Yarmanya NweiDecember 24, 20171min2222
ကမ်ဗလာကမ်ဘာ    ထီးထီးမားမား ကြီးသည့်ရေးရာ     အခြားအရာထက် စွဲမက်စရာ        မရှိတော့သည်သာ ဒီ၏ကမ်ဘာ     အရာဝင်အရေးကြီး မပြီးချီးမွမ်းစရာ    “အို’ ဒီအရာ ယှဉ်ကာတုနှိုင်း    မရိုင်းမယဉ် ခွင်း၏လေသော်     မနှုသ၁ သဘောလည်း လျော့နည်းဆုံးရှံး    ယင်းမှတဖုံ ဂုဏ်၏မြင့်မြတ်    အပ်စပ်ဒီအရာ သည့်ပထဝီမြေသား     အထွဍ်အထိတ်အါးကို စောင့်ထိမ်းရန်လို     “အို” အကျွန့်လောကလူသား အားလုံးလူရည်မွန်ရင်     သဝန်မတိုကြစတမ်း တန်ပြန်သူငါ     ဟူကာမငြင်းခုံမင်သင့်၏ ထိုမှတဆင့်    ဆက်ဆိုလင့်သော် လောကအကုန်လူသါး     စေတနာထားကား ငှတ်တုတ်မနေ    ကြောင့်ကျမစွေပဲ အမှန်ကိုဟုတ်ခါ   လက်ကိုင်တုတ်အလား ကိုင်ခါသွားလျှင်    လုပ်ဆောင်လူ့ခွင် ပီသမြင်လေ၏    သင့်သည့်ဒီအရာ ရှိကမ်ဘါတောနက်၏    ခုတ်ထွင်နှက်လျှင် အနည်းငယ်ကိုရှင်း    ထားရှိဘွယ်တွင် ကြိုးတိုးကျဲတဲဟုတ်ကိုထင်   လေးလံသည်အရာကိုပင် မှင်ကာစွဲမက်    ထားရှိရက်သူ လူမိုက်ကမ်းကုန်   အို! ငတုံး အားလုံးသတဲ့လား?    လျှင်သာသို့မဟုတ် ကုပ်ခဲ့သည်ရှိသော်   ပေါလေသတိ ဟုတ်၏ဆိုပြန်    ထိုသို့တန်ပင် လစ်ဟင်းလေသက    […]


aye.kkDecember 19, 20171min2016
ဒီနေ ့မနက် မိုးလေဝသအခြေအနေအရ အအေးဓတ်လေးနဲနဲလွန်ကဲနေသော်လည်း၊ အိပ်ရာမှထသည်နှင့်ရေနွေးအိုးလေး တည်ထားခဲ့ပြီးမှ၊ အောက်ထပ်မှာ ရေချိုးဖြစ်သည်ပင်။ ပုံမှန်အိပ်ရာထချိန်၊ နံနက်၃နာရီခွဲပါ။ ရေချိုးပြီးမှသာ၊ဒုတိယထပ်မှာ၊ဘုရားသောက်တော်ရေချမ်း,ဆွမ်း,ပန်းကပ်လှူရန်ပြင်ဆင်ပြီး အမေ့အတွက်၊ကော်ဖီ,မုန် ့အရံသင့်လုပ်ထားပေးရသည်။ပြီးလျင်တော့ အပေါ်ထပ်ဘုရားကျောင်းဆောင်မှာ၊ဘုရားဝတ်ပြု,ငါးပါးသီလခံ,မေတ္တာပို ့သပြီးမှသာ အလုပ်သွားကြမည့်သားတွေအတွက်၊မနက်စာပြင်ဆင်ပေးရတာ ကျွန်အတွက် နေ ့စဉ်ပုံမှန်ပါပဲ။ မနက်ကဘုရားရှိခိုးပြီး၊ညက ကပ်ထားသည့်၊သောက်တော်ရေချမ်း စွန် ့ရန်အောက်ထပ်သို ့ ယူဆင်းလာပီး၊ဘုရားသောက်တော်ရေခွက်ပန်းကန်တို ့အား၊ကိုယ်တိုင်ဆေးကြော သန် ့ရှင်းပြီးသည်နှင့်ညီမလေး ဖြစ်သူအား၊ ဘုရားကျောင်းဆောင် အပေါ်ထပ်၌ သွားထားပေးရန်ခိုင်းမိလိုက်ပါတယ်။ ခိုင်းမိပြီးကာမှ၊ ချက်ခြင်းပြန်သတိရလိုက်မိသည်။ ညီမလေးကသူ၏ ဒူးခေါင်း သိတ်မကောင်းသဖြင့်၊ အပေါ်ထပ်နှင့်အောက်ထပ်သို ့ ခဏခဏ အတက်အဆင်းလုပ်ဖို ့မလွယ်ကူတာကို စဉ်းစားမိပြီးမှ၊ ညီမလေးအား မထားတော့ရန်နဲ ့၊သားတွေအိပ်ရာမှနိုးလာတဲ့အခါမှသာ ထားခိုင်းတော့မယ့် အကြောင်း ပြန်ပြောပြလိုက်မိပါတယ်။ ညီမလေးကတော့၊သူ ့စိတ်၏ ခံစားချက် ထင်မြင်မှုအရ ကျွန်မကို ချက်ခြင်း ပြန်ပြောလိုက်တဲ့စကားကြောင့်၊ကျွန်မပြန်ရှင်းပြရမယ့် အနေအထားဖြစ်သွားပါတယ်။ ကျွန်မကို-ညီမလေးက၊ ဒုတိယအစ်မဖြစ်နေလို ့၊ ယီကြည့်လို ့ဘဲခေါ်ပါတယ်(တရုတ်လိုပါ)။ ယီကြည့်က ညီမကို အပေါ်ထပ်မတက်ခိုင်းတာဟာ၊ […]


WowDecember 19, 20171min32913
2nd Chance ရုပ်ရှင် Review တော့မဟုတ်ဘူး။ ကိုယ်က Lucifer နဲ့ Super Natural Fan ဆိုတော့ ဒီကားလေးတွေက တော်တော် အားထုတ် အချက်အလက်တွေတော်တော် စုဆောင်းပြီးမှ ရိုက်တာဆိုတာ သိသာတယ်။ သရုပ်ဆောင်တွေ ကောင်းတာပြောစရာမရှိ ဒိုင်ယာလော့တွေက တချို့ဆိုတော်တော် မှတ်မှတ်သားသားရှိတယ်။ Castiel ပြောသွားတဲ့ အိန်ဂျယ်တွေက မလိမ်တတ်ဘူး ဒါပေမဲ့ “Truth is situational.” ဆိုတာမျိုး… သူ့ကလေးကို သတ်သွားတဲ့ အိမ်ဂျယ်တွေနောက်ကို နှစ်ပေါင်းများစွာလိုက်နေတဲ့ အမျိုးသမီး နောက်ဆုံး အိမ်ဂျယ်တွေသုံးတဲ့ မန္တန်တွေသုံးပြီး အိမ်ဂျယ်တွေကို ပြန်သတ်လာနိုင်ပါတယ်။ ပြီးတော့ ဆမ် နဲ့ Dean Winchester ညီအကိုတွေနဲ့တွေ့ပြီး “Patient is the talent.” သည်းခံခြင်းဆိုတာ အရည်အချင်းပါပဲ […]


aye.kkDecember 15, 20172min36411
မနေ ့က ဓမ္မမိတ်ဆွေကျောင်းအစ်မ၏အိမ်သို ့ အလယ်ရောက်ဖြစ်သည်။ ဘာသာရေးမှာစိတ်တူကိုယ်တူမို ့ပေါင်းဖြစ်ကြသည်။ ကျောင်းဆောက်လုပ်ရန်အတွက်၊ကျောင်းအစ်မပိုင်ဆိုင်သော မြေနေရာကြည့်ရန်သွားရင်း၊သာယာသည့်လွယ်စီတုံတောင်ကို တွေ ့မြင်လိုက်ရသည့်အတွက်၊အမှတ်တရဓတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ လွယ်စီတုံတောင်ပေါ်သို ့ခဏခဏရောက်ဖူး၊နေဖူးခဲ့သည့်၊ မိတ်ဆွေတစ်ယောက်လည်းပါလာသဖြင့်၊ လွယ်စီတုံတောင်၌ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ရှုခင်းအနေအထားများနှင့်ထူးခြားဆန်းပြားသည့် အကြောင်းအရာများကို ပြောပြသဖြင့် လွမ်းမောဘွယ်ရာကောင်းလှတာကိုခံစားရပါတယ်။ လွယ်စီတုံတောင်ကို ရောက်ဖူးချင်ပါသော်လည်း၊ လက်ရှိတွင် ကျွန်မ၏ ကျန်းမာရေးအခြေအနေအရ၊ လွယ်စီတုံတောင်ပေါ်သို ့တက်ရောက်ရန် မဖြစ်နိုင်ပါလေ။ ကျွန်မ၏မိတ်ဆွေ ကျောင်းအစ်မ အလယ်ခေါ်သွားသည့် လွယ်စီတုံရွာမှာဆောက်လုပ်လှူဒါန်းထားသည့် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းခွဲလေးကိုရောက်ဖြစ်ခဲ့ပါတယ်။ နောက်ထပ်ဆောက်လုပ်ရန်မြေနေရာကြည့်ရင်းနဲ ့ပါ။ လွမ်းမောဘွယ်ရာ သာယာလှပနေသော လွယ်စီတုံတောင်ကိုဖြင့် အဝေးကနေ အမှတ်တရရိုက်ဖြစ်ခဲ့ပါတယ်။ လွယ်စီတုံတောင်၌ ထူးခြားဆန်းပြားလှသည့် အကြောင်း အရာများကို၊ ကြုံတွေ ့ခံစားရသည့် မိတ်ဆွေကိုယ်တိုင်က အဖြစ်သနစ်များကို ပြောပြသဖြင့် နားထောင်မိပါသော် လည်း၊ ပြန်ပြောပြပါကယုံကြည်လက်ခံနိုင်ရန် ခဲယဉ်းလှ သည့်ကိစ္စများ ဖြစ်နေ၍၊  မပြောပြလိုပါ။ ကိုယ်တိုင်သာ ရောက်ဖူးချင်မိပါသည်။  


KyaemonDecember 11, 201726min8732
၊ ၊ချင့်ချိန်ပြီးမှယုံ၊ ၊ယုံကြည်ချက်အတိုင်းလုပ်ဆောင်   ICOLDက၊လေးနက်တည်ကြည်  ၊ရှေ့ဆောင်းပါးမှာဖော်ပြသလိုကမ႓ာ့အကြီးစားရေကာတာအသင်းICOLDကတရုပ်နိုင်ငံဇီပင်ပူးရေကာတာဆီကို၊ ၊သွားရောက်လေ့လာဆန်းစစ်ခဲ့တယ်၊ ၊အောက်တွင်ပါရှိတဲ့ရေကာတာ၅ခုကိုလဲအချက်ကျကျအသေးစိတ်လေ့လာခဲ့တယ်၊ အသင်းသားနိုင်ငံတွေအတွက်တာဝန်ရှိရှိအကျိုးဆောင်ကြတယ်၊ ICOLD Committee on Seismic Aspects of Dam Design ICOLD RTS Reservoirs And Seismicity Bulletin Final March 6 2005 CONTENTS 1. Introduction 2. Reservoir Triggered Seismicity Phenomena and Development of their Evaluation and Interpretation 3. Frequency of Reservoir Triggered Seismicity 4. Characteristics of Reservoir Triggered Seismicity 5. […]


Kaung Kin PyarDecember 7, 20171min2211
လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က မှတ်သားဖွယ်စကားကြီးတစ်ခွန်းကြားခဲ့ပြီးနောက်ပိုင်း အဲ့ဒီစကားကို ခုချိန်ထိ မမေ့နိုင်ဘူး…။ မနောက်ပါဘူး၊ အတည်ပြောတာ…။ အဲ့ဒီစကားက ဘာမှလဲ မထူးဆန်းသလို ကြားနေကျလို့တောင် ပြောလို့ရတဲ့ စကားပါ…။ သတိရစရာအကြောင်းကလဲ နေ့တိုင်းတိုက်ဆိုင်နေတော့ နေ့တိုင်းနီးပါ ဒီစကားကို သတိရရနေတယ်ရော.. တခါက အလုပ်မှာ နေ့လည်ထမင်းစားချိန် အတူဝိုုင်းဖွဲ့စားကြရင်း အရင်စောပြီးသွားတဲ့ အမတစ်ယောက်က သူ့ထမင်းချိုင့်ကို ဘေစင်မှာ ဆေးပါတယ်…။ သူက ရေဘားကို အဆုံးထိဖွင့်ပြီး သူ့ထမင်းချိုင့်ကဆပ်ပြာတွေကို ဆေးချနေတဲ့အချိန်ပေါ့…။ အဲ့အချိန် ရုံးကသူဌေးမ ထမင်းစားခန်းကနေ အပြင်ကိုထွက်ဖို့ ဖြတ်တယ်…။ သူဒီလိုဆေးနေတာကို မြင်တော့…စကားတစ်ခွန်းလှမ်းပြောတယ်…။ “ရေကို တစ်ဝက်ပဲဖွင့်ပါ” တဲ့ ကုမ္ပဏီက သစ်ကုမ္ပဏီဆိုတော့ အဲ့ဒီအချိန်တုန်းကတော့ အမြတ်အစွန်းတော်တော်လေးရနေတာပေါ့…။ ပြီးတော့ ကုမ္ပဏီခွဲတွေ အများကြီးအပြင်ကို နိုင်ငံခြားမှာပါ ကုမ္ပဏီတွေ ဖွင့်ထားနိုင်တဲ့အနေအထားရှိတဲ့သူတွေပါ..။ လွိုင်ကော်မှာ လက်ဖက်ရည်ဆိုင်သေးသေးလေးကနေ […]


        အလုပ်နဲ့ဘဝ ——————————————————-   အလုပ်နဲ့ ဘဝအကြောင်း စဉ်းစားနေတုန်းမှာပဲ… ဒီနေ့ ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ရဲ့ တရားခွေလေး နာလိုက်ရတာနဲ့ တိုက်ဆိုင်လို့ ပြောလိုက်ပါဦးမယ်။   ဆရာတော် ဆုံးမတာကတော့ အလုပ်ဟာ ဘဝရဲ့ အချိန်တော်တော်များများကို ပေးထားရတာ ဖြစ်တယ်။ အဲ့ဒီအတွက် အလုပ်ကနေ ဘာပြန်ရလိုက်သလဲ…..   အလုပ်ကို အဲ့ဒီလောက် အချိန်တွေ အများကြီး ပေးဆပ်ထားပြီးမှ… အလုပ်ဆီကနေ ပိုက်ဆံတစ်ခုပဲ ပြန်ရမယ်ဆိုတာတော့ မဖြစ်သင့်ဘူး ဆိုတဲ့အကြောင်း။   အလုပ်ထဲမှာ ကြုံရသမျှ အခက်အခဲတွေကို ဖြေရှင်းရင်း… ကိုယ့်သဘောထားကိုလည်း ကိုယ်ပြန်စစ်ပြီး ကိုယ့် ကိုယ်ရည်ကိုယ်သွေး မြင့်မားအောင်၊ ကိုယ့်အရည်အချင်းတွေ တိုးတက်လာအောင် ကိုယ်လုပ်သမျှ လုပ်ရပ်တိုင်းနဲ့ – […]


KyaemonDecember 2, 201731min7011
‘တရုပ်ဆည်အလွဲများ”ဆိုတဲ့ဦးမျိုးဝင်းသူရဲ့ဆောင်းပါးအရှည်ကြီးကိုဖေ့ဘုက်မှတ်ချက်တွေအနေနဲ့တင်လာပါတယ်၊ ၊၎င်းဆောင်းပါးကိုဆွေးနွေးမယ်၊ ၊ပြီးတော့၊ရေအားလျှပ်စစ်ကဖူလုံပြီးလူတွေကကြိုးစားလို့ဝူးဟန်ဒေသကတိုးတက်ဖွံ့ဖြိုးလာတာတွေကိုလိုက်ကြည့်မယ်၊ ၊ရေကာတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်၊ဆောင်းပါးရှင်ဦးဝင်းမျိုးသူကညွန်ချုပ်ဟောင်းဦးထွန်းလွင်နဲ့ရွှေကလောင်ရှင်ဦးသန်းထွဋ်အောင်တို့ ၊ထက်သဘောထားအမြင်ကျယ်ပါတယ်၊သူတို့နှစ်ဦးကရေကာတာကိုမလုပ်စေချင်ပါ၊လုံးဝကန့်ကွက်တယ်၊        