ေမာင္ရိုးApril 18, 20161min27820
~~ ခရီးသွား …… ခရီးနား .. ~~       နွေနေပူပြင်း ၊ နေ့လည်ခင်းတွင် ၊ အပြင်းလျောက်လှမ်း ၊ ခရီးကြမ်းနှင် ၊ အသင်လူသားခရီးသွား ဘယ်သို့ သွားမည်နည်း … ။   နေကား ပူပူ သွေးလည်းဆူ၏ ကိလေသာအပူ ကိုယ်တွင်းမူကား အပူခြင်းပြိုင် ဘယ်သူနိုင်ပါ့ ပြင်ပအပူ ငါ .. သူတပါး ယောက်ကျား မိန်းမ ခံစားကြလည်း အတ္တစွဲဖက် ထုံးနှောင်လျှက်တည့် ငါ၏ကိုယ်မှာ ဘယ်ခါမမြဲ ရှောင်လွှဲမရ အနိစ္စ … ငါကား ဘယ်ကိုသွားပါအံ့ … ။   ခရီးကြမ်းဝယ် ထီးထမ်းလမ်းလျောက် လွယ်အိပ်ပေါက်လွယ် အိုဘယ် .. လူသားခရီးသွား […]


“၁၃၇၈ နှစ်သစ်ဆုတောင်း”   ဆိုင်းဘုတ်တွေသာ အလီလီပြောင်း အနှစ်သာရမပြောင်းတဲ့ နှစ်ဟောင်းများစွာကို ချန်ထား ပယ်ပစ် ကျနော်တို့စွန့်လွှတ်ခဲ့ကြပြီ။ ၁၃၇၈ မြန်မာနှစ်သစ်ကို အသစ်အစစ်တို့ဖြင့် ကြိုဆိုရင်း လွန်လေပြီးသောကာလများမှ စံနစ်ဟောင်း အဖြစ်ဟောင်း အမြင်ဟောင်း အတွေးဟောင်း အကျင့်ဟောင်း အညစ်ဟောင်း မှန်သမျှ ချန်ထားပယ်ပစ်ခြင်းဖြင့် နှစ်သစ်ကို မျှော်လင့်ကြပါစို့။   ကိုပေါက်လက်ဆောင်အတွေးစဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့  


ko sixApril 8, 20161min2216
ငါ တစ်ယောက်တည်း အနော်ရထာကို တွက်တယ်။ ငါ ကျန်စစ်မင်းရဲ့ပုံသေနည်းကို မှတ်တယ်။ ငါ ဗိုလ်ချုပ်အောင်ဆန်းရဲ့သီအိုရီကို မြှောက်တယ်။ ငါ ငါ ငါ တွက်တယ်။ နာရီထဲမှာပုန်းနေတဲ့ သမိုင်းကွင်းဆက်တွေက ၆၀%လောက်တောင် မပျော်ဝင်ဘူး။ ကဲ မနေ့ထဲက ဒီနေ့ကို နုတ်လိုက်ရင် မနက်ဖြန်ကျန် မကျန် တွက်တတ်တဲ့သူတွေ ဖွင့်ထားတဲ့ တံခါးကနေ ပြန်ထွက်သွားပါတော့။ ။ ကိုစစ်


alinsettApril 2, 20161min1645
”ကျ ု ပ်”. . . ”ကျ ု ပ် ”ဆိုပါတော့ဗျာ လွန်ခဲ့တဲ့တစ်နှစ်လောက်က . . . သွားကိုက်ဝေဒနာ ခံစားရတယ်။   ဘယ်အရာကမှ အဲ့ဒီဝေဒနာလောက် သောက်ရေးမကြီးတော့ဘူးလို့ ယူဆမိတဲ့ မိနစ်ပိုင်းအတွင်းမှာပဲ. . .   ကျုပ်ဟာ. . . သွား/ခံတွင်း ဆရာဝန်ဆီ ပြေးပြီး. . . ဒုက္ခပေးနေတဲ့ အခေါင်းပေါက်နဲ့သွားတစ်ချောင်းကို နှုတ်ပေးသင့်ပါကြောင်း…တောင်းဆိုပစ်လိုက်တယ်။     ”နှုတ်ခ”နဲ့”နှုတ်ပေးအပြီး” ”ကိုယ့်အင်္ဂါအစိတ်အပိုင်း သွားဖုံးမှာ”ကွက်လပ်ဖြစ်သွားချိန်မှာပဲ . . . ကျုပ်ရဲ့ဝေဒနာဟာ . . .               ယူပစ်သမျှ သက်သာသွားတယ်။ […]


