KyaemonAugust 6, 201727min3322
    ဦးထွန်းလွင်ကယန်ဇီမြစ်နဲ့အခြားမြစ်ကြီးခုနှစ်စင်းကောသွားတယ်လို့ မဟုတ်မမှန်ဟောပြောခဲ့တယ်၊ခြောက်နှစ်ကြာခဲ့ပေပြီ၊ယနေ့ထိအဆိုပါမြစ်တွေက မကောသေးတဲ့အပြင်၊တချို့ကတောင်ရေကြီးနေတာကိုဓာတ်ပုံနဲ့တကွချေပရှင်းလင်းခဲ့တယ်   ၊ယန်ဇီမြစ်ပေါ်ကချုံကင်းနဲ့နန်ဂျင်းမြို့တွေကမြစ်ရေမတိမ်ကော၊အမှိုက်တွေနဲ့ညစ်ညမ်းပိတ်ဆို့တာလဲ မရှိကြောင်းလိုက်ပြခဲ့တယ်၊     (ရက်စက်ကြမ်းကြုတ်လှတဲ့ဖက်စစ်ဂျပန်တို့ရဲ့ဖြုတ်ထုတ်သတ့်ပြာပုံလောင်ရိပ်ကနေအဆိုပါမြို့ကြီးတွေပြန် လဲထူထောင်လာပုံကိုကြုံရင်းတင်ပြခဲ့တယ်၊ဦးထွန်းလွင်ရဲ့Egypt Nileအီဂျစ်ကနိုင်မြစ်ရေကာတာလွဲမှားချက်ကိုရှင်းလင်းပြီးရင်နန်ဂျင်းဖွံ့ဖြိုးတိုး  တက်လာပုံအလှဓာတ်ပုံတွေကိုအောက်နားမှာဆက်ရှူစားနိုင်ပါတယ်) (၊မြစ်တွေမတိမ်ကောလို့မြို့တွေကလဲစည်ကားနေကြတာပါ၊)   (မိုးဘယ်တော့ရွာမယ်ဆိုတာကိုခွန်းကြူပါ့ဖားရယ်လုပ်နေဘို့မလိုပါ၊)   (၎င်းဖြစ်ရပ်မှန်အထင်အရှားကိုမျက်ကွယ်ပြုကြသူတို့ရဲ့စကားကိုယုံရင်တိုင်းပြည်ကတိုးတက်မှာ မ ဟုတ်ပါ ပြည်သူတွေမွဲတေနေကြမှာပါ)   ==========================       ဦးထွန်းလွင်ကEgyptအီဂျစ်ရေကာတာဆောက်လို့ရွှံ့နွှန်နှုန်းမြေမရဖြစ်ပြီး ၊မြစ်ဝကရေငံဝင်လို့စိုက်ပျိုးရေးပျက်၊မြစ်ဝအရပ်ပါကြုံ့မယ်ဖြစ်ကြောင်း၊ သောက်သုံးရေလဲ မ ရမှာဖြစ်ကြောင်း၊ဟောခဲ့ပါတယ်၊(အထက်ပါပုံ)       High Aswan Dam၊ရေကာတာရဲ့အကျိုးကျေးဇူးအကြောင်းဆောင်းပါးကိုရေအားသံယံဇာတဝန်ကြီး နဲ့ဝန်ကြီးဌာန အကြံပေးအရာရှိကရေးကြတယ်၊ သူတို့နှစ်ဦးစလုံးကရေအားရေသံဇာတဘာသာမှာကျွမ်းကျင်သူသုတေတီတွေပါ၊   ဆောင်းပါးLinkလင့် အပြင်၊ကောက်နုက်ချက်လဲတင်ထားတယ်၊အခြားအလားတူဆောင်းပါးလဲရှိတယ်၊ လိုရင်းကနှုန်းမြေတွေအားလုံးရေကာတာမှာကျန်ရစ်တာမဟုတ်၊တချို့ဆက်စီးလိုက်ပါသွားပါတယ်၊   Nile၊နိုင်မြစ်ရေကာတာလုပ်လို့နှုန်းမြေမရဖြစ်ကာစိုက်ပျိုးရေးကျခဲ့တယ်လို့ပြောရင်မမှန်ပါ. Nile၊နိုင်မြစ်ကသယ်လာတဲ့နှုန်းမြေဩဇာက(ထင်သလိုမဟုတ်ဘဲ)အာနိသင်နဲပါတယ်၊နဂိုရ်ကအားနဲနေပြီးသား၊   (၊တရုပ်ရေကာတာတွေကနှုန်းမြေတွေကိုထုတ်လွှတ်နေတဲ့ပုံတွေကိုလဲရှေ့ဆောင်းပါးမှာကြည့်နိုင်တယ်၊ရှေ့ပိုင်း ကအီဂျစ်တို့အနောက်နိုင်ငံတို့ရဲ့ရေကာတာတွေနဲ့မတူပါ၊နှိုင်းလို့ဆွဲပြောလို့မရပါ)     Annotated Bibliography […]


ko sixAugust 6, 20171min3178
………………….. ဘဝဆိုတာ အဆီကလည်း လောင်စာ အသားကလည်းလောင်စာ ဘာပဲရရ ပြာကျခြင်းက အနားသတ်ဘောင် ဝါသနာအရ သူ့အထာနဲ့သူလောင်မြိုက်ကြရင်း မီးတောက်ဟာ သံယောဇဉ်ရှိသလောက် နယ်ချဲ့လို့ သမိုင်းလိုလိုရာဇဝင်လိုလို မီးခိုတအူအူဖြင့် လူ့ဘဝလေး ကျဆုံးကြရတယ်။ ကိုစစ်


ko sixAugust 4, 20171min31011
ကိုယ့်ဆီရောက်လာသော စာအေရေတွက်သည် ခုနှစ်စောင်တိတိ ရှိပြီ။ ခုထိ ကိုယ်မျှော်လင့်မိသော သူမ၏ နေရပ်လိပ်စာက ဘယ်စာမှာမှ မပါရှိပါ။ ကိုယ်ဝမ်းနည်းသည်ထက် ဝမ်းနည်းလာသည်။ ကြေကွဲသည်ထက် ကြေကွဲလာသည်။ မျှော်လင့်ချက်တွေသည် တစ်ကြိမ်ထက် တစ်ကြိမ် အငွေ့ပျံနှုန်း များပြားလာပါပြီ။ ကြာရင်ကော သိခွင့်ရှိပါဦးမလား။ မသေချာတော့ပါ။ သေချာသည်က ကိုယ်ရူးတော့မည်သာ ဖြစ်သည်။ ±±±±±±±±±±±±±±± အခန်း(၇) ကိုကြီး…… ဒီစာဟာ ညီမလေးရဲ့ နောက်ဆုံးစာပါ။ ခင်မင်မှုဆိုတာကို အမြစ်ကနေတူးလှန်ပစ်ဖို့ ရေးလိုက်တဲ့စာပါ။ ဘာလို့ ဒီလို ပြောလိုက်ရတာလဲလို့မေးလာခဲ့ရင် ပြန်ဖြေစရာ ခိုင်လုံတဲ့ အကြောင်းတွေရှိလာခဲ့ပြီ ဖြစ်လို့ပါ။ ညီမလေးက မိန်းကလေးတစ်ယောက်ပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ ယောက်ျားလေးတစ်ယောက်ဆီ ဣန္ဒြေ ၊ သိက္ခာ ၊ ကိုယ်ကျင့်တရားတွေကိုမှ မစဉ်းစားဘဲ စာတွေ ဘာလို့ ရေးပို့နေခဲ့ရသလဲဆိုတာ ပြောပြနေဖို့ […]


A mar nyoAugust 4, 20171min29910
