” သင်းကွဲ” သစ်ရွက်ခြောက် ဝါမွဲမွဲ တွေရဲ့အကြား မှာ နီစိုလွင်လွင် ပန်းပွင့်လေးရဲ့ ဖြစ်စဉ်က မြေခ ကြွေကျတာခြင်း အတူတူ သူကဘဲ တစ်သီးတစ်ခြား ဘဝမှားနေသလိုလို။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၉၄၁၈K


  “ဖြစ်လာပါ့ မလား ” နေဝင်ချိန်က လဲ နီး အတားအဆီးတွေက များ ရည်ရွယ်တာတွေ ဖြစ်ပါ့မလား သံသယစိတ်တွေ ပွားသထက်ပွား ကိုပေါက်လက်ဆောင်အတွေးစဉ် 13318


ခင္ခFebruary 23, 20181min3245
” အခါခါ ” အပြစ်တင်မှု့ကို ခံရတဲ့အခါ ဝမ်းနည်းသွားပေမယ့် စိတ်မဆိုးရက်တာ အခါခါ ဂရုစိုက်မှု့ကို ခံရတဲ့အခါ ကျေနပ်ချက်ကို ထုတ်မပြပေမယ့် ပျော်ရွှင်မိတာ အခါခါ ဥပေက္ခာပြုမှု့ကို ခံရတဲ့အခါ နာကျင်နှလုံးသား တုန်ခါသွားပေမယ့် မမုန်းရက်မိတာ အခါခါ အမှတ်မထင် ဆူကာပူကာ ပြောခံရလည်း စိတ်တိုစွာနဲ့ ပြန်ပြောချင်ပေမယ့် နုတ်ဆိတ်မိ်ခဲ့တာ အခါခါ စိတ်ပူလို့ပြော မတုန်လှုပ်တဲ့သဘော အလေးမထား ဂရုမစိုက်ကြုံပေမယ့် အပြစ်မမြင်မိတာ အခါခါ လှည့်စားတဲ့အပြော သိရှိပေမယ့် ဖုံးကွယ်မှု့ကို လိုက်မဖော်ချင်လို့ ခေါင်းငြိမ့်ပေးမိတာ အခါခါ တစ်ခါတရံ လူတစ်ယောက်ရဲ့ အတ္တတွေကို ဟန်ဆောင်ဖုံးတာ မာယာပညာ တခုလားလို့ တွေးမိတာလည်း အခါခါ။ ခင်ခ။


ခင္ခFebruary 23, 20181min3798
အဖေကစက်ဘီးနင်း သမီးကလွယ်အိပ်လွယ် စတိတ်ဘဝကျောင်းသူအရွယ် နေ့တဒူဝပို့ရလည်း အဖေမောဘူးကွယ်။ အဖေကအိမ်ရှေ့ထိုင် ကျောင်းကားလာရင်ပြောပေးရန် တက္ကသိုလ်ဖယ်ရီရောက်လို့ရှိ ကားပေါ်တက်ပြီးသမီးကြည့် အဖေလက်ပြပြုံးစိစိ။ ဖေကြီးသမီးအလုပ်ရပြီ မနက်ဖြန်မနက်ဆင်းရမည် လုပ်ခရတော့အဖေ့ကျွေး စိတ်ကူးလေးနဲ့ပျော်လိုက်သေး သမီးပြောတော့အားရှိတယ် အဖေရင်ထဲအေးလှကွယ်။ လုပ်သက်လေးအတော်ရ လူပျိုရွယ်လေးအိမ်ခေါ်ပြ မိတ်ဆက်ပေးတဲ့သမီးမျက်နှာ ရှက်ကိုးရှက်ကန်းဖြစ်နေရှာ အလိုက်အထိုက်ဝင်စကားပြော အပြန်လိုက်ပို့သမီးရဲ့ကျော အဖေကြည့်ပြီးအလွမ်းတွေရော။ အခါတော်ပေးနတ်ရေးတဲ့ဖူးစာ သီချင်းသံတွေပျံလွင့်ကာ မိတ်သဟာတွေစုံလင်စွာ ပွဲပြီးအိမ်ရောက်ဇနီးမောင်နှံနှစ်ဖြာ လက်အုပ်ချီလို့ရှစ်ခိုးရှာ ဆုတွေပေးရင်းငိုချင်လာ အဖေကျေနပ်ပါတယ်ပြောဖြစ်တာ။ သမီးကျောင်းပို့ငယ်ကထဲက တူယှဉ်တွဲလို့ရှိခဲ့ရ ခုတော့တစ်ယောက်ထဲနင်းရပါ့ ဆည်းလည်းသံဆီဦးတည်လို့ တောင်ပေါ်ကထုံးဖြူဘုရားသို့ အဖေပုတီးစိတ်ဖို့သွားတာဗျို့။ ခင်ခ


