Zaw ThantAugust 20, 20131min57448
(၁) သဒ္ဓါနဲ့ပညာ ဗုဒ္ဓဘာသာကို ကိုးကွယ်ရာမှာ သဒ္ဓါ နဲ့ ပညာ အားကောင်းမျှတဖို့လိုတယ်လို့ ဆုံးမတာကြားဖူးပါတယ်.. သဒ္ဓါဆိုတာက ယုံကြည်တာ၊ ပညာဆိုတာက ဘာသာတရားရဲ့အဆုံးအမတွေ တရားဓမ္မတွေကို နားလည်သဘောပေါက်တာ၊ အကျိုးသင့်အကြောင်းသင့်စဉ်းစားဆင်ခြင်တတ်တာ ဖြစ်ပါတယ်.. သဒ္ဓါသက်သက်ပဲ ရှိပြီး ပညာဉာဏ်မပါဘူးဆိုရင် အနှစ်မပါတဲ့ကိုးကွယ်မှု၊ မျက်ကန်းယုံကြည်တာမျိုး၊ ကြောက်လို့ ကိုးကွယ်တာမျိုးဖြစ်ပါတယ်.. ဟိုးရှေးတုန်းက မီးကို ကိုးကွယ်ကြ၊ မြေကြီးကို ကိုးကွယ်ကြ တာနဲ့ သဘောခြင်းအတူတူပါပဲ.. ဗုဒ္ဓဘာသာမှာတော့ ဒီလို စဉ်းစားမှုမဲ့ ကိုးကွယ်တာမျိုးထက် ပညာဉာဏ်နဲ့ ယှဉ်တဲ့ ယုံကြည်မှုမျိုးမှသာ အဓိပါယ်ရှိပါတယ်.. ကိုယ်နိုင်ငံမှာ ဆုတောင်းပြည့် ဘုရားတွေ အများသားနဲ့ တိုင်းပြည်က ဆင်းရဲနေတာ၊ ကားဝယ်ရင် ဘုရားကို ဦးတိုက်၊ နတ်ပြတာတွေ လုပ်၊ ဘုရားပုံတွေလည်းကပ်ကြပါရဲ့ကားတိုက်မှုနှုန်းတွေက သူများနိုင်ငံ ထက်များနေတာ တွေက သဒ္ဓါစိတ်နဲ့ […]


alinsettAugust 19, 20132min1975
ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၃) ကို ဖတ်ရန်         ပညာရှိများ “အနု ပညာမှ ာ ပုံသဏ္ဌ ာန်သာ အဓိ ကဗျ” “အတွင် းသားကသာ အဓိ က ကွ” ပညာရှိများ ငြင်းခုန် ကြ၏  ။ အကြာကြီ းကြာမှလူ စု ကွ  ဲသည်။ သူ တို့  ပြန်သောအခါ မို းကြီ းရွာနေပြီ။ အတွင် းသားက အဓိ ကဟုပြောသော ပညာရှင် များက (ထီ းရိုး မပါ ထီ းရွက်ချည် းကိုသာ  ကိုယ်ပေါ်အုပ်၍ ပြန်သွ ားကြလေသည်။ ပုံသဏ္ဌ ာန်အဓိ ကဟုပြောသော ပညာရှင်များက […]


Mr. MarGaAugust 16, 20131min26616
. . . . . . . . . အကြောက်တရားဆီက လွတ်မြောက်ခြင်း….. Freedom From Fear… တဲ့ ဒီစာသားကို ကြားမိ တွေ့မိတာ နည်းနည်းတော့ ကြာပြီ။ လူ့အခွင့်အရေး အကြောင်းကို ရှာမိတိုင်း၊ တွေးမိတိုင်း၊ ပြောမိတိုင်းမှာ ဒီအကြောင်းတွေက အမြဲလိုလို ပါတတ်တယ်။ အဲသလို ရှာလိုက်တိုင်း တွေ့မိတာက Four basic Freedom ဆိုတာပါပဲ။ ဘာတွေလဲ ဆိုတော့ Freedom of speech Freedom from want Freedom of worship Freedom from fear တဲ့ (စကားလုံး လွဲချင် လွဲမယ်ထင်ပါတယ် ပြန်မကြည့်ရသေးလို့) အဲဒီအထဲကနေမှ […]


