Foreign ResidentOctober 30, 20119min22114
အမျိုးသားရေး ကိစ္စ မို့လို့ပါ ။   လာပြန်ပြီ ရိုဟင်ဂျာ တဲ့ အင်းးးးးးးးးးး ဒီကိစ္စလေးတွေကို အဘလည်း Post ရေးချင်လိုက်တာ လက်ကိုယားလို့ ။   ဒါပေသည့် 6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။ ဆိုတဲ့အချက်နှင့် ညိမှာစိုးလို့ ရှောင် ထားတာ ။   ဒါပေမယ့် အဲဒီ ကိစ္စက Current Topic ဖြစ်နေတော့ မဆွေးနွေးရင်လည်း MG က ဒိတ်အောက်သလို အရေးမပါတဲ့ Web Page လို ဖြစ်နေတော့မှာပဲ ။   အမျိုးသားရေး မို့လို့လဲ ဆွေးနွေးသင့်တယ်လို့ ယူဆပါတယ် ။   အဲဒီတော့ အဘကပဲ အဘ ထုံးစံအတိုင်း […]


thit minOctober 30, 20111min29126
လောကဓံတရားဆိုတာ အများသိပြီးသားပါဘဲဗျာ။ နဲနဲဆွေးနွေးကြည့်ချင်လို့ပါ။ အဲဒီလောကဓံဆိုတဲ့ စကားကိုစဉ်းစားမိတယ်။ ပါဠိလိုတော့မရေးတော့ဘူးနော်။မြန်မာလိုဘဲ ပြောရအောင်ပါ။ ၁.အခြွေအရံ/အပေါင်းအသင်း ရှိခြင်း(များခြင်း)၊ ၂.အခြွေအရံ/အပေါင်းအသင်း မရှိခြင်း(နဲခြင်း)၊ ၃.လာဘ်လာဘ(ငွေ၊အခွင့်အရေး၊အောင်မြင်ကျော်ကြားမှု စသဖြင့်)ရရှိခြင်း၊ ၄.လာဘ်လာဘ မရရှိခြင်း၊ ၅.ကဲ့ရဲ့ခံရခြင်း၊ ၆.ချီးမွမ်းခံရခြင်း၊ ၇.ချမ်းသာခြင်း၊ ၈.ဆင်းရဲခြင်း၊ ဘာသွားတွေ့လဲဆိုတော့ လူအချင်းချင်း တိုက်ရိုက်ကြီးပတ်သက်နေတဲ့အချက် တွေအများကြီးပါလားလို့စဉ်းစားမိတယ်။ ဒါဆိုရင်လောကဓံဖြစ်ရတဲ့အကြောင်းတရားတွေက (၁)ကိုယ် “လိုချင်တာ၊ရချင်တာ”အပေါ် ပြန်ပြီးတုန့် ပြန်ရတတ်တဲ့ (၂)ကိုယ့်ကြောင့်ဖြစ်ရတဲ့လူလုပ်ကပ်ဆိုးမျိုးလား၊ (၃)ကိုယ့်ပတ်ဝန်းကျင်ကဖန်တီးတဲ့(ကိုယ်လိုချင်သည်မလိုချင်သည်နဲ့မဆိုင်သော) လူလုပ်ကပ်ဆိုးမျိုးလား ဆက်တွေးမိသွားတယ်။ အဲဒီတော့ အဲဒီလောကဓံထဲကမကောင်းထဲ လေးပါး ကို လူလုပ်ကပ်ဆိုး (Man-made disaster)လို့ခနပြောင်းခေါ်မယ်ဗျာ။ ဂေဇက်မှာစာရေးကြသူတွေ(ကျနော်အပါ)အားလုံးက အပေါင်းအသင်းရချင်တယ်၊ ကော်မန့်တွေ ရချင်တယ်၊=အခြွေအရံ ရှိခြင်း(များခြင်း)၊ ကောင်းတယ်လဲ အပြောခံချင်ပြန်ရော=ချီးမွမ်းခံရခြင်း၊ဆိုတာမျိုးပေါ့နော်။ လူတွေနဲ့အများကြီးတိုက်ရိုက်ပတ်သက်တာတွေတော်တောများပါတယ်၊အတွေးနယ်ချဲ့ကြည့်ပါ။ (၁)ကိုယ်လိုချင်တာရချင်တာ ဆိုတာကိုဆက်စဉ်းစားတော့ ငယ်ငယ်ကလေးဘဝတုန်းကရုပ်ရှင်ကြည့်ပြီးပြန် လာသလိုမျိုးလားလို့တွေးမိတယ်။ စူပါမန်းကြည့်ပြီးပြန်လာရင်စူပါမန်းလိုမိုးပေါ်မှာပျံချင်တယ်။ ဂျက်ကီချန်းကားကြည့်ပြီးရင်တော့သူ့လိုဖိုက်တတ်ချင်သွားရော။ ချမ်းသာကြွယ်ဝမှုတွေပါတဲ့ရုပ်ရှင်မျိုးကျတော့ကိုယ်လဲအရမ်းချမ်းသာချင်ပြန်ရော ဆိုတာမျိုးလိုပေါ့နော်။ […]


စဆရ ႀကီးOctober 30, 20111min29616
(ဒိPost ကို ဒေါ်အီးတုန်း Post မှ စိတ်ကူးရလို့ ရေးလိုက်ပါကြောင်း..) ဒေါ်အီးတုန်းရေ… ကျွန်တော်လဲ ဝန်ထမ်း သုံးရာလောက်ရှိတဲ့ စက်ရုံမှာ အုပ်ချုပ်ရေးအပိုင်းလုပ်ခဲ့ဖူးတဲ့အတွက် ပြောပြချင်တာလေးတွေလဲ ရှိသပေါ့နော်.. မတူညီတဲ့ အမြင်တစ်ခုကနေပေါ့.. ဆိုတော့ကာ ပြောရမယ်ဆိုလျင်တော့ အတော်လေးကို ရှည်လျား၊ ထွေပြားပေတော့မယ်.. လိုရင်းကို တိုတိုလေးဆိုရမယ်ဆိုရင်တော့ ရွေးချယ်ခွင့်မရှိတဲ့ဘဝမို့ ရလာတဲ့ဘဝကိုသာ သူတို့လျှောက်လှမ်းနေရတာပါ.. ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်တဲ့.. အတွေးတိမ်တဲ့ မိဘတွေကြားမှာ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ အနာဂါတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာကိုမေ့ပြီး ရေရှည်ကောင်းစားမှုမရှိတဲ့ ရေတို လုပ်ငန်းခွင်က အလုပ်သမားတွေဘဝကို အလွယ်ပဲ ကူးပြောင်းရောက်ကြတယ် မြင်မိတယ်.. နိုင်ငံတစ်နိုင်ငံမှာ လုပ်သားအင်အား များပြားနေတာ သိပ်မကောင်းလှဘူးလို့ဆိုမယ်.. လုပ်သားအင်အားဆိုရာမှာ ကာယလုပ်သားနဲ့ ဉာဏလုပ်သား၊ ဘယ်ဟာကများ နိုင်ငံကို ဦးဆောင်နိုင်လိမ့်မယ်ထင်သတုန်း? အီးတုန်းအလိုအရဆို ငါတော့ […]


koyin sithuOctober 27, 20111min1102