ခင္ခFebruary 23, 20181min3088
မိတ်ကပ်လေး လိမ်းလို့ချယ် နှုတ်ခမ်းနီလေး ဆိုးလို့ရယ် သိပ်လှတဲ့မေ့သမီး နတ်သမီးရှုံးလောက်တယ်။ ငယ်တုန်းကပါးကွက်ကြား သနပ်ခါးလိမ်း ဆိုလို့များ ပါးလေးကိုထိုးလို့ပေး ချစ်စရာလေးအပြုအမူ အလှကြိုက်တဲ့သူ မလိမ်းဘူးဟယ် စနောက်ပြောတော့ သူနှုတ်ခမ်းလေးကဆူ။ ရှိုးတွေထုတ်ပြီး အမေ့လာမေးတယ် သမီး လှ လား ကွယ် မလှဘူးပြောရင် စိတ်ကောက်တတ်လို့ ပြန်တောင်ချော့ရတယ် လှတယ်လို့ပြောတော့ သူကျေနပ်လို့ မေမေ့ပြေးနမ်းတယ်။ အရွယ်ကြီးလည်း မေမေ့စိတ်ထဲ ကလေးလေးပါကွယ် ကမ္ဘာပေါ်မှာအလှဆုံးက မေမေ့ သမီးချောပါ ဟ။ ခင်ခ


ခင္ခFebruary 21, 20181min3364
  ကျောက်ပြင်ပေါ် ရေလေးစွတ်လို့ လက်ချောင်းကို အားပြုလို့သွေး မြန်မာ့သနပ်ခါးလေး။ ့ပါးပြင်ပေါ် ပါးကွက်လူးတော့ ယဉ်ယဉ်လေးနဲ့ သူ့အသွင်အပြင် သိပ်လှတယ်ထင် မေ့အလှကဗျာတင်။ ခင်ခ (မူရင်းဓာတ်ပုံရှင်ခရက်တစ်ပါ)


ko sixFebruary 17, 20181min2083
။။။။။။။။။။။။ ပန်းတစ်ပွင့် ဖူးပွင့်လို့အားကုန် ပျိုးထောင်သူ ရင်မှာအေးအောင် ပွင့်ဖတ်တို့စုံ။ ကြည့်လှည့်ကြကုန် ရိုးတံက အသာစိမ်းနဲ့ ဒီခြံဝယ် အရင်ပွင့်တယ် ပျားပိတုန်းတို့ပြုံ။ ရနံ့ကမွှေးထုံ ပျော်လိုက်ပ ဤလူ့ဘုံလယ် ကြည့်မဝ ဖြစ်ရပုံ ပန်ချင်သူ သူအရွေးမှာ ခြွေပေးဖို့ ခြေလက်တုန်။ နှမြောလို့မကုန် ရောင်းဖို့ရန်အဖြေထက် ပင်ယံမှာ အမြင်တင့်ချေတော့ ဒီဘဝင် ကြည်ရွှင်အေးအောင် ငြင်းပယ်လိုက်ရုံ ။ ။ ကိုစစ်


