mgsaiDecember 4, 20151min1224
ကျောင်းကို တော့အထူးတလည် မိတ်မဆက်ပေးတော့ပါဘူး။ ဇတ်လမ်းဆက်ကြစို့ ကျွန်တော်တို့ ကျောင်းတွေမှာ ခေတ် ဆိုတာရှိတယ်။ ကြုံဖူးကြလား၊ အရုပ်ခေတ်တို့၊ ပုံကဒ်ခေတ်တို့၊ ဘောလုံးခေတ်တို့ တစ်ခါတစ်လေ အီစွတ်ကြိုး ခေတ်ဆိုတာတောင်ရှိပါတယ်။ ခေတ်တစ်ခေတ်ကို သတိထားမိသလောက် တစ်လ၊ အလွန်ဆုံးကြာ နှစ်လပဲခင်ဗျ။ ပြီးရင်တော့ အဲဒီခေတ်ကုန်သွားပြီး နောက်ခေတ်တစ်ခေတ်ကူးပြောင်းပါတယ်။ ကျောင်းဖွင့်ခါစ မိုးတွင်းတို့လို အချိန်တွေမှာ သေချာကစားလို့မရဘူး။ ဘောလုံးကန်လို့မရဘူး၊ မိန်းခလေးတွေဆိုလဲ ကြိုးခုန်တာတို့ ဘာတို့မရဘူး။ အဲဒီတော့ မှတ်မိသလောက် အဲဒီအချိန်ဆို ပုံကဒ်ခေတ်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကိုရီးယားကားဆိုတာ စပြီးခေတ်စားလာတော့ ကိုရီးယားကားထဲက မင်းသားမင်းသမီးပုံတွေ၊ ပါဝါရိန်းဂျားကလဲ ခေတ်တော်တော်စားတော့ ပါဝါရိန်းဂျားပုံတွေ၊ ကာတွန်းကားထဲက ပုံတွေကို ကတ်ထူပြားမှာ ထုတ်ပြီး၊ ပုံ ၈ဝ ပါတဲ့ကတ်ပြားတစ်ပြားကို ၅ဝ နဲ့ ရပ်ကွက်ထဲက ဆိုင်တွေမှာရောင်းပါတယ်။ အဲဒါတွေကို ဝယ်ပြီးတဲ့ ကတ်ကြေးနဲ့ဖြတ်၊ပုံတောင်မှ အသေး၊ အကြီးကပိုတန်ဖိုးရှိပါတယ်။ တန်ဖိုးအရှိဆုံးကတော့ ပုံကဒ်အကြီးရဲ့ နောက်မှာ သီချင်းစာသားတွေရေးထားတဲ့ပုံကဒ်ပါ။ ကျောင်း ကော်ရက်ဒါ တွေမှာ မြေဖြူကို ရေဆွတ်ပြီး လေးထောင့်ကွက်လေးဆွဲ၊ ပြီးရင်ပုံတွေထပ်ပြီးတော့ ဖိနပ်နဲ့ ပုံထုတ်တမ်းဆော့ကြပါတယ်။ […]


hmeeDecember 4, 20151min22323
“ဘတ်စ်ကားစီးခြင်း”   မနက်ဖြန် အိမ်ပြောင်းရမည်။ သည်နေ့သည် ၂၇.၁၁.၁၅ black Friday ဖြစ်သည်။ အော်တာဝါတမြို့လုံးရှိ ဈေးဝယ်စင်တာများအားလုံး ဈေးလျှော့သောနေ့ဖြစ်သည်။ ၁၀% မှ ၆၀% ထိလျှော့တတ်လေသည်။ သည်နေ့ လျှော့ပေမဲ့ နောက်တနေ့ black Friday ကျော်သည်နှင့် မူရင်းဈေးကို မဆိုင်းမတွ ချက်ချင်း ပြန်ရောက်လေသည်။ ဒါကြောင့် သည်နေ့သည် ဈေးဝယ်စင်တာများတွင် လူအစည်ကားဆုံးနေ့ ဖြစ်သည်။ ကျွန်မတို့ထက်အရင် အော်တာဝါတွင် ရောက့်နှင့်နေသော အမသည် ဈေးပတ်မည် သူနှင့် လိုက်ချင်လျှင် လိုက်ခဲ့ပါလားဟု ညတုန်းက ဖုန်းဆက်လေသောအခါ ကျွန်မမှာ တညလုံး အတွေးများလေပြီ။ အော်တာဝါကို ရောက်သည်မှာ တလစွန်းရုံသာ။ ဓလေ့ထုံးတမ်း၊ အလေ့အကျင့်၊ အမူအကျင့်တွေ ဘာကိုမှ မသိသေး။ ထို့ကြောင့် လိုက်ချင်ပေသည်။ သို့သော်….. […]


