူးချင်ပါဘိ။ ကိုယ့်ကျန်းမာရေး အခြေအနေအရ မတက်ရောက်နိုင်တာမို ့အဝေးကကြည့်ပြီးတော့ပဲ၊ လွမ်းမောမိရပါတယ်။ လွယ်စီတုံတောင်ခြေနားထိရောက်ခဲ့ရလို ့လည်း ၊အလွမ်းပြေပါတယ်။ လိုက်ပို ့သူကတော့၊ မိတ်ဆွေကျောင်းအစ်မ ဇဗ္ဗူတော်ဝင်လှပါ။ ရှုခင်းလေးတွေ ခံစားကြည့်ရှုတတ်တဲ့ ကျောင်းအစ်မနဲ ့အတွဲညီတာမို ့၊ဝမ်းသာမိရပါတယ်။ ကုသိုလ်ရေးအတွက်ဆို၊လက်မနှေးတတ်တဲ့ကျောင်းအစ်မနဲ ့ကုသိုလ်ရဖို ့အမြဲလက်တွဲခေါ်တတ်တဲ့ ကျောင်းအစ်မကို လေးစားချစ်ခင်ခဲ့ရပါတယ်။ လွယ်စီတုံတောင်ခြေမတက်ရောက်နိုင်ပေမယ့်လည်း၊ ပုံလို ့တောင်ပေါ်မှာတည်ထားတဲ့ ၊ပုံလို ့ဘုန်းကြီးကျောင်းကို ဘုရားဖူးရင်း၊ လွယ်စီတုံတောင်လေးကြည့်ပြီး အလွမ်းပြေခဲ့ရပါတယ်။  


aye.kkJanuary 30, 20181min4966
လူဆိုတာ ကိုယ့်ထက်တော်နေပါလျှင်၊ မလေးစားပဲမနေနိုင်တာအမှန်ပင်။ ကျွန်မအနေနဲ ့သူ ့ကို၊  စတင်သိကျွမ်းခင်မင်ခဲ့စဉ်က သူ ့အိမ်သိုု ့အလယ်ခေါ်သဖြင့် လိုက်သွားခဲ့ပါတယ်။ သူဆိုတာက၊ကျွန်မ၏မိတ်ဆွေ ဇဗ္ဗူတော်ဝင်လှပါ။ ကျွန်မအနေဖြင့် သူ ့ကိုစတင် သိကျွမ်း ခင်ခဲ့စဉ် နေ ့ကတည်းကပင်၊ သူ ့အိမ်ခေါ်လယ်သဖြင့် အလယ်ရာက်သွားခဲ့ပါတယ်။။ သူနေသည့် နေအိမ်ခြံဝန်းကအတော်ပင် ကျယ်ဝန်းလှတာ တွေ ့မြင်ရပါတယ်။ အိမ်၏ ညာဖက်ခြမ်း၊ မြေကွက်လပ်တွင် ကြံပင်တွေကို ကိုယ်တိုင်စိုက်ထားပြီး ကြံများကရင့်မှည့်နေတာ တွေ ့ရပါတယ်။သူခေါ်လယ်တဲ့အချိန်က၊  နေ ့လည်ခင်း အချိန်မို ့သူရဲ ့ နေအိမ်မှာ ချက်ထားတဲ့ ထမင်းဟင်းတွေ နဲ ့ဧည့်ခံလို ့ ခင်မင်မှအရ သူနဲ ့အတူလက်ရည် တစ်ပြင်တည်း၊ ထမင်းလက်ဆုံစားဖြစ် ကြပါတယ်။ ထမင်းစား နားနေပြီး ၊စကားစမည် ပြောဆိုဖြစ်ကြပါတယ်။ ညနေခင်း (၃)နာရီလောက် မှ ပြန်ဖို ့လည်း […]


