နှိုးစက်၏ ဆူညံစွာလှုပ်နှိုးသံကြောင့် ဆောင်းတစ်ယောက် မထချင်ထချင်ဖြင် ထကာ အိမ်ယာပေါ်တွင်ငုတ်တုတ်ထိုင်ခဲ့သည်။ မေဦးပြောသလိုပင် ဆောင်းပျော်နေမိပါတယ်အမှန်ပင်ဖြစ်သည်။ သူတိတ်တခိုးသဘောကျနေသော ဆောင်းဦးမောင်ထံမှ မမျှော်လင့်သောဆက်ဆံမှုကြောင့်အရမ်းပျော်နေမိသည်။ သို့သော် ထိုပျော်ရွှင်မှုကို မည်သူ့ကိုမှ ချမပြချင်ခဲ့ ဒဏ္ဍာရီထက်မှာသာ ရင်ဖွင့်ထားလိုက်သည်။ “ဟဲ့ ဆောင်း အိပ်ယာပေါ်မှာ ငုတ်တုတ်ကြီး ဘာလုပ်နေတာလဲ။ အိပ်ယာထတုန်းကအားလုံးအတူတူထတာ အခုငါတို့က ပြင်ဆင်လို့တောင်ပြီးတော့မယ် နင်ကခုထိမျက်နှာသစ်ဖို့မပြောနဲ့ အိပ်ယာပေါ်ကတောင်မဆင်းသေးဘူး။ နေမကောင်းဘူးလား” “နေမကောင်းတာမဟုတ်ဘူး အကြွယ်ရေ့ ပီတိတွေဖြာ နေတာ” “မေဦးကောင်မစုတ် ဘာတွေလျှောက်ပြောနေမှန်းမသိဘူး” “တွေ့လားအကြွယ် အိုးမလုံအုံပွင့်တာ” မနက်ခင်းတစ်ခုကတော့ဖြင့် ဆောင်းတစ်ယောက် သူငယ်ချင်းများ၏စနောက်မှုဖြင့် ပျော်ရွှင်စွာ ကုန်ဆုံးစေခဲ့ပြန်ပါသည်။ ဆောင်းစိတ်ကိုပြေလျော့စေသော သူငယ်ချင်းများကို ကျေးဇူးတင်မိတယ်။ “ဟိတ်ကောင်တွေ ဆော့မနေကြနဲ့ အကျီမြန်မြန်လဲကြ။ မနက်စာစားရဦးမယ် ဖယ်ရီမမှီဘဲနေဦးမယ်” “ဟုတ်ကဲ့ပါ မေမေသဲနုရယ်” သုံးယောက်သား သဲနုမောင်ကို ရွဲ့ကာပြောဆိုရင်း ပြင်ဆင်ကာ […]