ရုံးပိတ်ရက်တစ်မနက် အိမ်မှာထိုင်နေတုန်း အပြင်ကယောက်ကျား အသံတစ်ခုကြားလိုက်ရတယ် “ဆရာတော်ဘုရားကြီး မျက်စေ့ခွဲစိတ်ကုသရန်အတွက်အလှူခံပါတယ်ခင်ဗျား”….. ကျုပ်ပြူတင်းပေါက်ကနေကြည့်လိုက်တော့ အသက်၇ဝ လောက်ဘုန်းကြီးတစ်ပါး လက်မှာတောင်ဝှေးတစ်ချောင်းကိုင်လို့…သူ့လက်မောင်းတစ်ဘက်စီမှာတွဲလျှောက်နေတာက အသက်သုံးဆယ်ဝန်းကျင် သန်သန်မာမာလူနှစ်ယောက်…. ကျုပ်ကြည့်နေတုန်းမှာပဲ လူတချို့ ၅၀၀၊ ၁၀၀ဝ စသဖြင့်လှူနေကြတာတွေ့ရတယ်… ကျုပ်ကတော့လှူဖို့ စိတ်ကူးပေါ်မလာပဲ စဉ်းစားနေမိတယ်…လွန်ခဲ့တဲ့ ၃လလောက်က မြေနီကုန်းဖက်ကိုသွားတော့..တစ်ခါတွေ့ခဲ့ဖူးတာလည်း ဒီဘုန်းကြီးပါပဲ…ဘေးကလူနှစ်ယောက်ကိုတော့ သိပ်မမှတ်မိချင်…ဒီမှာစဉ်းစားမိတာက ဒီလိုလှည့်ပါတ်အလှူခံနေတာကြာလှပီ..ခုထိဆေးဖိုးမပြည့်သေးဘူးလား.. တကယ်ကုသဖို့လိုရင်ကော ဇိဝိတဒါနသံဃာ့ဆေးရုံကို ဘာလို့မသွားသလည်း…စသဖြင့် တွေးရင်းကြည့်နေစဉ်မှာပဲ ခဏတာအချိန်လေးအတွင်းမှာတင် လမ်းသွားလမ်းလာနဲ့ အပေါ်ထပ်အောက်ထပ်တွေက လှူကြတာ..သုံးလေးထောင်လောက်ရှိလိမ့်မယ်… အံ့ဩစရာ ကုသိုလ်လောဘကြီးသူ မြန်မာများပါတကား… ကျုပ်ကတော့ သေသေချာချာရိပ်မိတယ်…ဒါသင်္ဃန်းခြုံပြီး လိမ်တောင်းနေတယ်ဆိုတာ… တကယ်ဆို ရဝတ လုပ်သူတွေက ရပ်ကွက်ထဲ ဝင်လာတဲ့အလှူခံတွေကိုစိစစ် သင့်တယ်ထင်မိတယ်  :I: ……………………………………… အရင်တစ်ခါလည်းကြုံဖူးသေးတယ်…လဘက်ရည်ဆိုင်ထိုင်နေတုန်း သားအမိနှစ်ယောက် “ရန်ကုန်ကိုဆေးလာကုရင်း လမ်းစရိတ်ပြတ်သွားလို့ …ငွေငါးရာလောက် ကူညီပါရှင်”..တဲ့ ဒါတွေလည်းအတူတူပါပဲ…မကြာခဏတွေ့ရတတ်တဲ့ လိမ်တောင်းနည်းတစ်မျိုးပါပဲ…  […]


