စဆရ ႀကီးJuly 15, 20161min20111
၂၀၁၅ ရ လပိုင်း ၁၆ ရက်နေ့က နောက်ဆုံးရေးခဲ့တယ်ဆိုတော့ ခုဆို တစ်နှစ်တင်းတင်းပြည့် အမှတ်တရ(ကိုယ့်ဘာသာ) ဖြစ်လိုက်ပါတယ်။ ကျွန်တော်နှင့် စိတ်ဝမ်းကွဲသူများ၊ ကျွန်တော့်အား ကြည့်မရသူများ၊ ကျွန်တော့်အား စမ်းစမ်းတင့်ဖြစ်သူများအားလုံးအား မင်္ဂလာဆောင်ပါ။ တစ်ချို့ကား နေမြဲ၊ တစ်ချို့ကား ခုတစ်လောပြန်သိရသလောက် အရင်လို ငြင်းခုန်ခြင်း အနုပညာမရှိတော့ပဲ ငါ့စကားနွားရများ၊ အရင်လို ကိုယ့်အမြင်၊ အတွေးအခေါ်များကို လွတ်လွတ်လပ်လပ် ချမရေးတတ်တော့ပဲ နောက်ဆုံးမှာ ပျောက်ကွယ်သွားကြသူများ၊ ဘယ်လိုဖြစ်ဖြစ်ပါ။ တစ်ချိန်တုန်းကကို ကျွန်တော်အလွန်သဘောကျပါတယ်။ ကျွန်တော်တိုု့လို စာမရေးတတ်သူများ စာတွေရေးချင်လာအောင်၊ ဘယ်လိုရေးရင်ကောင်းမယ်ဆိုတာကိုပါ သွန်သင်လမ်းပြ အားပေးခဲ့ကြသူများကို လွန်စွာမှ ကျေးဇူးတင်ပါကြောင်း။ ဟုတ်ကဲ့ ကျွန်တော် စမ်းစမ်းတင့်(ရွာပြင်)မှ သတင်း၊ အတင်းများကို စဉ်ဆက်မပြတ် ထုတ်လွှင့်နေပါကြောင်း။ ၂ နှစ်လောက်ရှိပြီထင်ထားရာကနေ ခုမှပြန်ကြည့်မိတော့ တစ်နှစ်လောက်ပဲရှိေသေးတယ်ဆိုတော့ အားမလို […]


စာတွေလည်း ဖတ်ချင်တယ် . . . စာဖတ်ဖို့လည်း အချိန်မပေးနိုင်ဘူး . .  ဖတ်ဖို့လည်း ပျင်းနေတယ် . .   ဆိုတော့ . . . အလုပ်လုပ်နေချိန်မှာပဲ ဖြစ်ဖြစ် . . ညအိပ်ခါနီးမှာပဲ ဖြစ်ဖြစ် . . . ကားစောင့်နေချိန် ကားစီးနေချိန်မှာပဲ ဖြစ်ဖြစ် နားထောင်လို့ရအောင် စာအုပ်တွေကို အသံသွင်းထားတဲ့အခွေလေးတွေ ဝယ်လို့ရရင် ကောင်းမယ် . . .ရေဒီယိုမှာ အဲဒီလိုဖတ်ပြတဲ့ အစီအစဉ်လေးတွေရှိတယ် . . . အလုပ်လုပ်ရင်း နားထောင်ရတာ သိပ်သဘောကျတာပဲ . . .   နောက် ကလေးတွေအတွက် ပုံပြင်ခွေလေးတွေ ရှိမယ်ဆိုရင် အိပ်ယာဝင်ပုံပြင်လေးတွေကို […]


