ムラカミMay 25, 20131min61038
ကိုခင်ခနဲ့ ရွာသူား အပေါင်းတို့ရေ… ဒေဝေါအကြောင်း ကျနော် သိသလောက်ကတော့….ဂလိုဗျ…   ကိုခင်ခပြောခဲ့တဲ့ စာအုပ်တစ်ခုကို ထုတ်ဝေလိုက်တယ် အဲဒီစာအုပ်ကို တတ်နိုင်တဲ့သူက ဝယ်ဖတ်တယ်၊ မတတ်နိုင်တဲ့သူက ဌားဖတ်ကြတယ်။ အဲဒီမှာ တစ်ခုရှိတာ ဝယ်လိုက်တဲ့သူက အဲဒီစာအုပ်ကို သတ်မှတ်တန်ရာ တန်ကြေး ပေးပြီးဝယ်လိုက်တာမို့ သူအနေနဲ့ အဲဒီစာအုပ်ကို ပြန်လည်ဝေဌ လိုက်ဖတ်စေတယ်။ ဒီလို ဖြန့်ဝေတာမျိုးက(အခကြေးငွေမယူဘူးနော်) မူပိုင်ခွင့်ချိုးဖောက် သူလို့ ပြောလို့ရလား။ မရဘူးနော် သူက စာအုပ်ရဲ့ တန်ရာတန်ကြေးကို ပေးခဲ့ပြီးသားပါ။ အဲ အခကြေးငွေယူပြီး ဖြန့်ဝေခြင်း စီးပွားရှာခြင်းမှသာ မူပိုင်ဆိုတာနဲ့ ညှိမယ်ထင်ပါ၏။ ငွေကြေး ပါသလား မပါသလား ဘက်ကပြောပါ့မယ်.. ဆိုပါစို့ ….နာမည်ကြီး စာရေးဆြာ ၂ယောက် စာ ၂အုပ်ထွက်တယ် .. ဥပမာ ကိုခင်ခ […]


who whoMay 22, 20131min2026
ညီမငယ်တစ်ယောက် မေးလာတဲ့ မေးခွန်းလေးတစ်ခု.. “ What is the most important thing in life ? ” ဆိုတာလေး။ ဒါလေးကို ကျနော့်အမြင်အရ ကိုယ့်ခံစားချက်နဲ့ဖြေကြည့်မယ်နော်။ In my opinion , the most important thing in life is “ wisdom ” . ဒါဆို ဒီ wisdom အကြောင်းကို ရှင်းပြပါမယ်နော် ။ ဗမာလို သိကြတာက “ဉာဏ်ပညာ” ပေ့ါ ။ တကယ့် အနှစ်သာရ ကတော့ True wisdom သည် … ကိုယ့်ကိုကိုယ် ကောင်းစွာနားလည်နိုင်ခြင်း လို့ပဲ ပြောချင်ပါတယ်။ […]


မောင် ပေMay 21, 20131min26915
ဘာများပါလိမ့် ဆိုတော့… ဒီလိုပါ… အဲဒီပုံကို ရိုက်ရဖို ့အတွက် ၊ မြန်မာစည်ဘီယာ ၅ခွက်လောက် သောက်ရပါတယ် ။ နွေရာသီ ရဲ ့ပူလောင်တဲ့ ညတစ်ညမှာ ဘီယာသောက်ခဲ့ကြစဉ်တုန်းကပါ ။ ကျုပ် ကိုယ်တိုင် ၊ တရုတ် ဟွာဝေ ဟန်းဆက် လေး နဲ ့ရိုက်ခဲ့တာပါ ။ ““““ ဘယ် www.google.com ဘယ် wikipedia မှ လဲ ခပ်တည်တည်နဲ ့ကူးပြီး ကိုယ်ပိုင်ဖန်တီးထားတာလို အင်ထုထားတာ မဟုတ်လို ့၊ ခရက်ဒစ် လဲ မပေးထားပါဘူး ။ ”””” အဲဒါဗျာ… စာဖတ်သူတွေ လဲ သိပြီးသား ကိစ္စပါ ။ ပိုက်ဆံ ချမ်းသာတဲ့ ယောက်ျားတစ်ယောက် မိန်းမ […]


