……. ကလေးရေ.. မသေချာတဲ့ ပြဌာန်းမှုတွေနဲ ့ မိုးခါးရေတွေ စီးဆင်းနေတဲ့ ကမ္ဘာ…။ ပင့်သက်မရှိုက်ဝံ့အောင် ယဉ်ကျေးနေတဲ့ ကမ္ဘာ.. မြင့်ရာက နိမ် ့ရာစီးတဲ့ မြစ်ချောင်းတွေလို တွယ်ရာမရှိတဲ့ ဘဝတွေကို ထောင်းထောင်းချေမှ လက်ဆွဲဂုဏ်ပြုတဲ့အခါ…. ဒီ…ကမ္ဘာ.. ဒီ..စကြဝဠာ ဘာလို ့များ… မာသာထရီဇာ လက်ဦးအောင် မဖန်ဆင်းခဲ့ပါလိမ့်…။     ။         ကျော်စွာခေါင် ( ပန်းချီကားအမည်…မဟာ ကရုဏာတော်၏ ပြင်ပဧရိယာ…။  ဆီဆေး )


“ဖဘ လုပ်သားကောင်း ”   အချိန်နဲ့တပြေးညီ တက်လာသည့် သတင်းဆို အကုန်ဖတ်။ မိတ်ဆွေ အပေါင်းအသင်း အုံလိုက်ကျင်းလိုက် တင်သမျှ စတေးတပ် အကုတ်ဖတ်။ ရှိသမျှ ဆို်ဒ်အကုန်ဝင် တင်သမျှပုံ အကုန်ကြည့် ပြီးသကာလ Like ပေးသင့်တာပေး ကော်မင်းရေးသင့်တာရေး မွေးနေ့မှန်သမျှလဲ ဆုတောင်းပေးရင်း ဒေါင်းလုပ်ဆွဲထားတဲ့ မုန့်တွေပို့ အို…… အလုပ်တွေက များမှများဗျာ။ အဲဒါတွေပြီးတဲ့အခါမတော့ နိုင်ငံအရေး ကိုယ့် အရေး ဝင်ဆွေးနွေးမှ ဖြစ်မယ် မကြောက်တရား ရှေ့တန်းထားလို့ ရဲရဲတောက် ကော်မင်းတွေပေး အမျိုးဘာသာ သာသနာ လာမထိလေနဲ့ မီးပွင့်မယ်မှတ် ပြတ်ပြတ်သားသား ဝေဖန် အသေနှံ လေကန်လို့ အားရပြီဆိုမှ စီဘီ မှာဝင်သမျှ ညီမကြီး ညီမလေး မမကြီး မမလေး အန်တီကြီး […]


naywoon niMay 14, 20151min1377
ချို့တဲ့မှုများ တစ်​ချို့က ကိုယ်​ပိုင်​အသက်​ရှုဖို့ နှာ​ခေါင်​း​ပေါက်​ပါမလာရှာဘူး ဒါ​ကြောင်​့ အသက်​ရှင်​ဖို့ သူတစ်​ပါး နှာ​ခေါင်​း​ပေါက်​ကိုအားကိုးရတယ်​ ။ အချို့က ကိုယ်​တွင်​းလည်​ပတ်​ဖို့ ​သွေးထုတ်​လုပ်​ဖို့ နှလုံး ပါမလာရှာဘူး ဒါ​ကြောင်​့ ​သွေးလည်​ပတ်​ဖို့ သူတစ်​ပါးဆီက ​သွေးစုပ်​ယူ​နေရတယ်​ ။ တစ်​ချို့က လမ်​း​လျှောက်​ဖို့ ​ခြေ​ထောက်​ပါမလာရှာဘူး ဒါ​ကြောင်​့ တစ်​​နေရာက တစ်​​နေရာ ​ရွေ့ဖို့ တစ်​ခြားက​ယောက်​က ထမ်​းပိုး​ပေးရဖို့လိုတယ်​ ။ ဒီလိုလူ​တွေများလာ​တော့ အဖိနှပ်​ခံ ဂုတ်​​သွေးစုပ်​ခံ လူတန်​းစားတစ်​ရပ်​ သီးသန်​့​ပေါ်လာရ​တော့တယ်​ ။ ။ ​နေဝန်​းနီ 11:08 AM 2015 May 14