ဇီဇီJuly 13, 20161min72625
ဂွဇွတ်ရွာမှ စိန်ခေါ်သံ (သို့ ) ချက်တင်တောင်ထိတ်မှ မီးတစ်စ – အပိုင်း (၁) က ဒီမှာဖတ် ဂွဇွတ်ရွာမှ စိန်ခေါ်သံ (သို့ ) ချက်တင်တောင်ထိတ်မှ မီးတစ်စ – အပိုင်း (၁) :mrgreenn:   ~~~~~~~~~~~~~~~~~~ အွန်သိုင်းလောကအတွင်း၌ အရေးတော်ပုံတစ်ခုပေါ်ပေါက်နေသည် ။ နှစ်ပေါင်းများစွာတည်တန့်လာသောရှောင်လင်ဂိုဏ်းအတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေလေ၏ ။ အတွင်းရှောင်လင်ဂိုဏ်းနှင့် အပြင်ရှောင်လင်ဂိုဏ်းဟူ၍ဖြစ်သည် ။အတွင်းရှောင်လင်ဂိုဏ်းမှာ အေးချမ်းစွာတရားဓမ္မနှင့်ပျော်မွေ့ချင်လျှက်လောကီကိစ္စများ၌မပါဝင်လို … အပြင်ရှောင်လင်ဂိုဏ်းသည်ကား တိုက်ခိုက်ခြင်း လက်တုန့်ပြန်ခြင်းနှင့် အကြမ်းနည်းသုံး၍ ကာကွယ်ခြင်းတို့ကို မွေ့လျော်လေသည် ။ ထို့ကြောင့် အွန်သိုင်းလောက၏ပကတိအခြေအနေသည်လည်း ပေါက်ကွဲလု ချိန်ကိုက်ဗုံးတစ်လုံးနှယ် စိုးရိမ်စရာကောင်းလှလေသည် ။ ထိုအချိန်တွင် နယ်စားကြီးပေါင်ချိန်ဖြိုးမှ ရှောင်လင်အပြင်ဂိုဏ်းအားခွဲထွက်ခြင်းကို ကန့်ကွက်ခဲ့ရာ အွန်သိုင်းလောကတခွင်တွင် အငြင်းပွားစရာများဖြစ်ပေါ်လာလေတော့၏။ ဤသို့သောအခြေအနေကို နှစ်တစ်ထောင်ကျိန်စာအဖိုးအိုနှင့် […]


“ဘထက်ချိုင့်  (ဗ)”   ပုရွက်ဆိတ်အုံ တုတ်နဲ့ထိုး ရှင်တော်တော်ဆိုး။   ပျားအုံကို တုတ်နဲ့ဆွ ရှင်တော်တော် အ။   ခါချဉ်အုံ တုတ်နဲ့ရိုက် ရှင်တော်တော်မိုက်။     ဟိုဝင်တိုက် ဒီဝင် တိုက် တကယ်တော့ ရှင်ဟာ  ဘထက်ချိုင့်။     ကိုပေါက်လက်ဆောင်အတွေးစဉ် 10716                          