moonpoemNovember 29, 20141min26114
အသက်၁၄နှစ် Valentine အသက်အရွယ် ဖြစ်သည်။ချစ်ခင်နှစ်လို ဖွယ်ရာကောင်း၏။ အသက်၂၅နှစ် Christmas အသက်အရွယ်ဖြစ်သည်။အများတကာ မျှော်လင့်နေကြသေးသော အရွယ် ဖြစ်၏။ အသက်၂၇ တော်လှန်ရေးအသက်အရွယ်ဖြစ်သည်။အနီးအနားတွင် ပတ်ဝန်းကျင်တွင် အိမ်ထောင် မပြုသေးဘူးလား ဘာလားအစရှိသော စကားများဖြင့် တိုက်ခိုက်ခြင်း ခံရစ ပြုလာပြီဖြစ်သော အရွယ် ဖြစ်၏။ အသက်၃၁ နုပျိုခြင်းတို့၏ အဆုံးစွန်သော year ending အသက်အရွယ် ဖြစ်သည်။သို့သော် New year ကဲ့သို့လည်း စိတ်ဝင်စားဖို့ကောင်းနေပြန်သည်။ အသက်၄၀ မိုးမိုးသီချင်းကဲ့သို့ပင် အပြုံးလေးနှင့် လိမ်ရသော အရွယ်ရောက်လာပြီး တွံတေးသိန်းတန်သီချင်းလိုလည်း ၄ဝကျော် အချစ်တွေ ဘာတွေဖြင့် ငယ်မူပြန်နိုင်သေး၏။ အသက်၆၆ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရသွားပြီ ဖြစ်သည်။အားလုံးသင့်အား ဘာမှ မပြောကြတော့။လွတ်လပ်သွားပြီ ဘေးကင်းသွားပြီ။တောထွက်လို့ ရပြီဖြစ်လေသည်။ ပြီးပါပြီ။ ကြားကြားသမျှ […]


Kaung Kin PyarNovember 29, 20142min2137
ဆောင်းညတစ်ညမှ….ရုတ်တရက်နိုးထပြီး ငိုကျွေးနေတဲ့ သားဖြစ်သူကို မိခင်ဖြစ်သူက မေးတယ်…. “အိပ်မက်ဆိုးတွေမက်လို့…ငိုတာလား ….သား..” “မဟုတ်ပါဘူး…မေမေ….” “ဒါဆို….ကြောက်စရာအိပ်မက်တွေ….မက်တာလား….” “မဟုတ်ပါဘူး…မေမေ…၊ အရမ်း ပျော်စရာကောင်းတဲ့….အိပ်မက်တွေကိုပဲ…မက်တာပါ…..” “ဒါဆို…သားက ဘာဖြစ်လို့….ငိုတာလဲ….” “အိပ်မက်တွေက……တကယ်မဖြစ်လာလို့ပါ……”   Bitter Sweet     အသက်အရွယ်လေးပဲရလာလို့…..သူငယ်ပဲပြန်ချင်တာလား မသိ….၊ ကောင်းကင်ပြာ ခုတစ်လော ကာတွန်းကားတွေ ခဏခဏကြည့်ဖြစ်နေတယ်….။ ကြည့်ရင်းနဲ့ ကာတွန်းတွေ၊ ပုံပြင်တွေရဲ့ လွတ်လပ်စွာ….ဖန်တီးနိုင်ခွင့်ကို သဘောကျနေတယ်….။ ဟုတ်တယ်လေ….. မင်းသမီးလေး တေးဆိုရင် တောပန်းလေးတွေကလဲ ပွင့်ချင်ပွင့်လာမယ်….၊ တောကောင်ငယ်လေးတွေကလဲ သီချင်းသံနဲ့ အတူ…..မြူးထူးကခုန်ကြမယ်….။ Tom ကြီး ဂေါ်ပြားနဲ့လိုက်ရိုက်လို့ Jerry လေးလဲ ပြားပြားကလေး ဖြစ်ကောင်း ဖြစ်သွားလိမ့်မယ်….။ ကာတွန်းတွေဟာ…ဖန်တီးသူရဲ့ အတွေးနဲ့ လုပ်ပိုင်ခွင့်ဘောင်ကို ကန့်သတ်မထားဘူး…..။ ဖြစ်နိုင်တာတွေ မဖြစ်နိုင်တာတွေ အဓိပ္ပါယ်ရှိတာတွေ မရှိတာတွေ၊ […]