ဦးဝင်းမျိုးသူကပြောတာကရေကာတာဆောက်လုပ်တာကိုမဆန့်ကျင်ပါ၊အားနဲချက်တွေကိုပြုပြင်ထိန်းသိမ်းနိုင်ဘို့ကိုသူက ။တောင်းဆိုနေတာပါ၊ ၊သို့ပင်ငြားလည်း၊အများပြည်သူအကျိုးနဲ့ပတ်သက်နေလို့ဦးမျိုးဝင်းသူရဲ့၊ဆောင်းပါးထဲက ၊အမှားတွေကိုဖော်ထုတ်ရပါမယ်၊     ၁၊တင်ထားတဲ့ပုံကသူဆွေးနွေးနေတဲ့ဇီပင်ပူးရေကာတာပုံမဟုတ်ပါ၊ ၊မြစ်ကျဉ်း၃တန်ရေကာတာကြီးဆိုတာလူတော်တော်များများကတောင်သိနေပါတယ်၊ ဇီပင်ပူးရေကာတာကိုအောက်တွင်တင်လိုက်ပါတယ်၊   ၂၊ဇိပင်ပူးရေကာတာလုပ်လို့ရေလဲဖြည့်ရော်ဝင်န်ချောင်ငလျင်လှုပ်ပါရောဆိုပြီးလူပေါင်းရှစ်သောင်း၊ ၊သေကြေစေခဲ့တယ်လို့ပြောပါတယ်၊ ၊အဲဒီလိုပြောတာကထင်ကြေးပါ၊သိပ္ပံနည်းကျကျခိုင်လုံတဲ့သက်သေမထူထောင်နိုင်ကြပါ၊မခိုင်လုံပါ၊ ၊ဒီလိုထင်ကြသူများရှိသလို၊မဟုတ်ရပါဘူးလို့ဆန့်ကျင်ပြောစောဒကတက်သူတွေလဲအများကြီးပါ၊ ၃၊ဇီပင်ပူးကငလျင်ကြောနဲ့တမိုင်ကွာ အဲဒီလိုရေးတာကမမှန်ပါ၊တရုပ်ပါရဂူတွေရေးတာကဇီပင်ပူးကပြတ်ရွေ့သုံးခုပေါ်မှာလို့ပါပါတယ်၊ ၊အံ့ဩမိမှာပါ၊ငလျင်ကြောပေါ်မှာဘာပြုလို့ဆောက်တာလဲ၊ကယ်လီဖိုးနီးယား၊အီရန်၊ဂျပန်တို့ကလဲ၊ ၊ဒီလိုဘဲငလျင်ကြောပေါ်ဖြစ်စေ၊အနီးအနားမှာဖြစ်စေဆောက်ကြတယ်၊အင်္ဂျင်နီယာပုံစံ ၊နဲ့နိုင်နိုင်နင်းနင်း ထိန်းသွားတာပါ၊ ၊ဒီအချက်ကိုဖော်ပြသင့်ပါတယ်၊ ၊မြစ်ဆုံမတူကွဲပြားတာကိုမဖော်ပြထားပါ၊ (လူတွေကိုချောက်လှန့်သလိုဖြစ်သွားတယ်) ၊မြစ်ဆုံကတမိုင်မကမိုင်၈၄လောက်စစ်ကိုင်းပြတ်ရွေ့နဲ့ကွာဝေးပါတယ်၊ ၊ရန်ကုန်သထုံမျဉ်းဖြောင့်မိုင်၇၂ထက်ပိုဝေးပါတယ်၊ ၊အကွာအဝေး မ ကပါ၊တောင်တန်းတွေခြားပြီးကာစီးထားလို့မြစ်ဆုံကစစ်ကိုင်းပြတ်ရွေ့နဲ့မထိတွေ့နိုင်ပါ၊ ဒါကြောင့်၊ရေကာတာဆည်ရေကြောင့်ငလျင်ဖြစ်လာတယ်လို့အချို့ကဇီပင်းပူးကိုစွပ်စွဲတာမျိုးဆွဲဆောင်ပြီးပြောလိုတာမျိုး၊ ဆိုရင်လုံးဝမမှန်ကန်ပါ၊ ၊မြစ်ဆုံ၊ဆောင်းပါး#၂၊၃၊၄ကိုညွှန်း၊၊ ၊၄၊မြစ်ဆုံကပိုမြင့်တယ် ၊ဒီလိုရေးတာကမှားနေပါတယ်၊ဇီပင်ပူးက၅၁၂ပေ၊မြစ်ဆုံက၄၅၈ပေဖြစ်ပါတယ် ၊ဦးထွန်းလွင်လို၊ရွှေကလောင်ရှင်ဦးသန်းထွဋ်အောင်လိုအမှားတွေဖြစ်နေတယ်၊       ၊ဇီပင်ပူးလိုရေထုဖိအားကပြတ်ရွေ့ပေါ်ကျပြီးငလျင်ဖြစ်မယ်ကိုသွားပြီးဆက်စပ်တွဲချိတ်ရုံ ၊မကပါ၊မြစ်ဆုံကဒိထက်မြင့်လို့ဒိထက်ပြင်းထန်မယ်လို့ချောက်လှန့်နေတာပါ၊ ၊အထက်ပါဆိုထားတဲ့အထိုင်းမြစ်ဆုံကစစ်ကိုင်းပြတ်ရွေ့ပေါ်မှာမဟုတ်၈၄မိုင်ဝေးပါတယ် တာင်တွေကာဆီးလို့မြစ်ဆုံရေတစက်ကမှစစ်ကိုင်းပြတ်ရွေ့ကိုလဲမထိတွေ့ပါ၊ ၊ဆည်ရေကြောင့်ငလျင်ဖြစ်မဲ့အဆိုကိုရင်းချင်ပေမဲ့မရပါ၊   INDIAN EXPERTSအိန္ဒိယပါရဂူများ ၂၀၀၈ကတရုပ်ငလျင်ကို၊ဘယ်ရေကာတာကမှမဖန်တီးပါ  Dam had […]


