padonmarFebruary 19, 20191min86013
ပုတိဖွား လူချမ်းသာ ………………… မွေးနေ့မွေးရက်ကို မဟာဘုတ်တိုင်ထောင်လိုက်တော့ ပုတိဖွားတဲ့။ ပုတိသဘောဆိုတာ ကပ်စေးနည်းတယ်။ မှန်လိုက်လေ။ ကိုယ်ကပ်စေးနည်းတယ်ဆိုတာ ငယ်ကတည်းက ကိုယ့်ဖာသာကိုယ် သိပါတယ်။ အမေပေးလိုက်တဲ့ မုန့်ဖိုးဆို ကျောင်းမုန့်ဆိုင်တွေမှာ ဝယ်စားရိုးထုံးစံမရှိ၊ အဖေဝယ်ပေးထားတဲ့ ခွေးရုပ်ကော်စုဘူးလေးထဲ ထည့်လိုက်ဖို့ပဲ ဆန္ဒရှိတာ။ တက္ကသိုလ်တက်တဲ့ တလျှောက်လုံး canteen မှာ ဝယ်စားဖူးတဲ့ အကြိမ်က လက်ဆယ်ချောင်း မပြည့်ဘူး။ အဝတ်အစားဆိုလည်း ဈေးပေါတာပဲ ကြိုက်တတ် ဝယ်တတ်တယ်။ ဈေးကြီး အဖိုးတန်ဆိုရင် ဗေဒင်မမေးနဲ့၊ အဲဒါ သူများဝယ်ပြီး လက်ဆောင်ပေးထားတာပဲ။(လက်ဆောင်တွေရလို့ တော်သေး) အစားအသောက်ကတော့ နဂိုတည်းက ကောင်းပေ့ဆိုတဲ့ ငါးမြင်းဗိုက်သားတို့ ဝက်သုံးထပ်သားတို့ ကြက်ပေါင်ကြော် တို့၊ Donut တို့ ဆိုတာတွေ မကြိုက်တတ်၊ငပိရည်တို့ မရမ်းသီးငပိထောင်းတို့ ချဉ်ပေါင်ကြော်၊ဘဲဥချဉ်ရည်၊သီးစုံပဲကုလားဟင်း ဆိုတာမျိုးမှ မက်မက်စက်စက်ကြိုက်တာ။ […]


ပြောရရင်တော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုပါပဲ။ အမွေကိစ္စဆိုတာလည်း ရှုပ်တယ်မဟုတ်လား။ အကြောင်းစုံလေး ပြောပြပြီး ရွာထဲက လူကြီးတွေအကြံဉာဏ်လေးလည်း လိုချင်လို့ပါတယ်။ အဖြစ်က ဒီလိုပါ။ . ကျွန်တော်တို့ မောင်နှမက (၅)ယောက်ပါ။ ကျွန်တော်က အငယ်ဆုံးပေါ့။ အစ်ကို နံပါတ်(၁)ကတော့ ထိုင်းနယ်စပ်ဘက်ကိုသွားပြီးကတည်းက သတင်းမရတာ (၂၂)နှစ်လောက်ရှိပြီ။ အစ်ကိုနံပါတ်(၂)ကတော့ ဆုံးသွားရှာပြီ သူ့ဆီမှာ မိန်းမနဲ့ ကလေးကတော့ကျန်ခဲ့တယ်။ အစိုးရဝန်ထမ်းဆိုတော့ နေပြည်တော်မှာနေတာပါ။ လက်ရှိ နံပါတ်(၃)အစ်မ အိမ်ထောင်နဲ့မိသားစုနဲ့ရယ်။ နံပါတ်(၄)အစ်မ အိမ်ထောင်ကွဲ သမီးတစ်ယောက်နဲ့ရယ် ကျွန်တော်နဲ့ရယ်ပါ။ အမေမဆုံးခင်မှာ အိမ်ကို ကန်ထရိုက်လေးပေးထားတာ အားလုံးပြီးတော့ သုံးခန်းရပါတယ်။ ကျွန်တော်ကတော့ အိမ်ထောင်ကွဲ နံပါတ်(၄)အစ်မနဲ့ သူ့သမီး ကျွန်တော့်တူမလေးနဲ့နေပြီး။ တစ်ခန်းကိုတော့ နံပါတ်(၂)အစ်မကနေပါတယ်။ နောက်တစ်ခန်းကိုတော့ ငှားထားလိုက်တယ်။ အဲ့မှာ ဖောက်တာက တူတူနေတဲ့ နံပါတ်(၄)အစ်မပါ။ […]


