Swal Taw YwetFebruary 29, 20121min1789
ဒီစာစုလေးက ကျနော် Feb 13 မှာ တင်ထားခဲ့တဲ့ post ရဲ့နောက်ဆက်တွဲပါ။ အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို  ထောင်ချထားတယ်လို့ ခံစားနေရလို့ အကူအညီတောင်းခဲ့တဲ့ post လေးပါ။ နဲနဲလေး  ပြန်ကောက်ပေးပါဦးမယ်။ ……………………………… အာဇာနည် ဗိမ္မာန်မှာ အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ထောင်ချထားတယ်လို့များ မမြင်မိကြဘူးလားဟင်? တနှစ်လုံးမှာ တစ်ရက်တည်း အဲဒီ့တစ်ရက်တည်းမှာတောင် နာရီအကန့်အသတ်နဲ့ ထောင်ဝင်စာ တွေ့ခွင့်ပေးနေတယ်လို့ မခံစားရဘူးလား?  ကျနော်တော့ အဲဒီ့လိုပဲ ခံစားမိတယ်ဗျာ။ ……………………………. ဘက်စုံ ချွတ်ခြုံ ကျနေတဲ့ တိုင်းပြည်တစ်ပြည်ကို လမ်းကြောင်းပြောင်း ပြန်လည်တည်ဆောက်ယူရာမှာ အရေးကြီးဆုံး လိုအပ်တာက “  စိတ်ဓါတ် ” ပါ။ ကျနော်မြင်နေတဲ့ ကိုးကွယ်ရာကတော့ “အောင်ဆန်ုးစိတ်ဓါတ် ” ပါပဲ။ ငွေစက္ကူတွေမှာ […]


Ko out of...February 29, 20121min20810
မိန်းမနှင့် ယောင်္ကျားခွဲခြားဆက်ဆံတဲ့ အထဲမှာ ကျွန်တော်တို့မြန်မာနိုင်ငံလည်း နေရာတော်တော်များများ အမျိုးသမီးကို နေရာသိပ်မပေးတာ တွေ့နေရတယ်။ ဒါကြောင့်မြတ်တယ်ဆိုတာ ဘာကိုပြောတာလည်း .. . ဥပမာ- ယောင်္ကျားတစ်ဦးမှာ – ချောမောလှပတဲ့ ရူပ ကာယရှိတယ်၊ ပစ္စည်းဥစ္စာဓန ပေါကြွယ်တယ် သို့သော် အကျင့်စာရိတ္တ မကောင်းဘူး။ အမျိုးသမီးမှာ ကျတော့ ချောမောလှပမှု၊ ပစ္စည်းဥစ္စာဓန ပေါကြွယ်မရှိဘူး ဆိုပါတော့။ သို့သော် အကျင့်စာရိတ္တ ကောင်းတယ်ဆိုရင် ဘယ်သူ ပိုမြတ်သလဲ . . မြတ်တယ်ဆိုတာကို ကိုယ်ကျင့်တရား နဲ့ဘဲ တိုင်းထွာမလား။ မတူညီတဲ့ ရူပ ကာယရုပ် သဘောတရားနဲ့ တိုင်းထွာမလား? မြတ်တယ်ဆိုတာ ရုပ်ထဲမှာလား? နာမ်ထဲမှာလား? လူတွေရဲ့လုပ်ရပ်ထဲမှာလား? ယောင်္ကျားတွေမြတ်တယ်လို့ ပြောရလောက်အောင် ကျွန်တော်တို့ဟာ ဘယ်သူရဲ့ အကူအညီမပါဘဲ အလိုလို […]