မိုခ်ိဳMay 21, 20131min44032
ကျမ ရွာထဲ မှာ ပိုစ့် မတင် တာ ကြာ ပါပြီ။ မြန်မာပြည် ပြန် နေ လို့ ပါ ။ တွေ့ကြုံ ခဲ့ ရတဲ့ ကျမ တို့ ရပ်ကွက် ထဲက မိသားစု ၂ စု ရဲ့ အကြောင်းလေး ရေး ပါ မယ် ။ ကျမ တို့ ဒီရပ်ကွက် ထဲကို ပြောင်း လာလာ ၁ဝ နှစ် ကျော် ပါပြီ ။ အဲ ဒီ အချိန် ကတည်း က လမ်း ထဲ မှာ မှတ်မှတ် ရရ သတိ ထား မိ တဲ့ […]


နွေဦးMay 17, 20131min35718
ကျုပ်က နိုင်ငံရေးနဲ့ပါတ်သက်ပြီး ဝင်မပြောတော့ ပါဘူးလို့ နေတာပါဘဲ..။ ခုတော့ဗျာ….။ ဖြစ်လေ့ဖြစ်ထရှိတဲ့ မိုးဦးလေဦးမှာ ဝင်တတ်တဲ့ မုန်တိုင်း…. နှစ်တိုင်းလည်း ကြီးတာ သေးတာသာကွာတာပါ  တလုံးနှစ်လုံးတော့ ဝင်ပါတယ် ။ အရင် ကြီးကြီးမားမားနာဂစ်တုန်းက ဖြစ်မယ်ဆိုတာ လူတွေတဖွဖွ ပြောနေတာတောင် စစ်အစိုးရဆိုတာက မလှုပ်မရှား.. သူတို့အတွက် နိုင်ငံရေးအမြတ်ထွက်စရာမရှိတော့ … ဖြစ်ပြီးမှသာ ထောက်ပံ့ပေးကမ်းတာတွေ တနင့်တပိုး ဝေချမ်းစားသောက်လိုက်ကြတာ.. ခုထိပြောလို့မဆုံး အပြောခံကြရတယ်မလား ။ နိုင်ငံရေးအရ အမြတ်မထွက်ဘဲ အရှုံးပေါ်ပေမဲ့ စီးပွားရေးတွက်ခြေကိုက်သွားကြတာ… ဒါကို ဒီအစိုးရက သင်္ခန်းစာ ကောင်းကောင်းယူပြီး … အခု ဝင်လာတဲ့ ညောင်နာနာ မဟာဆန်မုန်တိုင်း ကို အဆင့်တွေမြှင့်ပေးပြီး ….. အရေးပေါ် ကော်မရှင်တွေဖွဲ့ …. ရိက္ခာတွေစုဆောင်း.. အကူအညီတွေတောင်း.. လက်ဖြန့်ပြီးအလှူခံ.. အကြံအဖန်တွေဆင်.. လက်ပန်းတောင်းတောင် အရေးကို လူတွေအာရုံပြောင်း.. မကောင်းကြံတဲ့ အဓိကရုန်းကို မေ့ကြအောင်ပြင်.. သမ္မတကြီး ကိုယ်တိုင် ရုပ်ထွက်ပြပြီး […]


Mr. MarGaMay 16, 20131min51124
မဟာစင် မုန်တိုင်းကတော့ ကမ်းခြေကို ဝင်ရောက်ဖို့ အရှိန်အဟုန်နဲ့ လာနေပြီ။ နောက်ဆုံးခန့်မှန်းချက်တွေအရတော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ ကြားကနေ ဝင်လိမ့်မယ်လို့ ပြောလို့ရတယ်။ မြန်မာဘက်မှာဆို မောင်တော၊ ဘင်္ဂလားဒေ့ရှ်မှာတော့ စစ်တကောင်းပေါ့ ဒီမြို့တွေက အဓိက လမ်းကြောင်းပေါ်ကို ရောက်နေတယ်။ အထူးသဖြင့် စစ်တကောင်းက မုန်တိုင်းရဲ့ လမ်းကြောင်းနဲ့ တည့်တည့်ပဲ။ မြန်မာ အနေနဲ့တော့ မုန်တိုင်းလမ်းကြောင်းနဲ့ တည့်တည့်မှာကျတာ ချင်းပြည်နယ် တစ်ခုပဲရှိတယ် ကျန်တာတွေက မုန်တိုင်းဗဟို မရှိဘူး။ ဆက်ပြီး ခန့်မှန်းချက်အရဆိုရင် မြန်မာနိုင်ငံ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထိကို ဆက်သွားမယ်ဆိုတော့ မြန်မာဘက်က ရခိုင်ကမ်းရိုးတမ်းနဲ့ ချင်းပြည်နယ်ဘက် အဓိက အာရုံစိုက်ရလိမ့်မယ်။ ကံကောင်းတာတစ်ခုက အဲဒီဘက်မှာ ရခိုင်ရိုးမ ရှိနေတာကြောင့် အသင့်အတင့် အားလျော့သွားမယ်လို့တော့ ယူဆမိတယ်။ နောက် ဆက်ကာဆက်ကာ […]