KyaemonFebruary 10, 201955min6180
၊  ၊မြစ်ဆုံရေကာတာဆက်လုပ်ဖို့လိုလားတဲ့အပိုင်း။ ၂၀၁၈ ၊အောက်တိုဘာ ၂၆ ကထောက်ခံမဲ(၊ကြိုက်မဲ)(၄၆၉၀၆၂) ၊ကိုရရှိခဲ့တယ်၊ တချိန်တုန်းက၊မြစ်ဆုံရေကာတာဆက် မလုပ်ဖို့ဆန့်ကျင်တဲ့အပိုင်း၊ ၊ဦးထွန်းလွင်တို့က(၂၀၈၈၇၂)ကန့်ကွက်မဲကိုရရှိခဲ့တယ်၊ ၊အကြမ်းဖျဉ်းနှိုင်းရမယ်ဆိုရင်၊၂၀၁၈ ၊အောက်တိုဘာ ၂၆၊မှာကြိုက်မဲကကန့်ကွက်မဲ ထက်(၂.၂၅ဆ)သာလွန်ခဲ့ပါပြီ၊ ခုတခါ၊၂၀၁၉၊ဖေဖော်ဝါရီလ ၃၊ကျပြန်တော့ထောက်ခံမဲ(ကြိုက်မဲ)က (၅၃၂,၄၆၆)၊အထိအံ့မခန်း တိုးတက်လာပြန်လို့(၂.၅၅ဆ)၂ဆခွဲကျော်၊ဖြစ်လာတယ်၊ဦးရေတိုးရုံမက ၊အဆရဲ့”၊တမတ်”၊နှုန်းကို ၊တောင်တက်လိုက်သေးတယ်၊ ၂၀၁၉၊ဖေဖော်ဝါရီလ ၅ ၊မှာဆိုရင်၊ကြိုက်မဲ(၅၃၃,၇၂၄)အထိတက်မြဲတက်နေပါတယ်၊ ၊ဒီမိုကရေစီအရဆိုရင်၊တစ်မဲသာရုံနဲ့အနိုင်ယူနိုင်ပါပြီ၊ (၂.၅၅ပြန်)၊ဆိုတော့အပြတ်အသတ်နိုင်တယ်လို့ပြောလို့ရပါတယ်၊ ၊ ၊တက်ကြွနိုးကြားတဲ့၊ပြည်သူလူထုတို့ကနိုင်ငံတော်ခေါင်ဆောင်တို့ရဲ့ဆန္ဒနဲ့အမြော်အမြင်ကိုထောက်ကူ ၊ပံ့ပိုးပေါင်းစပ်လိုက်ရင်၊အလုပ်လုပ်ရလွယ်ကူချောမွေ့သွားမှာပါ၊ ၊ ၊မြစ်ဆုံအမှားနဲ့အမှန်ဆောင်းပါးဖတ်ကြိမ်(၁၄သန်း)ကျော်လာပြီ၊ ၊ ၊ဦးကြင်ဥရဲ့ဝင်ကစွပ်ကဗျာလို၊မကြုံစဖူး၊မြင်ဖူးမှယုံစဖွယ်၊ ၊ဖေ့ဘုက်/၊မြန်မာဂေဇက်စာရှူပရိသတ်တို့က၊သန်းနဲ့ချီပြီးစဉ်ဆက်မပြတ်ဖတ်ကြသည်၊၊ ၊ဖြစ်ရပ်မှန်အမှန်တရားကိုသိလိုကြသည်၊ ၊တိုင်းပြည်အကျိုးရှိမရှိကိုသိလိုကြသည်၊ အမှန်တရားအတိုင်းစီရင်စေလိုကြသည်၊ တရုပ်၊ယိုးဒယား၊၊စင်ကာပူတို့လိုတိုးတက်ဖွံ့ဖြိုးလိုကြသည်၊ ၊ဆင်းရဲတွင်းခေတ်နောက်ကျတာကနေ၊ရုန်းကန်ထွက်လိုသည်၊ ၊အခြေအမြစ်မရှိတဲ့နားကြားသတင်း၊ကျောထောက်နောက်ခံ၊ကိုးကားချက်မရှိတဲ့ ၊လုပ်ကြံသတင်းတွေကိုခွါပြစ်လိုကြသည်၊ ဆန့်ကျင်ဘက်အာဘော်နဲ့စူးစမ်းချက်တွေကိုကြားနာလိုကြသည်၊ ၊ဖေဖော်ဝါရီ ၅ ၊မှာဆိုရင် ၁၄,၀၃၆,၇၄၇၊ ၊ဖေဖော်ဝါရီ ရ ၊မှာဆိုရင် ၁၄,၀၈၇,၉၀၉၊ ၊မြစ်ဆုံဆောင်းပါးဖတ်ကြိမ်ရှိကြပြီး၊ (။ကြိုက်လက်မထောင်ကြိမ်)တာလဲ(၅.၃၆သိန်း)ကျော်လာပြီ၊ ၊မှတ်ချက်ပြုသူတွေကလဲတစ်သောင်းရှစ်ထောင်ကျော်လာပြီ၊ တခြားနေရာမှာထက်ဖတ်ကြိမ်၊မှတ်ချက်ပြုကြိမ်၊ရှယာဝေငှကြိမ်များတယ်၊ ၊ထောက်ခံကြတဲ့ရုပ်ပုံနဲ့မှတ်ချက်တွေလဲတော်တော်များလာတယ်၊ကျေးဇူးတင်ပါတယ်၊ ၊ […]