ဘဝ၏ ပထမဆုံးဝါကျတစ်ကြောင်းကို ဝါကျဟု မသိမီကပင် ကျွန်တော်ဖတ်နှင့်ပြီးသား ဖြစ်နေလေသည်။ လူတို့သည် အလကားရနေလျှင် (သို့) ပေါများစွာရလျှင် သိပ်တန်ဖိုးမထားတတ်။ တိုတောင်းလှသော တန်ဖိုးယူနစ်များနှင့် တွက်ချက်ထားသော နေ့စွဲများအကြောင်းကို ထိုဉာဏ်တိမ်သော သူတို့နှင့် ဆက်လက်ဆွေးနွေးငြင်းခုန်ရန် ဆန္ဒမရှိတော့သောအခါ ကျွန်တော်သည် ကိုယ့်မွေးရပ်မြေ ရွှေပြည်ကြီးသို့ လှည့်ထွက်လာခဲ့ပါသည်။ ကျွန်တော်လမ်းလျှောက်ပါသည်။ ကျွန်တော်လမ်းလျှောက်လာပါသည်။ နောက်… ကျွန်တော် လမ်းဆက်လျှောက်လာပါသည်။ နောင်အချိန်ကာလရွေ့လျားလာသောအခါ ကျွန်တော့် ဆုံးဖြတ်ချက်တွေကို ကာလတရားကသာ အမှားအမှန်ဝင်ရိုးစွန်းကြား တစ်နေရာတွင် ရပ်တည်ပေးပါလိမ့်မည်။ ရှေ့ဆက်လျှောက်ရန် လမ်းတို့၌ ဘယ်သူဖြစ်ဖြစ် ဖိနပ်တော့ စီးသင့်ပါသည်။ လမ်းလျှောက်နေရာမှ ကျွန်တော်ရပ်လိုက်ပါသည်။ လမ်းလျှောက်ခြင်းဖြင့် လိုသည့်ပန်းတိုင် ရောက်ရန်မသေချာသောကြောင့် ဖြစ်ပါသည်။ ရပ်နေသည့် နေရာကလည်း ပန်းတိုင်မဟုတ်သည်ကတော့ သေချာပါသည်။ ဘဝတွင် ပန်းတိုင်ရှိသည်ဆိုသော အချက်ကို ကျွန်တော်သံသယဖြစ်ခဲ့သည်မှာ ကြာခဲ့လေပြီ။ […]


koyin sithuOctober 27, 20111min17212
တားရော့ခ်ဗေဒင် ဆိုတာ ဘာလဲ??? ကျွန်တော့်ကို အဲ့ဒီလို လာမေးခဲ့ရင် အလွယ်ဆုံးနဲ့ အတိကျဆုံး ဖြေရမှာကတော့ “တားရော့ခ်ကတ်ပြားတွေထဲမှာ ကျရာ ကတ်ပြားတစ်ခုကို နိမိတ်ဖတ်၍ သင့်ရဲ့ကံကြမ္မာကို အဖြေရှာတဲ့ ဗေဒင်တွက်နည်း” ပါပဲ။ ဒါဆိုရင် ဒီလို ကတ်ပြားလေးတွေနဲ့ ကိုယ့်ရဲ့ ကံကြမ္မာ အကောင်းအဆိုးကို သိနိုင်ပါ့မလားလို့ သံသယပွားကောင်း ပွားမိပါလိမ့်မယ်။ တကယ်တော့ သင်တို့မှတင် မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း တစ်ချိန်က အဲ့ဒီအတွေးမျိုးကို သေသေချာချာကို တွေးမိခဲ့ဖူးပါတယ်။ ဒီလိုဖြစ်ခဲ့ရက်နဲ့ ဘာလို့ တားရော့ခ်ကတ်ပြားတွေအပေါ် ယုံကြည်နေတဲ့အထိ ဖြစ်လာခဲ့ရသလဲဆိုရင်တော့ အရှေ့တိုင်း ဗေဒင်နဲ့ အနောက်တိုင်း ဗေဒင်တွေရဲ့ သဘာဝတရားတွေ နည်းစနစ်တွေရဲ့ ကွဲပြားခြားနားပုံကို ပြောပြချင်ပါတယ်။ အတိုချုပ်ပြောရရင် အရှေ့တိုင်းဗေဒင်နဲ့ အနောက်တိုင်းဗေဒင်ဟာ အခြေခံ အယူအဆခြင်း လုံးဝ မတူညီဘူးဆိုတာ […]