“ခါတော်မီ စွန်ရဲအင်းအတွက် အတွေးတစ်စ” အခုရက်ပိုင်း လည်ကြပါတ်ကြတာနဲ့ပါတ်သက်ပြီး ဖေစ်ဘုတ်စာမျက်နှာမှာ ရေပန်းစားတာကတော့“ စွန်ရဲအင်း “ပါဘဲ။ ကြာခင်းကြီးတွေရှိတဲ့အင်းပေါ့။ အချို့ကတော့လည်း လည်စရာပါတ်စရာအဖြစ်ညွှန်းကြသလို အချို့ကတော့ သဘာဝအလှတရားတစ်ခု ပျက်စီးပါပြီဆိုပြီး ကန့်ကွက်ကြပါတယ်။ စွန်ရဲအင်းဆိုတာက မန်းလေးမြို့တောင်ဘက် ကျောက်ဆည်သွားတဲ့လမ်းမှာရှိနေတာပါ။ မန်းလေးကျောက်ဆည် လမ်းသစ်အတိုင်းသွားရင် စဉ့်ကိုင်အလွန် လမ်းဘယ်ဘက်ခြမ်း(မန္တလေးအခေါ် အရှေ့ဘက်ခြမ်း) မှာ ကျောက်ပြားထုတ်လုပ်တဲ့စက်ရုံ ဆိုင်းဘုတ် ကျောက်ပြားကြီး စိုက်ထားတာတွေ့ရင် အဲဒီလမ်းအတိုင်း ကွေ့ဝင်လိုက်ပါ။ လမ်းခွဲတွေ့ တိုင်း ညာဘက်လမ်းကို လိုက်သွားပြီး လမ်းအဆုံးရောက်ရင် စွန်ရဲအင်းရှိတဲ့နေရာကိုရောက်သွားပါမယ်။ စ ဝင်ဝင်ခြင်းကတော့ ကတ္တရာလမ်းဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ကျောက်ခဲနဲ့မြေရောတဲ့ လမ်းဖြစ်ပေမယ့် လမ်းကောင်းပါတယ်။ အင်းထဲကို ကွေ့ဝင်တဲ့လမ်းကတော့ အောက်ခံမြေက မြင့်တဲ့အတွက် အောက်ပိုင်းနိမ့်တဲ့ကားဆိုရင်တော့ သတိထားမောင်းရပါလိမ့်မယ်။ စွန်ရဲအင်းက အတွင်းပိုင်းမှာရှိတော့ အရင်က လူသိနည်းပါတယ်။ အလှအပတရားကိုရှာဖွေကြတဲ့ […]


ဇီဇီJuly 11, 20162min20413
              Saturday မနက် က ဈေး ထဲ က … ဝက်ခေါင်းရယ် အူစုံအသည်းစုံနှလုံးအစုံရယ် အစိတ်ဖိုးးရလာလို့ ဝက်သားးဒုတ်ထိုးး အလွယ်လေးး လုပ်ကျွေးးပါမယ်လေ လို့ စေတနာ ပေါက်လို့ ကတိပေးလပ်ထှာ အိမ်က အဆာကျယ်များးက ဝက်သားဒုတ်ထိုးး အစစ် လိုမျိုးးစားချင်တယ်ဆိုလို့ ချက်နည်းး လိုက်ရှာရ ဆေးရ ကြော်ရ အနှစ်ယူရ ပြုတ် ရ ထိုးမယ့် ဒုတ်ရှာရ စဉ်းနီတုန်းရှာ အချဉ်ဖျော်ရ ကြက်သွန်ဖြူနွာရ ခွီးးး တကိုယ်လုံးး ဝက်စော်နံပြီးး ဒုတ်ထိုးသည်ဖြစ်နေပြီ… ချက်မှတော့ မထူးးဘူးးဆိုပြီးး ဓာတ်သေရိုက်ဖို့ ကြံရသေးးကိုးးး တဂျီးး အဆာကျယ် က လည်းး ကလီစာပြုတ်ရင် အမြှုတ် […]


“ကြောင်ချီးဇာတ်ရှုပ်”   ကြောင်ချီးဆိုတာ ပျော့ပျော့လေးနဲ့နံတာ လူတိုင်းသိတယ်။   အဲဒီကြောင်ချီးကိုမှ နံမှန်းသိရဲ့နဲ့ ပယ်ပယ်နယ်နယ် မက်မက်စက်စက် စားချင်တဲ့ကောင်တွေ လဲတပုံတပင်ရှိတယ်။     ခက်တာက သူဘာသာသူ ကြောင်ချီးကြိုက်လို့စားတာက ကိစ္စမရှိဘူး။ ကြောင်ချီးကိုင်ထားတဲ့လက်နဲ သူများတွေကိုလာ လာကိုင်တော့ အားလုံးကြောင်ချီးနံ့ စွဲကုန်တာပေါ့ဗျာ။   အဲတော့ ကြောင်ချီးကို ကိုယ်ကြိုက်ရင်ကိုယ်စား သူများတော့လိုက်လိုက်ပြီး မကိုင်နဲ့ မထိနဲ့လို့ပြောချင်ပါသဗျာ။   ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး ၁၀၇၁၆  