အာဂApril 2, 20161min1877
မနက်ဖြန် ဟာ…မနက်ဖြန် လိုခပ်ယို့ယို့လေးနေပဲတာကောင်းတယ်။ မှောင်တာတွေများ နေရင် မီးထွန်းဖို့လိုအပ်တယ်။ ချစ်ခြင်းတရား က ပစ်ခွင်းလိုက်တဲ့ မြားတစ်စင်းလိုပဲ။ နေမရှိဘဲနဲ့ လတစ်စင်း ဖြစ်ခွင့်မရှိတော့ဘူးတဲ့လား။ နင်မရှိရင်ရော……ငါ……။ တိမ်တွေက ငါ့ရင်ဘတ်လိုမျိုုး စကားမပြောတတ်ဘူး။ ဒါပေမဲ့…..ခံစားမှုတွေပျံသန်းတယ်။ စိတ်စေရာလိုက်ရွေ့လျားတယ်။ နေပူရင် မိုးရွာစေချင်တယ်။ မိုးရွာရင် နေပူစေချင်တယ်။ ချစ်နေတုန်း မုန်းစေချင်တယ်။ မုန်းနေတုန်းကျပြန်ချစ်စေချင်တယ်။ အမြင့်မှာ ထိုင်နေတုန်းက လေတိုက်လို့တိုက်မှန်းမသိ။ မြေပြင်ပေါ်ဗုံးဗုံးလဲကျတော့မှ….နှလုံးသားက တအီအီနဲ့..။ သစ္စာတရားဆိုတာ တစ်ခါတစ်ခါကြတော့ ခြစ်ရာများတယ်။ မြန်မာလို့လည်း ချစ်တယ်။ မြန်မာလိုလည်း သစ္စာမဲ့တယ်။ တစ်ကမ္ဘာလုံးလည်း….အချစ်အမုန်း..နဲ့..ကိစ္စတုံးနေကြ။ ပြောပြီးသား စကားလုံးတွေကို လေထဲကနေပြန်ပြန်ဖမ်းရမယ်ဆို အမှန်တွေ..အမှားတွေ…အချင်းချင်း ခလုပ်တိုက်မိတော့မှာပဲ။ နေဝင်ချိန်ကိုပဲ တစ်ချိန်လုံး ဘဝကကြည့်ကြည့်နေရတော့ နေထွက်ချိန်ကိုတွေ့ရရင်…တစ်မျိုးကြီးပဲ..။ မိန်းကလေး။ကောင်မလေး။ယောက်ျားလေ။ကောင်လေး။ မိန်းမကြီး၊အဘွားကြီး၊ယောက်ျားကြီး၊အဘိုးကြီး။ လူတိုင်းရင်ဘတ်ထဲမှာဘာကြောင့် အချစ်သစ်ပင်ကို ပျိုုးခဲ့ကြတာလဲ။ မြေမြိုတာထက် အချစ်မြိုခံရတာခက်ခဲတယ်။ […]


“မသိစိတ်ထဲကကြောက်စိတ်”   မဖုံးနိုင် မလုံ အုံပွင့် ပြောချင်သလိုပြော ဖောချင်သလိုဖော ကိုယ့်စကား ဘယ်ဆီရောက်တယ် မသိ။ အဲသဟာ အဲ့ဒါလေးကြောင့်ပေါ့။     ကိုပေါက်လက်ဆောင် အတွေးစဉ် ၃၁၃၁၆      


