နွေဦးNovember 8, 20132min37024
“သားတို့ထမင်းစားတော့မယ်ဒွေးလေးးရေ” “အေး..လာကြလာကြ..ထမင်းပွဲက အဆင်သင့်ပါဘဲကွယ်” “အဲ ဒွေးလေးကလဲ ကြက်ဥပြုတ်ကြီးနဲ့ စားရမှာလား…” “ဟဲ့ ငပိရည်နဲ့ဗူးညွှန့်ပြုတ် တို့စရာလည်းလုပ်ထားပေးတယ်လေ..” “ဒီဟင်းချိုကလည်း ဗူးညွှန့် ဟင်းချိုဘဲ မဟုတ်လားဒွေးလေးရဲ့” “ဒွေးလေးရယ် ..တကယ်ဆို ခြံထဲကထွက်တဲ့ ဗူးသီးနဲ့ အိမ်အောက်က ကြက်မဒန်းလေး ချက်စားရရင်ကောင်းမှာ..” “အံမယ် နင်က ကောင်းမယ်လို့ဘဲတွေးနေ… နင့်အဘ ငရွှေ က ခုလောက်ဆို စားပြီးလို့ ထမင်းလုံးတောင် စီနေလောက်ပြီ..” “ဘယ်လို ဘယ်လို ဒွေးလေးရဲ့ အဘက ဘယ်မှာထမင်းလုံးစီနေမှာလဲ…” “နင့်အဘ ငရွှေရယ်လေ…ဟိုကောင် ငတေဆိုတဲ့ကောင် နဂိုကမှ “ဇ”ကလည်းပါပြီးသားဆိုတော့ အဲကောင်နဲ့ပေါင်းပြီး ဒို့ဘိုးဘွားအမွေတွေခိုးပြီး ရောင်းစားလိုက် သောက်စားမူးရူးနေလိုက်ကြတာ ကြာပြီ..နင်တို့သိတယ်မလား..”   “ဟုတ်တယ်လေ ဒွေးလေးရဲ့..ခုဟာက သားတို့ထမင်းစားမဲ့ ကိစ္စလေ..” “အေး နင်တို့စားဖို့အတွက် ခြံထဲစိုက်ထားတဲ့ ဗူးသီးလေး..မွေးကင်းတောင် […]


ငှက် ငယ်November 7, 20131min27117
    မလေးမှာ အဆင်မပြေဖြစ်တုန်းက   ကျွန်တော် ရေးထားတဲ့ ပို့စ် တစ်ပုဒ်ပါ..။     အခုတလော မလေးရှားမှာ ဖမ်းနေတယ် ဆိုတဲ့ သတင်းကြားရတော့ လုံးဝစိတ်မကောင်း ဘူးဗျာ..။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း နိုင်ငံခြားမှာ နေရတာ မပျော်ဘူးဗျာ……….. တစ်ချို့က ပြောတယ် ” ဘာလို့လဲ ဒီလောက်အဆင်ပြေနေတာကို” တဲ့..။ ကျွန်တော် ပြန်ပြောလိုက်တယ်..။ ” မတူဘူးလေ မြန်မာ မှာက အဖေ အမေရှိတယ်။ မောင်နှမ ရှိတယ်။ ကိုယ့်အသိုင်းအဝိုင်း ရှိတယ်။ ဒီမှာက ငွေက လွဲပြီး ကျန်တာ ဘာမှမရှိဘူး။ အစတုန်းကတော့ ငွေအတွက် အလုပ်လာလုပ်တာ ။ ငွေကို အရေးအကြီးဆုံးလို့ သတ်မှတ်ထားတာ..။ ငွေထက်အရေးကြီးတဲ့ အရာတွေ ရှိမှန်းအခုမှ […]