KPoer ဆိုသည်မှာ အစချီရရင်ဖြင့် korea အဆိုတော် အသံမကောင်း သော်လည်းရုပ်ရည်လေး ကြည့်ကာ”အချစ်ကလေး အသဲကလေး” ခေါ်ကာလူအမြင်ကပ်ခံ နေရသော မိန်းကလေးများသည်သာ။ Kpoper ဖြစ်ဖို့ဆိုသည်မှာ တော်ရုံအရည်အချင်းဖြင့် မရပေ။ ကိုယ်နားမလည် သော စာသားများကို လိုက်အော်နိုင်ရမည်။ တစ်အိမ်လုံးမှ ချီးမွမ်းထောမနာသံများကိုလည်း သည်းခံ နိုင်ရမည်။ ထို့ပြင်ကိုယ့် Idolသီချင်းလေးများ(သို့မဟုတ်) ဇာတ်ကားလေးများလာလျှင် လည်း အကိုမောင်တွေရှေ့တွင် ယောက်ဖလေး၊မိဘများရှေ့တွင် သမက်လေးစသည်ဖြင့် မိတ်ဆက်ပေးနိုင်သော အရှက်မရှိအရည်အချင်းများလည်းရှိရန်လိုသေးသည်။ ကိုယ့်လိုKpoperမဟုတ်သော သူငယ်ချင်းများ၏ နင်လည်းဒါနဲ့သေမှာပဲဆိုသော သာယာနားပျော်ဖွယ်ကောင်းသော အသံလေးများကိုပါ သည်းခံနိုင်ရမည်။ ကိုယ့်Idol သတင်းများ ကိုလည်း အချိန်နှင့်တပြေးညီရယူနိုင်ရမည်။ ဒါမှကိုယ့်Idol လေးများ၏ အနုပညာလှုပ်ရှားမှု့များ ကို တစ်ချိန်တည်းအားပေးနိုင်ပြီး ဟောAblum အသစ်ထွက်တော့မည်ဆိုတဲ့သတင်းလေးများရရင် ငွေကြိုစုနိုင်ရမည်။မုန့်ဖိုးလေးများမစုနိုင်ပါက အဖေ၊အမေထံမှ ကျောပြင်ဗျောတင်ခံကာ အခွေဝယ်နိုင်ရမည်။ Youtubeမှာ […]


ko sixAugust 2, 20171min2132
” ညီမလေး ။ ၃ နာရီ ကားနဲ့ မြင်းခြံပြန်မှာဆို။ အချိန် သိပ်မရှိတော့ဘူး။ ခုပဲ နှစ်-မတ်တင်းနေပြီ” ဒီလိုပါပဲလေ။ အချိန်တန်တော့လည်း ခွဲကြရပြန်ပေါ့။ ကန်တင်းထဲမှ လေးလံထုံမှိုင်းတဲ့ ခြေလှမ်းတို့နဲ့ နှစ်ဦးသား ထွက်လာခဲ့ကြသည်။ ကျောင်းလမ်းတစ်လျှောက်လုံး နှုတ်စကားတို့ အလိုလို စွံ့အနေပါသည်။ သံယောဇဉ်ဆိုတာ အချိန်တိုအတွင်းမှာ ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ သစ်သီးလား။ အဲဒီ သစ်သီးကို သူနဲ့ကိုယ် ခူးစားမိခဲ့ကြပြီး ပန်းသီးဟု အမည်ရခဲ့သည်ရှိသော်…. ” ကိုကြီး…ဒီမှာ ရော့…။ အဲဒါ ညီမလေးရဲ့ လိပ်စာပါ” ဗလာစာရွက်ပေါ်မှာ Gel ink pen နဲ့ ရေးထားပြီး အပြာရောင် လက်ရေးလှလှလေးတွေကို တွေ့လိုက်ရသည်။ ထိုစာရွက်ကလေးကို ဖတ်ကြည့်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ထည့်သိမ်းလိုက်သည်။ ” ကိုကြီး … […]