ကာရံMay 14, 20151min1275
​ကျောင်​း​တော်​သို့ စိန်​ပန်​းတို့​မြေမှာကြဲ မိုးစက်​များဖွဲဖွဲမို့ ဖြူ နဲ့စိမ်​းတွဲလို့ရယ်​ လွယ်​အိပ်​ရယ်​ကိုယ်​စီနဲ့ တို့​ကျောင်​း​တော်​ စာသင်​ခန်​း လှမ်​းခဲ့ပါကွယ်​ ​ခေါင်​း​လောင်​းသံအချက်​​ပေး စာသင်​ချိန်​ ချီတက်​လှမ်​းမယ်​ လိမ္မာစို့ကွယ်​ မင်္ဂလာပါဆရာမ တစ်​ညီတစ်​ညာနှုတ်​ဆက်​ရင်​း ​ပျော်​မဆုံးပါငယ်​သူငယ်​ချင်​းများနဲ့ စာဖတ်​ကာတူအံကြမယ်​ ​ကျောင်​းတက်​စို့ကွယ်​ ​နောင်​တစ်​ချိန်​ ​ခေါင်​း​ဆောင်​​ကောင်​းဖြစ်​​စေဖို့ တို့တစ်​​တွေ တူကြိုးစားရင်​း ဥယာဉ်​းမှူ းပျိုးတဲ့ပန်​း အစဉ်​လမ်​းရ​အောင်​ တက်​စို့ကွယ်​ ​ကျောင်​း​တော်​သို့ လာလာ​လေ ဖိတ်​​ခေါ်တယ်​ ချစ်​​သော ညီငယ်​ ညီမငယ်​များရယ်​ ကာရံ ၁၄ ့၅ ့၁၅


ကက်သရင်းရေ… နေရောင်လှိုင်းတွေ တစ်ဝုန်းဝုန်း ဖြာကျတဲ့အခိုက် ဒုက္ခတွေ တစ်ပွေ ့တစ်ပိုက်နဲ ့ ခေါင်းငိုက်စိုက်မချတဲ ့မင်းကို တွေ ့တော့ ငါ့မှာ အမောပြေရတယ်..။ .. ဆောင်းတွင်းတစ်တွင်းလုံး အကာအကွယ်မဲ့နဲ ့ မင်း အသက်မှ ရှင်သေးရဲ ့လား… ငါတွေ းပူရတယ်ကွဲ ့…။ ငါ့ကို လောက ဝတ်နဲ ့မင်းပြုံးပြသလို.. ငါလဲ မင်းကို ပြုံးပြတာ ငါသတ်မှတ်တဲ ့ ပန်းချီဆရာ တစ်ယောက်ရဲ ့ သမ္မာကျမ်းစာအလိုပေါ့…။ … ကက်သရင်းရေ… အများကြီး မမျှော်လင့်နဲ ့… မင်း နားလည်ထားဘို ့က တနင်္ဂနွေ တနေ ့ဝက်လောက်သာ ဘုရားကျောင်းမှာ ကရုဏာစကားတွေ ရွတ်ဆိုတတ်တာ မင်းသိသားနဲ ့…….။ အခါပေါင်းများစွာ […]


“ဘယ် ဘက်မှာ နေမလဲ” ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲမှာ ကာလပေါ်စကားလုံးများ ဘဝများစွာနဲရင်းနှီး လူထုအတွင်း စီးဆင်းရောက်ရှိ ထိရှတဲ့ဗန်းစကား ကျနော် တို့အားလုံး အလိုလိုသုံးမိကြသပေါ့။ စွန့်လွှတ်ခြင်းနဲ့ဒီမိုကရေစီ ခရိုနီနဲ့ဇီးသီးဗန်း ပုံပြောင်းအစိုးရ-နဲ့ပြည်သူ့ခေါင်းဆောင် ဖုံးကွယ်ခြင်းနဲ့ပွင့်လင်းမြင်သာ စစ်သွေးကြွနဲ့အမျိုးသားနိုင်ငံရေး စစ်လော်ဘီနဲ့ဝန်းရံပြည်သူ ဖွင့်ဆိုချက်မတူ တန်ဘိုးမတူ ရည်ရွယ်ချက်မတူ လားရာမတူ မတူခြားနား စကားလုံးများစွာ ဘယ်ဘက်မှာနေမလဲ ခပ်ရဲရဲ ဆုံးဖြတ်ဘို့ဘဲ လိုတယ်နော်။ ကိုပေါက်လက်ဆောင်အတွေးစဉ် ရ -၅-၂၀၁၅  