အဘ ဘုတ္ကလံုNovember 6, 20131min22516
ကမာရွတ် အချုပ်ခန်း၏ ကြမ်းပြင်တွင် လူခြောက်ယောက် ကိုယ့်အမှုအကြောင်း ကိုယ်မိတ်ဆက်နေကြသည်။ အားလုံးက ရယ်ရယ်မောမောပင်။ အချုပ်ကျနေသည်ကို မေ့ထားဟန်တူသည်။ ထိပ်ဆုံးတွင် ထိုင်နေသူ နှစ်ဦးကတော့ ရဲပြေးဖြစ်သည်။ သူတို့သည် ဒီစခန်းမှာပင် နေပြီး ဒီစခန်းမှပင် ပြေးခဲ့သူတွေဖြစ်ကြသည်။ “ရဲမလုပ်ချင်တော့လို့ပြေးတာပေါ့ဗျာ။ အကြောင်းပြချက်သိပ်မရှိပါဘူး။ အရာရှိတွေက အမှုသည်တွေဆီက၊ ချဲဒိုင်၊ နှစ်လုံးဒိုင်တွေဆီက ဝင်ငွေပုံမှန်ရတယ်။ ကျုပ်တို့လို အခြားအဆင့်နဲ့ တပ်သားတွေကြတော့ ဘာမဟုတ်တဲ့ လခလေးနဲ့ ၂၄ နာရီအလုပ်လုပ်နေရတာ” သူ ရဲပြေးဖြင့် အချုပ်ကျနေသည့် အသက် ၃ဝ အရွယ် လူကပြောသည်။ နောက်ထပ် ရဲပြေးတပ်သားကတော့ ရဲဘဝသည် ညည်းငွေ့စရာကောင်းသဖြင့် ပြေးခြင်းဟုဆိုပါသည်။ သူတို့ ရဲပြေးနှစ်ယောက်ကတော့ စခန်းတွင် နေခဲ့သူပီပီ စခန်းရှိ ရဲဘော်များနှင့် အကြွမ်းဝင်ကာ ဆေးလိပ်ကွမ်းကော်ဖီ၊ လိုသလို ရနိုင်လေသည်။ […]


– – – – – ================== တစ်ခါတုန်းက တံငါသည်တစ်ဦးဟာ ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရိပ်အာဝါသကောင်း တဲ့သစ်ပင်တစ်ပင်အောက်မှာ အေးအေးဆေးဆေး လှဲနေရင်း ဆေးလိပ်တစ်လိပ်ကို ဇိမ်နဲ့သောက်နေတယ် ။ အဲဒီအချိန်မှာ သူ့အနားကို လုပ်ငန်းရှင်သူဋ္ဌေးကြီးတစ်ဦးရောက်လာပြီး … “ဘာကြောင့်အလုပ်မလုပ်ပဲနဲ့ အရိပ်အောက်မှာ ဆေးလိပ်သောက်နေသလဲ” – လို့မေးပါတယ်။ အဲဒီတော့ တံငါသည်က – “ဒီနေ့အဖို့တော့ ငါးတွေလုံလုံလောက်လောက်ဖမ်းမိပြီဖြစ်တဲ့အတွက် အနားယူနေကြောင်း” – ပြန်ပြောတယ် ။ သူဋ္ဌေးကြီးဟာ တံငါသည်အပေါ် အားမလိုအားမရ ဖြစ်သွားသလို ဒေါသလည်းထွက်သွားခဲ့ပါတယ်။ သူဋ္ဌေးကြီးက… “ ဘာကြောင့်နောက်ထပ်ငါးတွေဆက်မဖမ်းပဲနဲ့ အရိပ်ထဲမှာ မင်းရဲ့အချိန်တွေကို ဖြုန်းရတာလဲ ” – လို့ မေးလိုက်ပါတယ်။ တံငါသည် ကပြန်မေးလိုက်တာက “ကျနော်ငါးတွေထပ်ဖမ်းပြီးဘာလုပ်ရမှာလဲခင်ဗျ ” သူဋ္ဌေးကြီးက “ […]


