Khaing KhaingJuly 30, 20121min35464
ရုံးမှာ အလုပ်လုပ်နေရင်း အိမ်သာသွားတုန်း ဝင်လာတဲ့အတွေးလေးတစ်ခုကို ပို့စ်တင်မိတာပါ …. အိမ်သာတက်ပြီးလက်ဆေးမယ်လုပ်တော့ လက်မဆေးရင်ကော တကယ်ရောဂါရသလား မရဘူးလား … 🙂 အညစ်အကြေးတစ်ခုခုကိုင်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ဆေးကြောရင် သန့်ရှင်းတယ် ရောဂါပိုးတွေကို ကာကွယ်တယ်လို့ကြားဖူးပါတယ် …. ညစ်ပတ်နေတဲ့လက်ကို ဆပ်ပြာနဲ့ဆေးကြောရင် သန့်ရှင်းသွားတာ ရိုးရိုးအမြင်နဲ့ကြည့်ရင် သိသိသာသာမြင်နိုင်ပါတယ် … ရောဂါပိုးမွှားတွေ တစ်ကယ် သေမသေ တကယ်စင်မစင်ကို သေချာမသိဘူး …. ဥပမာ … ဝမ်းလျှောဝမ်းကိုက်နေတဲ့သူတစ်ယောက်ဟာ အိမ်သာတက်ပြီးလက်ဆေးရင် ထိုဝမ်းရောဂါပိုးတွေက တကယ်သန့်စင်သွားသလား … ကျွန်မ ဘတ်(စ်)ကားတွေစီးပြီးရင် အိမ်ရောက်တာနဲ့ လက်ကိုချက်ခြင်းဆေးတဲ့အကျင့်ရှိပါတယ် ………. ကိုယ်ကသန့်ရှင်းစေချင်လို့ လက်ကိုဆေးလိုက်တာပါ ဒါပေမယ့် ဘယ်ဆပ်ပြာမျိုးနဲ့ပဲဆေးဆေးလက်က သန့်ရှင်းစင်ကျယ်သွား လားမသွားဘူးလား ဆိုတာကို သံသယဖြစ်မိတယ် …….. ဒါကလည်း ဆပ်ပြာတွေအပေါ်ကို ယုံကြည်မှုနည်းတယ်လို့ပဲ ဆိုရမလား […]


မောင် ပေJuly 29, 20122min117259
အားလုံးပဲ မင်္ဂလာပါ ။ တစ်ရက်တုန်းကပေါ့ဗျာ အင်တာနက် အမြဲသုံးတဲ့ အသိတစ်ယောက်နဲ ့ လဘက်ရည်အတူထိုင်သောက်ကြရင်း ရောက်တတ်ရာရာ ဘာညာသာရကာ….( နေကြာကွာစေ့ မပါဘူးဗျို ့) ပြောဆိုဖြစ်ရင်း အဆိုပါ အသိရဲ ့ ဆန္ဒတစ်ခု ကို ကြားသိခဲ့ရပါတယ် ။ သူ ့ဆန္ဒ က မန်းတလေး ဂေဇက်မှာ မန်ဘာဝင်ပြီး စာရေးချင်တယ် နောက်ပြီး မန်းတလေး ဂေဇက်ဝင် မန်ဘာများရဲ ့ချစ်ခင်လေးစားယုံကြည်မှု ကို လဲ လိုချင်တယ်ပေါ့ ဒါနဲ ့.. ကျွန်တော့် ကို “ ဘယ်လို လုပ်ရမလဲ ” လို ့ မေးလာပါတယ် ကျွန်တော်တောင် ဂေဇက်မှာ ယောင်တောင်ပေါင်တောင်နဲ ့အဆဲခံ ၊ အမြင်ကပ်ခံ ၊ […]


Foreign ResidentJuly 29, 20122min31442
စဉ်းစားကြစေလိုပါတယ် ( ၃၆ ) ( ဆွေးနွေး မိတာလေးပါ – ၂ )   ရွာသူားတို့ရေ ။ အခု Post ကတော့ အဘရဲ့ စဉ်းစားကြစေလိုပါတယ် ( ၃၅ ) ( ဆွေးနွေး မိတာလေးပါ ) Post ရဲ့ အဆက်လေးပါ ။ တွဲဖတ်မှ ပိုနားလည်ပါလိမ့်မယ် ။   အဘ အရင် Post ထဲမှာလည်း အဘ သဘောထားကို ထည့်ရေးခဲ့ပါတယ် ။   ၁ ။ ” မြန်မာ ဗုဒ္ဓဘာသာ တစ်ယောက် အနေနှင့် ရခိုင်ဘက်ကနာတာပေါ့ကွာ ။ အထူးသဖြင့် မွတ်ဆလင်ဘာသာ ရဲ့ သာသနာပြုနေတဲ့ […]