“ရှိစေကောင်း၏ မကောင်း၏ “ ပြီးခဲ့တဲ့လ ရန်ကုန်ကို ကျနော် ရောက်တော့ အဝေးရောက်မန်းလေးသားတွေဆုံကြတာပေါ့။ ရန်ကုန်မှာလူတစ်ယောက်နဲ့တစ်ယောက်တွေ့ဘို့ဆိုတာ တယ်မလွယ်လှပေဘူး။ နာရီဝက် တစ်နာရီလောက်ထို်င်စကားပြောဘို့အရေးကို နှစ်နာရီလောက်ကြိုတင်ပြီး အိမ်ကဒါမှမဟုတ်တည်းတဲ့ဆီကထွက်လာမှ ချိန်းတဲ့နေရာကိုရောက်နိုင်တာပါ။ ကားကြပ် ကားဆက်ပြတ် လမ်းပိတ် ဆိုတဲ့ လမ်းခရီးကိုနှောင့်နှေးစေနို်င်တဲ့အကြောင်းတရားကအများကြီးကိုး။ အဲ့ဒီနေ့ က သူငယ်ချင်းတွေဆုံကြမယ့်နေရာရွေးတော့ တစ်ယောက်က ကြည့်မြင့်တိုင်ကလာမယ်။ ကျနော် ကလှိုင်သာယာကလာမယ်။ တစ်ယောက် မြို့ထဲဘက်ကလာမယ်။ တစ်ယောက်က တာမွေကလာမယ်ဆိုတော့ ၄ယောက်လုံးနဲ့ကြားကျတဲ့နေရာဘဲရွေးလိုက်ပါတယ်။ ရွှေဂုုံတိုင်တံတားနားက မယ်ညို ဆိုတဲ့ဆိုင်မှာထိုင်ကြဘို့ ချိန်းလိုက်ပါတယ်။ ဒါတောင်လှိုင်သာယာက လာတဲ့ကျနော်က ၁၅မိနစ်လောက်နောက်ကျပြီးမှရောက်လာပါတယ်။ အခုတွေ့တဲ့သူငယ်ချင်းသုံးယောက်က မန်းလေးတုန်းက တစ်ကျောင်းထဲ တစ်တန်းထဲ အတူတက်ခဲ့တဲ့သူတွေ။ ကျနော်ကသာမန်းလေးမှာအခုချိန်ထိ နေနေတာ သူတို့က မန်းလေးကိုစွန့်ပြီးရန်ကုန်ရောက်နေကြတာ ဆယ်စုနှစ်တစ်ခု စွန်းနေပြီ။ စတွေ့တွေ့ခြင်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက်မာကြောင်းသာကြောင်းမေးကြ သားရေးသမီးရေးအကြောင်းပြောကြ စီးပွားရေး အလုပ်အကိုင်တွေအကြောင်း […]


Facebook ပေါ်မှာ့ကျင့်ဝတ်ဆိုတာ ဘယ်မှာလဲ။ ကျင့်ဝတ်ဆိုပြီး တွင်တွင်အော်နေတဲ့ နာမည်ကြီးတွေမှာတောင် ရှေ့ဖုံးနောက်ပေါ်အဖြစ်ရယ်ပါ။ လူတွေဟာ ဖြစ်ပျက်သမျှအရာရာတိုင်းကို FB ဆိုတဲ့ ကမာ္ဘကြီးတစ်ခုထဲ မှတ်ချက်တွေကောင်းအပေးခံရဖို့ အချိန်နှင့်တစ်ပြေးညီ အလုအယက်တင်နေကြတယ်။ ပြုလုပ်သမျှ အရာတိုင်းကလည်း FB တင်ဖို့ချည့်သက်သက်ဖြစ်နေတယ်။ (ဥပမာ တရားနာနေသူ၊တရားထိုင်နေသူ တစ်ယောက်ဟာ ဘယ်လိုစိတ်နဲ့ တရားနှလုံးသွင်းပြီး တရားနာနေဟန်၊တရားထိုင်နေဟန်ကို ဓာတ်ပုံအရိုက်ခံပါသလဲ။) ပရဟိတအဖွဲ့တွေ၊နာရေးကူညီမှုအသင်းတွေဟာ နာရေးပုံတွေ၊အနိဌာရုံတွေ ခွင့်ပြုချက်မဲ့ တင်ခွင့်ရနေကြတယ်။ မီးလောင်၊ရေကြီး စတဲ့ ဘေးအန္တရာယ်တစ်ခုခုကျရောက်လိုက်တာနဲ့ ဆင်းရဲ၊ချမ်းသာ ဘယ်လူတန်းစားမဆို ဒုက္ခသည်တွေအသွင် လူတကာ စုပ်တစ်သပ်သပ်နဲ့ အသနားခံဘဝရောက်ကုန်ရှာတယ်။ လူတိုင်းဟာ မိမိတို့ပြုမူနေထိုင် သွားလာမှုတိုင်းမှာ မိမိကိုယ်မိမိမပိုင်သလိုဖြစ်လာကြတယ်။ မိမိတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကို လူအများရဲ့ဆုံးဖြတ်၊သုံးသပ်၊အမိန့်ချ၊ဝေဖန်မှုတွေကြားအလဲထိုးခံနေကြရတယ်။ အမှန်တကယ် တတ်ကျွမ်းနားလည်တဲ့လူတွေဟာ ဟိတ်ဟန်ကြီးကြီး ဆရာကြီးအသွင်ယူထားသူများရဲ့အာဘော်တွေနဲ့ ယှဉ်ပြောနေကြရတယ်။ တစ်ခါတစ်ရံ အတုအယောင်များရဲ့ဝေဖန်မှုကို အစစ်အမှန်တွေက ခံနေကြရတယ်။ ကောသလမင်းရဲ့ […]


ဆုတောင်းနှင့် နောင်တ ———- ထိုရုပ်တုကို ကိုင်ပြီး ဆုတောင်းလျှင် ဆုတောင်း ပြည့်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကျွန်တော် ထိုရုပ်တုကို သေသေချာချာ ကိုင်၍ ဆုတောင်းမိသည်။ ”စင်ကြယ်သောလူတစ်ယောက် ဖြစ်ရပါလို၏” ဆုတောင်းပြီး၍ လှည့်မထွက်ခင်မှာ ရုပ်တုအား ကြည်ညိုစွာ ကြည့်လိုက်မိချိန်တွင်. . . ကျွန်တော် ရုပ်တုကို ကိုင်ပြီး ဆုတောင်းမိတာ မှားပြီဟု သိလိုက်သည်။ ရုပ်တု ကိုယ်ထည်ပေါ်တွင် . . . . . . . . . . . . . . . ကျွန်တော့်လက်မှ အညစ်အကြေးတို့ကြောင့် ညစ်ထေးသွားတာကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။ ————————– သင့်အေးရိပ်


ko sixJuly 29, 20171min2193
နှစ်ရောင်စပ်ပုံပြင် (2) အခန်း-၃ အစားထိုး ပရယ်တီကယ် Major -9 နှစ်ချိန်စာ အတွက် လုပ်ပြီးတာနဲ့ ဌာနထဲမှ ထွက်လာခဲ့သည်။ဒီနေ့ ကျောင်းနောက်ဆုံးတက်ရသော နေ့လည်းဖြစ်သည်။ ရှေ့တစ်ပတ်ဆိုရင် ပထမပညာသင်ကာလ စာမေးပွဲကြီး ဖြေဆိုရတော့မည် ဖြစ်သည်။ အဆောင်ပြန်ပြီး စာကျက်ဖို့သာ ရှိတော့သည်။ မမနုတို့ ကန်တင်းဆိုင်မှ စာကျက်ရင်း အပျင်းပြေစားဖို့ မုန့်ဝယ်လိုက်ဦးမယ်လို့ တွေမိပြီး မမနုတို့ဆိုင်ဘက် သွားလိုက်မိသည်။ မမနုကိုတော့ မတွေ့ရ။ မမနုတို့အမေကိုသာ ဈေးရောင်းနေသည်ကို တွေ့ရသည်။ အမေကြီးက ကိုယ့်ကိုမြင်မြင်ချင်း…… “အတော်ပဲကွယ်…ဒီသမီးလေးကို အဝေးသင်ဌာနဘက် ပို့ပေးလိုက်ပါဦး။ ဒီမှာ မုန့်ရောင်းနေရတာ မအားသေးလို့ကွယ်။မင်း မမနုကလည်း ဈေးကုန် သွားဝယ်နေလို့ ” မမနုတို့ အမေကြီးတို့ဆိုတာ ကိုယ်နဲ့ ပထမနှစ် ကျောင်းသားဘဝကတည်းက မိသားစုတွေလို နေခဲ့ကြတာပါ။ ကိုယ့်မှာ […]


ko sixJuly 28, 20171min2245
အခန်း – ၁ နောက်ကြောင်းရာဇဝင်ဆိုတာ လူတိုင်းမှာရှိသော အရာသာဖြစ်သည်။ အတိအကျဆိုရလျှင် ရာဇဝင်ဆိုသည်မှာ သမိုင်းအဖြစ်အပျက်များကို မှတ်တမ်း တင်ထားသော အရာသာ ဖြစ်သည်။ သူ့နောက်ကြောင်းမှာကြတော့ …… မှတ်တမ်းရေးထွင်းထားသော အရာမဟုတ်သဖြင့် သမိုင်းဟုခေါ်ဆို၍ မရနိုင်သလို ရာဇဝင်ဟု ခေါ်ဝေါ်ပါက သင့်လျော်မည်မဟုတ်။ ဒါဆို ဘာလဲလို့ မေးစရာရှိလာပြီ။ ဟုတ်သည်။ သူ့နောက်ကြောင်းက မှတ်တမ်းလည်း မရှိပါ။ လူမသိသူမသိနဲ့ ပုံပြင်လေးတစ်ပုဒ် သက်သက်မျှသာ။ ပုံပြင်ဟုဆိုသော်လည်း နားထောင်ကောင်းရုံ သက်သက်မဟုတ်။ ပန်းချီ သီအိုရီသဘောတရားအတိုင်း မတူညီသော အရောင်နှစ်မျိုးပေါင်းစပ်ရေးဖွဲ့လိုက်၍ အသစ်ထပ်ပြီး ဖြစ်ပေါ်လာသော မူလအရောင်တွေနဲ့ ကွဲပြားခြားနားသည့် အရောင်သစ် တစ်မျိုးလိုမျိုး။ မတူညီသော ကံကြမ္မာအခြေအနေနှစ်ခုတို့ ပေါင်းစပ် ရေးဖွဲ့လိုက်၍ ဖြစ်ပေါ်လာသောပုံပြင် အသစ်တစ်ပုဒ် ဖြစ်ပါသည်။ ထိုပုံပြင်အသစ်ကလေးကို ကျွန်တော်က တိတ်တိတ်ကလေးနဲ့ […]


ko sixJuly 27, 20171min2134
တန်ဖိုးနည်း အိမ်ယာအကြောင်းက စပြောတယ် ပြီးတော့ တန်းဖိုးနည်း အစားစာ တန်ဖိုးနည်း အသွားအလာ တန်ဖိုးနည်း မသထာရေစာမှာ ကမ်းကပ်လို့ တန်ဖိုးနည်း ရောဂါကို တန်ဖိုးနည်း ဆေးဝါးနဲ့ ကုသလို့ တန်ဖိုးနည်း အဖော်အချွတ်တွေမှာ တန်ဖိုးနည်း ဓာတ်စခန်းဖွင့်လို့ တန်ဖိုးနည်း အတွေးအခေါ်နဲ့ ချက်ပြုတ် တန်ဖိုးနည်း ငွေကြေးတွေ ဖောင်းပွ တကယ်က တန်ဖိုးရှိဖို့ သိန်းတစ်သောင်းထီ ပေါက်နေဖို့ မဟုတ် တန်ဖိုးနည်း နားတွေ တန်ဖိုးနည်း မျက်စိတွေ တန်ဖိုးနည်း ဦးနှောက်တွေ ဗားရှင်းမမြင့်သေးသ၍ တန်ဖိုးနည်း စကားတွေပဲ ထွန်းကားနေမယ် ဆိုတော့ကာ အရေးကြီးတာ တန်ဖိုးနည်း အိ်မ်ယာ မဟုတ် တန်ဖိုးနည်း အစားစာ မဟုတ် တန်ဖိုးနည်း နည်းနည်းဆိုတာတွေ လုံးဝ မဟုတ် အမှန်က တန်ဖိုးနည်း […]