နွေဦးAugust 14, 20132min2288
ဦးဦးရဲကြီးရယ်.. ဦးဦးဟာ သားတို့မိသားစုအတွက် တကယ့်ကျေးဇူးရှင်ပါဦးဦးရယ် ။ ဦးဦးရဲကြီးရဲ့ကျေးဇူးကြောင့် သားတို့မိသားစုဟာ အရင်ကလိုမပင်ပန်းဘဲ အေးအေးလူုလူရှာဖွေ စားသောက်နိုင်ပါပြီ ။ အရင်ကဆို မနက်လင်းတာနဲ့ အဖေက တနေရာကိုထွက် အမေက တနေရာကိုသွား သားနဲ့ညီမလေးက တလမ်းဝင်တလမ်းထွက်နဲ့ ရှာဖွေ စားသောက်ရပါတယ် ဦးဦးရယ် ။ အခုတော့မနက်ရောက်တာနဲ့ မိသားစုတစုလုံး ဒီနေရာကိုလာလိုက်ရုံပါဘဲ ။ အဖေကလဲ အရင်လို စပယ်ပန်းတွေ ဂျာနယ်တွေကို လမ်းတကာလျှောက်ရောင်းဖို့မလိုတော့ဘူး ။ အမေကလည်း ဈေးဗန်းခေါင်းရွက်ပြီး လမ်းတကာပျံကျဈေး မရောင်းရတော့ဘူး ။ သားတို့မောင်နှမကလည်း ဝါးဆစ်ဗုံလေးနဲ့ လမ်းတကာလှည့်ပြီး အော်တောင်းစရာမလိုတော့ဘူး ။ အဲဒါတွေဟာ ဦးဦးရဲကြီးရဲ့ ကျေးဇူးကြောင့်ပေါ့ ။ သားတို့က လူကဆင်းရဲပေမဲ့ ကျေးဇူးတရားကို သိတတ်ပါတယ်ဦးဦးရဲကြီးရယ် ။ ဦးဦးရဲကြီးကသာ ကားတွေကို ဒီမီးပွိုင့်မှာ […]


မောင် ပေAugust 12, 20131min25512
ငါးချဉ်ဆိုလို ့ … ခင်ဗျားတို ့လဲ မြင်ဖူးကြမယ် ထင်ပါရဲ ့ ပုစွန်ချဉ်တို ့ ငါးဖယ်ချဉ်တို ့လိုမျိုးပေါ့ဗျား ကျုပ် ဒီစာကို ရေးမလို ့လုပ်တုန်း ၊ မိုးတွေရွာနေတယ်ဗျ ကျုပ်လဲ ဘယ်ကနေဘယ်လို လမ်းပေါ်ရောက်နေမှန်း စဉ်းစားလို ့ကို မရပါဘူးဗျာ ဒါနဲ ့မျက်နှာမူရာဘက် ခြေလှမ်းတွေလှမ်းနေမိရင်း ၊ တစ်နေရာ ရောက်တော့ လူအုပ်ကြီးတစ်အုပ် ဆူဆူညံညံဖြစ်နေတာကို တွေ ့မိပါရဲ ့ ဒါနဲ ့၊ ဝင်စပ်စုကြည့်တော့… အလယ်ခေါင်မှာ လူတစ်ယောက် ( ယောက်ျားတစ်ယောက် ) ၊ သွေးသံအလိမ်းလိမ်းနဲ ့စုတ်ပြတ်သပ်နေတယ် ။ သူ ့အနောက်က နံရံပေါ်မှာ သင်္ဘောဆေးနဲ ့ “ ဤ ” […]