Foreign ResidentNovember 2, 20133min31468
စဉ်းစားကြစေလိုပါတယ် ( ၆၄ ) ( မီတာခ )   ထုံးစံ အတိုင်းပါပဲ ၊ အဘ ရဲ့ ဒီ Post ကတော့ ၊ အဘ ဘုတ်ကလုံ ရဲ့ Post ” အပြောင်းအလဲနှင့် သတင်းနှစ်ပုဒ် ” ထဲမှာ ၊ အဘ ဘုတ်ကလုံ က ဆွေးနွေးပေးပါ ဆိုလို့ အကြောင်း ပြန်ရင်း ၊ အကြောင်း ပြန်ချက်ဟာ အရမ်း ရှည်လျားသွားတာ နှင့် ၊ Post ကြီး တစ်ပုဒ် သတ်သတ် ရေးတင်လိုက်ရတော့တာပါပဲ ။   အဲဒီတော့ကာ ၊ အဘ ဘုတ်ကလုံ ရဲ့ Post ” […]


အဘ ဘုတ္ကလံုNovember 1, 20131min1959
Written by သစ်ထွဋ် မြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီး သုံးသပ်သူတွေကြားမှာ အစိုးရက ပြောင်းလဲပေမယ့် ပြည်သူ့ဝန်ထမ်းတွေက လိုက်မပြောင်းလဲဘူးဆိုတဲ့ အယူအဆဟာ ခေတ်စားနေတဲ့ အယူအဆ တစ်ခုဖြစ်သလို အစိုးရအဖွဲ့ရဲ့ အပြောင်းအလဲ ဆောင်ရွက်ချက်တွေကို အကောင်အထည် ဖော်ရာမှာ အားနည်းမှုတွေ ရှိနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ယခုရက်ပိုင်း မီဒီယာတွေမှာပါတဲ့ သတင်းတချို့ကို ဖတ်လိုက်ရပြီးနောက် လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ အပေါ်က ပြောင်းတာကို အောက်ကလိုက် မပြောင်းတာလား။ အောက်ကပြောင်းပြီး အပေါ်က မပြောင်း ဖြစ်နေတာလားဆိုတဲ့ မေးခွန်းတွေ အတွေးထဲမှာ ပြည့်နှက်လာပါ တော့တယ်။ ပြည်သူ့ဝင်ငွေထဲက ဖဲ့ပေးရမယ့် အစီအမံ ဒီနေရာမှာ အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု ပေါ်လစီနဲ့ အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု ပေါ်လစီကို အကောင်အထည် […]


kolumbusOctober 31, 20131min1271
ရပ်နားသွားပြီဖြစ်တဲ့သူရိယအလင်းဂျာနယ်နဲ့ အသစ်ထွက်လာတဲ့ သူရိယနေဝန်းဂျာနယ်တို့ဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီဘူးလို့ မြန်မာဂျာနယ်လစ်ကွန်ရက်က သဘောထားထုတ်ပြန်လိုက်တယ်။ သူရိယနေဝန်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးမိုးဟိန်းက ဂျာနယ်လစ်ကွန်ရက်ရဲ့ သဘောထားကို အသိအမှတ်မပြုဘူးလို့ ဆိုတယ်။ သူ့အပြောက “အာဏာရှင်တွေနဲ့ ခရိုနီတွေရဲ့ ဩဇာကရော၊ ကျနော့်ကို ပြောတဲ့ ပုဂ္ဂိုလ်တွေကရော ကင်းလွတ်ရဲ့လား။ သူတို့ကို ကိုယ်စားပြုပြီး ကျနော့်ကို မေးနေတာလားဆိုတာ မေးမယ်။ သူရိယ အလင်းနဲ့ သူရိယနေဝန်းသည် ကမာ္ဘ့စာနယ်ဇင်း၊ အမေရိကန်တို့လို၊ အင်္ဂလန်တို့လို ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ ရှိတဲ့ စာနယ်ဇင်း ကျင့်ဝတ်ကိုပဲ ကျနော်တို့ စံလုပ်ထားတယ်။ ကျနော်တို့ မြန်မာပြည်မှာလည်း ဒီမိုကရေစီ ရတဲ့ တနေ့မှာ မြန်မာပြည်ရဲ့ စာနယ်ဇင်းကျင့်ဝတ်သည် ကမာ္ဘ့စာနယ်ဇင်း ကျင့်ဝတ်နဲ့ တသားတည်း ဖြစ်စေရမယ်။ အဲဒီမတိုင်ခင် စပ်ကြားကာလမှာ ကျနော်တို့ကို သူတို့တိုင်းချင်တဲ့ […]