နည်းနည်းလောက်ပေါက်ကွဲခွင့်ပြုကြပါ။ စိတ်ထဲမှာလည်း တော်တော်လေး မွန်းကျပ်နေလို့ပါ။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုလျော့သလို ဖြစ်နေပါတယ်။ အလုပ်အကြောင်းလေး ရင်ဖွင့်ပါရစေရှင်။   ခရီးသွားလုပ်ငန်းရဲ့ High Season ကတော့ ဧပြီလ ၃ဝ ရက်နေ့မှာ ကုန်ဆုံးသွားခဲ့ပါပြီ။ မေလကနေ စက်တင်ဘာလအထိကိုတော့ Off Season (တနည်းအားဖြင့် Low Season) လို့ သတ်မှတ်ထားတဲ့အတွက် ဒီလိုမိုးရာသီအစမှာ ခရီးသည်တွေ လျော့နည်းစပြုလာပြီ ဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ ခရီးသွားကုမ္ပဏီတွေလည်း ကုန်ဆုံးသွားတဲ့ကာလက စာရင်းတွေကိုရှင်း၊ လာမယ့် ခရီးသွားရာသီအတွက် ပြင်ဆင်ကြနဲ့ ထူးထူးခြားခြား အလုပ်ပါးသွားတယ်ရယ်လို့တော့ မရှိပါဘူး။ (မိုးတွင်းဧည့်သည်များတဲ့ တစ်ချို့ကုမ္ပဏီတွေကတော့ အလုပ်များနေမယ်လို့ ထင်ပါတယ်။)   ပြီးခဲ့တဲ့ရာသီတစ်ခုလုံးကို စိတ်မောလူမောနဲ့ ဖြတ်သန်းခဲ့ကြရပါတယ်။ အခန်း booking တွေမရတာ၊ လေယာဉ် booking […]


alinsettMay 11, 20131min23019
ဘုန်းကြီးအမှု ရွာပတ်တယ် ဆိုတဲ့စကားလိုပါပဲ။ မနေ့က ကိုယ်နဲ့တိုက်ရိုက် မဆိုင်တဲ့ ဖြစ်ရပ်တစ်ခုကို အကြောင်းပြုပြီး မတရားတဲ့ စွပ်စွဲချက်တွေနဲ့ ထိပါးစော်ကားခံလိုက်ရပါတယ် ။ အဖွဲ ့အစည်းနဲ့ လုပ်တဲ့ လုပ်ဆောင်မှုတွေမှာ တစ်ယောက်မကောင်းတာနဲ့ အဖွဲ့အစည်းတစ်ခုလုံး နာမည်ပျက်သွားလေ့ရှိတာ ထုံးစံပါပဲ။ ငခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တယ် ပဲ..ထားပါတော့။ ဒါပေမယ့်… တစ်ယောက်မကောင်းတာနဲ့ အကုန်လုံးက်ို သိမ်းကြုံးပြီး နာမည်ပျက်စေတဲ့အခါ… ကျန်တဲ့ ကောင်းနေသူတွေ ဘက်က ခံစားချက်ဟာ..အရေးမပါတော့ဘူးလား။ ခြေမမကောင်း ခြေမ / လက်မ မကောင်း လက်မ ဖြတ်ပစ်မှ သဘာဝကျမယ်ထင်ပါတယ် ။ လက်မတစ်ချောင်း မကောင်းတာနဲ ့လက်တစ်ဖက်လုံး ( လက်ငါးချောင်းလုံး) ဖြတ်ပစ်မယ်..ဆိုတာကတော့ သိပ် သဘာဝ မကျပါဘူး ။ အဖွဲ့ထဲက တစ်ယောက်က ဂုဏ်သိက္ခာ […]