johnnydeerAugust 10, 20131min1034
Connection ကောင်းအောင်…နိုင်ငံတကာ စံနှုန်းတွေ မှီအောင် မလုပ်နိုင်ကြဘူးလား…မလုပ်နိုင်ဘူးဆိုရင်လဲ.လောလောဆယ်တော့ပေးလိုက်ပါ…ပြည်သူတွေသက်သက်သာသာနဲ့ ကောင်းကောင်း သုံးနိုင်အောင် တကယ်လုပ်နိုင်တဲ့ သူတွေကို… လမ်းတွေ ကောင်းအောင်….နိုင်ငံတကာ စံနှုန်းတွေ မှီအောင် မလုပ်နိုင်ကြဘူးလား..မလုပ်နိုင်ဘူးဆိုရင်လဲ.လောလောဆယ်တော့ပေးလိုက်ပါ…ပြည်သူတွေသက်သက်သာသာနဲ့ ကောင်းကောင်း သုံးနိုင်အောင် တကယ်လုပ်နိုင်တဲ့ သူတွေကို… မီးရထား System ကောင်းအောင်….နိုင်ငံတကာ စံနှုန်းတွေ မှီအောင် မလုပ်နိုင်ကြဘူးလား..မလုပ်နိုင်ဘူးဆိုရင်လဲ.လောလောဆယ်တော့ပေးလိုက်ပါ…ပြည်သူတွေသက်သက်သာသာနဲ့ ကောင်းကောင်း သုံးနိုင်အောင် တကယ်လုပ်နိုင်တဲ့ သူတွေကို… ဘာပဲဖြစ်ဖြစ် အရှိတရားကို ရဲရဲလက်ခံလိုက်ကြပါ…ကိုယ်မတတ်ရင် မတတ်ဖူးပေါ့…ကိုယ်မလုပ်နိုင်သေးရင် မလုပ်နိုင်သေးဖူးပေါ့…ကိုယ့်ရဲ့မူရင်း အရှိတရားက ဘာ ဆိုတာ ကိုယ်ကိုတိုင် ရှင်းရှင်းလက်ခံ သဘောပေါက်မှသာ ကိုယ်ဘာဆက်လုပ်သင့်တယ်…ကိုယ်ဘာဆက်လုပ်ရမယ်ဆိုတာ သိလာပါလိမ့်မယ်…လိမ်စရာ မရှိ ကိုယ့်ပေါင်ကိုတော့ လှန်မလိမ်ကြပါနဲ့… ကျွန်တော်တို့ ကားမပြောနဲ့ ဆိုင်ကယ်လေးတောင် မထုတ်နိုင်သေးပါဘူး… အဏုမြူ ဓာတ်ပေါင်းဖို မပြောနဲ့ ရေအားလျှပ်စစ်မှာတပ်တဲ့ စက်ပစ္စည်းတွေတောင် ဝယ်နေရတုန်းပါ… လေယာဉ်ပျံကြီးမပြောနဲ့ […]


ဒီလိုဗျ… ကျွန်တော်တို့ ရွာသူရွာသားတွေနာမည်တွေက တကယ်ကို အနှောင့်အသွားမလွတ်… ပြသနာက လွန်ခဲ့တဲ့အပတ်က ဖုန်းလေးဖွင့် ဖွဘွတ်လေးကြည့်မိတော့… ရွာထဲက ကဗျာဆရာလေး မောင်အာဂက ဘာရေးတယ်မှတ်တုန်း… စိတ်ပျက်လက်ပျက်နဲ့ ကျောက်ခဲကို ဖင်ခုထိုင်မယ်ဆိုလား… ဘာလား… အမှန်သူကတော့ ဘာမှမရည်ရွယ်… အနှောင့်အသွားမလွတ်တာ ကျောက်ခဲဆိုတဲ့ ဦးကျောက်… ဘုရားတရတဲ့ဘဝရောက်သလို… သူငယ်ချင်းတွေကလဲ ဝိုင်းပြီး နည်းမျိုးစုံနဲ့ စိတ်ပူပေးရတယ်… —————————————————————————– ဟိုတစ်နေ့က ဈေးအသွား… အမေက မုန့်လှမ်းမှာတယ်… သားရယ်… ဈေးထဲမှာ ရွှေကြည်လေး (၁၀၀)ဖိုးလောက်ဝယ်ခဲ့ပါတဲ့…. စိတ်ထဲမှာတော့ ပြန်ပြောလိုက်မိတယ်… ရွှေကြည်က စလုံးရောက်သွားပြီ… ၁၀ဝ ဖိုးလဲခွဲရောင်းမယ့်ပုံမပေါ်ဘူးလို့… ရွာထဲက မိတ်ဆွေတွေနာမည်လေးတွဲတွဲမှတ်မိတာ… အဲ့လို… —————————————————————————– ဟိုနေ့က အဖွားက ကျွန်တော့်ကိုမှာတယ်… သားရယ်… လမ်းကြုံရင် ပဒုမ္မာဓာတ်ဗူး တစ်လုံးလောက်ဝယ်ခဲ့ပေးပါတဲ့… အဲ့လိုလဲ ပြောပြန်ရော… […]


၁၉၈၈ ခုနှစ်၊ ဇွန်လ ရန်ကုန်မြို့ရှိ ကျွန်မအိမ်က ပြည်လမ်းမကြီးဘေးမှာ ဖြစ်၏။ ပြည်လမ်း၊ လှည်းတန်းမီးပွိုင့်ကား ထူးခြားမှု ဝိသေသ ရှိသည်။ လမ်း ၅ လမ်းဆုံသဖြင့် စည်ကားသည်။ အနားမှာ ရန်ကုန် တက္ကသိုလ်ကြီး ထီးထီးရှိနေခြင်းကလည်း တစ်မျိုးဂုဏ်ရှိနေသည်။ ထို့ကြောင့်ပင် တစ်ခုခု လူသိရှင်ကြားဖြစ်လိုလျှင် ဤဆုံရပ်ကို လာတတ်ကြ၏။ ထိုနေ့က ပြည်လမ်းမပေါ်မှာ အဖြူ၊ အစိမ်းလေးတွေ လျှောက်လာကြသည်ဟု ကြားရ၏။ ကျွန်မ ထွက်ကြည့်ပါသည်။ ကလေးလေးတွေကို အံ့ဩစိတ်ဖြင့်ကြည့်ရင်း ဝမ်းနည်းသလို ခံစားရပါသည်။ စာရေးဆရာ မောင်အောင်မွန် ရောက်လာသည်။ သူက လက်ခုပ်တီး၏။ ကျွန်မက မတီးရဲချေ။ ထိုနေ့ ညနေမှာပါပဲ….. ကလေးလေးတွေကို မြေနီကုန်း ရုပ်ရှင်ရုံအနီးတွင် လုံခြုံရေးခေါ် မော်တော်ကားကြီးများနှင့် တိုက်ပစ်သတဲ့။ ကျွန်မ ဝမ်းနည်းနေသည်။ […]


Foreign ResidentAugust 4, 20137min32228
  စဉ်းစားကြစေလိုပါတယ် ( ၅၈ ) ( LGBT )     အင်းးးးး ။ ရွာထဲ မလဲ ။ LGBT ခေတ်က ၊ ထနေတော့ကာ ၊ အဘ လည်း ၊ ဝင်ဆတ်ဆော့မိပြန်သပေါ့ ။     အဓိက ကတော့ ၊ ဦးပါ ရဲ့ သားမီးလေးတို့အကြောင်း တစေ့တစောင်း (၁) မှာ ၊ Comment ရေးရင်း ရေးရင်းနှင့် အရမ်း အရမ်းကို ရှည်သွားတဲ့အခါမှာတော့ ၊ ထုံးစံ အတိုင်း Post တစ်ခု လုပ်လိုက်ရတာပါပဲကွယ် ။   ကြုံတုံးပြောရဦးမယ် ၊ တော်တော်ဆိုးတဲ့ ဦးပါ […]


– – – – – ============================== တစ်နေ့သ၌ လွန်စွာ အသား ဖြူသော လူတစ်ယောက်နှင့် လွန်စွာ အသား မည်းသော လူတစ်ယောက် တို့သည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လိုတရလမ်းလေးအတွင်း ဖွင့်လှစ်ထားသော လဖက်ရည်ဆိုင်လေး၏ ရှေ့မျက်နှာစာအကျဆုံး စားပွဲဝိုင်းတွင် ထိုင်လျက် ရောက်တတ်ရာရာ စကားများအား ပြောဆိုနေကြသည်ကို တွေ့ရလေ၏။ သူစိမ်းများ အနေဖြင့် ထိုလူနှစ်ယောက် ဤကဲ့သို့ ရင်းနှီးစွာ စကားစမြည် ပြောနေကြသည်ကို တွေ့ရပါမူ အထူးအဆန်း ဖြစ်နေလိမ့်မည် ဖြစ်သော်လည်း သင်္ဃန်းကျွန်း နယ်တစ်ဝိုက်တွင် နေထိုင်သူများ အဖို့မှာမူ အဆိုပါ မြင်ကွင်းမှာ ထူးဆန်းလိမ့်မည် မထင်မိချေ။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့ နှစ်ဦးသည် သင်္ဃန်းကျွန်းနယ်တစ်ဝိုက် ဟုန်းဟုန်းတောက် ကျော်ကြားသော “ဘိုးငယ်” […]