Foreign ResidentOctober 30, 20133min24618
စဉ်းစားကြစေလိုပါတယ် ( ၆၃ ) ( တတို့ နှစ်တို့ )   ထုံးစံ အတိုင်းပါပဲ ၊ အဘ ရဲ့ ဒီ Post ကတော့ ၊ မ Padonmar ရဲ့ Post ” ကကြီးအကြောင်း တတို့ နှစ်တို့ (၁) KATRI ” ထဲမှာ ၊ Ma Ma ရဲ့ Comment လေးကို အကြောင်း ပြန်ရင်း ၊ အကြောင်း ပြန်ချက်ဟာ အရမ်း ရှည်လျားသွားတာ နှင့် ၊ Post ကြီး တစ်ပုဒ် သတ်သတ် ရေးတင်လိုက်ရတော့တာပါပဲ ။   အဲဒီတော့ မ Padonmar […]


Swal Taw YwetOctober 25, 20131min21913
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်လောက်က ကာတွန်းလေးတစ်ကွက်ကို ပြန်ညွှန်းချင်လို့ပါဗျာ။ ဆရာ အော်ပီကျယ် ရေးခဲ့တဲ့ တစ်ကွက်ကာတွန်းလေးပါ။ စွယ်တော်ရွက် မုံရွာ ဂျီတီအိုင် မှာ နည်းပြလုပ်နေတုံးကစာသင်ခန်းထဲ ကျောက်သင်ပုန်းပေါ်မှာ မြေဖြူနဲ့ ပြန်ဆွဲပြပြီး ကျောင်းသားတွေနဲ့ဆွေးနွေး ခဲ့ဘူးတဲ့ ကာတွန်းလေးပါခင်ဗျ၊ အခုရွာသူားတွေနဲ့ပါ ဆွေးနွေးချင်လို့ပါနော။မှတ်မိသလောက်လေး ပြန်ဆွဲပြထားတဲ့ ကာတွန်းလေးက ဒီမှာပါ။ ငှက် ( ၁ ) မေး။   ။ မင်း ဟိုတလောတုံး က ရွာ ကို ပြန်သွားသေးတယ်ဆို။ ငှက် ( ၂ ) ဖြေ။   ။ အေး။ ငှက် ( ၁ ) မေး။   ။ ဘာလို့ ဒီ ပြန်လာတာတုံးကွ။ ငှက် ( […]


alinsettOctober 24, 20131min30127
    “ အဝေးက မြက်ခင်းလေး…. စိမ်းတယ်. . .။´´     အဲဒီ စကားလေးကို ဘယ်မှာ ဘယ်သူပြောတာလဲ မမှတ်မိတော့ပေမယ့် စကားရဲ့ အဓိပ္ပါယ်လေးကို သဘောကျပြီး စွဲနေခဲ့တယ် ။   မြက်ခင်းလေးတွေ ဟာ အဝေးက လှမ်းကြည့်ရင်တော့ စိမ်းစ်ိုလန်းဆန်းပြီး သွားရောက်ချင်စရာ … ကောင်းတယ် ။   တကယ်တမ်း အနားကို အရောက်သွားတဲ့အခါမှာတော့ ……… အဝေးက မြင်ရသလောက် မစိမ်းတော့ပဲ ခပ်ကျဲကျဲနဲ့ အလဲလဲအကွဲကွဲ သာမန်မြက်ခင်းလေးပါပဲ. . .။   {{ အဝေးကကြည့်ကြည့် အနီးက ကြည့်ကြည့် စိမ်းမြဲစိမ်းတဲ့ မြက်ခင်းတွေတော့ ရှိမှာပေါ့။ အဲဒီလို စိမ်းစိုနေတဲ့ မြက်ခင်းတွေ ဆီ […]