သင့်အေးရိပ်February 16, 20181min23026
ဂျစ်ပစီတစ်ယောက်ရဲ့အိပ်မက်ထဲက အမှန်တရား ————————–   ဂျစ်ပစီတစ်ယောက်… နတ်သမီးပါတဲ့ အိပ်မက် မက်သလိုပဲ. . . ဆားနည်းနည်း ပေါ့တယ်။ – ဘယ်လိုပဲဖြစ်ဖြစ် . . . အိပ်မက်ထဲမှာ ကိုယ့်အသက်ရှုသံ ကိုယ်ပြန် ကြားခဲ့ရတာအတွက် ကျေနပ်ရတယ်။   – မောက်မာရင့်သီးပြီး ကိုယ့်မြင်းကိုကိုယ် အထီးအမ မသဲကွဲတဲ့ အဝါရင့်ရောင် တိမ်စိုင်တို့ရေ. . . မှတ်ထားစမ်း. . . ပစ်မှတ်ကို လွယ်လွယ်မှန်ရိုးထုံးစံ ရှိမှတော့. . . အမှန်တရားရုပ်တုဟာ . . . နတ်ဘုရားဆန်စွာ ကိန်းခန်းကြီးမနေဘူး။       သင့်အေးရိပ် 16/02/2018 (Photo credit=  internet)   […]


Yarmanya NweiDecember 28, 20171min2923
စုပေါင်းခြင်းညီညီညာ အဖြာဖြာအဆုးံတိုင်သို့ ထို့အတူဒီစကားဥပမာ မျောက်များးစွာရဲ့ဗဟုသုတ အများသူငါမရှိသလောက်ကျွမ်းကျင် အမြင်ကျယ်အထွဍ်အထိတ်ဗဟိုရ်သို့ ကိုယ့်ထက်လည်းအတုမရှိဟူသူက မဟာသမုဒယါရှိအတိဒီရေပြင်လွင် မိုးမစင်လင်းသည့်ခင်တိုင် မှိုင်ကာမနေအထွေထွေဖြင့်ကြံဖန်ပက်ထုတ် စက်ယန်းတရားကြီးငယ်ဖြင့်အဟုတ် တကယ်တဆင့်ပေါင်းစုပြီးစုပ်ကါ ဧရာမကမ်ဘါဂြိုဟ်ထက်မှ အပပြင်လေဟာခွင်နယ်ပယ် တကယ်ရောက်ရှိသွားကုန်သတည်းဧကန် တဖန်ခမ်းချောက်မြေမျက်နုာပြင်ကြမ်း အံ့မခန်းသယံဇါတဒီဂြိုဟ်တပြင် စုံလင်ပေါသင်ဘောကုဍေကုဍာအစင်း နှင့်သားငါးဝေလသတ်တဝါအဖုံဖုံ အစုံစုံသောတန်ဘိုးမြောက်အရာဝတ်ထု မှုစရာကြီးငယ်ဘေးအန်တရာယ်အသွယ်ယ် ကွယ်ပျောက်ဒိဋ္ဌအမှန်မလွဲ ကြွယ်ဝမှုလည်းစုစုပေါင်းထဲက မှသူသူငါငါအဖေါ်များပေါင်းစွာနဲ့ပင် အစဉ် စံစားအကျိုးမဟာမိုးစက်တိုင် ကိုယ်တိုင်သီးသီးရရှိလေ၏ ထိုသို့သောလူသားမနှုသ၁ ပြည့်ဝစိတ်ထားအစဉ်၏အလျှင် စုံလင်လု့မနောသခင်တော် ပျော်မွေ့လုပ်ကိုင်တတ်ခြင်းသည် ေျျျျိအထီးအဖိုတကါရဲ့ ခန်ဓါဆုချွှန်ပြည့်ဝလူ့တံခွန် လူရည်မြတ်အထူးမွန်ရဲ့ တကယ့်ယောက်ကျားပီသခြင်းပဲ အမြဲမှတ်ထားပေအပ် မြတ်သလိုကိုးကွယ်ခြင်းကဲ့သို့ ဟူလေ၏ဟုလည်း မမှားထားပေသင့်သတည်း။ (ခန်ဓါမွန်ရဲ့ခွန်အား ကဗျာ worthwhile quality) ရာမညနွယ် သန်းလှိုင် ေေေေေေေ ေေ