KyaemonNovember 26, 201718min4943
  ၊ဇာတ်တော်ကြီးကဖြစ်ရပ် ၊ငယ်ငယ်တုန်းကပါ၊မဟောသဓာဇာဟ်တော်ကြီးကိုကျောင်းဖတ်စာအဖြစ်သင်ယူဆည်းပူးခွင့်ရခဲ့ပါတယ်၊ ခုထိလဲမဟော်သဓာဖြတ်ထုံးဆိုလူတိုင်းအံ့ဩချီးကျူးကြတယ်၊  ၊တခါကရွာသားတွေမဆုံးဖြတ်နိုင်လို့အမျိုးသမီးနှစ်ဦ၊နဲ့ကလေးငယ်တဦးကိုသူ့ဆီခေါ်လာတယ်၊ ၊အမျိုးသမီးနှစ်ဦးကသူ့ကလေးပါ၊ကိုယ့်ကလေးပါဆိုပြီးကလေးလုနေကြတယ်။  မဟော်သဓာဘုရားလောင်းက၊ ကလေးကိုနှစ်ပိုင်းပိုင်းပြီးအမျိုးသမီးနှစ်ဦးကိုတပိုင်းစီပေးခိုင်းလိုက်တယ်၊ ၊ရွာသားတွေကဘာပြောရမှန်းမသိဖြစ်သွားတယ်၊အငြင်းပွါးတဲ့အမျိုးသမီးတဦးကငြိမ်လို့တဦးကမလုပ်ပါနဲ့ မလုပ်ပါနဲ့ကလေးကိုဟိုအမျိုးသမီးအား၊ပေးလိုက်မယ်ဆိုပြီးတောင်ပန်လာတယ်။ အဲဒီချိန်မှာဘုရားလောင်းကတောင်းပန်လာတဲ့အမျိုးသမီးကသာမိခင်အစစ်အမှန်လို့ရွာသားတွေတိုပြောပြတယ်၊ ၊မိခင်ရဲ့မေတ္တာပေါ်လွင်ထင်ရှားနေပါတယ်၊  ၊ရှေးယခင်က DNAဆိုတာစီစစ်တဲ့ပညာနဲ့စက်ပစ္စည်းမရှိပေမဲ့တော်တော်ထိရောက်တာပါ။   ၊ဆက်လက်ပြီးဖေ့ဘုက်ကအငြင်းပွါးမှတ်ချက်တွေကိုတင်ပြပါ့မယ်၊ ဓာတ်ပုံအပြည့်နဲ့ဆောင်းပါးတွေကိုကြည့်ပြီးအမှားအမှန်တွေကိုခွဲခြားနိုင်လောက်ပါတယ်၊   ၊ပြီးရင်ညွန်းထားတဲ့ ၊နေရာကိုရှာပြီး”၊ကြိုက်”ဆိုတာလက် မ ၊ထောင်တဲ့ပုံကိုနှိပ်ပေးဘို့မမေ့နဲ့နော်၊ကျေးဇူး၊   ၊ရေကာတာမလုပ်ဖို့မှတ်ချက်များ ၊ငါတို့ရဲ့အသက်သွေးကြောမကြီးဖြစ်တဲ့ဧရာဝတီမြစ်ကြီးဟာပျင်စီးခြင်းငါးပါးဖြစ်သွားမယ် ၊ဒုတိယတွင်​း​ရေ​တွေခမ်​းကုန်​မယ်​ အမိဧရာဝဒီကိုကာကွယ်​ပါ လယ်​သမားမျျားလုပ်​စရာမရှိ ဆန်​စပါး၇​ှားပါးလာနိုင်​ပါတယ်​ ဧရာဝတီမြစ်ဆိုတာမြန်မာပြည်ရဲ့ပင်မကျောရိုးပါ မင်းတို့ငါတို့တောင်မှာအလည်ကျောရိုးမရှိရင်ဘယ်လိုရပ်တည်မလည်း ဒါကိုလုံးဝတားမြစ်ရမယ်ကွ နိုင်​ငံ​ပျောက်​မဲ့ စီမံကိန်​းပါလို့​ပြော​နေတာကို အန္တရာယ်ပါရေရှည်ကိုကြည်ရမှာပါ ရေအားလျပ်စစ်ထုတ်ယင်မြစ်ကိုထိခိုက်မှာနဲပတ်ဝန်းကျင်ထိခိုက်မှာနဲဆိုတော့အဲဒိလိုကိစ္စတွေဖြစ်ယင်တာဝန်ခံဖြေရှင်းပေးတဲ အပိုင်းတွေသဘာဝကိုပြန်လည်ဖြည့်စည်းပေးရမယ့်အပိုင်းတွေပါလား အိန္ဒိယမှာဖြစ်နေတာတခုကရေအားလျပ်စစ်တိုဆည်လှောင်တာတမံအကြိးကြိးတွေကြောင့်ဂင်္ဂါမြစ်ထဲရေမရှိတော့ပဲ ၊လူတောင်လမ်းလျေက်သွားလို့ရနေလို့တဲ တိုင်​းသူပြည်​သားတွကိုနှစ်​​ပေါင်​း​မြောက်​များစွာစားဝတ်​​နေ​ရေး​တွေကိုအကျိူးပြုခဲ့တဲမြစ်​မင်​း​ရောဝတီမြစ်​ကြီကို တရုတ်​ကျွန်​ုမြစ်​စုတ်​​ရော​ဝတီမြစ်​ကြီးဖြစ်​​အောင်​မလုပ်​ကြပါနဲ့ ၊စစ်ကိုင်းထိရှိတယ်ရေမတက်ရင်သူတို့ဘယ်လိုစိုက်ကြမလည်း ၊ဒီမြစ်ဆုံပင်လယ်ရေတက်လာပြီးမြစ်ဝကျွန်းတွေမှာဘာမှစိုက်စါးလို့ရမှာမဟုတ်ဘူး ၊မြစ်​မဆုံပါရ​စေနဲ့မြစ်​ဆုံတဲ့အခါမြန်​မာနိုင်​ငံသား​တွေဟာမင်​းတို့ရဲ့ကျွန်​ဖြစ်​သွားမှာ​ပေါ့ ၊တခြားသုနဲ့လုပ် တရုတ်ကိုရောင်း အဲဒါမှတော်သေး ရကားတားလုပ်ရင် ဧရာဝတီ မျိုးကမ်းသွားမှာ စဉ်းစားကြပါ ၊တတိယအပ်​​ပေါက်​​လောက်​က​နေ​ရေစိမ့်​ထွက်​ပြိးကြိးလာရာက​နေတာရိုးကျိုးကျနိုင်​တယ်​ မခန့်မှန်းနိုင်လောက်အောင်ဖြစ်နိုင်တယ် မလုပ်နဲ့ကွာမတိုးတက်ရင်နေဧရာဝတီတော့အပျောက်မခံနိုင်ဒါ်ဗမာစိတ်ဓာတ်ဘဲ ၊လက်​ရှိ […]


KyaemonNovember 20, 201729min6282
  FaceBookကမှတ်ချက်အချို့ကိုကောက်နုတ်တင်ပြလိုက်တယ်၊   ၅/၆မေခွန်းပဲဖြေပါမယ်ရေအားလျှပ်စစ်ရရှိလိုမြန်မာနိုင်ငံကအကျိုးအမြတ်မရှိနိုင်ပါ၊ ၊ရောင်းစာပြီးနော်ဝေ လာအိုတို့လိုလည်းတစဦးချင်းဝင်ငွေမတိုတက်နိုင်ပါ၊ ဘာကြောင့်လဲဆိုတော့လျှပ်စစ်ရှိရင်မြန်မာနိုင်က ၁၀%ပဲရမှာလေ၉၀%ကတရုတ်ကရမှာလေ၊ ၊ဘယ်မှာလည်းအကျိုးအမြတ် ကိုယ်​့နိုင်​ငံတဝှမ်​းလုံးလျှပ်​စစ်​မီးလုံ​လောက်​စွာသုံးစွဲရပြီးမှ​ရောင်​းစားမယ်​ဆိုရင်​​တော့မစိုး(ဆိုး)ပါဘူး 100,ကို60%နုးံ​လောက်​နိုင်​ငံအတွက်​ရရင်​လုပ်​သင်​့တယ်​၊ ၊ဆယ်​တုပ်(ဆည်လုပ်)​လို့မြစ်​ကြီးပျက်​စီးမသွားပါဘူး၊ ၊အကြိုး(ကျိုး)အမြတ်​မရရင်​သာကန်​့ကွက်​ချင်​တာ၊ ၊လျှပ်​စစ်​ကတကယ်​လိုအပ်​​နေပါပြီ၊၊မြစ်ဆုံစာချုပ် ကိုပြည်သူတွေသိအောင် သတင်းစာမှာဖော်ပြပါ။ပြည်သူတွေက နိုင်ငံတော်ကြီး အကျိုးအမြတ်အများကြီးရှိတယ်လို့သိသွားရင်လက်ခံမှာပါ။ အခုကခွေးတွေစားမှာဆိုပြီးထင်နေလို့ပါ။ နိုင်ငံကောင်းစားမယ်ဆိုရင်တော့တိုင်းပြည်ကြီးနိုင်ငံတကာကိုအမီလိုက်နိုင်မယ်ဆိုရင်တော့ပြည်သူများအကျိုးခံစားခွင့်အပြည့်ဝခံစားနိုင်မယ်သေချာမယ်လို့အာမခံနဲ့အာမခံဆိုတာကအရင်ဆုးံလုပ်သားတစ်ဦးတရက်လုပ်အားခဝင်ငွေ(၁၀၀၀၀)ကျပ်အာမခံနိုင်မယ်ဆိုရင်လုပ်ပါ တရုတ်​ကသူအကျိုးအမြတ်​အများကြီးမကျန်​ဘယ်​မလုပ်​ဘူး ….ရလာတဲ့အထည်းက10%ဆိုတော့နည်းတာပေါ့ကံ့ကွက်သင့်ပါတယ်မြန်မာနိုင်ငံလည်းဟိုအရင်အာဖရိကနိုင်ငံလိုမဖြစ်သင့်ပါ… တဝက်။တဝက်။တဝက်/တဝက်…. %၅ဝရရင်ဆိုလုပ်သင့်ပါသည် ၊ ၊ဆောက်မယ်ကွာ မရရင် နူးကလီ ယားဓါတ်အားပေးစက်ရုံဆောက် ရမယ်။ ၊ကြိုက်​သ​လောက်​လုပ်​ ပြည်သူအများစုက​တော့ အရိုးကိုက်​ရကံ​ကောင်​း… ရလာမဲ့အကျိုးကျေးဇူးတွေအကျိုးအမြတ်တွေကိုတရုပ်ကဘဲအကုန်နီးပါး ်ယူသွားဘို့လုပ်ထားတာလဲထဲ့ပြေါအုံး…. းမြစ်​စုံကမင်​းတို့အမျိုးတစု​လောက်​ဘဲ အကြိုးကြည်​့ပြီးလုပ်​​စေချင်​​နေကြတယ်​ 100% မှာ 5% ​လောက်​ဘဲရ တဲ့ဟာကို ဘယ်​လိုလုပ်​စက်​မှုစက်​ရုံ… ၅ရာခိုင်နှုးံ ၁ဝရာနှုံးရမှာအရီုးစုပ်ရသလိုနေမှာဒါပေမဲ့အကျိုးအမြတ်ရမှာကတရုပ်လေဒို့မြ်နမာမဟုတ်ဘူး။ဒါလေးလည်းထည့်စဉ်းစားပြီးမှပြောပါ။ တိုင်းပြည်အတွက်အကျိုးရှီရင်လုပ်သင့်တယ် တို့လို့တန်းလန်းလုပါလက်စကြီးတွေတောင်ဖြစ်နေပြီပဲ အကျိုးရှိမှာကမြန်မာလားတရုပ်လားဆိုတားရှင်းရှင်းလင်းလင်းတင်ပြဘို့လိုပါတယ်။အကျိုးအမြတ်တကယ်ရရှိမှာကတော့တရုပ်ဆိုရင်တော့NOပါ။ ———— ၊အကျိုးအမြတ်ခွဲဝေပုံကိုရှေ့ဆောင်းပါတွေမှာတင်ပြထားပါတယ်၊မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths […]


“မျိုသိပ်ခြင်း” ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ တွေးထားတာတွေ ဖြစ်မလာတဲ့အခါ စီစဉ်ထားတွေ ဖြစ်မလာတဲ့အခါ လိုချင်တာတွေ ရမလာတဲ့အခါ အချိန်အခါမကျ ငါမရသေး ခဏလေးတော့ စောင့်ရအုံးမယ်ဆိုတဲ့ ဖြေသိမ့်ခြင်းနဲ့ ဖြစ်ချင်စိတ်ကလေးကို ရင်ထဲမျိုချလိုက်ပါတယ်။   ကိုပေါက်(မန္တလေး) ကိုပေါက်လက်ဆောင်အတွေးစဉ် 191117


” ရှေးစကား ကိုလိုက်နာခြင်း”   မြင်ပါ များတော့ ငယ်။ နမ်းပါ များတော့ ပျယ်။ ဆိုလေတော့ တစ်ခါတစ်လေ မနမ်း မမွှေး ဝေးနေတာဘဲ ကောင်းပါတယ်။ ကိုပေါက်( မန္တလေး) ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၄၁၁၁၇