water-melonOctober 27, 20111min25426
အခုဆောင်းတွင်းဝင်လာပြီဆိုတော့ ပုရစ်တွေလည်း ပေါ်လာပြီနော်။ ပုရစ်ဆိုတာ အပင်က ပုရစ်ဖူးကိုပြောတာဟုတ်ဘူးနော်။ အင်းဆက်မျိုးနွယ်ဝင် ပုရစ်ကိုပြောတာဗျ။ အခုဆို ရေကြည်ညောင်ပင်မှာဆို ပုရစ်တွေရောင်းကြတယ်။အများကြီးဘဲ သနားလည်းသနားပါတယ်။ မန်းလေးက ၇၃လမ်းပေါ်မှာဆိုရင် ပုရစ်တွေကြော်ရောင်းကြတယ်ဗျ။ သူတို့က ချီးရောထုတ်လားမသိဘူး ပြီးတော့ ခြေထောက်က ဆူးတွေရော ကတ်ကြေးနဲ့ညှပ်လားမသိဘူး။တော်ကြာ ဈေးသည်တွေ မန်းလေးဂဇတ်ဝင်ဖတ်ပြီး သူတို့စီးပွားရေးကို ဒုတ်နဲ့ထိုးပါတယ်ဆိုပြီး သူကြီးတိုင်နေရင် ဒုက္ခဗျ။ ပုရစ်ဖမ်းတာ ဒီလိုဖမ်းတာဗျ။ ပုရစ်တွင်းကို တွေ့ပြီဆိုရင် အပေါက်ကို နည်းနည်းကျယ်အောင်လုပ်ပြီး တွင်းထဲကိုရေလောင်းချတယ်ဗျ။ ပုရစ်တွေက ရေမွန်းပြီးထွက်လာမှ ဖမ်းတာတဲ့။ ဒီလိုဖမ်းလို့လည်း ရေတွေကြီးပြီး လူတွေ ဝဋ်လည်နေတာဗျ။ ဝမ်းရေးအတွက်လုပ်တာဆိုတော့လည်း ငရဲတို့ဝဋ်တို့က နောက်မှပေါ့ဗျ။  ကြုံတုန်းပြောလိုက်အုန်းမယ် အကောင် ၁၀ဝ ပါတဲ့ ပုရစ်မကို ၃၀၀ဝကျပ်တဲ့။ အထီးဘဲဆိုရင် ၂၀၀ဝကျပ်တဲ့။ ဈေးနှုန်းအတက်အကျရှိသည်။


Moe ZOctober 27, 20111min17214
လောကမှာသာမန်မျက်စိနဲ့ကြည့်လို့မရ မမြင်နိုင်တဲ့အရာတွေများစွာရှိပါတယ်။ ကိုယ်မမြင်ရဘူးဆိုပေမယ့် မရှိဘူးလို့ငြင်းလို့လည်းမရဘူး။ မိုးစက်သိတဲ့ ဖိလစ်ပိုင်မလေးတစ်ယောက်ဆိုရင် ပရလောကသားတွေကိုမြင်နိုင်တဲ့ Third Eye  ရှိတယ်။ သူငယ်ငယ်လေးကတည်းက ပုံစံမျိုးစုံတွေ့ဖူးတယ်တဲ့။ တစ်ချို့က တိမ်တွေလိုအဖြူရောင် မီးခိုးရောင်အရိပ်တွေပိုများတယ်ဆိုပဲ။ တစ်ခါတစ်လေများမိုးစက်အခန်းထဲသူဝင်လာပြီး