အခြေခံပညာတွေကို အရင်ဆုံးပြုပြင်သင့်တဲ့ အကြောင်းလေးကို ဆရာမနဲ့ စကားထပ်ပြောပြီးတဲ့အခါမှာရော၊ နယ်ကို ခဏပြန်လိုက်တဲ့အခါမှာရော သိလာခဲ့ရတာတွေနဲ့ ပေါင်းပြီး ပြောချင်လို့ပါ။   ကလေးတွေကို self study လုပ်တတ်အောင်၊ တီထွင်ကြံဆနိုင်အောင်ဆိုတာ မူလတန်းကြို၊ မူလတန်းအဆင့်တွေကတည်းက လေ့ကျင့်ပေးဖို့လိုပါတယ်။ ကလေးတွေအကုန်လုံးက ရ တန်းလောက်သာရောက်လာတယ်။ လက်ရေးလက်သား၊ အခြေခံအသိပညာတွေ ဘာမှကောင်းကောင်းပါမလာပါဘူး။ သူတို့တွေကို မေးကြည့်တဲ့အခါ မူလတန်းတစ်လျှောက်လုံး စာမေးပွဲတွေမှာ မေးခွန်းရခဲ့ပါတယ်တဲ့။ မိဘတွေကလည်း သူတို့ကလေးတွေ အဆင့်တွေဝင်နေကြတာကို ဂုဏ်ယူနေကြတယ်။ တကယ်တမ်း အလယ်တန်းအဆင့်ကို ရောက်လာတဲ့အချိန်မှာ ဘာအခြေခံမှ ပါမလာကြပါဘူး။ နယ်က ဆရာမတွေကပြောတယ်။ ကလေးတွေက ပိုပိုညံ့လာကြတယ်တဲ့။ ဘာလို့လည်းလို့ ကြည့်လိုက်တဲ့အချိန်မှာ ကလေးတွေကို အခြေခံကောင်းကောင်း မပေးခဲ့တဲ့အတွက်ပါ။ ဆယ်တန်းမှာ တစ်အုပ်လုံးကျက်၊ မေးခွန်းတွေခက် လုပ်လိုက်ရော လွယ်လွယ်နဲ့အောင်လာတဲ့ကလေးတွေ အကုန်ဒုက္ခရောက်ကုန်ကြရော။ ထပ်ပြီးတော့ […]


မောင် ပေAugust 15, 20121min26917
ခေါင်းစဉ်ကတော့ ကိုပေါက်အနောက်ကလိုက်ခြင်းပေါ့ဗျာ… ဘာလို ့ဒီလိုခေါင်းစဉ်တပ်ထားလဲဆိုတော့ ကျွန်တော် ပြထားတဲ့ ဓါတ်ပုံက လမ်းပြောင်းပြန်ထွက်နေတဲ့ စစ်ကားတစ်စီးပုံကို ပြထားတာမို ့ပါ ။ “ လမ်းပြောင်းပြန်မောင်းတဲ့တစ်ခြားကားတွေကိုရိုက်ပြလဲ ရနေတာပဲဟာ… ဘာလို ့စစ်ကားကိုမှ ရိုက်ပြရလဲ ” လို ့မေးလာခဲ့ရင် ဒီလိုပါ တစ်ရက်ကပေါ့ဗျာ ပုံထဲပါ လမ်းကြားက မန်းတလေးမြို ့ဈေးချိုနာရီစင်အရှေ ့ဘက်က လမ်းကြားလေးထဲမှာပါ ဧရာဝတီဘဏ်ရှိတဲ့လမ်းကြားဗျ ။ ဒီလမ်းကြားထဲမှာ စက်ပစ္စည်းဆိုင်တွေ ၊ ကုန်မာဆိုင်တွေ ၊ အိမ်ဆောက်ပစ္စည်းဆိုင်တွေ ၊ ရေပိုက်ဆိုင်တွေ ၊ ငါးဖမ်းပိုက်ဆိုင်တွေ ၊ ဖိနပ်ဆိုင် ၊ ကြိုးဆိုင်… တော်တော်ကို စုံတဲ့လမ်းကြားလေးဗျ ။ အဲဒီလမ်းကြားက မြောက်ဘက်ကနေ တောင်ဘက်ကိုပဲ သွားရတဲ့ တစ်လမ်းမောင်းအဖြစ်သတ်မှတ်ထားတာ နှစ်ပေါင်း၁ဝနှစ်မက ကြာခဲ့ပါပြီတဲ့ […]