တောင်မရောက် မြောက်မရောက်စီးရီးက တောတွင်းပျော် ဝါသနာအရလျှောက်ရိုက်ထားတဲ ့ပေါ ့ပေါ ့ပါးပါးပုံတွေ လျှောက်တင်နေတာ .. တနည်းဆို .. ရွာသဂျီးဆိုက်နဲ ့ စာဖတ်ပရိသ်သတ်တွေကို မျက်စိဒုက္ခလိုက်ပေးနေတာလေ :k: သည်းညီးခံကြပါကုန်။ ဘာရယ်လို ့မှ မဟုတ်ပါဘူးဗျာ .. ဘာတင်ရမှန်းမသိလို ့ တင်လိုက်တာ။ တောင်ရောက် မြောက်ရောက်ပိုစ်အတွက် ဓါတ်ပုံတွေစုနေတုန်းမို ့ ကြားဖြတ်တင်လိုက်တာ တောတွင်းပျော်


ဂ်စ္စူJuly 8, 20161min2526
ပုံမှန်စီးပွားရေး မကောင်း ဝင်ငွေမရှိရင် တမျိုးသားလုံး မပြောနဲ့ ကိုယ့်ဆွေမျိုးတစ်ခုထဲတောင် စောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူး ကျနော်တို့ လူမျိုး ရွှေလင်ဗန်းနဲ့ အချင်းဆေး သခင်သွေးချည်ပဲလည်း မဟုတ်ပါဘူး အရွယ်ရောက်လာတဲ့ သမီးနဲ့သား ခင်ဗျား တသက်လုံး ချုပ်ချယ်ထားဖို့လဲ မဖြစ်နိုင်ပါဘူး မျိုးရိုးနဲ့ပတ်သတ်လို့ စိတ် ဘဝင် လေမဟပ်နဲ့ လူဆိုးသူခိုး မုဒိမ်းမျိုလည်း ဒို့အမျိုးထဲ မကင်းပါဘူးလို့ ဗုဒ္ဓဘာသာဝင်တိုင်း သူတော်ကောင်းချည်း မဟုတ်ဘူး ဗုဒ္ဓဘာသာမဝင်လို့ လူဆိုးချည်းလဲ မဟုတ်ပြန်ဘူး ပါတီအဖွဲ့စည်းထောင် လူတွေကို ဘောင်ကန့်ထားယုံနဲ့ ကိုင်းရှိုင်းမှုတွေ တိုးမလာပါဘူး ထို့အတူ ဘာသာအပြင်ဘက် ထွက်မသွားဘူးလို့လည်း အာမ မခံနိုင်ပါဘူး သေချာတာက ဗုဒ္ဓပြောတဲ့ နိဗ္ဗာန်​ ကို ကုတ်ဆွဲပြီး ပို့လို့မရဘူး ပါတီပွဲစား မပြောနဲ့ ဗုဒ္ဓတောင် ဒေဝဒတ်လို အမျိုးကို […]