တစ်နေရာကိုစိုက်ကြည့်လိုက်ရင် လန့်လန့်သွားတယ် ဘာများတွေ့လို့လဲဆိုပြီး။ တကယ်တော့မိုးစက်ကသူရဲဘောကြောင်တဲ့အထဲမပါဘူး (ကိုယ့်ဟာကိုယ်သတ်မှတ်ထားတာ 🙂 ) ကိုယ်တိုင်မကြုံဖူးရင် သူများပြောတိုင်းလဲသိပ်လက်မခံတတ်ဘူး။ အခုပြောပြမှာ မိုးစက်ကိုယ်တိုင်ကြုံခဲ့တာ ယုံတာမယုံတာတော့ စာဖတ်သူများသဘောပါ။ ကြိုက်သလို ထင်မြင်ယူဆနိုင်ပါကြောင်း ….. ၁၁နှစ်သမီးမိုးစက် ၆တန်းကျောင်းသူအရွယ်ကပါ။ မေမေ့ဘက်ကအမျိုးတွေရှိတဲ့ နယ်မြို့လေးတစ်မြို့ကို မေမေနဲ့မိုးစက် ၂ယောက်တည်းသွားလည်ကြတယ်။ အမျိုးထဲကပဲ ဘုန်းကြီးဝတ်နေတဲ့အဖိုးတစ်ယောက်က မျက်လုံးခွဲဖို့ဆေးရုံတက်ရတယ်။ ငယ်ဖြူဆိုတော့ သားသမီးမရှိတော့ နီးစပ်ရာအမျိုးတွေကပဲသွားပြုစုရတာပေါ့။ မိုးစက်အဒေါ်ဝမ်းကွဲတစ်ယောက်နဲ့ အဲဒီဆေးရုံကသူနာပြုဆရာမလေးနဲ့က သူငယ်ချင်းတွေ။ အမျိုးသားလူနာဆောင်မှာ အမျိုးသမီးတွေညအိပ်စောင့်လို့မရဘူး။ နေ့ဘက်ပဲစောင့်ရတယ်  အဲဒီဆရာမလေးက မျက်လုံးစခွဲထားတဲ့နေ့ကျတော့ ညအိပ်စောင့်ချင်ရင် သူတို့ဆရာမတွေညဂျူတီကျရင် အိပ်တဲ့အခန်းမှာအိပ်လို့ရတယ်ပြောလို့ […]


koyin sithuOctober 26, 20111min1245
သတ်မှတ်ချက် တစ်ခုပေါ်မှာ ဒွိဟဖြစ်နေတာမျိုးကို သင်တို့ သဘောတူမည်ဆိုပါက ကျွန်တော် မကန့်ကွက်လိုပါ။ ကျွန်တော်က ဘဝဆိုတာကို အမြင့်ခုန်ပြိုင်ပွဲတစ်ခုမှ စံချိန်တစ်ခုလို တိုင်းတာပြောဆိုပြချင်ပေမယ့် မည်သူကမှ လိုလိုလားလား လက်မခံကြ။ ဒီလိုနဲ့ ဝိရောဓိ ညနေခွက်တွေလည်း တစ်ခွက်ပြီး တစ်ခွက် မှောက်ကုန်ကြရတာ။ ဘာမှ မယုံတော့လို့ ဘာမှ မလုပ်ဖြစ်တာလို့ ပြောလိုက်တော့ ဝိုင်းစက်ပြူးကျယ်နေတဲ့ မျက်နှာပေးလေးများကို ကျွန်တော် အလွတ်ကျက်နေမိသည်။ ဈေးဝယ်ထွက်သွားကြတဲ့ အိပ်မက်တို့၏ ပျော်ရွှင်မှုသည် တကယ့်ကို စစ်မှန်သော ပျော်ရွှင်မှုမှ ဟုတ်ရဲ့လား။ စဉ်းစားကြစေလိုသည်။ ဘဝမှာ ရိုက်ချက်ပျော့ပျောင်းမှုများကြောင့် ကျွန်တော် ညံ့ဖျင်းခဲ့ပါကြောင်း အမြဲလိုလို ဝန်ခံခဲ့ဖူးပါသည်။ ဒါဟာ ရိုးသားမှုလား… ဒါမှမဟုတ် ညံ့ဖျင်းမှုကို သိပ်မပေါ်လွင်စေတဲ့ ကာကွယ်မှုတစ်ခုလား…   တိုက်ပုံကောင်းကောင်းတစ်ထည်ဖြင့် ထမင်းဝနေကြသော အနုပညာရှင် ဆိုသူများ […]