  (က) “ဘာကွ မင်းက ဘာကို အပေါင်ထားမယ် ပြန်ပြောစမ်းပါဦး” “ဟုတ်. ကျွန်တော် မနက်ဖြန်ကို အပေါင်ထားချင်ပါတယ်” “မနက်ဖြန်က ဘယ်လောက်တန်လို့လဲကွ” “တန်ပါတယ်… ခင်ဗျား လုပ်ရပ်အတိုင်း အတိုင်းအဆမဲ့ တန်ပါလိမ့်မယ်” “အေး.. ငါက အိပ်နေရင်ရောကွာ” “ခင်ဗျားအိပ်နေရင်တော့ ခင်ဗျားအိပ်ယာလောက်ပဲ တန်ပါလိမ့်မယ်” “ဟေ.. တော်ကွာ.. အလုပ်ရှုပ်တယ် အပေါင်မခံနိုင်ဘူး… ရွှေပဲ အပေါင်ခံတယ် ဒါပဲ .. သွားတော့” ကျွန်တော် ဘာမှ ပြန်မပြောတော့ဘဲ ထွက်ခဲ့လိုက်ပါတယ်။   (ခ) “အနေအထိုင်သင်ချင်လို့ပါ ဆရာ” ဗေဒင်ဆရာကြီးက မျက်မှန်ကနေ ပြူးပြတယ်။ “နေပါဦး .. မင်းက အနေအထိုင် မတတ်လို့လားဟ” “ဟုတ်ပါတယ်” “ဆိုပါဦး .. ဘယ်လို အနေအထိုင်မတတ်တာလဲ” “ဟုတ်ကဲ့… […]


ပုိင္ေလးAugust 11, 20121min41721
အလွန်ကောင်းသော videoပါ။ အစ အဆုုံးသေသေချာချာကြည်ကြည့်ပါ။  ကုုလားပါလိုုမကြည့်ပဲမနေပါနဲ့ ပြီးလျှင်သေချာ သုုံးသပ်ပါ….သူလောက်နိုုင်ငံတော်ချစ်ရဲ့လား….လေးစားရဲ့လားလိုု http://www.youtube.com/watch?v=Qeqs3BObXY8&feature=related ရုုပ်ရှင်ရုုံထဲမှာ နိုုင်ငံတော်အလံနှင့် နိုုင်ငံတော်သီချင်း ဖွင့်တာ မဖွင့်တာ သူအလုုပ်။ ကိုုယ်က မိမိနိုုင်ငံတော်ကိုု ချစ်ရင် ဘယ်နေရာရောက်ရောက် သီချင်းသံကြားတာနဲ့ အရိုုသေပေးရမှာ ဘယ်သူတာဝန်လည်း?????? လွတ်လပ်စွာ ကွဲလွဲနိုုင်သည်။


Ko out of...August 11, 20121min612
၁။ လူတွေဟာ လူ့ရဲ့ပြဿနာကို လက်ခံရမှာပါ…အဲဒီမှာရှေးကလို ရှင်မောဂ္ဂလန် ဘယ်လိုဝဋ်လိုက်တယ်ဆိုတာမျိုးနဲ့ မရှင်းရပါဘူး…လူမှာ ဘယ်ဝဋ်လိုက်တယ်သာ မြင်အောင်ကြည့်ပြီး ပြင်ဖို့ လုပ်ရမှာပါ… ၂။ ဆေးပညာရဲ့ မှားယွင်းမှုများကို လူသိရှင်ကြား မဖေါ်ထုတ်ရဲ့ခြင်းဟာ ဆေးပညာဖွံ့ဖြိုးမှုကို နောက်ကျစေတယ်.. ထို့အတူ သဘောတ တရားမှား တခုကို လူသိရှင်ကြား မဖေါ်ထုတ်ရဲ့ခြင်းဟာလည်း… မှန်ကန်တဲ့ သစ္စာတရား…ကွယ်ပျောက်ဖို့.. အကြောင်းတရားတွေဘဲ… ၃။ အရိယာဟာ ကံအမြင်မှန်မမှန်နဲ့ ဖြစ်မဖြစ်ပိုင်းခြားရမှာဘဲ…ကံအမြင်မမှန်ရင် အရိယာလို့ ထင်စရာတွေ ဘာတွေရှိရှိ အနရိယာ ပုထုဇဉ်ဘဲ…ကံ အမြင် သိသိ ထင်ထင် အမြင်မှန်ရင် အရိယာဘဲ… ၄။ ပရမတ္တသံဃာ ဖြစ်ချင်ရင် ပရမတ်ကို ဝိပဿနာရှု့ဖို့ဘဲ… အရိယာ သံဃာဖြစ်ချင်တော့ သံသရာကို ဘာဝနာရှု့ရလိမ့်မယ်… ၅။ ပရမတ်မှာ ဖြစ်ပျက်ရှိသလို… သံသရာမှာလည်း ဖြစ်ပျက်ရှိတာဘဲ…ဒါပေမဲ့ […]