Ko out of...February 29, 20121min571
တခါကလူငယ်နှစ်ဦး ထီလောင်းကစားထိုးပြီး ထီထွက်ခါနှီး ပထမလူငယ်တစ်ဦးက သူ့သူငယ်ချင်းကို မေးရာ… မင်းထီပေါက်ခဲ့ရင် မင်းဘာလုပ်မယ်လို့ စိတ်ကူးသလဲ… ထိုအခါ ဒုတိယလူငယ်က ခြံကြီးကြီးတစ်ခြံဝယ်မယ်ပေါ့။ ဒါနဲ့ မင်းကျတော့ရော- ငါကတော့ နွားဝယ်မယ်လို့ပြောလိုက်သတဲ့… ထိုအခါခြံဝယ်မည့် လူငယ်က မင်းနွားဝယ်ရင် ငါ့ခြံက စိုက်ခင်းတွေ ဝင်ပြီးစားကုန်မှာပေါ့ လို့ပြောပြီးရန်ဖြစ်ကြသတဲ့.. ကျွန်တော်တို့ လူငယ်လေးတွေကို ပြောချင်တာ အရှိတရားပေါ်အခြေမခံတဲ့ အတွေးစိတ်ကူးဆိုတာ အကျိုးမရှိဘူး… ဘာကိုတွေးရမှာလဲဆိုတော့ . . ဥပမာ အရင်းအနှီးတခုခု(ပညာ၊လုပ်အား၊ ငွေအားစသည့်)အရှိတရား အပေါ်အခြေခံတယ် ဆိုပါတော့ . ကိုယ်ကသရက်ပင်စိုက်မယ်ဆိုရင် အရင်စိတ်ကူးရတာပေါ့ ကိုယ်ဘယ်နှစ်ပင်စိုက်မယ်. အရင်းဘယ်လောက် ကုန်မယ်၊ ဘယ်လောက်ကြာရင်သီးမယ်၊ ဘယ်လောက်ဈေးနှုန်းနဲ့ရောင်းရင် အမြတ်ဘယ်လောက်ရမယ်စသည့် အတွေးတွေဆိုတာ ရှိရတယ်… ဒါကအရှိတရားပေါ် အခြေခံတဲ့ အတွေး ဒီလောက် အရှိတရားပေါ်လက်တွေ့ကျတဲ့ အတွေးတွေတောင်မှဘဲ အမြတ်ရဖိုတောင်မသေချာဘူး။ […]


Ko out of...February 28, 20121min781
– တရားဆိုတာ လူတွေနဲ့စပ်တဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်မှ တရားလို့ခေါ်တယ်။ ကိုယ့်အိမ်က မိသားစုရဲ့ ပြသနာကို ကိုယ်သိတဲ့တရားနဲ့ အသုံးချဖြေရှင်း ကြည့်ပါ ပြသနာကို အမျှော် အကြောက်မပါဘဲ ဘယ်လောက်အထိ ဖြေရှင်းပေးနိုင်လည်းပေါ့… – အနေကြပ်မှ အသေချောင်တယ်ဆိုတာ အသက်ရှင်စဉ်တောင်မှ မလွတ်လပ်ဘဲ သေမှ လွတ်လပ်တယ်ဆိုတာ သေတဲ့လူဘယ်လိုလုပ်သိမလဲ…လူဆိုတာ မသေခင်က လွတ်လပ်နေမှ သေတဲ့ အခါလွတ်လွတ်လပ်လပ် ဖြစ်မှာပေါ့… – ခံစားချက် အဆိုးကြောင့်မျက်နှာထား လည်းဆိုးရမှာပါ..နာကျင်နေရဲ့သား ပြုံးနေရတယ်ဆိုတာ တကယ့်အပြုံးမဟုတ်ပါဘူး..ဟန်ဆောင်အပြုံးပါ..ဒါကြောင့် ပြုံးသေမဲ့သေဆိုတာ ခံစားချက်ဝေဒနာ အကောင်းအဆိုးပါ… – ငြိမ်းချမ်းမှုကို ခံစားမှုပေတံနဲ့ မတိုင်းတာပါနဲ့။ ခံစားမှုဝေဒနာ မပါတဲ့ အကောင်းဟာ ငြိမ်းချမ်းမှုပါဘဲ… – ဘီလူးမှန်ရင် မျက်တောင်မခတ်ဘူးလို့ကြားဖူးတယ်..ကိုယ်ဒေါသထွက်ရင် မျက်တောင် မခတ်ဘူး ဒါကိုယ်ဘီလူးဖြစ်နေတာဘဲ… – နာမည်ဂုဏ်သတင်းရဖို့ […]