Mom-600x800.jpg

ဘဝမှာ အကြီးမားဆုံးအတ္တတစ်ခုကို ပြောပါဆိုရင် အမေ လို့ပဲ ပြောရမယ်ထင်တယ်။ ငယ်ငယ်ကတည်းက စိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့ရတဲ့အရာက အဖေနာမည်ဖြည့်ရတဲ့အရာပါပဲ။ ဘာလို့ အဖေ့နာမည်ပဲ ဖြည့်ရပြီး အမေ့နာမည်ကို မဖြည့်ရတာပါလိမ့်။ အမေဆိုတာ အရေးမပါတာလား။ အမေဆိုတာ သိစရာမလိုတာလား။ အဖေ့နာမည်တစ်ခုတည်းနဲ့ ကိုယ့်ဘဝက ပြီးပြည့်စုံသွားတာလား။ ကျွန်မမှာ အတွေးတွေ အများကြီးပါပဲ။ အထူးသဖြင့် စာမေးပွဲမှာ ဆုရလို့ ဂုဏ်ပြုလွှာတွေ ရလာတိုင်း အမေ့နာမည်မပါဘဲ အဖေ့နာမည်ပဲပါရင် အမြဲတမ်းစိတ်မကောင်းဖြစ်ရတယ်။ မိဘနှစ်ပါးမှာ ဘယ်သူကမှ ပိုအရေးမပါရင်တောင် အတူတူအရေးပါကြတာပါပဲ။ သားသမီးတစ်ယောက်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတိုင်းအတွက် အမည်ခံရမယ်ဆို အဖေရော အမေပါ အမည်ခံသင့်ပါတယ်လေ။ ငယ်ငယ်ကဆို ကျွန်မနာမည်ကိုပြောလိုက်တိုင်း အဖေ့သမီးလို့ လူတိုင်းသိကြပေမယ့် အမေ့သမီးလို့ သိကြတာ ရှားတယ်။ တစ်ချို့ဆို အဖေနဲ့အမေ့ကိုတောင် တွဲမသိကြလို့ ကျွန်မကို […]