KyaemonJuly 24, 201723min3201
  ဦးတွန်းလွင်ကပြောသလိုရေကာတာလုပ်လို့ယန်ဇီနဲ့အခြားမြစ်ကြီး  ရစင်းကကောသွားတယ်ဆိုတာမဟုတ်မမှန်ပါ၊       ဒါကိုချေပရှင်းလင်းရင်းတရုပ်ပြည်ကသက်ဆိုင်ရာရှူခင်းတွေကိုလိုက်လေ့လာတင်ပြခဲ့ပါတယ်၊ ဆက်လက်ပြီးယန်ဇီပေါ်ကချုံကင်းမြို့ကြီးတဝှိုက်ပြပြီးနောက်၊နန်ဂျင်မြို့ကြီးတဝှိုက်ကိုလိုက်ပြဆဲဖြစ်ပါတယ်၊  နန်ဂျင်းအကြောင်းမဆက်ခင်၊ယန်ဇီမြစ်ကမကောတဲ့အပြင်ရေကြီးနေတဲ့ပုံတွေကိုကြားဖြတ်ပြီးကြည့်ရအောင်၊     (သင်ခန်းစာ၊ရေကြီးတဲ့ပြသနာတွေကိုရေကာတာတွေနဲ့ထိန်းရတယ်၊ရေကာတာလုပ်တာကရေရှားချိန်မှာ ရေတွေလွှတ်ပေးနိုင်တယ်၊အကောင်းမြင်တတ်ဘို့လိုတယ်)   (ယုတ်စွအဆုံး၊ရေကြီးတာကိုများစွာသက်သာနိုင်တယ်)           ==========================================   နန်ဂျင်းအဆက်     နန်ဂျင်းUsnisa Palace ဓမ္မာရုံကြီးကခန့်ညားထယ်ဝါပြီး၊လျောင်းတော်မူဘုရားရုပ်ထုကလဲသပ္ပာယ်ကြည်ညိုစရာကောင်းတယ်   ပန်းတွေကိုတရိုတသေနဲ့ပူဇော်နေ၊  ၊ရောင်စုံမီးအလှနဲ့မီးထိုးနိုင်တယ်       Niushou၊တောင်တန်းကဓ္မာရုံ(ရဟန်းတွေစည်းဝေးညီလာခံရာ)ခန်းမကြီး, ( Qixia Temple)လို့လဲခေါ်တယ်၊     မြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုဖူးမျော်နိုင်ရန်ဖွင့်လှစ်ပွဲအခမ်းအနားကိုကျင်းပ၊ ၂၀၁ဝ ဇွန် ၁၃ ‘Buddha remains’ unveiled in in Qixia Temple 2010-06-13 01:56:57 GMT2010-06-13 09:56:57 […]


ko sixJuly 22, 20171min1404
ရေစီးရေလာ မကောင်းတဲ့အခါ လေတိုက်နှုန်း မရေရာတဲ့အခါ တစ်ဖက်စောင်းနင်း ဝိသေသနက ပုတ်ရင်ပေါ် ပကာသနက အကာကျ အပြန်တစ်ခုဟာ သီအိုရီအမျိုးမျိုးကွဲပေမယ့် ပြန်မပြော နားမထောင် အဖြေပဲ ထွက်ပါတယ်။ ကိုစစ်