      thuyazaw21451 ရဲ  “့မြန်မာမလေးများနှင့် အဝတ်အစား အနေအထိုင် အသွားအလာ” ကိုဖတ်မိပြီး pazflor က  “ပြောမဆုံးမဲ့ ဇာတ်လမ်းတစ်ပုဒ်-၁”  ကို ရေးပါတယ်။ “pazflor”  ရဲ့  “ ပြောမဆုံးမဲ့ ဇာတ်လမ်းတစ်ပုဒ်-၁ ”  Post မှာ ဝင်မန့်ရင်း ရှည်သွားလို့ Foreign Resident  က “စဉ်းစားကြစေလိုပါတယ် ( ၁၂ ) ”  ကို ရေးပါတယ်။ (https://myanmargazette.net/104405/creative-writing/my-thinking-different) “အမျိုးသမီးတွေရဲ့ လိင်မှု့ဆိုင်ရာ လွတ်လပ်ခွင့်”   ပေါ့။   ကျုပ်လဲပဲ ကိုဖေါရင်းရဲ့ “စဉ်းစားကြစေလိုပါတယ် ( ၁၂ ) ” ကို ဝင်မန့်ချင်တာနဲ့ အောက်ကစာလေးရေးမိတာ ရှည်သွားပြန်တယ်။ ချစ်စွာသောရွာသူရွာသားများ သည်းခံပြီး […]


Ko out of...February 27, 20121min1357
အသက် (၈၀) ရှိဗေဒင်ဆရာတစ်ဦးထံသို့ အမျိုးသမီတဦး ရောက်ရှိလာပြီး ဗေဒင်မေးလေ၏ . . . ဗေဒင်မေးသူ ။ ကျွန်မအခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေရပါတယ်။ ဗေဒင်ဆရာ ။ မစိုးရိမ်ပါနဲ့ ဗေဒင်မေးသူ ။ ကျွန်မအကြွေးဆပ်ဖို့ငွေတွေ အများကြီးလိုနေပါတယ်ဆရာ။ ဗေဒင်ဆရာ ။ ဒါလဲမစိုးရိမ်ပါနဲ့ နောက် (၁၀) နှစ်ကြာရင် ခင်ဗျာမြန်မာပြည်မှာ အချမ်းသာဆုံး သူဋ္ဌေးဖြစ်မှာသေချာတယ်။ ဗေဒင်လာမေးသူ ပြန်သွားသောအခါ တပည့်ဖြစ်သူက . . . တပည့် ။ ဆရာပြောတဲ့ အတိုင်း (၁၀) နှစ်အတွင်းမှာ အဲဒီအမျိုးသမီးတကယ် သူဋ္ဌေးဖြစ်မှာလား။ ဗေဒင်ဆရာ ။ အဲဒီအချိန်ဆိုရင် ငါလည်းမရှိတော့ပါဘူး။ တပည့် ။ ဗျာ . . . ကနေ့ကျွန်တော်တို့လည်း ဗေဒင်မေးသူလိုဘဲ… ဘာသာတရားတွေဟာလည်း […]


Khaing KhaingFebruary 27, 20121min32033
အေးချမ်းငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ခဲလုံးတစ်လုံးပစ်လိုက်သလို လှုပ်ရှားသွားခဲ့ရတဲ့အဖြစ်တစ်ခုပါ…. သူနဲ့ကျွန်မ စတွေ့ပုံက သိပ်တော့မထူးဆန်းပါဘူး ကျွန်မအလှူပွဲတစ်ခုကိုသွားတယ် ကျွန်မဘဝလေးက အဲအချိန်ထိလုံးဝအေးချမ်းပျော်ရွင်နေခဲ့တဲ့ဘဝလေးပါ သူငယ်ချင်းတွေနဲ့ပျော်ပျော် ပါးပါးပြောဆိုရယ်မောနေတဲ့အချိန်မှာ အမှတ်မထင်သူရောက်လာတယ် ကျွန်မတို့သူငယ်ချင်းတွေပြောနေတဲ့ စကားဝိုင်းထဲကိုပေ့ါ အဲတုန်းကကျွန်မစိတ်ထဲဘယ်လိုမှမနေခဲ့ပါဘူး သူကကျွန်မနဲ့ သက်တူ ရွယ်တူလေ ကျွန်မနဲ့လည်းအဲဒါကြောင့်စခင်ခဲ့တာပါ နောက်မှကျွန်မသိတာ သူကစာရေးဆရာတစ်ယောက်ပါ သူ့စာလေးတွေကို သူနဲ့ကျွန်မမရင်းနှီးခင်ကတည်းက ကျွန်မအမြဲအားပေးဖတ်ခဲ့တာပါ ကျွန်မသိပ်ကြိုက်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်နေတော့ ပိုပြီးရင်းနှီးမှုတွေပိုလာခဲ့ပါတယ် သူရေးတဲ့စာတွေအကြောင်း ကျွန်မနဲ့ဆွေးနွေးတယ် ကျွန်မလည်း တောက်တိုမယ်ရ စာအပိုင်းအစလေးတွေရေးဖြစ်ပါတယ် သူကကျွန်မစာရေးတိုင်း တစ်ဦးတည်း အမာခံ စာဖတ်ပရိတ်သတ်ပေ့ါ ကျွန်မကစာလေးကဗျာလေးတွေကို ခံစားချက်ရှိရင် ရေးဖြစ်တယ် ဒီလိုနဲ့ခင်မင်မှုတွေကြာလာတော့ ကျွန်စိတ်ထဲ တစ်မျိုးဖြစ်လာတယ် သူကစကားပြောရင်ရိုးသားတယ်လို့ ကျွန်မစိတ်ထဲထင်ခဲ့မိတယ် သူဘယ်လိုကြောင့် ကျွန်မရင်ထဲဝင်လာတယ်ဆိုတာ ကျွန်မလုံးဝမသိလိုက်ဘူး အဲဒါသူ့ပြစ်လား ကျွန်မအပြစ်လား ကျွန်မကပဲသူ့ကိုချစ်နေတာလား ကျွန်မကိုယ်ကျွန်လုံးဝမသိဘူး ကျွန်မသိတာတစ်ခုက ကျွန်မသူ့ကိုမချစ်သင့်ဘူး ချစ်လို့လည်းမရဘူးလေ […]


Foreign ResidentFebruary 27, 20122min55155
စဉ်းစားကြစေလိုပါတယ် ( ၁၂ )   အဘ ဒီ Post လေးကို ရေးဖြစ်တာက ဆရာ ” pazflor ” ရဲ့ ” ပြောမဆုံးမဲ့ ဇာတ်လမ်းတစ်ပုဒ်-၁ ” Post မှာ ဝင်မန့်ရင်း ပက်ပက် စက်စက် ကို ရှည်သွားလို့ပါကွယ် ။   အဲတော့ အဲဒီ Post နှင့် တွဲဖတ်မှ ဇတ်ရည်လည်မှာ ဖြစ်ပါတယ် ။ ရွာသူားတို့ သည်းခံ ကြပါအုန်းကွယ် ။   အဘ ကြိုပြောထားပါရစေကွယ် ။ အဘ လည်း တစ်ဦးချင်း Personal ခံစားချက် အနေနှင့် ဆိုရင် မိန်းကလေးတွေပဲဖြစ်ဖြစ် ၊ မိန်းမကြီးတွေပဲဖြစ်ဖြစ် ၊ […]


pazflorFebruary 25, 20121min27212
ဒီ Post လေးကိုတော့ ကို thuyazaw21451 ရဲ ့မြန်မာမလေးများနှင့် အဝတ်အစား အနေအထိုင် အသွားအလာ ကိုဖတ်မိပြီးရေးဖြစ်ပါတယ်။ ရွာထဲ ဒီကိစ္စမျိုးလေးတွေနဲ ့ပက်သက်ပြီး ဆွေးနွေးကြတာမျိုးတွေ ခဏခဏတွေ ့ မိပါတယ်။ အစကတော့ အသာငြိမ်နေမလို ့ပါဘဲ။ နောက်တော့ ဘယ်လို ့မှမရဖူး၊ စိတ်ထဲမှာ ခိုးလို ့ခုလု ဖြစ်လာလို ့စာရိုက်ရမှာ အရမ်းပျင်းပေမဲ ့ကြိုးစားပြီးရေးလိုက်ပါတယ်။ ဦးစွာ ဒီ Post လေးကိုရေးတဲ့                ကို thuyazaw21451 ကိုကျေးဇူးတင်ပါတယ်။ ရွာထဲမှာ လည်နေတာ ၂ နှစ်လောက်ရှိပါပြီ၊ ပုံမှန်ရေးသားကြသူတွေ၊comment ပေးကြသူ တော်တော်များများကိုလည်း ကျွန်တော်ဘက်က တစ်ဘက်သက် ရင်းနီးပြီးသားပါ။ တစ်ခါတစ်ရံမှာ တင်ထားတဲ့ Post ထက် အောက်မှာရေးထားတဲ့ comment လေးတွေက […]