ရန်ကုန် နေစရာနေရာတစ်ခုဟာ သိပ်ကိုအရေးကြီးမှန်း ပိုပြီးသိလာရတဲ့အခါမှာတော့။ အမေ့ကို ပိုသတိရမိလာတာပါပဲ။ မုဆိုးမတဖြစ်နဲ့ နေစရာတနေရာကို ခက်ခက်ခဲခဲဝယ်နိုင်တဲ့ ဇွဲကို မချီးကျူးဘဲမနေနိုင်ပြန်ဘူး။ အခုတလော အမေဆုံးပြီးနောက်ပိုင်း အရမ်းကိုပူပန်မှုများတဲ့အချိန်တိုင်း သတိရမိနေပြန်ရော။ အခုနေတဲ့တိုက်ခန်းလေးကိုလည်း ကိုယ်စွန့်ခွာရတော့မယ်ဆိုတဲ့အသိရယ်။ အမေ့လို ကိုယ်ပိုင်နေစရာလေးရအောင် လုပ်ရတော့မယ်ဆိုတဲ့ အသိက အမေ့ကို ပိုပြီး သတိရစေခဲ့တယ်။ အမေစုဆောင်းခဲ့သလိုမျိုး ကိုယ်လည်းရုန်းကန်ရတော့မယ်ဆိုတာတွေးရင်း နေစရာအိမ်လေးတစ်လုံး (သို့) တိုက်ခန်းလေးတစ်ခန်း (သို့) ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုကို ဒီလကုန်ရင် ရောက်ရှိတော့မယ်ဆိုတာ တွေးရင်း။ မေမေ့ကိုသတိရလို့ရေးတဲ့စာ ရင်နှင့်ရင်း၍ အောင်မိုးသူ


padonmarJanuary 31, 20191min45313
သတိလက်လွတ် ငှက်တောင်ကျွတ်သို့ ……………………………………………. ငှက်တွေမှာ အတောင်သာလျှင် ကိုယ်ပိုင်ဥစ္စာတဲ့။ အတောင်ဟာ အသက်တမျှ အဖိုးတန်ပါတယ်။ အတောင်မပါလို့ မပျံသန်းနိုင်တဲ့ ငှက်ဟာ သေသလိုပါပဲ။ငှက်တောင်ကျွတ်ရင် သေတာပါပဲ။ လူမှာလည်း သတိကင်းမဲ့ရင် သေလူလိုပါပဲတဲ့။ …………………………….. အသက်လေးရလာတာနဲ့အမျှ မရဏာနုဿတိပွားရင်း သတိလေးကပ်ရမယ်ဆိုတဲ့ အသိဝင်လာပါတယ်။ အသိသည်အသိသာဖြစ်ပြီး လက်တွေ့မှာတော့ သတိကပ်နိုင်ချျိန်က လက်သည်းခွံပေါ်က မြေမှုန့်ဖြစ်ပြီး သတိမကပ်တဲ့ အချိန်တွေက ကမာ္ဘမြေကြီးလောက် ဖြစ်နေတာ။ ……………. ကိုယ့်ဖာသာဆိုရင် သတိရှိလိုက်သလား မသေချာပေမယ့် သူများနဲ့ ပတ်သက်ရရင်တော့ သတိကင်းတာတွေ ဘွားဘွားကြီး ပေါ်တော့တာပဲ။ အကြောင်းအရာ တခုကို ပြောရမယ့်သူကို ပြောမိပြီးပြီလား မသေချာတော့လို့ ထပ်တလဲလဲ ပြောမိတာ၊ ပြောပြီးပြီးလို့ ထင်ပြီး ဇွတ်ငြင်းမိတာ၊ တနေရာကို တခုခု ယူမယ်လို့ သွားပြီး အနီးကျမှ […]