Mon LayJuly 28, 20121min1194
ရှော့ပင်းစင်တာ အသစ်တစ်ခုဖွင့်တိုင်း သွားဖြစ်တတ်သည့် ကျွန်မ သည်ကနေ့  လည်းနာနတ်တောလမ်းမှာ မကြာခင်ကဖွင့်လှစ်လို်က်သည့် Junction Square ကိုသွားလို်က်သည်။ ကျွန်မကတာမွေအဝိုင်းထိပ်မှာ နေသူဖြစ်သောကြောင့် ပါရမီ၁၇၄ကားကိုသာ စောင့်စီးလိုက်သည်။ ကားပေါ်ကဆင်းလို့   တစ်ဖက်ကိုလမ်း ကူးမယ်ကြံလို်က်တော့ ကျွန်မကိုလမ်းကူးခွင့်မပေးဘဲ ကားများကတစ်စီးနှင့်တစ်စီး အပြိုင်အဆိုင်ဝှီးခနဲဝှီးခနဲ ဖြတ်သွားနေကြသည်။ သည်တော့ကားများအရှင်းကိုသာ ရပ်စောင့်နေလိုက် တော့သည်။ ရပ်စောင့်နေရင်းမှ မလှမ်းမကမ်းက လူကူးမျဉ်းကျားကိုမြင်လိုက်သည်။ ထို့နောက်လူကူးမျဉ်းကျားမှသာ ကူးတော့မည်ဟု စိတ်ကူးလိုက်ပြီး လူကူးမျဉ်းကျားဆီကိုသွားကာ ကားများအရှင်းကိုစောင့်နေလို်က်သည်။ ထိုသို့ရပ်စောင့်နေရင်း အရှေ့တူရှုမှ လူကူးမှုကိုပြသည့်မီးပွိုင့်အသေးစားလေးအလုပ်လုပ်နေသည်ကို လှမ်းမြင်လိုက်သည်။နိုင်ငံခြားကားများထဲတွင် ပါသည့် လူကူးမျဉ်းကျားပြမီးပွိုင့်လေးဖြစ်သည်။ ထိုမီးပွိုင့်လေးစိမ်းနေလျှင် လမ်းသွားလမ်းလာများသည် လမ်းဖြတ်ကူးနိုင်ပြီး မီးပွိုင့်လေးနီနေလျှင် လမ်းသွားလမ်းလာတို့သည် ရပ်စောင့်ကြရသည်။ ဤသည်မှာ နိုင်ငံကြီးသားများ လမ်းဖြတ်ကူးရာတွင် ပြုလုပ်နေကြအပြုအမူပင်ဖြစ်သည်။ ထို့ကြောင့် ထိုနည်းလမ်းကိုအသုုံးပြုကြသော နိုင်ငံများတွင် လမ်းဖြတ်ကူးသူများ ယာဉ်တိုက်မှုအန္တရာယ်နည်းပါးကြသည်။ ထိုမီးစိမ်းလေးကိုလှမ်းမြင်လိုက်သည့် သကာလလမ်းဖြတ်ကူးတော့မည်ဟု […]