“နား” ဆိုတော့ ဘယ်လို “နား” လဲ ဆိုတော့ကာ … “နားနားနေနေ” ဆိုတဲ့ နားကို ဆိုလိုတာ မဟုတ်ပါဘူး။ “ဟိုနားဒီနား” ဆိုတဲ့ နေရာဒေသပြ နားကိုလည်း ဆိုလိုတာ မဟုတ်ပါဘူး။ ကျုပ်တို့ ခန္ဓာကိုယ် အထက်ပိုင်းမှာ ဟိုဘက်ဒီဘက် နှစ်ဘက်ညှပ်ပြီး ပါနေတဲ့ နားကို ဆိုလိုတာပါ။ အင်္ဂလိပ်လို “Ear” ၊ မြန်မာလို “နား” … အဲ့ဒါ .. အဲ့ဒါ ….။ ဒီ “နား” ဟာ ဘယ်လောက်ထိ အရေးပါသလဲ ဆိုတာတော့ ပြောဖို့လိုပါဘူးနော့။ ငှက်ငယ်လေးတွေရဲ့ ကျလိ ကျလိ အော်မြည်သံလေးတွေကို ဒီနားရှိမှ ကြားနိုင်တယ် ခင်ဗျ။ အချစ်ဆုံးလေးတွေရဲ့ ပုကျိ ပုကျိ အသံလေးတွေကိုလည်း ဒီနားရှိမှ […]


alinsettNovember 24, 201425min31719
စကားလုံးပြတိုက်ကလေးတစ်ခု မကြာခင် ဖွင့်မယ်လို့   အသိပေးလိုက်ပြီးနောက်မှာ… ”မောင်သူရရဲ့ စကားလုံး ပြတိုက်က ဘယ်တော့ ဖွင့်မလဲကွ..” လို့…တမေးထဲမေးနေတဲ့…ကဗျာ ချစ်သော… ချစ်မိတ်ဆွေတို့ရေ….. ကျနော် အခု…  ပြတိုက် ဖွင့်လှစ်လိုက်ပါပြီနော်။ —————— ပြတိုက်ဖွင့်ရခြင်း ရည်ရွယ်ချက် ။ ၁) ကဗျာတွေကို ချစ်လို့ ။ ၂) ကဗျာတွေ စာတွေအကြောင်း ပြောနေချင်လို့ ။ ၃) ဂဇက်မှာ.. ကဗျာရေး/တင်ပြသူတွေရဲ့ ကဗျာတွေကို ကိုယ်တိုင်လည်း မြတ်နိုးစွာ… တပါးသူတွေလည်း မြတ်နိုးလာအောင်… တစ်ဖက်တစ်လမ်းက… ဝန် ထမ်းချင်လို့ ။ ၄) ဂဇက်ထဲမှာ..တင်လာတဲ့ ကဗျာတွေကို မပြတ်တမ်း ဖတ်နေသူတွေ (အကြောင်းကြောင်းကြောင့်…မဖတ်ဖြစ်လိုက်ပဲ လွတ်သွားတာတွေ ရှိရင် ကျနော့် အညွှန်းလေးက တဆင့် ပြန်သွားဖတ်လို့ရစေဖို့… ။ ———————————– […]


alinsettNovember 20, 20141min21411
  (ကဗျာချစ်သူတစ်စု ပူးပေါင်းပြီး  . .. နှစ်ချီအောင် ဖန်တီးခဲ့တဲ့ ကဗျာပြခန်းလေးကို ပြန်လွမ်းတာက အစပြုပါတယ်။ )   :k:   နောက်တစ်ချက်က ကဗျာတွေ စာတွေအကြောင်း မဖတ်ရ / မပြောရရင် မနေနိုင်တာရောပဲ။   ဒါကြောင့် ကဗျာတွေ စာတွေအကြောင်း နည်းနည်းပြောချင်လာလို့… ဒီအစီအစဉ်လေးကို အစဆွဲထုတ်ကြည့်တယ် ဆိုဘာဇို ့။   ——- ကဗျာ… .   မောင်သူရ ကဗျာတွေကို ချစ်တယ်။ ~~~~~~~~ ဘယ်လို ကဗျာ အမျိုးအစားကိုမဆို ချစ်နိုင်တယ်။ ကျွန်တော် ချစ်၍ ကျွန်တော် ဖတ်သော ကဗျာ… = (ရေးရိုး အစဉ်အလာ အသံချိုတယ်ဆိုတဲ့ ကဗျာတွေပေါ့)   ကျွန်တော် […]