letter1.jpg

Mr. MarGaOctober 24, 20131min71873
တာဝတိံသာက ရည်းစားစာ ရည်းစားစာ ပေးဖူးကြပါသလားဗျာ ကြားဖူး၊ ဖတ်ဖူးတာ တစ်ခုကတော့ ရည်းစားစာ ဆိုတာ ဖွင့်မပြောရဲတဲ့ ကောင်ကလေးတွေ တခြားနည်းလမ်းကြံကြရင်းနဲ့ ထွက်လာတယ် ဆိုလား။ ဒီနေ့ ဟိုတွေး ဒီတွေး တွေးရင်းနဲ့ ရည်းစားစာအကြောင်း ရောက်သွားတော့ ပေးဖူးတဲ့ စာကလေးတွေအကြောင်း သတိရလာလို့ အတိတ်ကို နည်းနည်း ပြန် တူးဆွကြည့်မိတယ်။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရမှာ ခပ်ရှက်ရှက်ပဲ အဟီး။ မှတ်မှတ်ရရ ပထမနှစ်ကပေါ့ ရည်းစားစာ ပေးဖူးတယ်။ အတိအကျ ပြောရရင်တော့ ပေးတာမဟုတ်။ ရည်းစားစာ ပေးတယ် ဆိုလို့ သူများတွေလို အချစ်ဝတ္ထုတွေလိုက်ရှာ၊ စကားလုံး အနုအရွလေးတွေကို လိုက်ကူး၊ လက်ရေး အလှဆုံးဖြစ်အောင် ရေး အဲလိုမျိုး မမှတ်နဲ့ဗျ။ ကျွန်တော် ပေးတဲ့ ရည်းစားစာကို လက်နဲ့တောင် […]


Normal 0 false false false EN-US JA X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”,”serif”; mso-fareast-font-family:SimSun;} တစ်ခါက ဆေးရုံတစ်ရုံ ရဲ့ အထူးကြပ်မတ်ကုသခန်းထဲမှာ လူနာနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်လုံးဟာရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရပြီးတော့ ဆရာဝန်တွေရဲ့ ၂၄ နာရီလုံးစောင့်ကြည့်မှု့လိုအပ်နေတဲ့ လူနာတွေပေ့ါ။ သူတို့နေရတဲ့ အခန်းလေးမှာ ပြတင်းပေါက် တစ်ပေါက်ပဲပါတယ်။ ပြတင်းပေါက်ဘက်မှာ နေရတဲ့ လူနာ […]


အရင်ဆုံး စကားပလ္လင်ခံပါရစေ။ ဘာသာရေးနဲ့ ပတ်သက်လာရင် ကျွန်မက အခုမှ စလုံးရေးစ အဆင့်ပဲ ရှိပါသေးတယ်။ ဒီစာကို ရေးရတာကလည်း သိလွန်း၊ တတ်လွန်းလို့ ရေးတာမဟုတ်ပါဘူး။ သိချင်လို့ ရေးတာပါ။ လေ့လာကာစအချိန်၊ ကိုယ်ဉာဏ်မီသလောက်လေးနဲ့ တွေးကြည့်နေတဲ့အချိန်မှာ လမ်းလွဲသွားမှာ၊ အတွေးချော်သွားမှာ၊ အစွန်းရောက်သွားမှာလည်း စိုးပါတယ်။ ဒါကြောင့် စိတ်ထဲမတင်မကျ ဖြစ်နေတာလေးတွေကို ဒီမှာ အစဆွဲထုတ်လိုက်ပါတယ်။ အားလုံးပဲ ဝိုင်းဆွေးနွေးပေးကြပါလို့ ပြောချင်ပါတယ်။ (Zawgyi Font နဲ့မို့လို့ တစ်ချို့သတ်ပုံတွေမှားတာရှိရင် ခွင့်လွှတ်ပေးပါ။)   ************************************************************* ဟိုနေ့က UMFCCI မှာ ကျင်းပတဲ့ စာအုုပ်အရောင်းပွဲတော်ကို သွားတဲ့အခါ ရှင်ဥက္ကဌရဲ့ ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို ရောင်းတာတွေ့ပါတယ်။ ဒီစာအုပ်ကို တွေ့နေတာတော့ ကြာပါပြီ။ ပထမဆုံး စာအုပ်အဟောင်းဆိုင်တွေမှာတွေ့တယ်။ နောက် လှည်းတန်းက စာအုပ်ဆိုင်တွေမှာ […]