လွန်ခဲ့တဲ့(၃)လကျော်က နေ့လေးတစ်နေ့… သူငယ်ချင်းတစ်ယောက်နဲ့ ထိုင်နေကြ လက်ဘက်ရည်ဆိုင်လေးမှာဆုံဖြစ်ဖို့ချိန်းထားကြတယ်… နယ်မှာတာဝန်ကျနေတဲ့သူငယ်ချင်းမို့ ကျွန်တော်နဲ့မတွေ့ဖြစ်တာ (၂)နှစ်လောက်ရှိပြီ… ကျွန်တော်ကလဲ သူငယ်ချင်းကိုတွေ့ချင်တာတစ်ကြောင်း၊ ကျွန်တော်ထိုင်နေကျလက်ဘက်ရည်ဆိုင်လေးမှာချိန်းပြီး ညနေစာ အတူတူသွားစားမယ်ဖို့ရည်ရွယ်ချိန်းဆိုလိုက်မိပါတယ်… ညနေပိုင်း(၄)နာရီခွဲလောက် သူငယ်ချင်းရောက်လာတော့… သူနဲ့အတူတူ သူငယ်ချင်းရဲ့ညီမအငယ်ဆုံးလေး (၇)တန်းကျောင်းသူတစ်ယောက်ပါလာတယ်… ကျွန်တော်နဲ့လဲ ငယ်ငယ်တုန်းက သိကျွမ်းပြီးသားမို့ ကလေးက သိပ်မစိမ်းနေပေမယ့်တွေ့ခါစမှာတော့ ခပ်ရှိန်ရှိန်ဖြစ်နေပါတယ်… ကျွန်တော်သတိထားလိုက်မိတာက ကလေးမလေးရဲ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့… ကျွန်တော်က ကလေးမလေးကို ကြောင်တောင်တောင်ဖြစ်မနေအောင်…စကားတွေပြောရင်း ငိုနေရတဲ့အကြောင်းအရင်းကို အဖေကြီးရိုက်လို့လား… အမေကြီးဆူလို့လားစသည်ဖြင့်…ကလေးမလေးစိတ်ရွှင်လာအောင် စကားတွေပြောမိရာက သူငယ်ချင်းမှတစ်ဆင့် ကလေးမလေးရဲ့ပြသနာ အရင်းအမြစ်ကိုသိလာရပါတယ်… “ ဒီလိုကွာ… ငါ့ညီမလေးက အငယ်ဆုံးလဲဖြစ်… ငါတို့နဲ့ကျတော့ အသက်ကလဲကွာ… အိမ်မှာက မိဘတွေနဲ့ပဲနေရတာများတော့ သူ့ခမျာအပေါင်းအသင်းမက်သကိုး… ခက်တာက လက်ရှိသူ့နားက အပေါင်းအသင်းတွေက သူ့ကိုကျဉ်ထားကြတယ်… အခုလဲသူ့အပေါင်းအသင်းတွေက ဝိုင်းပြောကြလို့ ဝမ်းနည်းပြီးအိမ်မှာငိုနေလို့ စိတ်ပြေလက်ပျောက်ဆိုပြီး…ငါခေါ်လာတာ…” “ […]


တရုတ်ကအိ ကုလားကဖိ ရှိတဲ ့မြန်မာတောထဲမှာ။ဟိုဟစ်ဟော ့သီချင်းစာသားအလိုက်လိုအထက်ကဖိ အောက်  ကညှိတော့ မဖြစ်ချင်ဘူး။ကျွန်းသစ်ကိုခေါင်းအုံး ရတနာမှန်သမျှ ဖင်ခုထိုင် ရေနံလားထွက်တယ်…ဓာတ်ငွေ ့လားထွက်တယ်…ကျောက်မီးသွေးထွက်တယ်…သတ္တုလား ထွက်တယ်…ထွက်တယ်…ထွက်တယ်။အခုတိုင်းပြည်ရတနာတွေ ထွက်တယ်…နိုင်ငံခြားကို။ပြီးတော ့ မိကောင်းဖခင် သမီးတွေ ထွက်တယ်…ကုလာမယား တရုတ်မယားအဖြစ်။နိုင်ငံ ့မြေတွေ ထွက်တယ် …တချို  ့က လက်ဆောင် တချို ့ကဖားကြေး တချို ့က ပြတ်သားမှုမရှိတော ့ ရှုံး။ဘာကျန်သေးလဲ။ အခုဆိုရင် ရခိုင်ပြည်က ကုလားပြည်ဖြစ်သွားမလား စိုးရိမ်နေရတယ်။တဖက်က အချိန်နဲ ့အမျှ စီမံချက်ချလုပ်လာတာ။မြန်မာတွေက နေရာတကာ သဘောကောင်းကြတယ်။သည်းခံကြတယ်။ ဘာတဲ ့…စိုသောလက်မခြောက်စေနဲ ့တဲ့။ကောင်းပါတယ်..ကောင်းပါတယ်။ရခိုင်မှာ ကိုယ့်တိုင်းရင်းသားတွေ ဒုက္ခရောက်ဖို ့မြန်မာနိုင်ငံအနှံ ့က တိုင်းရင်းသားတွေက ကုလားတွေကို ရံပုံငွေတွေ ထောက်ပံ ့နေသလိုလုပ်နေကြတယ်။ဘာလုပ်သလဲ…ဟုတ်လား…အများကြီး…ပြောရင် မကုန်လို ့ကိုယ့်ဘာသာစဉ်းစားကြတော ့…။ […]