alinsettAugust 2, 20132min1758
ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၂)ကို ဖတ်ရန်…   နွေဦး ကောင် းကင်ကြည် စင်၏။ တောငွေ့တောင်ငွေ့ မွှေ းသည်။ အဝေးဆီ မှ ာ တိ မ် ပြာများ…. “ကလေးရယ်၊ ဦးကြီ းရဲ့ တဲ ကလေးမှ ာ ဧည့ ်ခံ စရာ ဘာမှမရှ ိဘူ း” “အိ ု း…ဘာလိ ု့ မရှ ိရမှ ာလဲ” ဝမ်းနည် းနေဟန်ရှ ိသော တောင်သူ ကြီ းကိ ုပန် းချီဆရာကလေးက တက် ကြွ စွ ာ ပြန်ပြောလိ ု က်သည်။ “ဒီ တဲလေးမှ ာ ကျွန်တော်အကြာကြီ […]


johnnydeerJuly 30, 20131min13510
Sky Net ရေ…. ကျုပ်တို့ ဗမာတွေက နားလှည့်ပါးရိုက်တာ ခံနေရတာ နှစ်ပေါင်း 20 ကျော်ရှိနေပြီနော်… အ…တယ်လို့တော့ မထင်စေချင်ဘူး…သည်းခံနေတာပါ…မနေ့က သတင်းစာမှာ ဖတ်ရကတည်းက ဘာသဘောလဲ ဆိုတာ သိပြီးသားပါ…ဒီနေ့လဲ သတင်းစာ ရှင်းလင်းပွဲ Up To Date ကနေ ကြည့်လိုက်ပါတယ်…မေးချင်လိုက်တာ…ပါးစပ်ကို ယားနေတာပဲ…တက်လာတဲ့ သတင်းထောက်တွေ မေးတာကလဲ ညံ့လိုက်တာဗျာ…စကိုင်းနက်တောင် ကြည့်တဲ့သူတွေ ဟုတ်ရဲ့လား ထင်မိပါတယ်…ဒီလို သတင်းစာ ရှင်းလင်းပွဲတက်မယ်ဆိုရင်လဲ ပြည်သူတွေ …ကြည့်ရှုတဲ့သူတွေ… ဘာလိုလားသလဲ…ဘာသိချင်တာလဲ…ဘာမေးစေချင်သလဲ ဆိုတာလေးလောက်တော့ အရင် ပြည်သူကြားထဲ ဝင်မေးကြည့်ကြပါဦး…အခုတော့ဗျာ…မေးတာတွေက ဘာမှ လားရာမရှိ…ဖြစ်ကတတ်ဆန်းမေးခွန်းတွေ မေးသွားကြတယ်….ကဲ ပြောတော့ပါဘူး..ဒီ သတင်းထောက်တွေတော့…တော်ကြာ လိုရင်းမရောက်ပဲ နေဦးမယ်… ကျွန်တော်ကတော့ အခမ်းအနားလဲ မတက်ရတော့ စကိုင်းနက်ပရိတ်သတ် ပြည်သူတစ်ယောက်အနေနဲ့ မေးစရာ ရှိတာမေးရမှာပဲ….SN1…SN2…SN3 package […]


အချိန်က မြန်မာစံတော်ချိန် နံနက် ၂နာရီ ၈မိနစ်ပါ ….. ဝါတွင်း သုံးလ သူရာမေယိယ ရှောင်လွှဲလို့လားမသိ ၅ရက်မြောက်နေ့မှာဘဲ သမာဓိကို စမ်းတဲ့အနေနဲ့ စဖျားပါတယ် အရပ်ကတို့ …. ဒါနဲ့ဘဲ ဆေးတတလုံးထိုးပီး တရေးနိူးချိန် ဝင်ဖတ်တော့ မျှစ်အကြောင်း နည်းနည်းလွဲနေမလားလို့ ထင်မိလို့ တင်ပြတဲ့ သဘောပါ …. မျှစ်ဆိုသည်မှာ မိုးကာလ ရောက်ရင်ဖြင့် ဝါးရုံတို့အလယ် မျှစ်ဟုခေါ်သော ဝါးစို့တို့ အလျှံအပယ် ပေါ်ပေါက် တတ်ပါတယ်။ မြန်မာအခေါ် မျှစ်ပေါ့ … လူတို့နဲ့ အပြိုင် မျှစ်ဆိုသော အရာကို ဝက်တို့လဲ ကြိုက်ပါတယ်။ လူတို့ စားသုံးစရာ အနှီ ဝါးစို့တို့ကို ဝက်နဲ့ အပြိုင် တောထဲမှ ချိုင်ရပါတယ် ( အသေးစိတ် သိလိုသူများ […]