youngmanOctober 25, 20111min27417
“လူရည်ချွန်ဖြစ်ဖို့ကျွန်တော်ကြိုးစားမည်။ဆရာဝန်ဖြစ်ဖို့ကျွန်တော်ကြိုးစားမည်။”သန်းထွန်းလေးရဲ့သီချင်းကိုကြားမိတိုင်းလူငယ်တွေရဲ့အကြီးမားဆုံးရည်မှန်းချက်အိမ်မက်ဟာ လူရည်ချွန်ဖြစ်ဖို့၊ဆရာဝန်ဖြစ်ဖို့၊လို့အကြမ်းဖျင်းယူဆလို့ရပါတယ်။ လူရည်ချွန်စခန်းသွင်းတာဟာ မဆလခေတ်မှာ ကျန်ခဲ့ပြီမို ့ခေတ်နဲ ့မလျော်ညီတော့ပါဘူး။ အင်းစိန် (RIT) ကျောင်းဖျက်သိမ်းပြောင်းရွှေ ့ပြီးကတည်းကတကသိုလ် ဝင်တန်း(ဆယ်တန်း) မှာအမှတ်ကောင်း တဲ့လူငယ်တွေ(နိုင်ငံခြားထွက်ဖို့ ရည်ရွယ်ချက်၊အခြေအနေမရှိတဲ့လူငယ်) အတွက်တော့မြန်မာနိုင်ငံမှာအကောင်းဆုံးကျောင်းကတော့ဆေးကျောင်းပဲ ဖြစ်ပါတယ်။ဆေးကျောင်းပြီးလို ့ဆရာဝန်ဖြစ်လါတဲ့အခါ လူ မှုပတ်ဝန်းကျင်မှာ ဂုဏ်ရှိတယ်၊ ကုသိုလ်လည်းရ ၊ ဝမ်းလည်းဝ တဲ့အလုပ်လို ့ပဲမြင်ကြတယ်။ တဖက်လှည့်ပြန်စဉ်းစားကြည့်ရင်တော့ ကိုယ်ကုလိုက်လို ့သက်သာ၊အသက်ရှင်သွားရင် ကုသိုလ်ရပေမယ့် အဲလိုမဟုတ်ခဲ့ရင်အကုသိုလ် ဖြစ်နိုင်တာပေါ့။ဒင်္ဂါးပြားတစ်ပြားရဲ ့မျက်နှာပြင် နှစ်ဖက် လိုဒွန်တွဲ နေတာကိုတော့သတိပြုဖို ့လိုပါတယ်။ ဆရာဝန်တစ်ယောက်ရဲ  ့ယေဘုယျ ဘဝကိုပြောရ မယ်ဆိုရင် အသက်၁၆-၁ရမှာ ဆယ်တန်အောင် ( ၈၈ အရေးအခင်း နဲ ့ငြိရင် ၁၇-၁၈ မှာ အောင်)၊ ၉၆ ကျောင်းသား အရေးအခင်း နဲ […]


black chawOctober 25, 20111min38422
သူငယ်ချင်းအပျိုကြီးတစ်ယောက် မင်္ဂလာဆောင်သွားတဲ့အပေါ် သူငယ်ချင်းတွေရဲ့ထင်မြင်ချက်လေးတွေ နဲ့ ကိုယ့်ရဲ့ထင်မြင်ချက် မတူတဲ့အပေါ် ခံစားရေးဖွဲ့ထားတဲ့ weiwei ရဲ့ feeling 40 ကတော့ အပျိုကြီးတွေရဲ့ အတွေးတစ်ပိုင်းတစ်စကို ဖတ်ရမှာပါ။ ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြဘို့ တိုက်တွန်းပါတယ်။ Feeling 40 နဲ့ တွဲဖတ်ဘို့ ညွှန်းထားပါတဲ့ ကိုသစ်မင်းရေးတဲ့ပို့စ်လေးက ဘာအကောင်းဆုံးလဲ ဆိုတဲ့ ပို့စ်လေးပါ။ ကိုသစ်မင်း ရဲ့အတွေးအရေးကို အားလုံးလည်းသိပြီးသားမို့ ညွှန်းစရာမလိုတော့ပါဘူး။ ဖတ်ကြည့်ပါ။ နောက်တစ်ပုဒ်ကတော့ weiwei ရဲ့ guilin ခရီးစဉ် အပိုင်း ၁ ဖြစ်ပါသည်။ ဓါတ်ပုံလေးများပူးတွဲပါဝင်ပါသော ခရီးသွားဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ကိုယ်တိုင်ဖတ်ကြည့်ဘို့ တိုက်တွန်းပါသည်။ ပို့စ်ထဲတွင်ပါသော ဓါတ်ပုံများထဲမှ တီရှပ်နဲ့ ဘလူးဂျင်း ဝတ်ထားသူလေးကို ရွာသားများစိတ်ဝင်စားကြပါသည်။ နောက်တစ်ပုဒ်က comegyi ၏ မန္တလာမြေခရီးစဉ်အပိုင်း၂ ဖြစ်ပါသည်။ ဖတ်ကြည့်ကြပါခင်ဗျာ။ […]


koyin sithuOctober 25, 20111min903
ကြယ်တွေက ဖွေးခနဲကြွေကြသွားသည်။ ကောင်းကင်က ခဲရောင်တောက်နေ၏။ ရုတ်တရက် မာနကြီးဟန် ပေါက်နေတဲ့ ညခင်းတစ်ခုဟာ ဆော်ဒါနံ့တွေ သင်းပျံ့လာတော့၏။ တော်ရိရောရိ ကိုယ်ဖော့တတ်ရုံလောက်ဖြင့် လူတွေကြားထဲ ရေကူးရတာ ပျင်းဖို့ကောင်းလှပါတယ်။ ကျွန်တော့်ဘဝတွင် ရည်ရွယ်ပြီး မလုပ်ဖြစ်ခဲ့သော ကိစ္စများ တော်တော်များနေပါသည်။ လူများစွာနှင့် လိုက်လျောညီထွေအောင် ပေါင်းသင်းတတ်ဖို့ဆိုတာ ပါရမီလိုအပ်ကြောင်း ကျွန်တော် သဘောပေါက်ခဲ့သည်မှာ ကြာခဲ့ပါပြီ။   ရွာထဲကို စတင်ဝင်လာခဲ့စဉ်တုန်းကလည်း ကျွန်တော်မှာ အများသူငါ ရွာသားတွေလို အွန်လိုင်းမိတ်ဆွေတွေလည်း မရှိ။ အဖွဲ့လည်းမရှိ။ ဝမ်းမန်း ကိုယ်ပိုင်ရှိုးပွဲတွေလို ကျင်းပပြီး ကိုယ်ပိုင်သံစဉ်တွေကို ဟစ်ဟော့ပ်လုပ်ဆိုမည် ဟဲမည်၊ ဆိုသော်လည်း ပံပိုးမည့် ပရိုဂျူဆာများလည်းမရှိ…။ မီးခိုးမှိုင်း ထုတ်ပေးမည့်သူ၊ စပေါ့လိုက် မီးထိုးပေးမည့့်သူ၊ ပန်းကုံး စွပ်ပေးမည့့်သူမရှိ၊ စင်မြင့့်အောက်ကနေ လက်ခုပ်တီး အားပေးမယ့့်သူလည်း မရှိ။ […]


koyin sithuOctober 24, 20111min16411