ムラカミAugust 9, 20126min21419
    ပထမဆုံး သည်ပိုစ့်ရေးဖြစ်ပုံအကြောင်း ..နည်းနည်း ရှင်းချင်ပါတယ်.. သည်ပုံတွေကို စာရေးမယ် ဆိုပြီး တင်ထားလိုက်တာ ..အတော်တောင် ကြာသွားပြီ ဖြစ်ပါတယ်.. လိုကယ်က ..ဂျူနီယာ ညီမ တစ်ယောက်က သူ့ စာတမ်း အတွက် လိုတာလေးတွေ လှမ်းအကူအညီတောင်းလို့ ဟိုက သည်က ယူထားတဲ့ ပုံတချို့ ဖြစ်ပါတယ်… အဲ့ဒါတွေ ခန တင်ထားရင်းနဲ့ စာရေးမယ် စိတ်ကူးမိသော်လည်း .. ဘယ်လို ဆက်စပ်ပြီး ရေးမယ်… ဘာကို ဇောင်းပေးပြီး ပြောမယ် အတွေးမရလို့ မရေး ဖြစ်တာ ဖြစ်ပါတယ်…။ သည်စာစုဟာ နည်းနည်းတော့ တက္ကနစ်ကယ် ပိုင်း ဇောင်းပေးဖြစ်လိမ့်မယ်လို့ ကနဦး ဝန်ခံလိုပါတယ်.. ရေးဖြစ်တဲ့ အကြောင်းကတော့ … ကျနော် အလွန်နှစ်သက်တဲ့ […]


koyin sithuAugust 9, 20121min29520
အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။ “အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။ ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။ အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။ ထိုခုနှစ်မျိုးမှာ … ၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း – အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊ ၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း – အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။ ၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း […]


ムラカミAugust 8, 20122min38940
  တခါတခါ ဂွကျတယ် ….ခည … ကျနော်တို့ ရဲ့ မျိုးရိုး နာမည် မရှိမှု က …။ တရုတ်မှာလည်း ရှိတယ်… ကိုရီးယား ဂျပန်မှာလည်း ရှိတယ်..။ အနောက်တိုင်းမှာလည်း ရှိတယ် ဆိုတော့ကာ …။ ပြောရရင် ..ဥပမာ .. David Beckham ဗျာ..။ လူနာမည် David မျိုးရိုးနာမည် Beckham ဆိုပါတော့ …။ ယဉ်ကျေးမှုအရ .. ရင်းနှီးမှု မရှိရင် ..(ဝါ) ကာယကံရှင် ခွင့်ပြုချက် မရရင် .. Mr.Beckham ပေါ့ … အဲ .. ဘော်ဒါဘော်ကျွတ် ဖြစ်ပြီ ဆိုရင်တော့ ..ဟိတ်ကောင် David ခေါ်ခွင့်ရှိရဲ့ ဆိုပါတော့ … ။ ထားပါတော့ … […]