ဇီဇီJuly 8, 20161min76742
ဖိနပ် လေးတွေ အကြောင်း စ ရအောင်။ လက်တန်း ရေးလို့ရတဲ့ အတွေ့အကြုံတွေပဲ အရင် ရေးမယ်။ လက်ကိုင်အိတ်တို့ တခြားလှပပစ္စည်းတွေ မကြိုက်ခင်ကတည်းက ဖိနပ်လှလှတွေ မိုက်မိုက်ဒီဇိုင်းတွေကို မြင်တဲ့နေတာမှာတင် ငမ်းတတ်ခဲ့တာ။ ကိုယ်တက်ခဲ့ရတာ နယ်ကျောင်းး၊ ဘာ အလှပြင်လို့မှ မရ၊ လက်ဝတ်ရတနာမဝတ်ရ တဲ့ အချိန် ၅ တန်း လောက်ကတဲ့ မွေးမေလေ့က ရှူးလေးတွေ စီးခိုင်းတာ။ တောမှာတော့ စတားပေါ့လေ။ :mrgreenn: လုံချည်နဲ့ ရှူး လိုက်လိုက်မလိုက်လိုက်ပျော်ပျော်ဂျီးကို ပဲတွေပေးတာ ဆိုတာ။ ပြန်တွေးမိမှ ရှက်လည်း ရှက်ပါတယ်။ ရှက်လည်းမရှက်ပါဘူးး :mrgreenn: မွေးမေလေ့က ဖိနပ်ခရေဇီ၊ သူ့ဆီမှာ မိန်းမဆန်သော ဖိနပ်အမြင့်တွေ အားကြီးပဲ။ အကြိုက်မတူတာက အဲဒီမှာ စ တယ်။ ကိုယ်က […]


တောင်ရောက် မြောက်ရောက်သွားလိုက်တာမှ ပြီးခဲ ့တဲ ့ နွေတုန်းက ထို ့ကော်ကိုး ဆိုတဲ ့ရွာကို ၂ ကြိမ် ရောက်ဖြစ်တယ်။ တစ်ကြိမ်က ကျုံဒိုးမီးပုံပွဲကိုသွားရင်းရောက်ခဲ ့တာ။ ထို ့ကော်ကိုးရွာက ကရင်ပြည်နယ် ကျုံဒိုးမြို ့ကနေတဆင် ့ မြောက်ဖက်ကို တစ်နာရီလောက် မောင်းသွားရတဲ ့ခရီးမှာရှိတဲ ့ရွာပါ။ ကော ့ကရိတ်မြို ့နယ်ထဲမှာရှိပြီး ထို ့ကော်ကိုးရွာကနေ နောက်ထပ် မိုင်ဝက်လောက်ဆက်သွားရင် ဗိုလ်ချုပ်ထိန်မောင်တို ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ ့နေတဲ ့ Nawtaya ကို ရောက်ပါတယ်။ ဒီနေရာဟာ ခရီးလမ်းအဆုံးပါ။ ဆက်သွားမယ်ဆိုရင်တော ့ သစ်ထုတ်လုပ်ရေးကားလမ်းများသာ ရှိပါတော ့တယ်။ ကျုံဒိုးမြို ့ကနေ ထို ့ကော်ကိုးရွာအထိ ကတ္တရာလမ်းခင်းထားပါတယ်။ ဒီဒေသဟာ […]


“ဘဝခရီးသွား” လှေလေးတစ်စီးနဲ့ ခရီးအသွားမှာ တခဏအတွက် နေရာ ရ သူရ မရသူ  မရ ထသူ ထ ထိုင်သူ ထိုင် ရပ်သူ ရပ် စောင့်သူ  စောင့် အလှည့်နီးသူ နီး အလှည့်ဝေးသူ ဝေး ငေးသူ ငေး မျှော်သူ မျှော် တစ်ချိန်တော့ လိုရာရောက်မယ်ဆိုတဲ့ မျှော်လင့်ချက် ကိုယ်စီ နဲ့ပေါ့။   လူ့ဘဝ ဆိုတာ မရေရာခြင်းတွေကို ယုံစား အချိန်များကို အရင်းအနှီးလုပ် မသေချာတဲ့ မရေရာခြင်းတွေကို လောင်းကြေးထပ် ရပ်တန့်မရနိုင်တဲ့ အိပ်မက်တွေကို အဖော်ပြုရင်း တစထက် တစ လုံးပါး ပါး အစားထိုးမရတဲ့ နုပျိုခြင်းတွေကို မသိမသာ ချန်ထား အဆုံးသတ်မှာ ဘာမှမကျန် ဗလာချန်ထားခဲ့ရတာလေ။   […]