ေမာင္ရိုးJanuary 30, 20191min9248
** မောင်ရိုးပြောသော Halloween Night နှင့် သရဲခြောက်သောဟိုတယ် ** . . . သူ့နာမည်ကားးး မောင်းရိုး ။ ကျနော်တို့ကတော့ ဗမာဒရိုင်ဘာဟု ခေါ်ကြသည် ။ဧကန်စင်စစ် သူ၏ကွယ်ရာ၌ “မောင်အ” ဟုပင် ခေါ်တတ်ပြန်သေး၏ ။”ဗမာဒရိုင်ဘာ” ဟုခေါ်ရခြင်းမှာ အရာခတ်သိမ်းအား ဗမာ့နည်း ဗမာ့ဟန်ဖြင့်ဖြေရှင်းလေ့ရှိပြီး ဗမာ့နည်း ဗမာ့ဟန်ဖြင့်ကားမောင်းလေ့ရှိသောကြောင့်ပင်ဖြစ်လေသည် ။ အသက်မွေးဝမ်းကျောင်းအရ ယဉ်မောင်းဖြစ်သည်နှင့်အညီ မောင်ရိုးသည် ခရီးများစွာထွက်ရသည် ။မြန်မာပြည်တခွင် ပြဲပြဲစင်အောင်သွားလာနေသော မောင်ရိုးအတွက် ရောက်လေရာရာ၌ ဇတ်လမ်း တစ်ပုဒ်ကတော့ ရှိစမြဲပင်ဖြစ်သည် ။ လူပုံက ထုံထုံထိုင်းထိုင်း ၊ အတွေးအခေါ်က ဇောက်တိဇောက်ထိုး ၊ အယူအဆက အလွဲလွဲအချော်ချော် ဖြစ်တတ်သည့်မောင်ရိုး၏ဇတ်လမ်းများမှာ ကြားရသူအဖို့ . . . တခါတရံ […]


kaiJanuary 30, 20193min1680
ယခင်လကပြောခဲ့တဲ့အတိုင်း ယခုလမှ Paragraph လု့ိခေါ်တဲ့ စာပုဒ်လေးတွေရေးတတ်လာအောင် လေ့ကျင့်ကြပါစို့ ။ ဦးစွာပထမ မှာကြားလိုတာကတော့ paragraph ကို essay နဲ့ မမှားမိပါစေနဲ့ ။ မြန်မာကျောင်းသားကျောင်းသူအများစု ရဲ့စိတ်ထဲမှာ essay ကိုပဲ စွဲနေတတ်တယ်။ စာရေးကြပါဆိုရင် essay ရေးဖို့ လောက်ပဲသိတယ်။ ခဏလေးတော့ essay ကိုမေ့ထားပြီး paragraph ကို အာရုံစိုက်ဖို့ တိုက်တွန်းပါရစေ။ ဘာနဲ့တူသလဲဆိုတော့ မပြေးတတ်သေးခင် လမ်းလျှောက်တတ် အောင်ကြိုးစားရသလိုပေါ့။ Essay ဟာ ပြေးတာနဲ့တူပါတယ်။ paragraph ကတော့ လမ်းလျှောက်သလိုပဲ။ လမ်းမလျှာက်တတ်သေးခင် ပြေးဖို့ကြိုးစားရင် တဘိုင်းဘိုင်းလဲကြမှာပေါ့။ ဒီလိုပါဘဲ paragraph လေးတွေ မကျွမ်းသေးခင် essay ရေးဖို့ကြိုး စားရင် အောင်မြင်ဖို့မလွယ်ပါ။ ဒီတော့ “Let’s focus […]


aye.kkJanuary 29, 20191min2404
မိတ်ဆွေကျောင်းအစ်မက ကိုယ်တိုင်ချက်ပြုတ်လှူဒါန်းရမှ အားရကျေနပ်သည့်စိတ် ကိုလည်း ကိုယ်တိုင်မြင်တွေ ့ခံစားမိရလို ့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ ကုသိုလ်လုပ်တိုင်းလည်း မိတ်ဆွေအဖော်တွေခေါ်တတ်ပြီး မျှဝေတတ်တဲ့သူပါပဲ။