naywoon niMarch 28, 20161min2154
​လှေချည်​ကြိုး ဓ​လေ့ ထုံးစံဆိုတာ ​ရှေ့ကိုထိုးမထွက်​နိုင်​​အောင်​ ခါးမှာလာချည်​ခံထားရတဲ့ ကြိုးတစ်​​ချောင်​း ။ အချိန်​ကာလ ကသာ တစ်​​ရွေ့​ရွေ့ ​ရွေ့​နေခဲ့ ငါတို့က ​နောက်​မှာကျန်​ခဲ့တာ နှစ်​နှစ်​ဆယ်​ သုံးဆယ်​ ​လေးဆယ်​ငါးဆယ်​ နှစ်​တစ်​ရာ နှစ်​ရာလည်​းဖြစ်​ချင်​ဖြစ်​မယ်​ ။ ပြတိုက်​ထဲ အထည်​့ခံထားရတဲ့ လူအဖွဲ့အစည်​း အချိန်​ဘယ်​၍ ဘယ်​မျှ မတွက်​ဆတတ်​​တော့ဘူး​လေ ။ ခုမှ အိပ်​မက်​က လန်​့နိုး ​ခရီးဆက်​ကြရ​အောင်​ ​ဆောြ်​သ ​လှေချည်​ကြိုးမဖြုတ်​ပဲ အားတက်​သ​ရော ​လှော်​​နေ​တော့ ငါတို့ ​လှေ ကမ်​းစပ်​မှာပဲ တဝဲလည်​လည်​ ။ ​နေဝန်​းနီ 7:28 PM 2016 Mar 28 ​


ko sixMarch 28, 20161min1257
လူ့ဘဝက ဘယ်ဈေးနဲ့ ဝယ်လို့ရမလဲတဲ့ မီးမလင်းတဲ့ လမ်းမှာ လူတစ်ယောက်ရဲ့မေးခွန်းပါ။ အမှောင်ဟာ မသန့်ရှင်းမှုပေါ်မှာ ကွက်ပြီး လင်းတယ်လို့ အဲဒိအမြင်ကပဲ ဘာမဆိုင်ညာမဆိုင် အရောင်တွေထဲမှာ အလင်းဟာ နာမည်မရှိဘူးလို့ ဖြေလိုက်တယ်။ လက်ကနဲအရာတစ်ခုက မောဟသာဆိုရင် မှန်မှန်ဖြေပေတော့ ငါနဲ့မင်း ဘယ်သူကလူလဲတဲ့။ မသိနိုင်ခြင်းဆိုတာ ပန်ကာပေါ်က ဝက်အူပါလို့ ဖြေလိုက်တယ်။ အဲဒီလိုနဲ့ပဲ လူယုတ်မာတွေ အစာဝနေတုန်း။ ကိုစစ်


alinsettMarch 28, 20161min1362
”ကဝေတစ်ကောင်ရဲ့ သီချင်း”                               ——————————————–   ”ဖြောင်းဖြောင်းဖြောင်း” လက်ခုပ်သံတွေ မပြီးသေးခင်မှာပဲ… တချို့လက်တွေ ကွေးကောက်သွားတယ်… ရေတွင်းထဲက လမင်းတစ်စင်း ငေါက်ခနဲ ထပျံပြီး မိုးပေါ် တက်ချိတ်သွားတာကို မြင်ရတာ… လက်ဖဝါးတွေ ယားလို့တဲ့။     ဝိဉာဉ်ဆိုတာ ရင်ဘက်တိုင်းမှာ ရှိပေမဲ့ ရင်ဘက်တိုင်းနဲ့ လက်ဆွဲ နှုတ်မဆက်ဖူးကြပါဘူးတဲ့… သချင်္ ိုင်းကြီးက မီးခိုးတလူလူနဲ့ ဝှါးခနဲ သန်းပြီး ပြောတယ်။ တချို့တချို့ကတော့ သွေးစာမျက်နှာပေါ်မှာ ဓါးမှတ်စုကိုရေးပြီး ဒဏ်ရာအဟောင်းတွေကို အတောင်ပံလုပ် ခပ်သုတ်သုတ် ထ,ပျံတာတော့ မြင်ဖူးလား…မြင်ဖူးရဲ့တဲ့။ […]