        နိုင်ငံတော်က စေတနာ ပရဗွနဲ ့လား စက်ဘီးစုတ် ဆိုင်ကယ်စုတ်စီး လူတန်းစားတွေကို မျက်စိနောက်လို ့လား တော ့ မသိ။၇၈လမ်း(ရန်ကုန်-မန္တလေးလမ်း)၊၆၂လမ်းတွေ မှာ စက်ဘီးဆိုင်ကယ်လမ်းဆိုပြီးသတ်သတ်လုပ်ပေးထားသဗျ။မြန်မာတွေစည်းကမ်းရှိအောင် လားတော ့မသိ။အဲဒီလမ်းပေါ်က မသွားမိတဲ ့ စက်ဘီးဆိုင်ကယ်မှန်သမျှ(အဲ..အဲ တချို  ့ပုဂ္ဂိုလ်များ မပါပေါ့ဗျာ…)ဖမ်းဆီးအရေးယူနေတာ နေ ့တိုင်းပါပဲ။မနက်အလုပ်ကသုတ်ကယက်ပြေးကြတဲ့ ပန်ရံကလေးတွေလက်သမားလေးတွေလမ်းမပေါ်သွားတယ်ဆိုတဲ ့ ပြစ်မှုတွေနဲ ့မျက်ရည်သုတ်  ခေါင်းငုံ ့အလုပ်ပျက်ကြရတာမျက်မြင်တွေပေါ့။ဒါပေမယ့်ယဉ်အန္တရာယ်ကင်းအောင် မြို ့ပြအင်္ဂါနဲ ့ ညီအောင် လိုအပ်တယ်ထင်လို ့ ရွှေရိုးတို ့ကကြိုဆိုခဲ ့ပါသဗျ။ဒါမှ ကားအကောင်းစားနဲ ့သူဌေးမင်းများ(အထူးသဖြင့် ကားစီးလူတန်းစား ပေါက်ဖော်ကြီးများ ဘာဘူကြီးများ)လည်း စိတ်အေးချမ်းသာစွာ သွားနိုင်ကြမှာပါခင်ဗျ။        ဒါပေမယ့်ဗျာအဲဒီဆင်းရဲသားတွေရဲ  ့ဒဏ်ကြေးအလီလီ ပေးဆောင်သုံးစွဲနေရတဲ ့လမ်းတွေတောင် ခေတ်သစ်ဘူဇွာ လူ ့မလိုင်တွေက […]


mamanoyarJuly 27, 20121min24517
လူအမျိုးမျိုး စိတ်အထွေထွေရှိကြသည်။ တစ်ချို့က ကိုယ့်ကိုယ်ကိုပျော်ရွှင်အောင်နေသလို သူများကို လည်း ပျော်ရွှင်မှုတွေ ပေးနိုင်ကြသည်။ မိမိရော သူများအပေါ်မှာပါ စိတ်ချမ်းသာမှုပေးချင်တယ်ဆိုရင်ဖြင့် အကောင်းဆုံး နည်းလမ်းလေးကတော့ ပြုံးပြခြင်းလို့ထင်ပါမိပါသည်။  လူတစ်ယောက်ရဲ့အပြုံးက အများတကာကို စိတ်ချမ်းသာမှုအပြည့်အဝပေးနိုင်သည်။ အပြုံးဆိုရာဝယ် ရိုးရှင်းသည့် စစ်မှန်သည့် အပြုံးတော့ ဖြစ်နေရပါမည်။ လူတစ်ယောက်အပေါ် နာကျည်းမှုနဲ့ ဥပမာ (မဲ့ပြုံး) မျိုးတော့ မဖြစ်သင့်ပါဘူး။ အပြုံးတစ်ချက်သည် မိမိရန်သူ၏ နာကျည်းမှုအချို့ကိုပင် ပြေပျောက်စေနိုင်သည်။ မိမိအပြုံးတစ်ချက်ကြောင့်  လူအချို့အား စိတ်ခွန်အား များရရှိစေနိုင်သည်။ အချို့သော ရန်စကားများကို အပြုံးဖြင့်ဖြေရှင်းနိုင်သည်။ ထိုသို့ ပြုံးနိုင်အောင်လဲ မိမိဘက်မှ သည်းခံခြင်း၊ မိမိကိုယ်ကိုယ်နှိမ်ချခြင်း၊ အများအပေါ် နားလည်မှုပေးနိုင်ခြင်း စသည့် စိတ်ဓါတ်အခံရှိနေသူများသာလျှင် စွမ်းဆောင်နိုင်ပေမည်။ ဆရာမဆိုသော အသိနှင့် ကြောက်ရွှံ့နေသော ကျောင်းသားငယ်တစ်ယောက်ကို ဆရာမ၏ အပြုံးဖြင့် […]