ေဇယ်ာစံNovember 17, 20141min28221
အခန်း (၁) ဒီနေရာမှာ စကားစပ်မိတယ်လို့ သဘောထားပြီး ပုစ္ဆာကလေးတစ်ပုဒ် လောက် တွက်ကြည့်ရအောင်လား ဗျာ။ ပေးချက်..ကျွန်တော်တို့သင်တန်းတွေမျိုးစုံ တက်ခဲ့ကြပါတယ်။ သက်သေပြချက် … ကွန်ပျူတာ သင်တန်း၊ စကားပြောသင်တန်း … စတာတွေ။ အခန်း (၂) ကျွန်တော်မေးချင်တာက မေးမြန်းချက်… အောင်မြင်မှု ဘယ်မှာလဲ။ ??? အခန်း (၃) ဒါဆိုရင် ကျွန်တော်တို့ ပုစ္ဆာ စတွက် ကြည့်ရအောင်။ ကျွန်တော်တို့တတွေ ငွေထုပ်ပိုက်ပြီး တကောက်ကောက် လိုက်တက်နေကြရပေမယ့် တကယ်တမ်း သင်တန်းတွေပြီး လက်မှတ်တွေရကြတဲ့အခါ ဘာလုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်နေတတ်ကြပါရော။ … ကွာ အဲဒီလို ယောင်ချာချာ ဖြစ်မှန်းသိရင် … အစကတည်းကတောင် မတက်ခဲ့ပါဘူးပေါ့ …။ တချို့က တော့ နိုင်ငံခြားထွက် အလုပ်လုပ်ဖြစ်ကြတယ်။ […]


.နှလုံးသားဝယ် ဘုရားတည် ဆိုတာ မိမိ နှလုံးသားထဲမှာ သတိနဲ့ ဘုရားကို အာရုံဖော်ပြီးတော့ နေတတ်တာပါ။ အဲလိုနေလို့ရှိရင် မိမိရဲ့ ခန္ဓာကိုယ်ကြီးဟာ ရတနာ ခန္ဓာကိုယ်ကြီး ဖြစ်လို့ ဘုရားရဲ့သား ဘုရားရဲ့သမီး ဖြစ်လို့ ဘယ်ခါမဆို ဘယ်နေရာပဲရောက်ရောက် စိတ်စွမ်းအားတွေကလည်း ခမ်းခမ်းနားနားဖြစ်နေမယ် တဲ့။ .နောက်တစ်မျိုးက ဘုရားတစ်ဆူတည်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ .၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊ .၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးကို ရည်ညွှန်းကြောင်း၊ .၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ […]


Ma MaOctober 26, 20141min35627
ခေတ်မီဖွံံ့ဖြိုးတိုးတက်နေတယ်ဆိုတဲ့ စကားလုံးက ကြားနေကျမို့ ထူးပြီးတော့ ဆန်းတယ် မထင်သလို ……….. ထူးခြားပြောင်းလဲလာဖို့လည်း မျှော်လင့်မထားပါဘူး။ ဒါပေမယ့် တကယ့်ကို လက်တွေ့ကျကျ ပြောင်းလဲတိုးတက်နေတာတွေကိုတွေ့လာရတော့လည်း တခြားသူတွေပါ သိစေချင်မိပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့တစ်ခေါက်…………… myanmargazette.net/202209 ဆိုပြီး ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ အရင်တုန်းကလို မဟုတ်ပဲ အများပြည်သူအားကိုးအားထားပြုနိုင်လောက်အောင် ပြောင်းလဲနေတာကို ရေးခဲ့ပါသေးတယ်။ အခုလည်း ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံရဲ့ လက်ထောက်ဆေးရုံအုပ် (ထင်တာပဲ) ဒေါက်တာဆန်းလင်းရဲ့ ဖေ့စ်ဘုတ်ကတဆင့် စိတ်ကျန်းမာရေးဆေးရုံက လူနာတွေကို ပြုစုကုသတဲ့နေရာမှာ ပြောင်းလဲတိုးတက်တာတွေ အများကြီး သိရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ လှုပ်ရှားတွေကို အမြဲတင်ပေးနေတဲ့ ဒေါက်တာဆန်းလင်း ရဲ့ တိုင်းမ်လိုင်းကတစ်ခုကို ပြရရင်…….. (Souvenir Shop (unit-2 ) ဝင်ငွေရတော့ အလုပ်တူတူဝိုင်းလုပ်ပေးသူ(လူနာ)တွေကို ဘဲသားဟင်းချက်ကြွေးမယ်ဆိုတော့၊ ထမင်းနဲ့ဟင်းက စားနေကြတဲ့ ခေါက်ဆွဲကြော် အသားများများနဲ့ကြော်ပေးပါတဲ့၊တယောက်က […]