Mon LayDecember 19, 20181min6724
ဒီဇင်ဘာ ၁၉ ရက်က စတင်ကာ Omni Focus Transport Service ၏ယာဉ်လိုင်းခွဲများဖြစ် သော ဝိုင်ဘီအက်စ် (၂၀) လှိုင် သာယာမှ ကြယ်ငါးပွင့်၊ (၈၃)လှိုင်သာယာမှ တောင်ဒဂုံ၊ (၉၈) ဒဂုံ ဧရာအဝေးပြေးမှ လမ်း ၅၀၊ (၉၉) ဒဂုံဧရာအဝေးပြေးမှ မြောက်ဒဂုံ ယာဉ်လိုင်းများ ၂၄ နာရီ ပြေးဆွဲမည်ဟု Omni Focus က သတင်းထုတ်ပြန်သည်။ ညပိုင်းပြေးဆွဲရာတွင် နာရီ ဝက်တစ်ကြိမ် ကားများလွှတ်မည် ဖြစ်ပြီး Omni Focus က သတ်မှတ် မှတ်တိုင်များ၌ ခရီးသည်စောင့်ရန် ပျမ်းမျှကြာချိန် ၂ မိနစ်မှ ၅ မိနစ်အထိ ခေတ္တရပ်နားကာ  ကျန်မှတ်တိုင်များတွင် ရပ်၊ တင်၊ ချ စနစ်ဖြင့်သာ […]


CourageDecember 17, 201812min10245
ပေါက်ပန်းလေးဆယ် စကားဝိုင်း – ၃ (ပုတ်လို့ပေါ် ဟုတ်လို့လျှော်)           ‘ဟ မောင်ကာကြီးရ… ပျောက်ချက်သားကောင်းလှချည်လား’ သူထိုင်နေကျ မာစတာကြီးကဖေးဆိုင်ရှေ့ကို မောင်ကာကြီးရောက်ပီဆိုကတည်းက ဆိုင်ရဲ့ အပြင်ဘက် ထောင့်ဆုံးစားပွဲဝိုင်းမှာ ကွမ်းပလုပ်ပလောင်း တူးဝေးကိုယ်တော်လှမ်းနှုတ်ဆက်သည်။           ‘ကိုယ်တော်ရေ ပျောက်လှဆို ခရီးသွားရာသီ ကထိန်ရာသီ မင်္ဂလာဆောင်ရာသီဆိုတော့ မအားရဘူးလေဗျာ’ တူးဝေးကိုယ်တော်နှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်ရင်း မောင်ကာကြီးပြန်ပြောသည်။           ‘အလို မင်းက ကထိန်တွေခင်း ခရီးတွေသွား မင်္ဂလာဆောင်တွေလိုက်တက် လုပ်နေတယ်ပေါ့လေ’           ‘မဟုတ်ရပါဘူးကိုယ်တော်ရယ်။ ကထိန်တွေမှာအလှူလိုက်စားရင်း မင်္ဂလာဆောင်ပွဲတက်ရင် လက်ဖွဲ့ဖိုးကုန်မှာစိုးလို့ ခရီးသွားချင်ယောင်ဆောင်ရင်း အိမ်ထဲမှာပုန်းနေတယ်လို့ပြောတာဗျ ဟားဟား’           ‘မင်းကတော့ဖြစ်ရမယ် မောင်ကာကြီးရာ… ဟား… ဟာ… ဟား…’ ထုံးစံအတိုင်း တူးဝေးကိုယ်တော်ရဲ့ အရယ်တောသတ်အောင် မောင်ကာကြီးအတော်ပင်စောင့်ပြီးမှ           […]