Khaing KhaingJuly 27, 20121min29567
ခေတ်တွေ စနစ်တွေအမျိုးမျိုးပြောင်းလဲလာလိုက်တာ …. ဒါတွေကို ကျွန်မသေရင်တောင် လိုက်လို့ မှီပါ့မလား ……. ကျွန်မငယ်ငယ်က သူများအိမ်မှာ အဖီလေးထိုးထားတဲ့နေရာမှာ ငှားနေရတယ် … ကိုယ်ပိုင်အိမ်နဲ့နေချင်တာ တပိုင်းကိုသေလို့ .. ကျောင်းတက်တော့ ရွှေတောင်ကြားထဲမှာ သူငယ်ချင်းတွေနေတဲ့ အိမ် သူတို့စီးတဲ့ကား အားလားလား ကိုယ်ကသိမ်ငယ်နေခဲ့ရတယ် …. သူများတွေက ကိုယ်ပိုင်ကားကို အက္ခရာမြင့်မြင့်တွေစီးနိုင်တယ် ကိုယ်ကတော့ လေးဘီးကားလေးပဲ စီးနိုင်တဲ့ဘဝ လေးဘီးတောင် အဖေကတက္ကစီလုပ်တော့ ကိုယ်က ၁ဝ ခါရံမှ တစ်ခါစီးရတဲ့ဘဝလေးပါ … Sunny ကားလေးဝယ်နိုင်တော့လည်း ကိုယ်နေတဲ့လမ်းကပြင်တော့ ကားကိုအိမ်ရှေ့မှာ မထားပဲ လမ်းထိပ်မှာထားခဲ့တော့ ကိုယ့်မှာ ဘာကားပိုင်တယ်ဆိုတာလူမသိ မကြွားရပြန်ဘူး …….. ဘဝပေး ကုသိုလ်ကံကိုကဆိုးခဲ့တာလေ …… ဒါနဲ့မျှော်လင့်စရာက တစ်ခုပဲကျန်တော့တယ် ချမ်းသာအောင် ကိုယ်ပိုင်ကား ကိုယ်ပိုင်အိမ်နဲ့ […]


Foreign ResidentJuly 27, 20123min17911
ဟီလာရီ နေခဲ့တဲ့ အခန်း ၊ နေကြည့် ကြဦး မလား ( ၂ )   ကို Knowledge Seeker က ၊ ဟီလာရီ နေခဲ့တဲ့ အခန်း ၊ နေကြည့် ကြဦး မလား ဆိုပြီး ၊ ဓါတ်ပုံတော့ တွဲတင်မပေးလို့ ၊ အဘ ကပဲ ၊ သတိရပြီး ၊ ဓါတ်ပုံတင်ပေးလိုက်ပါတယ် ။   ဟီလာရီ ကလင်တန် ၊ နေပြည်တော် လာတုန်းက တည်းသွားတဲ့ အခန်းပါ ။ သင်္ဂဟ ဟော်တယ်မှာ တည်းသွားပါတယ် ။   အဘ တို့ နေပြည်တော် ရောက်တုန်းက ၊ အဘ […]


Foreign ResidentJuly 27, 20122min36068
စဉ်းစားကြစေလိုပါတယ် ( ၃၅ ) ( ဆွေးနွေး မိတာလေးပါ )   အဘ ဒီနေ့ ၊ သူငယ်ချင်း တစ်ယောက်နှင့် ဆွေးနွေး မိတာလေးပါ ။ အဘ သဘောထားလို့လဲ ၊ ပြောရင်ရပါတယ် ။   ” မြန်မာပြည်ထဲမှာ နေရင် ၊ မြန်မာပြည်ကို ချစ်ရင် ၊ မြန်မာပြည်ကို ကာကွယ် ရမယ်… ဒါ ဒီမြေမှာမွေးတဲ့ လူတိုင်းတာဝန် ။ မဟုတ်ရင်တော့ ….လောက်ကောင်ဘဲ “   Sorry, သူငယ်ချင်း ၊ ငါကတော့ တရားမျှတမှုကိုပဲ ကိုးကွယ်တယ် ။ ငါ့ တိုင်းပြည် ( မြန်မာပြည် ) က တရားတယ်ထင်ရင် […]