etoneMay 10, 20131min33520
( ဒီပုံစံအတိုင်းဆို … နိုင်ငံတွင်းက .. ဆရာဝန်တွေ ..ဆေးကုဖို့ တွန် ့ပြီး ….  ပြည်ပပဲရောက်ကုန်တော့မလား ၊ စီးပွားရေးပဲ ပြောင်းလုပ်တော့မလားမသိ …. ။ ရဲတွေဘက်တားဂတ်ထားပြီး ဆူအောင်လုပ်တုန်းက မအောင်မြင်လို့ .. ခုဆရာဝန်တွေဘက် … မြှားဦးလှည့်လာပြီ …. ဆရာဝန်တွေ ကပ်ဆိုက်တယ် .. ခေါင်းကျိမ်းပေတော့ပဲ ….  😛 အဟမ်း … အားနေလို့ လက်သရမ်းတယ်ပဲပြောပြော .. ဝါသနာ ပါလို့ အာဝင်ချောင်တယ်ပဲပြောပြော … မိမိရဲ့ ထင်မြင်ချက်ကို နည်းနည်းပွားခွင့် ပြုပါ အရပ်ကတို့ရေ …. ။ ကိုယ်ပိုင် ထင်မြင်ချက်နဲ့ ထောက်ပြရေးထားတာကြောင့် … တစုံတဦးအပေါ် ထိခိုက်နစ်နာမှု ဖြစ်လာခဲ့လျှင်လည်း … ဆောရီးပါလို့ […]


alinsettMay 9, 20131min42951
ရွာထဲမှာ တင်ပြလာတဲ့ ကဗျာတွေကို ဖတ်မိတိုင်း ကဗျာနဲ့ ပက်သက်ပြီး စိတ်ကူးတွေအမျိုးမျိုး ပေါ်ခဲ့ပါတယ် ။ ကဗျာ ဟာ ဒီရွာထဲမှာ အင်အားတစ်ခု အနေနဲ့ တောင့်တောင့်တင်းတင်း ရှိနေတယ်လို ့လည်း… ထင်ပါတယ်။ ကဗျာ ရေးတဲ့ ရွာသူားတွေ ရော / ကဗျာဖတ်တဲ့ ရွာသူားတွေရော ကဗျာကို ချစ်မြတ်နိုးတန်ဖိုးထား တတ်ကြမယ်ဆိုတာလည်း….. သေချာပါတယ်။ ရွာထဲမှာ ကဗျာတွေ စာတွေနဲ့ပက်သက်ရင် ကျွမ်းကျင် အဆင့်တွေ မနည်းဘူး ဆိုတာလည်း…… သတိပြုမိပါတယ်။ အနည်းဆုံးတော့ ဒီရွာသူားတွေဟာ… ကဗျာတွေ / စာတွေနဲ ့မစိမ်းတဲ့ ပုဂိ္ဂုလ်တွေပါ။ ———————————————- အခုတော့ ကဗျာ တွေ နဲ့ပက်သက်ပြီး စိတ်ကူးတစ်ခုကို ကျွန်တော်…..အကောင်အထည်ဖော်ချင်လာပါတယ်။ ဒီစိတ်ကူးကတော့………………… ———————————————- ဟ်ိုတလောက အလုပ်နားရက်မှာ […]


alinsettMay 4, 20131min2199
ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၉) ဆေးရုံ “သဘာဝတရားက ဖျားနာနေပြီ း လူသားက တုတ်ကွေးမိနေတာနဲ့ တူတယ် တဲ ့၊ ကမာ္ဘကျော် ပုဂ္ဂိုလ် ကြီးတွေ က ပြောကြတယ်” “ဟင်..လူတွေနဲ့ သဘာဝတရားက ကုသခန်း တစ်ခု ထဲ မှာ အတူရောက်နေတာပေါ့၊ ဆက်ပြောစမ်း ပါအုံ း၊ တို ့ရဲ့ ဆေးရုံက ဘာလဲ” ( တာရာမင်းဝေ ) ============================================= သဘာဝတရားက ရိုးရိုးဖျားနာနေတာ မဟုတ်ပါဘူး ။ ခုခံအားကျဆင်းနေလို ့.. အဖျားအနာတွေ..ဝင်လာတာပါ ။ လူသားတွေရဲ ့…. မဆင်မခြင်….လုပ်ရပ် ( လုပ်ခဲ့တဲ ့ လုပ်ရပ်တွေ ) ကြောင့်….. ခုခံအားတွေ…ပြိုပြိုလဲလဲ… ကျဆင်းသွားရတာ…။ […]