Swal Taw YwetFebruary 23, 20121min26222
အမိမြေကနေ မိုင်ပေါင်းထောင်ချီဝေးတဲ့ သဲကန္တာရရောက် မြန်မာတစ်ယောက်အနေနဲ့ MG ဟာစိတ်အပန်းဖြေစရာ ထွက်ပေါက်တစ်ခုပါ။ -Online ကနေတဆင့် ဘဝအမောတွေ ပြေနိုင်စေတဲ့နေရာ -အမိမြေရဲ ့ အနာဂါတ်အတွက် ကြိုမြင်လို့ စိတ်ပူနေရတဲ့သူတွေ စုဝေးခေါင်းစားနေကြတဲ့နေရာ -သုတတွေ ဖလှယ်နိုင်တဲ့နေရာ -အမြင်တွေညှိကြတဲ့နေရာ -စိတ်ခွန်အားတွေ (အနည်းဆုံး “ ကျ ” မသွားအောင်) ထိန်းပေးနေတဲ့နေရာလေးတစ်ခုပါ။ အဲဒီ့တော့ တာဝန်ချိန်ပြီးလို့ အဆောင်ပြန်ရောက်တာနဲ့ ရွာထဲဝင် လည်ပတ်မိတော့တာပါဘဲ။ အရင်က ကစားခဲ့တဲ့ face book က farm ville လေးတောင်မျက်နှာငယ်နေရောပေါ့။ (အပင်လေးတွေ မခူးမိတာတောင်ကြာနေပြီ) ဖတ်ပါများတော့ ဝင်ရေးချင်မိ  လာတယ်။ မြန်မာလို မရိုက်တတ်သေးတော့ ဖြတ်လမ်းသုံးရတယ်။ စာရွက်ပေါ်ချရေး၊ scan လုပ်ပြီး e-mail နဲ့ မြန်မာပြည်က သူငယ်ချင်းဆီကိုပို့ […]


KyaemonFebruary 23, 201216min1904
  စာရေးသူတဦး ပြောတာ က “အဲဒီအထဲမှာ တရုတ်ကြီးကို အတော်များများ ကနေ လုံးဝနီးပါး မှီခိုနေရတဲ့ တိုင်းပြည်တွေ (မြန်မာ၊ လော၊ ကမော္ဘဒီးယား) ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ …တရုတ်ကို အဓိကကုန်သွယ်ဖက်တခု အဖြစ်သာ ဆက်ဆံနေတဲ့ …. ကျန်တိုင်းပြည်များရဲ့  ဖွံ့ဖြိုးတိုးတက်မှုများကို ယှဉ်ကြည့်တဲ့အခါ တရုတ်ကြီးကို မှီခိုလို့ တိုးတက်တဲ့နိုင်ငံပြပါဆို ပြစရာ တနိုင်ငံမှ မရှိဘူး။ အားလုံး ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှင်နေရတယ်။ တိုင်းပြည် တွင်းထွက်သယံဇာတများကို ဈေးပေါပေါနဲ့ တရုတ်ပြည်ကို ရောင်းစားတယ်။ …”     မှန်မမှန် ကိုဝီးကီး အဘိဓာန် နဲ့ စီအိုင်အေ မှတ်တမ်း စာအုပ်တွေ ကိုလိုက်ကြည့်ရအောင်၊   နှစ်နေရာစလုံး က   ယိုးဒယား နိုင်ငံ […]