cherry nweJuly 22, 20121min33636
ဒီမြန်မာနိုင်ငံကပေါ့နော်သမီးလေးစားတဲ့သူတွေကို မှတ်ထားတာလေးရှိတယ် သူဒို့ကိုဒီနေရာကနေပြီး လေးစားမှုနဲ့ ဂါ၇ဝပြုပါတယ်ရှင်   ဒါဂတော့ ညလေးတို့ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်း အနှစ်တစ်သောင်းမှာတယောက်ပေါ်ဘို့မလွယ်ပါ ဒါဂတော့ တိုင်းပြည်နဲ့လူမျိုးအတွက် မိသားစုနဲ့ကိုယ်ပိုင်လွပ်လပ်ခွင့်တွေဆုံးရှုံးခံပြီး တာဝန်ထမ်းဆောင်နေတဲ့ ကျက်သရေအပေါင်းနဲ့ပြည့်စုံတဲ့အမေ ယုံကြည်ချက်တစ်ခုအတွက် ခိုင်မြဲတဲ့စိတ်ဓတ် ပြတ်သားတဲ့ဆုံးဖြတ်ချက် နဲ့အရာရာစွန့်လွှတ်စွန့်စားဝံ့သူ နုညံ့တဲ့နှလုံးသားပိုင်ရှင်ဦးမင်းကိုနိုင် ဒါကတော့သမီးတို့ရွာသူရွာသားတွေကိုအမြဲတန်းချိုပေါ့ကျလဖက်ရည်လေးတိုက် ပြီးကူညီတတ်သူအရေးအသားကောင်းသူကျောင်းဒကာကြီးပါ   မှတ်ချက်။   ။ကာယကံရှင်မှ သူ၏ ဓာတ်ပုံအား ခွင့်ပြချက်မရပဲ မတင်ပေးပါရန် အီးမေးလ်ပို ့ တောင်းဆိုလာသဖြင့် ဖျက်ထားလိုက်ပါသည် ။ ရွာသူ၊သားများ၏ ဓာတ်ပုံများ တင်လိုပါက ခွင့်ပြု၊ မပြု အရင်မေးပြီးမှသာ တင်ပေးကြပါနော ။ ဘဘဦးပေါက်ပုံကဂျာနယ်ကနေစကန်ဖတ်တာမကောင်းလို့မတင်လိုက်ရဘူး ဘဘဦးပေါက် ဘဘဦးဖေါ ဘဘပါလေရာ ဘဘဦးပေ စတဲ့လေးစားတဲ့လူတွေလည်းရှိပါသေးတယ် ဒါ့ပုံမရှိလို့မတင်ရတာ ညလေးကိုခွင့်လွှတ်ပါနော် ရွာသားအားလုံးကိုခင်တဲ့ ချယ်ရီ မေ့လို့သမီးမိတ်ဆက်ပါရစေ သမီးနာမယ်ချယ်ရီပါ မိုးကုတ်သူပါ […]


Foreign ResidentJuly 21, 20122min34628
စဉ်းစားကြစေလိုပါတယ် ( ၃၄ ) ( မြန်မာ့ ဆက်သွယ်ရေး MPT )   သိတဲ့လူတွေ ဖြေပေးကြပါအုန်းကွယ် ။   အဘ ရဲ့ ဝ၉-၅ဝ ဖုန်းလေးလဲ ရန်ကုန်မှာ ကျန်ခဲ့တယ် ။ ပထမ Prepaid ပြောင်းမလား SMS နှင့် မေးတယ် ၊ Yes ပေါ့ ။ ဒုတိယ ဧပြီလောက်ထင်တယ် SMS နှင့်ပဲ ဒီနေ့ပိုက်ဆံ လာဖြည့်ပါတဲ့ ။ အဘ ထင်တာက Prepaid စံနစ် စပြီပေါ့ ။ ဒါနှင့်ပဲ အဲဒီနေ့မှာတင် မြန်မာငွေ တစ်သိန်း နှင့် FEC တစ်ရာကျော် ထပ်ဖြည့်လိုက်တယ် ။   တတိယ […]