ရုံးအပြန် အိမ်အရောက် ကျတော့်ကို ထွက်ကြို မယ် သူလည်းမရှိတော့ဘူး။ အရင်တုန်းက ဆူပူပြီး အထီးမကျန်ဘူး။ အခုတော့ ဆူပူပြီး အထီးကျန်တယ်။ လူတစ်စု စိတ်ချမ်းသာဖို့ လူတစ်စုနဲ့ အချို့အရာတွေ အစတေးခံလိုက်ရတယ်။ ဆူပူမှုတွေ ချုပ်ငြိမ်းပြီး သာယာတဲ့ လေညင်းတွေ ကျတော်လိုချင်မိနေတယ်။ အချိန်တွေ စောင့်ရဦးမယ်။ အခုတော့ ကျတော့်အိမ်ပြန်ချိန်တွေ အထီးကျန်လွန်းတယ်။ သတိရတယ် ဗစ်ကိရေ။ မင်းကို အမေလည်း သတိရနေတယ်။ ငါလည်း သတိရတယ်။ ငါတို့ သံယောဇဉ်တွေ စတေးခံလိုက်ရပေမယ့် တစ်ရက်တော့ ပြန်တူတူနေရတော့မယ်။ အခုတော့ အဝေးမှာ ပျော်အောင်နေနော်။   #အောင်မိုးသူ  


naywoon niDecember 2, 20151min1145
အ​ဖြေရှာမ​တွေ့​သေးတဲ့ ပုစ္ဆာ ————————- ဆရာဝန်​က ​ ရောဂါပိုးကို သတ်​တယ်​ လူနာကျန်​းမာလာ​စေဖို့ ။ စိုက်​ပျိုး​ရေးသမားက အင်​းဆက်​ပိုးမွှားကို သတ်​တယ်​ သီးနှံ အထွက်​တိုးဖွံ့ဖြိုး​စေဖို့ ။ သားသတ်​သမားက တိရိစ္ဆာန်​​တွေကို သတ်​တယ်​ လူသား​တွေရိက္ခာ ရ​စေဖို့ ။ ဒီ ​ဒေါက်​သုံး​ချောင်​းအ​ပေါ်မှာ ကမ္ဘာကြီးက ​နေ့နဲ့ည ဖြစ်​​ပေါ်​စေတာ ။ (လည်​ပတ်​​နေတာ ) ငါက​တော့ စိတ်​နဲ့ရုပ်​ နဘမ်​းလုံး သိစိတ်​နဲ့ မသိစိတ်​ ရန်​ဖြစ်​ပြီး နုပျိုခြင်​း ဆိုတဲ့ ကာလကို သတ်​မိပါပ​ကော ဘဇာအ​ကြောင်​းရင်​း ရှာမ​တွေ့​သေး ။ ​နေဝန်​းနီ 2:26 PM 2015 Dec 1