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဝမ်းရေးနှင့် အခြား အကြောင်းမျိုးစုံကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ အပေါ်လမ်း၊ အောက်လမ်းကပါ သွားရောက်အလုပ်လုပ်ကိုင်ကြရပါတယ်။ အထူးသဖြင့်တော့ ထိုင်းနိုင်ငံမှာဖြစ်ပါတယ်။ ထိုင်းမှာ ရေကြီးနေတဲ့ သတင်းတွေတော့ ကြားရတယ်… ထိုင်းနိုင်ငံမှာ နေရာစုံ အလုပ်လုပ်ကိုင်နေကြတဲ့ ကိုယ်တွေ မြန်မာအလုပ်သမားတွေ အဆင်ပြေပါ့မလား နားစွင့်နေမိတယ်။ ရေကြီးမှုကြောင့် စက်ရုံ၊ အလုပ်ရုံကြီးတွေ ပိတ်လိုက်ပြီး အလုပ်သမား မြောက်မြားစွာ အလုပ်ကအနားပေးလိုက်တယ်။ ဒီတော့ ကျွန်တော့်တို့ မြန်မာအလုပ်သမားတွေလည်း နေရပ်ကို တပ်ခေါက် ကြရတာပေါ့။ သူတစ်ပါးနိုင်ငံမှာ ရေကြီးလို့ ဒုက္ခတွေနဲ့ ကိုယ့်နေရပ်ကို ပြန်လာသူတွေကို နယ်ခြားစောင့်တပ် အမည်ခံ အေးဓါးပြတို့ ဆက်ဆံပုံက ဧရာဝတီသတင်းထဲမှာ ဖတ်လိုက်ရတာရင်နာစရာပါပဲ။ အရင်တုန်းကလည်း ထိုင်းရဲတွေက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရားမဝင်နေထိုင်တာ ဖမ်းမိတာနဲ့ ကတုံးတုံးပြီး ဖင်နှိုက် ထောင်ထဲ (၁၀)ရက်ထည့်ပြီး […]


ဆူးOctober 24, 20111min43541
ဒို့ခေတ်မှ ညံ့တော့မှာလား ဆိုတဲ့ ပိုစ်လေးမှာ အနည်းဆုံး အမှိုက်တော့ ကောက်ပေါ့ ဆိုတဲ့ စကားလေး ကို ဖတ်မိတော့ အတွေးတခု ဝင်မိတယ်။ သီတင်းကျွှတ်လပြည့်နေ့ က ဘုရားကို လူသိန်းချီ တက်တယ်လို့ ဂျာနယ် တခုမှာ ဖတ်လိုက်မိတယ်။ လူတွေ လာသွားတဲ့ အမှတ်အသား တခုအနေနဲ့ ဘုရားမှာ သီတင်းကျွှတ်လပြည့်ကျော် ၁ရက်နေ့ မနက်ပိုင်း သိဂုတ္တရဥယျာဉ်ကို လမ်းလျှောက်သွားတော့ ဒီရေ ကျသွားလို့ အမှိုက်တွေ နုန်းတွေ လမ်းမှာ ပြည့်နေသလိုပါပဲ အမှိုက်တွေ ကျွှတ်ကျွှတ်အိတ်စတွေ မြင်မကောင်းလောက်အောင်ကို များပြားနေကြပါတယ်။ မြင်ကွင်းက တော်တော် စိတ်မကောင်းဖြစ်စရာ ကောင်းလှတယ်လို့ ထင်မိပါတယ်။   လူကြီး လူငယ် လူရွယ် ကလေးမကျန် အားလုံးကို အမှိုက်ကောက်ပါဆိုတဲ့ အသိပညာထက် အမှိုက်ကို […]