Ko out of...February 23, 20121min771
– ကျွန်တော်တို့ကို မိဘတွေကျောင်းပို့တာ စာရေးတတ်၊ဖတ်တတ်အောင်၊ စာဖတ်တတ်ပြီး စာကြောင်းရဲ့ ဆိုလိုတဲ့ အဓိပါယ်ကို သိပြီး မကောင်းဘူးဆိုရင် ရှောင်မယ်။ ကောင်းတယ်ဆိုရင် ဆောင်ဖို့ပါ။ – ဒါကြောင့် စာမဖတ်တတ်ခင်၊စာမရေးတတ်ခင်မှာ က၊ ခ၊ ဂ။ A B C သင်ခိုင်းတာ။ အဲဒီကနေတဆင့် လုံးကြီးတင်၊ တချောင်းငင် ၊ က၊ ကာ၊ ကား စသည်ဖြစ်ပေါ့။ က ကာ ကား လို့ ရေးတတ်ရုံနဲ့ ဝါကျ Sentences မဖြစ်သေးပါဘူး။ အဲကနေတဆင့် ဝါကျဖွဲ့တတ်အောင် တဆင့်ပြန်သင်ပေးတယ်။ က -ကလေးငယ်ချစ်စဖွယ်၊ ထမင်းမစားခင် လက်ဆေးဖို့ ၊ညစ်ညစ်ပတ်ပတ် မနေဖို့ဆိုတာတွေဟာ ဆောင်စရာ ရှောင်စရာတွေဘဲ မဟုတ်လား။ အဲကနေတဆင့် အတန်းကြီးလာပြီး စာတွေလည်းရေးတတ်၊ဖတ်တတ်လာတယ်ဆိုပါတော့.. စာတွေကိုခေါင်းမှာဘဲ […]


Ko out of...February 22, 20121min22310
လောကမှာ အဖြစ်အပျက်ဆိုတာ အမျိုးမျိုးရှိပါတယ်။ လောကမှာဖြစ်ပြီးရင်ပျက်မှာဘဲ၊ လောကမှာ အကြောင်း ကြောင့်အကျိုး ဖြစ်တယ်လို့ လွယ်လွယ်နဲ့ သူများပြောလို့သာ လိုက်ပြောနေကြတာ များပါတယ်။ တကယ်တမ်း သေသေချာချာမေးရင် အလွဲလွဲ အချော်ချော်တွေကများတယ်။ ဖြစ်ပျက်တိုင်းဒုကသစာ(ဒုတ်ခသစ်စာ) ထိုက်မထိုက်ဆိုတာ သိဖို့လိုပါတယ်… အစု(သမုတိ) ဖြစ်ပျက် နှင့် အစိတ်(ပရမတ်) ဖြစ်ပျက်ဆိုတာ သဘာဝတရားတွေပါ။ သူ့နေရာနဲ့တူ အသုုံးဝင်ပါတယ်။ ဥပမာ ပရမတ်ဖြစ်ပျက်တွေဆိုရင် ကျွန်တော်တို့ စားလိုက်တဲ့အစားအသောက်တွေဆိုပါတော့ ဖြစ်ပြီး မပျက်သွားဘူးဆိုရင် ကျင်ကြီး/ကျင်ငယ်/ချွေး အဖြစ်မထွက်သွားရင် ဘယ်လိုနေမလဲ။ သွေးလေတွေ မညီဘဲ သွေးလေညီအောင်ဆေးဝါးပြန်ရှာစားရတယ် မဟုတ်လား။ အခုကျွန်တော်တို့သုံးနေတဲ့ အင်တာနက်ကွန်ယက်လှိုင်းဟာ အဟောင်းပျက်ပြီး အသစ်အသစ်အစားမထိုးရင် ဆက်သွယ်ရေး ပြတ်သွားမှာပေါ့..သူတို့ရှာဖွေတွေတာ အလကားဆိုပြီး (ရုပ်ဝါဒ)ဆိုပြီး ပြောနေမည့် အစား ကိုယ်သိတဲ့ သဘောတရား အသုံးကျမကျ ကိုဘဲ အရင်စစ်ဆေးကြည့်ပါဦး။ […]