“ဆံပယ်ခြင်းအလွမ်း ”     လွန်လေပြီးသောနှစ်များမှာဇာတိမြေနဲ့ပူးတုံခွာတုံရှိနေသူ ကျနော်တစ်ယောက် ၂၀၁၈နှစ်၏ ပထမဆုံးသောနေ့ ညမိုးချုပ်ချုပ်မှာ မွေးရပ်မြေကိုရောက်ခဲ့လေသည်။ ဆုံတွေ့ချင်လှသောမန္တလေးဆောင်းအမှီအရောက်ပြန်ခဲ့သော်လည်း ဇာတိမြေကို အကြာကြီးခွဲထားလေသူအား စိတ်ကောက်လေသောသဘောဆောင်ကာ မိုးနှင့်သာကြိုဆိုလေ၏။ မိုးကြောက်သောကျနော်သည်မိုးနှင့်မလွတ်သဖြင့် ဘယ်မှ မသွားဘဲ အခန်းအောင်းကာသာနေလေသည်။ လွတ်လပ်ရေးနေ့နံနက်တွင်မူ မိုးဒုက္ခမှလွတ်ကင်းလေတော့သည်။ ရုံးပိတ်သဖြင့် ဟိုဟိုဒီဒီလမ်းသလားမည်ကြံနေခိုက် အလုပ်ကိစ္စများက လက်ကိုင်ခြူလေး များတစ်ဆင့် ကျနော်ထံအရောက်လာကြလေသည်။ ဒီတော့လဲ အလုပ်နှင့်ချိန်းဆိုရာ နေရာသို့ ဆိုင်ကယ်ထုတ်ကာယွန်းရလေတော့သည်။ အလုပ်အတွက် တွေ့ဆုံရသောသူများနှင့် တွေ့ဆုံ ဘာဘာညာညာသာရကာတွေပြော ပြီးလို့အပြန် လမ်း၈ဝပေါ်အရောက် ၂၆ဘီလမ်းမှနေ၍ ၂ရလမ်းဘက်သို့ချိုးကွေ့လိုက်သောအခါ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက စားသောက်နေကျဖြစ်သောခဲ့ဘူးရုံစိန်ခေါက်ဆွဲဆိုင်ရှေ့ရောက်ချိန် ဆိုင်ကယ်ခေါင်းက အလိုလို ဆိုင်ထဲသို့ဦးတည်လေတော့၏။ “အကိုဘာစားမလဲ”ဟု မေးလာသော ဆိုင်ဝန်ထမ်းလေးအား ထမင်းပေါင်းတစ်ပွဲ  နှင့် နံအသားလျှာ (ဝက်နံကင်၊ဝက်သား၊ဝက်လျှာသုံးမျိုးစပ်) အသုတ်တစ်ပွဲ ကိုမှာလိုက်လေသည်။ ထမင်းပေါင်းရောက်လာတော့ ခေတ်အလိုက်ဓါတ်ပုံရိုက် […]


WowJanuary 11, 20181min1803
ကြောင်ရီး ပိုစ့်တင်ထားတဲ့ ဆရာလေးနိက္ခမစာရီ (ဆရာမချစ်မြတ်နိုး) ရဲ့ကျောင်းဆောင်အတွက် အလှူငွေများ လက်ခံရရှိပြီး၊ သဘာဝဆရာတော်နဲ့ ဆရာလေး ဘဏ်အကောင့်တွေကို ပြန်လွဲပြီးပါပြီ။ စာရင်းကတော့ ကြောင်ရီး ပို့စ်မှာ ကြည့်ပါ။ ရေစက်ချ တရားနာ အတွက် သွားဖို့ ရွာထဲက လူတွေကို ဖိတ်ချင်ပါတယ်။ အားလုံးအားနိုင်မယ့် တနင်္ဂနွေ တစ်ရက် ဖြစ်ပါလိမ့်မယ်။ လူဦးရေပေါ်မူတည်ပြီး ကားစီစဉ်ပါမယ်၊ transportation စပွန်စာက ကြောင်ရီးပါ။ ဒီလထဲ ဆိုရင် 21 Jan နဲ့ 28 Jan ကတော့ တနင်္ဂနွေတွေဆိုတော့ အားလုံးလိုက်နိုင်တဲ့ရက် သွားလို့ရတယ်။ လှူပြီး ရေစက်ချပြီး ပြန်လာမှ ထရည်ဝင်သောက်ကြတာပေါ့… အဲ့နားမှာ ထရည်ဆိုင်ကောင်းကောင်း ဂဇက်ကလူတွေသွားနေကြ