ko sixMarch 25, 20161min1136
ဒီရေအကျမှာ တိုက်စားခံလိုက်ရတဲ့ နှဲသမားပါးလို အဆီအဆိမ့်စားလိုသောအခါ သူ့မျက်နှာက မျက်နှာလွှဲခဲပစ် ဘယ်သူယုံမတဲ့လဲ ဗိုလ်ချုပ်ပုံပါတဲ့ ငါးပြားစေ့လေးတစ်စေ့ ညအိပ်ညဉ့်နေ သုံးရက်လောက် ပျော်ပါးခဲ့ဖူးတာကလွဲလို့ ခေါင်မလုံတဲ့အိမ်ကလေးမှာ ခဏခဏ လျှော်ဖွတ်နေရတုန်း။ ကိုစစ်


naywoon niMarch 22, 20161min1488
ငါတို့က “ဝက်​” ​တွေမဟုတ်​ကြဘူး ညက​ရေးတဲ့ကဗျာ ဒီက​နေ့မနက်​မှာ မလတ်​ဆတ်​​တော့ဘူး ။ ( အ​ပြောင်​းအလဲ​တွေများလွန်​းလို့ ) ညက တက်​တဲ့သတင်​း ဒီ​နေ့ မနက်​မှာ ဘယ်​သူမှစိတ်​မဝင်​စား​တော့ဘူး ။ ( အဖြစ်​အပျက်​​တွေက မြန်​ဆန်​လွန်​း​နေတယ်​ ) ညက ချက်​တဲ့ထမင်​း ဒီက​နေ့မနက်​ စားမဖြစ်​​တော့ဘူး ။ (ရာသီဥတု သိပ်​ပူပြင်​း​နေတယ်​ ) ညက​ရေးတဲ့ ကဗျာ ပြတိုက်​ဝမှာ ဝင်​ခွင်​့ရဖို့တန်​းစီလို့ ။ ညကကြားတဲ့သတင်​း သမိုင်​းစာအုပ်​ရှေ့မှာ မှတ်​​ကျောက်​အတင်​ခံလို့ ။ ညကချက်​တဲ့ ထမင်​းက​တော့ ဝက်​စာ အိုးထဲ ပက်​ကနဲ​ရောက်​ သွန်​ပစ်​လိုက်​ပြီ ။ ပြတိုက်​နဲ့ သမိုင်​းစာအုပ်​က​တော့ လူ့အဖွဲ့အစည်​း အ​ကြောင်​း​ပြောပြလိမ်​့မယ်​ ။ ဝက်​​တွေက​တော့ ​ချေးကျရာမှာ ​ပျော်​လို့ …….. ။။ ​နေဝန်​းနီ […]


ko sixMarch 22, 20161min18313
ခေတ်ထဲ ညှို့ချက်ပြင်းပြင်းနဲ့ ပေါက်ဖို့ ကိုယ်ကျင့်တရားကို အောက်ဈေးနဲ့ဖွင့်ချလိုက်ပြီဆို။ မချောကိုပြောလိုက် ရုပ်ကတော့ ၁၆ ပဲရည်အပြည့် စိတ်ဓာတ်က ပေမမီကိုက်မမီ ထိုးသိပ်ထားမှတော့ ပန်းဆိုးတန်းသီချင်းကို ငြီးတတ်တာ အဆန်းလား။ မချောကို ပြောလိုက် ဒုက္ခက ဆားနဲ့တိုးစားရုံနဲ့ အချဉ်ပြေတာမဟုတ်ကြောင်း။ မချောကို ပြောလိုက် စာရိတ္တဆိုတာ သုံးမိနစ်စောင့်ရုံနဲ့ စိုထိုင်းလာတာမဟုတ်ဘူး။ မချောကိုပြောလိုက် ကိုစစ်ဆိုတာ သံပုရာသီးသည်ရဲ့သားပါကွာဆိုပြီး ချဉ်ချင်လည်းချဉ်ပေါ့။ ဓာတ်လိုက်ပြီဆိုမှ ပလပ်ခေါင်းဖြုတ်လို့မရတော့ဘူးဆိုတာ မချောကို ပြောဖြစ်အောင် ပြောလိုက်နော့။ ကိုစစ်