Yarmanya NweiDecember 24, 20171min2122
ကမ်ဗလာကမ်ဘာ    ထီးထီးမားမား ကြီးသည့်ရေးရာ     အခြားအရာထက် စွဲမက်စရာ        မရှိတော့သည်သာ ဒီ၏ကမ်ဘာ     အရာဝင်အရေးကြီး မပြီးချီးမွမ်းစရာ    “အို’ ဒီအရာ ယှဉ်ကာတုနှိုင်း    မရိုင်းမယဉ် ခွင်း၏လေသော်     မနှုသ၁ သဘောလည်း လျော့နည်းဆုံးရှံး    ယင်းမှတဖုံ ဂုဏ်၏မြင့်မြတ်    အပ်စပ်ဒီအရာ သည့်ပထဝီမြေသား     အထွဍ်အထိတ်အါးကို စောင့်ထိမ်းရန်လို     “အို” အကျွန့်လောကလူသား အားလုံးလူရည်မွန်ရင်     သဝန်မတိုကြစတမ်း တန်ပြန်သူငါ     ဟူကာမငြင်းခုံမင်သင့်၏ ထိုမှတဆင့်    ဆက်ဆိုလင့်သော် လောကအကုန်လူသါး     စေတနာထားကား ငှတ်တုတ်မနေ    ကြောင့်ကျမစွေပဲ အမှန်ကိုဟုတ်ခါ   လက်ကိုင်တုတ်အလား ကိုင်ခါသွားလျှင်    လုပ်ဆောင်လူ့ခွင် ပီသမြင်လေ၏    သင့်သည့်ဒီအရာ ရှိကမ်ဘါတောနက်၏    ခုတ်ထွင်နှက်လျှင် အနည်းငယ်ကိုရှင်း    ထားရှိဘွယ်တွင် ကြိုးတိုးကျဲတဲဟုတ်ကိုထင်   လေးလံသည်အရာကိုပင် မှင်ကာစွဲမက်    ထားရှိရက်သူ လူမိုက်ကမ်းကုန်   အို! ငတုံး အားလုံးသတဲ့လား?    လျှင်သာသို့မဟုတ် ကုပ်ခဲ့သည်ရှိသော်   ပေါလေသတိ ဟုတ်၏ဆိုပြန်    ထိုသို့တန်ပင် လစ်ဟင်းလေသက    […]


“မျိုသိပ်ခြင်း” ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ တွေးထားတာတွေ ဖြစ်မလာတဲ့အခါ စီစဉ်ထားတွေ ဖြစ်မလာတဲ့အခါ လိုချင်တာတွေ ရမလာတဲ့အခါ အချိန်အခါမကျ ငါမရသေး ခဏလေးတော့ စောင့်ရအုံးမယ်ဆိုတဲ့ ဖြေသိမ့်ခြင်းနဲ့ ဖြစ်ချင်စိတ်ကလေးကို ရင်ထဲမျိုချလိုက်ပါတယ်။   ကိုပေါက်(မန္တလေး) ကိုပေါက်လက်ဆောင်အတွေးစဉ် 191117


” ရှေးစကား ကိုလိုက်နာခြင်း”   မြင်ပါ များတော့ ငယ်။ နမ်းပါ များတော့ ပျယ်။ ဆိုလေတော့ တစ်ခါတစ်လေ မနမ်း မမွှေး ဝေးနေတာဘဲ ကောင်းပါတယ်။ ကိုပေါက်( မန္တလေး) ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၄၁၁၁၇