aye.kkDecember 31, 20171min4737
ဒီနေ ့ကနှစ်တစ်နှစ်အတွက် နှစ်တစ်နှစ်ရဲ ့၊နောက်ဆုံးရက်နေ ့လေးပါ။ ကျွန်မအတွက်တော့၊  ပစ္စုပ္ပန်လို ့ဆိုပါရစေ။ ကျွန်မအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့ နှစ်သစ်လက်ဆောင်က၊ ကျွန်မရဲ ့ခန္ဓာကိုယ်မှာ အမြဲရှိနေတဲ့ “ကံ,ဉာဏ်,ဝီရိယ”တွေပါ။ လူတိုင်းက ချမ်းသာချင်ကြပါတယ်။ ဆင်းရဲတာကို မနှစ်မြို ့ကြပါဘူး။ ကျွန်မလည်း ဒီအတိုင်းပါဘဲ။ ချမ်းသာချင်ပါတယ်။ ချမ်းသာချင်တယ်ဆိုပေမယ့်လည်း၊ကျွန်မပြုလုပ်နေတဲ့အလုပ်က၊ ကောင်းမှသာလျင် ကောင်းကျိုးခံစားရမယ်ဆိုတာ အလိုလိုနားလည်မိပြီးသားပါ။ ကျွန်မပြုလုပ်တဲ့ “အလုပ်”(“ကံ”)မရှိဘူးဆိုပါလျင်၊ အကြောင်းတရားလည်း မရှိ၊ အကျိုးတရားလည်း မရရှိနိုင်တော့ပါဘူး။ ကျွန်မမှာ ပြုလုပ်ချင်တဲ့ “”စိတ်စေတနာ” တစ်နည်းအားဖြင့် ဆိုရပါလျင် “ကံ”ရှိရပါမယ်။ ကိုယ်ပြုလုပ်လိုက်တဲ့အလုပ်က အကျိုးရှိလား၊မရှိလားဆိုတာ၊စဉ်းစားဆင်ခြင်တဲ့ဉာဏ်ရှိရပါမယ်။ အကျိုးရှိတယ်,အကျိုးမရှိဘူးဆိုတာ၊ကိုယ်ပိုင်ဉာဏ် ရှိဖို ့လည်း လိုအပ်ပါတယ်။ အကျိုးရှိတာကိုသိပြီး၊လုံ ့လဝီရိယ(ကြိုးစားအားထုတ်မှု)မရှိပါလျင်၊ မလုပ်ပဲနေနေပါလျင် မချမ်းသာနိုင်ပါဘူး။ ဒီအတိုင်းဘဲနေနေရင်တော့ ၊ ဒုံရင်း,ဒုံရင်းဖြစ်နေမှာလို ့(စကားအရ) ပြောပြချင်မိပါတယ်။ အခုဆို လူတိုင်းအတွက်၊အားလုံးအတွက် နှစ်တစ်နှစ်ရဲ ့ ပြီးဆုံးသွားတော့မယ့်၊ နောက်ဆုံးနေ ့ရက်လေးကို  […]


ဇီဇီDecember 29, 20175min76212
ကျော့်မယ် အမလိုချစ်ရတဲ့ အမကြီးတစ်ယောက် တောင်ကြီးမြို့ မယ်ရှိတယ်ဗျ! အရင် ခင်ဇော်ရဲ့ ထမင်းဆိုင်တွေ အတွက် ကူပေးနေကျ အမပါ။ သူ့ အစွမ်းကတော့ အစားအသောက် တစ်ခုကို တစ်ခါစားဖူး ဖတ်ဖူး ကြားဖူးပြီးရင် ရအောင် ချက်နိုင်စွမ်းရှိတာပါပဲ! စိတ်ကလည်းမြန်ချက်! ကိုယ်တွေနဲ့ ဘာမှ သေချာမပြောရသေးခင် “ချက်ပြုတ်ပို့ဆောင်” အလုပ်တွေကို စလုပ်တော့တာပါပဲ! ကိုယ့်မယ် ခုမှ စားညွှန်းရေးပေးဖို့ စာလိုက်စီပေးနေရတုန်း!! ဆိုတော့ အောက်ပါ အချက်တွေကို အရင်မှတ်ပါ! ၁)တောင်ကြီး မြို့တွင်းသာ ပို့ပေးနိုင်မယ့် အစားအသောက်တွေက သူ့ ဝေါမှာ အရင်ကြည့်ပါ! အစာပလာ ပါဝင်ပစ္စည်း ကောင်းကောင်းသုံးပါတယ်၊ အချိုမှုန့် မသုံးပါ! ၂) ဆိုင်ရာ ပိုင်ရာ ကားဂိတ်ထိ သွားယူနိုင်ကြရင်တော့ စားချင်တဲ့ အစားအသောက်စာရင်း နဲ့ […]