မြစပဲရိုးDecember 2, 20153min25212
နီးများနီးလို့ ကတော့ အရောက်လာပါတယ် ရွှေကြည်လေးရယ်။ ထူးထူးခြားခြား တော့ မှာတမ်းမခြွေ လိုပါဘူး။ ကိုယ့်အနားမှာ ရောက်လာပြီ ဖြစ်တဲ့ သူကို အချစ်ဆုံးသူငယ်ချင်း လို့ သာ တစ်သက်စာ သတ်မှတ်လိုက်ပေတော့။ အချစ်ဆုံးသူငယ်ချင်း ဆိုတာ ချစ်သူ ရီးစား လင်ယောကျာင်္း ဆိုတာတွေထက် ကိုယ့်နှလုံးသား ကို ပိုပြီး နွေးထွေး လုံခြုံစေပါတယ်။ လူနှစ်ယောက် ကြား မှာ နားလည်မှု အခိုင်မာဆုံး က အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဆက်ဆံရေးပါဘဲ။ အရီးရဲ့ ချစ်သော ရွှေကြည်လေး တို့ ဇနီးမောင်နှံ ပျော်ရွှင်သော၊ အောင်မြင်သော ဘဝ လေး တစ်ခု တည်ဆောက်နိုင်ကြမှာလို့ ယုံကြည်ပါတယ်။ ဆန္ဒမွန်ဖြင့် ချစ်တဲ့ အရီး :-)) “My Best […]


black chawDecember 2, 20151min31722
မနက်က မိတ်ဆွေကြီးတစ်ယောက် ဖုန်းဆက်လာပါတယ်။ ရွာထဲကို ခင်ဗျား မိတ်ဆွေကြီး ပြန်ရောက်နေတာ သတင်းလှမ်းပေးတာတဲ့။ ကျွန်တော်ကဖြင့် သိထားတာ ကြာလှပေါ့။ ကွန်းမန့် ငါးထောင်ကျော်ဆိုကတည်းက ပါချီပါချဲ့ မဟုတ်။ နည်းနည်း လှန်လှောကြည့်လိုက်တော့မှ လားလား အရက်သမားဟောင်းကြီး မောင်စိန်ဗိုက် ဖြစ်နေပါရောလား။ သူ့ဟာသူ ဘယ်နာမည်ပြောင်းပြောင်း လိုဂို ပြောင်းတာကိုတော့ အလွန်စိတ်ဆိုးမိပါတယ်။ အရက်ပုလင်းလေးကိုင်ပြီး ဟိုယိမ်းဒီထိုးလုပ်နေသော အရက်သမားအရုပ်လေး..အခုတော့…မရှိတော့ပြီ။ စိတ်ထဲ အတော် မကောင်း။ ဒီကောင် လုပ်ရက်လေခြင်း…။ ဒီလိုဂိုလေးက တစ်ရွာလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကို သိမ်းပိုက်ထားတာကို သိလျက်နဲ့ လုပ်ရက်လေခြင်း..ပေါ့။ ဒင်း ကို တင်း နေရင်းနဲ့ ဒင်း ပြန်လာတာကိုလည်း ပျော်နေမိ…။ ဒင်း အကြောင်းကို တွေးမိတိုင်း အေးဝတီကြီး ကိုသတိရတယ်။ ဟောဒီမှာ ဒင်း နဲ့ အေးဝတီကြီး အကြောင်းရေးထားတာ ပြန်ဖတ်ကြည့်။ <blockquote>အဲဒီလောက် အော်နေဟစ်နေကြတဲ့ ရွာကြီးထဲမှာ ရှာရှာကြံကြံ ပြုံးပျော်စေခဲ့သော ကွန်းမန့်ပိုင်ရှင် ဗိုက်ကလေးနဲ့ အေးဝတီကြီးတို့ရဲ့ အပြန်အလှန်ကွန်းမန့်လေးတွေကိုလည်း […]