ပြီးခဲ့သောတစ်ပတ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်က ဖြစ်လေသည်။ ကျနော် ရွာစားကျော်သည် စိတ်အားလက်အားရှိသည့်အလျောက် ရုံးဖွင့်ရက်တွေမှာ သေချာငုံ့မကြည့်ဘဲ ခိုင်းချင်သလိုခိုင်းထားသည့် စီးတော်ယာဉ်မော်တော်ဖွတ်ချက်လေး၏ ကြံ့ခိုင်ရေးကို စစ်ဆေးကြည့်မိသည်။ ကျနော့ဆိုင်ကယ်နောက်ဘီးမှာ လေထိုးပါသော်လည်း မကြာ ပြန်ကာ ပြားပြားသွားနေသလို ဘရိတ်ကလည်း အတော်နင်းမှ မိချင်ချင်ဖြစ်နေပါသည်။ ဘီးပေါက်သလို ထိုးသမျှလေ အကုန်ထွက်တာလည်း မဟုတ်..။ သေချာကြည့်တော့ ဘားတိုင်က လေထွက်နေတာ ဖြစ်သည်။ ကျွတ်အဟောင်း တစ်ခုက ဘားဆံလေးနဲ့ လဲသုံးလို့ အိုကေနိုင်သေးသည်။ ဘရိတ်မမိတာကတော့ ဘရိတ်ရှူး အသစ်လဲမှကောင်းမည် ဆုံးဖြတ်ကာ လိုတဲ့ပစ္စည်းပြေးဝယ်လို့ ကိုယ်တိုင် ပြင်ဆင်ဖို့ လုပ်ပါတယ်…။ ရာသီဥတုက မိုးလေးတစိုစိုကြောင့် လမ်းကလျှော်တတ်တာမို့ အနာ္တရာယ်ကင်းဖို့လည်း ဂရုထားရပေမည်မဟုတ်ပါလား။ ကျနော် တကုပ်ကုပ်နဲ့ ဘီးဖြုတ်၊ ဘာဖြုတ်လုပ်နေတော့ ဇနီးသည် ရှင်မွေးလွန်းက ခွလေးယူပေး၊ […]


ဃိန်….. ဂိန်……ကိန် ဇာတ်လမ်း အစက ဒီလိုပါခင်ဗျ ပြီးခဲ့တဲ့ တနင်္ဂနွေက ပန်းဆိုးတန်းတလျှောက် စာအုပ်တန်းတွေ ရောက်ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ အဖေ့အမွေ ဆက်ခံသူဆိုတော့ စာအုပ်လေးတွေ မွှေနှောက် ရှာဖွေ လှန်လှောဖတ် ကြိုက်ရင်လည်း ဝယ်သိမ်းတဲ့ အကျင့်လေးကြောင့်ပါ။ နောင်အချိန်ရတော့လဲ ပြန်ဖတ်ဖို့ ကြိုတင်စုဆောင်းတဲ့ သဘောပါ။ ဘာမှ ထွေထွေထူးထူး ရှာမတွေ့တော့ စာအုပ်တိုက်တွေဘက် ခြေဦးလှည့်တာပေါ့ဗျာ။ အဲဒီကနေ စာပေနယ်ထဲရော အနုပညာနယ်ထဲပါ ညီအစ်ကို တစ်အုပ်ကြီးရှိတဲ့ အသောက်ဆြာ ဘော်ဒါက ဖုန်းဆက်လာတော့ နေမညိုသေးတာက တကြောင်းမို့ တီးဆိုင်လေးမှာ ဆုံကျရင်း ရောက်တတ်ရာရာ ပြောဖြစ်ကြပါတယ်။ ပြောကောင်းနေတုန်း ဟာသဘက်မှာ လူကောင်ကြီးကြီးနဲ့ အောင်မြင်နေသူ အစ်ကိုတယောက်က လှည်းတန်းဘက်လာဖို့ အကြောင်းပြောလာတော့ ကျနော်တို့ ၃ယောက်သား ရွေ့ကျလေသတည်းပေါ့ သူက လူကသာ ဟာသလုပ်နေတာ စာရေးစာဖတ်ပါ ကိုယ်တိုင်ရော မျိုးရိုးပါ ကောင်းကြသူတွေလေ လေးလဲ လေးစားအပ်သူပါ။အရင်က ကြုံတောင့်ကြုံခဲ ခုလိုလူစုံရင် ကျနော်က အငယ်ဆုံးနဲ့ အကဲဆုံးမို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကျမို့ အမှတ်တရနဲ့ သွားလေသူ ၅ဝကျော်လေးကို သတိရလိုက်ပါသေးတယ်။ […]