aye.kkDecember 19, 20171min2226
ဒီနေ ့မနက် မိုးလေဝသအခြေအနေအရ အအေးဓတ်လေးနဲနဲလွန်ကဲနေသော်လည်း၊ အိပ်ရာမှထသည်နှင့်ရေနွေးအိုးလေး တည်ထားခဲ့ပြီးမှ၊ အောက်ထပ်မှာ ရေချိုးဖြစ်သည်ပင်။ ပုံမှန်အိပ်ရာထချိန်၊ နံနက်၃နာရီခွဲပါ။ ရေချိုးပြီးမှသာ၊ဒုတိယထပ်မှာ၊ဘုရားသောက်တော်ရေချမ်း,ဆွမ်း,ပန်းကပ်လှူရန်ပြင်ဆင်ပြီး အမေ့အတွက်၊ကော်ဖီ,မုန် ့အရံသင့်လုပ်ထားပေးရသည်။ပြီးလျင်တော့ အပေါ်ထပ်ဘုရားကျောင်းဆောင်မှာ၊ဘုရားဝတ်ပြု,ငါးပါးသီလခံ,မေတ္တာပို ့သပြီးမှသာ အလုပ်သွားကြမည့်သားတွေအတွက်၊မနက်စာပြင်ဆင်ပေးရတာ ကျွန်အတွက် နေ ့စဉ်ပုံမှန်ပါပဲ။ မနက်ကဘုရားရှိခိုးပြီး၊ညက ကပ်ထားသည့်၊သောက်တော်ရေချမ်း စွန် ့ရန်အောက်ထပ်သို ့ ယူဆင်းလာပီး၊ဘုရားသောက်တော်ရေခွက်ပန်းကန်တို ့အား၊ကိုယ်တိုင်ဆေးကြော သန် ့ရှင်းပြီးသည်နှင့်ညီမလေး ဖြစ်သူအား၊ ဘုရားကျောင်းဆောင် အပေါ်ထပ်၌ သွားထားပေးရန်ခိုင်းမိလိုက်ပါတယ်။ ခိုင်းမိပြီးကာမှ၊ ချက်ခြင်းပြန်သတိရလိုက်မိသည်။ ညီမလေးကသူ၏ ဒူးခေါင်း သိတ်မကောင်းသဖြင့်၊ အပေါ်ထပ်နှင့်အောက်ထပ်သို ့ ခဏခဏ အတက်အဆင်းလုပ်ဖို ့မလွယ်ကူတာကို စဉ်းစားမိပြီးမှ၊ ညီမလေးအား မထားတော့ရန်နဲ ့၊သားတွေအိပ်ရာမှနိုးလာတဲ့အခါမှသာ ထားခိုင်းတော့မယ့် အကြောင်း ပြန်ပြောပြလိုက်မိပါတယ်။ ညီမလေးကတော့၊သူ ့စိတ်၏ ခံစားချက် ထင်မြင်မှုအရ ကျွန်မကို ချက်ခြင်း ပြန်ပြောလိုက်တဲ့စကားကြောင့်၊ကျွန်မပြန်ရှင်းပြရမယ့် အနေအထားဖြစ်သွားပါတယ်။ ကျွန်မကို-ညီမလေးက၊ ဒုတိယအစ်မဖြစ်နေလို ့၊ ယီကြည့်လို ့ဘဲခေါ်ပါတယ်(တရုတ်လိုပါ)။ ယီကြည့်က ညီမကို အပေါ်ထပ်မတက်ခိုင်းတာဟာ၊ […]


WowDecember 19, 20171min35513
2nd Chance ရုပ်ရှင် Review တော့မဟုတ်ဘူး။ ကိုယ်က Lucifer နဲ့ Super Natural Fan ဆိုတော့ ဒီကားလေးတွေက တော်တော် အားထုတ် အချက်အလက်တွေတော်တော် စုဆောင်းပြီးမှ ရိုက်တာဆိုတာ သိသာတယ်။ သရုပ်ဆောင်တွေ ကောင်းတာပြောစရာမရှိ ဒိုင်ယာလော့တွေက တချို့ဆိုတော်တော် မှတ်မှတ်သားသားရှိတယ်။ Castiel ပြောသွားတဲ့ အိန်ဂျယ်တွေက မလိမ်တတ်ဘူး ဒါပေမဲ့ “Truth is situational.” ဆိုတာမျိုး… သူ့ကလေးကို သတ်သွားတဲ့ အိမ်ဂျယ်တွေနောက်ကို နှစ်ပေါင်းများစွာလိုက်နေတဲ့ အမျိုးသမီး နောက်ဆုံး အိမ်ဂျယ်တွေသုံးတဲ့ မန္တန်တွေသုံးပြီး အိမ်ဂျယ်တွေကို ပြန်သတ်လာနိုင်ပါတယ်။ ပြီးတော့ ဆမ် နဲ့ Dean Winchester ညီအကိုတွေနဲ့တွေ့ပြီး “Patient is the talent.” သည်းခံခြင်းဆိုတာ အရည်အချင်းပါပဲ […]