တလောက ရွှေပြည်ရီဆော့ကို ရောက်ခဲ့တယ်။ လိုင်းကားနဲ့ပဲသွားခဲ့တာပါ။ ကားစင်းလုံးလေးငှား ဒါမှမဟုတ် ကိုယ်ပိုင်ကားလေးနဲ့ဆို ပိုအဆင်ပြေမှာပေါ့။ အဓိကကတော့ အပန်းဖြေမယ် ပန်းပုတွေ လေ့လာမယ် ဓာတ်ပုံရိုက်မယ်ဆိုကောင်းပါတယ်။   ကိုယ့်ကားနဲ့ကိုယ်ဆိုရင်တော့ တောထဲမှာ ဖျာခင်း အရိပ်ကောင်းကောင်းအောက်မှာ စားသောက်ကြတာ ပျော်စရာပါ။ ကျတော်ကတော့ လိုင်းကားနဲ့သွားခဲ့တာပါ။ ပဲခူးကားကို တစ်ထောင်ပေးစီးပြီး ရွှေပြည်မှာ ရပ်ပေးပါဆို ရှေ့ကို ကွက်တိရောက်တယ်။ ပဲခူးမရောက်ခင်ပါ နီးပါတယ်။   အစားအသောက်တွေမယူဘဲ ရွှေပြည်ကဆိုင်မှာစားမယ်ဆိုရင်တော့ ဝန်ဆောင်မှုကောင်းပါတယ်။ အရသာကောင်းတယ်။ အစားသောက်လည်းစုံတယ်။ တောကောင်သားတွေလည်းရတယ်။ ဈေးကတော့ အသင့်အတင့်ပါပဲ။ သောက်စရာကတော့ အနည်းငယ် ဈေးကြီးပါတယ်။ ဘီယာ စည်တစ်ခွက် တစ်ထောင်ပါ။   ကျတော်တို့ ယူနန်မှိုတို့ဟူးထမင်းပေါင်း ဝယ်စားတယ်။ ပျှမ်းမျှ တစ်ပွဲကို သုံးထောင် သုံးထောင့်ငါးရာပါပဲ။   လေးစားစွာဖြင့် […]


ရွာထဲ နေ့စဉ်ပုံမှန်ဝင်မယ်လို့ ဆုံးဖြတ်ရင်း ဒီနေ့နံနက်မှာတော့ ဒေါ်ပြောင်းဖူးဆိုတဲ့ ပို့စ်လေးကို ဖတ်မိလိုက်တယ်။ တစ်မျက်နှာ တစ်ဘဝလို့ပြောရတဲ့ စာစုလေးပေါ့။ ရေးတတ်ရင်တော့ ဝတ္တုတိုကောင်းကောင်းတစ်ပုဒ်လောက်တော့ ရပါရဲ့။ အခုလည်း ဒီပို့စ်လေးကိုရေးရင်း ဒေါ်ပြောင်းဖူးပို့စ်ကို မှီးငြမ်းပြီး ဝတ္တုတိုလေးတစ်ပုဒ်လောက် ရေးပါရစေလို့ ခွင့်တောင်းချင်ပါရဲ့။   ဒေါ်ပြောင်းဖူးကို စိတ်ထဲမှန်းကြည့်ရင်း အခုခေတ်ဈေးသည်တွေကို မျက်စိထဲ ပြေးမြင်မိပါရဲ့။ တခါတခါ စကားပြောဖြစ်ရင်တော့ အမေကတော့ ပြောရှာတယ်။ ခေတ်ကမကောင်းတော့ လူတွေလည်း ဈေးသည်တွေဖြစ်ကုန်ပြီဆိုတာပါပဲ။ အမေပြောတဲ့ စကားတစ်ခွန်းလည်း ရှိသေးပါရဲ့။ တတ်လို့ဈေးရောင်းတာမဟုတ် ငတ်လို့ဈေးရောင်းတာတဲ့။   ဈေးရောင်ခြင်းမှာလည်း အတတ်ပညာဆိုတာ လိုသေးသကိုး။ အခုခေတ်ဈေးသည်တွေမှာလည်း စေတနာထည့်ရောင်းတာဟာ အတော့်ကို ရှားပါနေပါပြီ။ ဈေးသည်လို့ဆိုရာမှာ ဝမ်းဖြည့်တဲ့စားစရာကအစ မုန့်ပဲသွားရည်စာအဆုံးပေါ့။ တစ်ရက်ကပဲ တီဒုံရဲ့ မုန့်ရောင်းပွဲတော်လေးအကြောင်းဖတ်ရတော့ ဝမ်းသာမိတယ်။ အဲ့လို မြန်မာမုန့်တွေဟာ […]


mgsaiDecember 1, 20151min22910
သူ့နာမည်က ဒေါ်ပြောင်းဖူး။ အားလုံးက ခေါ်တဲ့ နာမည်ပေါ့။ အသက်က ၄ရနှစ်။ ကလေးက ၄ ယောက်။ ယောက်ျားက အရက်သမား လေဖြတ်။ အလုပ်အကိုင်ကတော့ ကျောက်တော်ကြီးဘုရားမှာ မုန့်တီတို့ အသုပ်တို့ ရောင်းတယ်။ အရင်တုန်းက ပြောင်းဖူးပြုတ်ရောင်းတော့ အနားက ဈေးသည်အားလုံးက ဒေါ်ပြောင်းဖူးလို့ပဲ ခေါ်ကြတယ်။ တစ်နေ့ ကျောက်တော်ကြီးဘုရား ချစ်ချစ်နဲ့သွား၊ ဗိုက်ဆာလာတော့ အဲဒီဆိုင်လေးမှာ ထိုင်ဖြစ်တာပေါ့။ ထိုင်ဖြစ်တော့ ထုံးစံအတိုုင်းအသုပ်နဲ့ မုန့်တီမှာတာပေါ့။ အဲဒီမှာ ကလေးလေး နှစ်ယောက်က ပန်းကန်လေးတွေနဲ့ အစုံသုပ် ၁၀ဝ ဖိုးနှစ်ပွဲဆိုပြီးတော့ လာဝယ်ကြတာ။ ကျွန်တော်လဲကြည့်နေတာ အဲဒီအဒေါ်ကြီးရဲ့ ၁၀ဝ ဖိုးကလဲ ပုံမှန်ပွဲလောက်ပဲ သုပ်ပေးပြီးတော့ ဟင်းရည်ပါ အိတ်နဲ့ ထည့်ပေးနေတာ။ ကျွန်တော်က ကလေးတွေလဲပြန်ထွက်သွားရော ” အဒေါ်ကြီး ၁၀ဝ ဖိုးကလဲ များလိုက်တာ ” လို့ပြောလိုက်တာပေါ့။ ” အန်တီတို့ကလဲ တစ်ပွဲကို ၂၀၀ ရောင်းတာပါ။(အခြား အသုပ်ဆိုင်တွေ တစ်ပွဲကို သုံးရာကနေ ငါးရာအထိ ဈေးရှိပါသည်) […]


alinsettNovember 30, 20153min42213
B=Burmese Film  .ပြီးခဲ့သည့် ရက်ပိုင်းတွေအတွင်း စိတ်ပြေလက်ပျောက်သဘောဖြင့် ရုပ်ရှင်တစ်ကား ဝင်ကြည့်ဖြစ်ပါသည်၊၊ စိတ်ပြေလက်ပျောက်ဟု အသေအချာ အခိုင်အမာ ပြောနိုင်သည်မှာ ထိုနေ့က ရုပ်ရှင်ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့် ဝင်ကြည့်ဖြစ်ခြင်းမျိုး လုံးဝ မဟုတ်ဘဲ ဇာတ်ကားကို ဂရုမစိုက်၊ စိတ်ပြေလက်ပျောက် ကြည့်လိုက်မည်ဟူသော အတွေးဖြင့်သာ ဝင်ကြည့်ခဲ့ခြင်းကြောင့် ဖြစ်သည်၊၊ ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့်သာ ကြည့်ဖြစ်မည်ဆိုလျှင် ဗမာဇာတ်ကားတစ်ကားကို အချိန်ကုန်/ ငွေကုန်ခံပြီး ဝင်ကြည့်ဖြစ်ပါ့မလား၊၊ အဲသည်နေ့ကတော့ မည်သည့်ဇာတ်ကားဖြစ်စေ— ရုပ်ရှင်ရုံထဲ ဝင်ထိုင်ကြည့်ပစ်လိုက်ဖို့သာ စိတ်စောနေခဲ့သောကြောင့် ဘယ်တုန်းကမှ တပ်မက်ခြင်းမရှိဖူးသော— (ကျနော့်ကို ဆွဲဆောင်နိုင်စွမ်းမရှိရှာသော) ဗမာဇာတ်ကားတစ်ကားကို အလိုအလျောက် ဝင်ကြည့်မိသွားသည်၊၊ အဲသည်နေ့က ကျနော် ကြည့်မိသော ဇာတ်ကား၏ အမည်မှာ “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဖြစ်သည်၊၊ ဒါရိုက်တာ ”  ဒါရိုက်တာ ဇေပါ […]