ရာမညOctober 25, 20141min1748
သာယာသောနံနက်ခင်းတစ်ခု၌ … ကျွန်ုပ်သည် မှုခင်းဆိုင်ရာမှတ်တမ်းများအား ပြန်လည်ဖတ်ရှုနေရင်း လွန်စွာမှ ငြီးငွေ့လာသည်ဖြစ်၍ ကုလားထိုင်နောက်မှီအားမှီအုံးလျှက် အနားယူနေစဉ် …… ” ဆရာ … မနေ့က လုယက်မှုတရားခံတွေက်ိုဖမ်းလာပါပြီ ” ဟု ကြားလိုက်ရသည်တွင် ကျွန်ုပ်၏ အနားယူခြင်းအလုပ်သည် နိတ္ထိတံ သွားလေတော့၏ ။ ” အေးအေး … ခေါ်လာခဲ့ကွာ တခါတည်း အမှုစစ်ကြစို့ ” ကျွန်ုပ်သည် အမှုတည်ဆောက်ရန်အလို့ငှါ ထွက်ဆိုချက်များမှတ်သားရမည်ဖြစ်၍ ခဲတံ ဘောပင်နှင့် လျှောက်လွှာစာရွက်များ ပြင်ဆင်လိုက်လေတော့သည် ။ ကျွန်ုပ်ခေါင်းငုံ့၍ အလုပ်ရှုပ်နေစဉ်တွင် တရာခံဖြစ်သူအား ကျွန်ုပ်ရှေ့ထိုင်ခုံတွင်ထိုင်ခိုင်းထားပြီဖြစ်ရာ ကျွန်ုပ်မော့ကြည့်မိသောအခါ များစွာ စိတ်ညစ်ညူးမိလေတော့သည် ။ အကြောင်းမှာ – တရားခံဟု ယူဆ၍နယ်ထိန်းအဖွဲ့မှဖမ်းဆီးလာသောသူသည် မိန်းမလျာ (အခြောက်မ) တစ်ဦးဖြစ်နေသောကြောင့်ပင်ဖြစ်လေတော့သည် ။ ကျွန်ုပ်မှာ […]


ထုံးစံအတိုင်း ခရီးသွားရာသီ စလာပြီဆိုရင် ပြဿနာလေးတွေ ရှိလာပြီပေါ့။ ပြောရဆိုရ၊ အော်ရဟစ်ရ၊ ငိုရယိုရ နဲ့ High Season ကို ဖြတ်သန်းနေကြရပြီ။ ဒါတောင် ဒီအောက်တိုဘာမှာ ဧည့်သည်အတော်နည်းနေလို့ နည်းနည်းသက်သာတယ် ပြောရမယ်။ နောက်တစ်ပတ်ကစပြီး ပျားတုပ်ခံရတော့မှာ။ ဒီနှစ်မှာတော့ ဟိုတယ်အတော်များများက ဈေးတွေသေချာညှိပေးထားသလို Policy တွေကိုလည်း အရမ်းကြီးတင်းကျပ်မထားကြပါဘူး။ ပြီးခဲ့တဲ့နှစ်တွေနဲ့ယှဉ်ရင် အတော်လေးအဆင်ပြေပြေ အလုပ်လုပ်လို့ရလာပါတယ်။ ဒါပေမယ့် တစ်ချို့ဟိုတယ်တွေကျတော့လည်း သူတို့ရဲ့ status ကို လုံးဝမလျှော့သေးဘူးပေါ့။ ဒီတော့ ဒီနှစ်မှာ ဟိုတယ်တွေရဲ့ policy ကို လေ့လာကြည့်လိုက်ရင် အကြမ်းဖျင်း (၄) မျိုးလောက် ထွက်လာတယ်။ Policy လို့ ပြောတဲ့နေရာမှာ Payment Terms နဲ့ Cancellation Policy ကို အခြေခံထားပါတယ်။ […]