pazflorMay 4, 20131min32317
ဒီနှစ်ပိုင်းတွေ အတွင်းနိုင်ငံထဲ ကောင်းသောအပြောင်းအလဲအချို ့ကို တွေ ့မြင်ရ၍ ဝမ်းသာမိပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ အုံပုံးအကြိတ်အခဲတွေ ဒီနှစ်ပိုင်းတွေအတွင်းမှာ မကောင်းတဲ့ ဖြစ်ရပ်ဆိုးပေါင်းအများကို ဦးတည်သွားစေလို့ တစ်ဘက်က စိုးရိမ်ပူပန်မိပါတယ်။ အထူးသဖြင့်တော့ ဘာသာရေးနှင့် လူမျိုးရေးပြဿနာတွေ့ပေါ့။   အင်ဒိုနီးရှားမှာ မြန်မာသံရုံးကို ဗုံးဖောက်ဖို့ ကြံစည်သူနှစ်ယောက်ကိုဖမ်းဆီး လိုက်နိုင်တယ်လို့ကြားပါတယ်။ ဒါအပြင် လူနှစ်ထောင်လောက် ဂျကာတာရှိ မြန်မာသံရုံးရှေ ့မှာ ဆန္ဒပြကြပါတယ်။ မြန်မာနိုင်ငံအလံနဲ့ သမ္မတဓါတ်ပုံကို မီးရှိူ ့ခဲ့တယ်လို့ strait times မှာဖတ်ရတယ်။ နောက်တရားဟောသူအချို ့က မြန်မာနိုင်ငံအစိုးရကို ‘Holy war’ (မြင့်မြတ်သောစစ်ပွဲ) ဆင်နွဲဖို့ ပြောဆိုဟောပြောကြတယ်ဆိုပါတယ်။ဒေသတွင်းနိုင်ငံတွေတောင် မြန်မာပြည်နဲ့ ဆက်စပ်ပြီး အကြမ်းဖက်မှူ့ ဂယက်တွေရိုက်လာမှာစိုးရတယ်လို့ဆိုကြပါတယ်။   ဒါတွေကြားမိ၊ဖတ်မိရတော့ စိတ်မကောင်းဖြစ်မိရတယ်။ ပြောင်းလဲခါစဖြစ်နေတဲ့ ကိုယ့်မြန်မာနိုင်ငံအတွင်းမှာ […]


      ညနေစောင်းပြီ။ မှော်ဆရာ လေချွန်နေသည်။ ဆက်ရေးမှ ရမည့် ဝါကျတစ်ကြောင်းအတွက် ကောင်းထက် စဉ်းစားမရ။ တွေဝေနေ၏။ သက်လုံကောင်းဖို့ လိုပါသည်။ ကလေးတစ်ယောက် ချော်လဲကျသွားသည်။ ကောင်းထက် ချော်လဲလို့ မရတော့။ သူ့အသက် သုံးဆယ့်တစ်နှစ်။ မိုးချုပ်ပြီ။ မှော်ဆရာ လေချွန်နေတုန်း။ အပြန်လမ်းသည် နေဝင်ရာဘက်ကို ဖြစ်သည်။ ကောင်းထက် စားပွဲခုံကို လက်သီးဖြင့် ထုလိုက်သည်။ ကြောင်တစ်ကောင် လန့်ပြေးလေ၏။ လူတွေ အများကြီး လမ်းလျှောက်ကြသည့်နေရာသည် ပွဲဈေးတန်းဖြစ်သည်။ ပွဲဈေးတန်းသည် ပွဲတော်တွင် ရှိသည်။ ပွဲတော်တွင် မိုးပျံပူပေါင်းသယ် တစ်ဦးရှိသည်။ ဆူညံနေ၏။ ဇာတ်ပွဲရှိနိုင်သည်။ အငြိမ့်မင်းသမီး အလှပြင်လို့ ပြီးပြီ။ ပွဲစတော့မည်။ ဆယ့်ငါးမိနစ်စာ အမောခံနိုင်ရမည်။ မင်းသားနှင့် တွဲကမည်။ ဖရဲသီးနီနီများ ရောင်းနေပြီ။ […]