2-600x310.jpg

mgsaiNovember 30, 20151min1847
ပို့စ်တွေ မတင်တာကြာလို့ လာတင်ပြဇေ ကျွန်တော်ငယ်ငယ်က အ.လ.က(၉) ထောက်ကြန့်မှာ တက်ခဲ့ရတာ။ အဖေက ဝန်ထမ်းဆိုတော့ အိမ်ခဏခဏပြောင်းရတာ။ ထောက်ကြန့်မှာ ၆တန်း၊ရ တန်း တက်ခဲ့ရတာလေ။ အဲဒီကျောင်းကို သိတဲ့သူတွေလဲရှိပါလိမ့်မယ်။ ထောက်ကြန့်မရောက်ခင် ကျောင်းဂိတ်ဆိုတဲ့ ကားဂိတ်ကပါ။ ကျောင်းရဲ့ လိုကေးရှင်းလေးကိုလဲ နဲနဲမိတ်ဆက်ပေးပါရစေ။ ကျောင်းရဲ့ အနောက်ဖက်မှာတော့ စွန့်ပစ်သွားတဲ့ အနူဆေးရုံကြီး ခင်ဗျ။ လူလဲ တစ်ယောက်မှ မရှိဘူး (အခုတော့ သင်တန်းကျောင်းဆိုလား ဘာလားဖြစ်သွားပြီဆိုပဲ)။ ပြီးတော့ ဘောလုံးကွင်းကြီးရယ်။ တစ်မြို့လုံးကို မြင်နိုင်တဲ့ ရေစင်ကြီးလဲရှိတယ်။ ကျောင်းရဲ့ ဘေးမှာတော့ ကွင်းပြင်ကြီးတွေ (တစ်ခါတစ်ရံ ပန်းတွေ ဘာတွေလာစိုက်ကြသည်) ရယ် ပြီးတော့ ကျွန်းတောကြီးတစ်တောရှိတယ်။( အခုတော့ ကျူးကျော်တွေလားမသိ တောထဲအိမ်ဆောက်ထားကြတာ ကျူးတော ဖြစ်နေပါပြီ)။ အဲ့တုန်းက ကျွန်းတောကြီးဟာ လူသူမရောက်ပါဘူး။ အရမ်းထူထပ်တယ်။ အဲဒီကျွန်းတောကြီးနဲ့ သိပ်မကွာဝေးတဲ့နေရာမှာ ချောက်ကြီးရှိပြီး အောက်မှာ စမ်းရေတွေ ထွက်ပြီး ကြည်စိမ်းနေတာ။ ရေကလဲ လူတရပ်လောက်နက်တော့ ကျောင်းသားတွေ ရေသွားသွားကူးတဲ့ အိုအေစစ်လေးပေါ့။ ကျွန်တော်တို့ ရတန်းတက်တော့ ခေတ်စားတာက ဟယ်ရီပေါ်တာ ဇတ်ကား။ အဲ့ကားကို ကလေးတွေ အကုန် […]