…..လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မဂ္ဂဇင်းထဲမှာ နိုင်ငံကျော် အမျုးိသမီး အဆိုတော်တစ်ဦးဟာ သူ့ဘဝဇတ်ကြောင်း အတ္ထုပ္ပတ္တိလေးတွေကို လစဉ်အခန်းဆက် ရေးခဲ့ပါတယ်။ တိုင်းသိပြည်ကျော် လူချမ်းသာစာရင်းဝင်တွေ ဆိုတော့ လူစိတ်ဝင်စားမှုလည်း များခဲ့တယ်။ အသက်ကွာဟမှုကြောင့်  မိဘတွေ သဘောမတူတဲ့အကြောင်း၊ ဆံပင်ရှည်ကြီးဖားလျားနဲ့ ခိုးရာလိုက်ပြေးခဲ့ရတဲ့အကြောင်း၊ ချွေးမတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံတွေ စသည်ဖြင့် မိမိမိသားစု၊ ယောက္ခမမိသားစုကို ကြွားရာမကျစေဘဲ မသိမသာလေး ဗန်းတင်ပြီး ရေးပြသွားခဲ့တယ်။ မိမိမိသားစု၊ မိမိလင်သားကို ဗန်းတင်ပြီးရေးရင်းနဲ့ မိမိကိုယ်တိုင်ကလည်း သူတို့နဲ့ တစ်ပါတည်း ရေမြင့်တော့ ကြာတင့်သွားခဲ့တယ်။ ဒါဟာ ဘာကိုပြဆိုသလဲဆိုတော့ မြန်မာအမျိုးသမီးတွေရဲ့ စံနှုန်း၊ အမျိုးသမီးတွေရဲ့ ဘဝ။ (စာရေးဆရာနဲ့ သူ့စာကို ဝေဖန်လိုရင်း မဟုတ်ပါ) …..တချို့ အမျိုး သမီးတွေကလည်း မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့မာန (မိန်းမမာန) ကို အလေးပေးရေးသားရင်း […]


Mr. MarGaOctober 20, 20141min36322
  အို အဆွေ လာလော့….. ရှုလော့ ကျွန်ုပ်တို့ရဲ့ မင်းမဲ့တိုင်းပြည် အုပ်စိုးသူ မရှိ မင်းမှုထမ်း မပါ လာဘ်စားတာ မရှိ ဖော်လံဖား နတ္ထိ မင်းလိုလိုက်စရာလည်းမလို မင်းကြိုက်ဆောင်ဖို့ ဝေလာဝေး ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းလို့ လူတန်းစားမခွဲတဲ့ မင်းမဲ့တိုင်းပြည် အာဏာရှင် စနစ်လည်းမဟုတ် ဆိုရှယ်လစ်လည်း မပါ ကွန်မြူနစ်လည်း ဘေးကိုချ ကိုယ့်ဘဝမှာ ကိုယ်သာ သက်ဦးဆံပိုင် ဒီတိုင်းပြည်မှာ ဥပဒေမရှိဘူး သူ့စည်း ကိုယ့်စည်း လူ့စည်း ဘီလူးစည်း အသီးသီးခွဲထားကြရဲ့ ဟီရိဩတပ္ပကိုသာ ငါတို့ကိုင်စွဲထား သီလ ငါးပါးဟာ ငါတို့ရဲ့ လူမှုဆက်ဆံရေး လေးပါးသော ဗြဟ္မစိုရ် ငါတို့ ဗဟိုပေါ့ ရွယ်တူချင်း ရိုင်းပင်း ငယ်သူဆို အားပေး ကြီးသူဆို အလေးထားလို့ ငါတို့ကြား […]