Foreign ResidentAugust 1, 20122min42569
စဉ်းစားကြစေလိုပါတယ် ( ၃ရ ) ( ဆွေးနွေး မိတာလေးပါ – ၃ )   ရွာသူားတို့ရေ ။   သတင်းထူးလေး ပေးပါတယ် ။ အဘ ဘာ သဘောထား ၊ မှတ်ချက် မှ မပေးပါဘူး ။ သိသင့်တဲ့သတင်းမို့လို့ ၊ လက်တို့ပါတယ် ။   ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ်က ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် က ၊ ၂၅ ရက်နေ့ ဇူလိုင်လ က လွှတ်တော်မှာ ပြောသွားတဲ့ ၊ မိန့်ခွန်း VDO ခွေ ထွက်လာပါပြီ ။   —http://www.youtube.com/watch?v=YTUdcLAq8ag&feature=plcp—   သူ့ […]


same kyawAugust 1, 20121min1436
အမှန်ပြော ရင်စာရေးပြင်းတယ်။ ဒါပေမဲ့ဝါတနာပါတယ်။ မနေ့ က ဆောင်းပါးရှင် နေခြည်(မကွေး)ရဲ့ ရိုးရာလေး အင်တာ နက်စာထဲမှာ ပါတဲ့ ဆေးရုံမှာ ငွေ ရှင်းပေးမဲ့လူ မရှိလို့လူနာ ကို ဘာမှ မလုပ်ပေးဘဲ  ပြစ်ထားတယ် ဆိုတဲ့ ဆောင်းပါး ကို ဖတ်ပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု့ဟာ ထင်တာထက် ပိုဆိုးလာတယ်လို့ ထင်ပါတယ်။နယ်ဆို ပိုဆိုးပြီးပေါ့။ ကိုယ်ရောက်ဘူးတဲ့ နေရာနဲ့ နှိုင်းယှဉ်ကြည့်မိပါတယ်။ တခြားတိုးတက်တဲ့ တိုင်းပြည် ကို မရောက်ဘူးတော့ မပြောတတ်ဘူး ။ကိုယ်သိသလောက် ပြန်ပြောပြတာပါ။ အာဆိယမ် နို်င်ငံတွင်း ဘဲ ကြည့် ပါ ။ ဥပမာ မလေးရှား မလေးရှား က သူ့နိုင်ငံသားတွေ ကို ကျန်းမာရေးစောင့်ရှောက်မှု့ အရမ်းပေးပါတယ်။ ဥပမာ […]


koyin sithuJuly 31, 20121min26224
မိမိမွေးရပ်မြေမှ ကျွန်တော်ထွက်လာလိုက်တာ ဒီနေ့နဲ့ဆို တစ်လတင်းတင်းပြည့်တော့မည်။ ရန်ကုန်မှာနေစဉ်တုန်းက အလုပ်မရှိ၊ အချိန်ကလည်းရသည်မို့ စာတွေ ပို့စ်တွေရေးလိုက်တာ ခုတော့ ပြန်ဖတ်ကြည့်တာ ကိုယ့်ကိုယ်တောင် ငါ ဒီလောက်တောင် ရေးနိုင်ပါလားလို့ အံ့ဩသင့်မိသည်။ ဂေဇက်ရွာကိုကော၊ မိတ်ဆွေ ရွာသူားများကိုပါ ဘယ်ပင်လယ်ပြင်ထဲ ရောက်ရောက်သတိရနေမိသဖြင့် ဂေဇက်ရွာကိုလည်း အချိန်မရသည့်ကြားမှ အင်တာနက်လိုင်း ရရင်ရသလို ရွာသူားများ ပို့စ်တွေကို အမြဲဖတ်၍ အားပေးနေမိသည်။ ယခုကိုယ်တိုင်တော့ စာရေးဖို့ အချိန်သိပ်မပေးသလို Duty နားရင်လည်း ပင်ပန်းလို့ အိပ်ပျော်သွားသလို၊ ပို့စ် ရေးနေတုန်း Walkie-talkie မှ ဟိုခိုင်းဒီခိုင်းဆိုရင်လည်း Mood ကပျက်သွားပြီး စာသိပ်မရေးဖြစ်တော့။ ကျွန်တော်တို့ သင်္ဘောပေါ်တွင် ဖားပြုတ်(ဖိလစ်ပိုင်)၊ အီဂျစ်၊ အိန္ဒိယ၊ ရွှေ စတဲ့ လူမျိုးတွေပါဝင်သလို ရွှေမြန်မာကလည်း ကျွန်တော်ပါ အပါမှ […]