ရာမညMay 12, 20151min2099
    ဒုတိယမိပြန်လှည့်ခြင်းကို နားလည်ပေးပါသခင်   ခိုင်ထူးရဲ့သီချင်းလို မင်းလောက်ကိုယ့်အပေါ် ဘူမှကောင်းဘူး မင်းတျောက်ထဲသာ ကိုယ့်တွက်ကောင်းနိုင်ဆုံးအဖေါ်   တကယ်ဆိုရင် ကိုယ်ကပဲ စိတ်ခုနေတာ အများသူငါ ရန်ရှာမိတယ်လေ အေးအေး မနေတတ်တာ ဝါသနာပါ   သခင်ရယ် ခြေဦးလှည့်ခွင့်ရပလား ပြန်တူးကြည့်ခွင့်ရပလား သံယောဇဉ် ရထားက မခွါချင်ဘူးတဲ့သခင်ရယ်   မပေတော့ပါဘူး မမိုက်တော့ပါဘူး မတိုက်ခိုက်တော့ပါဘူး ဒုတိယနဲ့ နောက်ထပ်တခေါက်ပါပဲ သပြေပန်းနဲ့ကြိုပေးပါ ရေပန်းနဲ့ ဖြန်းပေးပါ အပြန်လမ်းမှာ လွမ်းနာကျခဲ့လို့ပါ   လေချုပ်ရဲမိုးပြောတာ အမြှောက်တွေပစ်ပါ အမြှောက်တွေပစ်ပါ တဲ့ ကျွန်တော်တစ်ခွန်းပဲပြောချင်တယ် ကျွန်တော်ပြဿနာမောင်မွှေးမဟုတ်ပါ သနပ်ခါးပေးပါ မိတ်ကပ်ပေးပါ မျက်နှာပြောင်နေလို့ ရှိသေးရင်နဲနဲပေးပါ ။             […]


“မင်းသားကြီး ဇာတ်”   တီးဝိုင်းမပါ ဇာတ်လမ်း မရှိ။   မင်းသမီး မပါ ဇာတ်ရံမရှိ။   ရုံဝင်ကြေးမပါ ထိုင်စရာမရှိ။   ကြည့်ချင်လည်း ကြည့် မကြည့်ချင်လည်း ကြည့်   အစ အဆုံး မင်းသားကြီး သာရှိ။   ကိုပေါက်လက်ဆောင်အတွေးစဉ် 3-4-2015  


alinsettMay 11, 20152min15810
”ကျွန်တော်နှင့် အရက်ဆိုင်အို” >>>>>>>>>>>>>>>>>>>>>>>>> လူသွားလူလာထူတဲ့ လမ်းကလေးရဲ့နံဘေး. . . မထင်မရှား အရက်ဆိုင်အိုကလေးထဲ. . . ကိုယ်. . .ထိုင်လို့တွေးမိတယ်… ”မနက်ဖြန်”တွေဟာ ”စားကြွင်းစားကျန်တွေ”နဲ့သာ စခန်းသွားရိုး ထုံးစံကြီးနဲ့လား…လို့. . .။ >>>>>>>>>>>> အလင်းဆက်@မောင်သူရ            


ကာရံMay 10, 20151min1106
မ​ပြောဖြစ်​လိုက်​​သော စကား​လေးတစ်​ခွန်​း ရင်​ထဲမှာမင်​းရှိ​ပေမယ်​့ ချစ်​ခြင်​းစကား​လေးတစ်​ခွန်​း ​ပြောဖို့မဝံ့မရဲဖြစ်​ဖူးတယ်​ လွမ်​းရမှာသိပ်​​ကြောက်​​ပေမယ်​့ အနားမင်​းမ​ရောက်​လာမှာ စိုးထိတ်​ဖူးတယ်​ တစ်​ပါးမှာ​နေ​ပျော်​ရင်​ ​ကျေနပ်​​ပေမယ်​့ ငါ့စိတ်​ကခုထိ ​ဝေခွဲမရ​သေးဘူး​လေ အချစ်​ကိုဖြတ်​​ကောင်​းရချင်​ရမယ်​ သံ​ယောဇဉ်​ကိုဘာနဲ့ နှိုင်​းဆရမလဲ ခု​တော့ ငါ့ရင်​မှာဖြစ်​တည်​​နေတဲ့မင်​း​လေးကို ကိုအ​ဝေးက​နေဆု​တောင်​း​ပေး​နေပါတယ်​ ​မြတ်​နိုးမိတဲ့အလင်္ကာ​လေး အမြဲကာရံလှပါ​စေသား ကာရံ ၁ဝ ့၅ ့၂၀၁၄


AlinchoMay 9, 20151min21311
.သိစေချင် သက်သေညွှန်းပါလို့၊ .မေယုကိုတဲ့ စုတ်တံချီ၊ .အာကာပြင် ပေလွှာထက်ကို၊ .သမုဒ်ပြင် မှင်ရည်သုံးပါလည်း ညွှန်းဖွဲ့မမှီ။ .စိတ်အသွင် ဝန်းကျင်နဲ့ဖော်ဝေး၊ .မြင်မြင်ရာ အစဉ်သာလွမ်းမိတယ် ချစ်သူ့အဝေး။  


ဂေါဝိန်ကအထွက် သင်္ဘောထက်မှာ ဗလာနီးပါး ခရီးသွား အပြောင်းများတစ်ဖက် ခုလက်ထက်ဝယ် ရှော်တယ်စက်ပြောင်း ခုတ်မောင်းသော်လည်း အလျင်လိုခရီးအတွေး ရှပ်ပြေးလေးရဲ့ တစ်ခဏနဲ့ နီးသကိုး ၊ ထိုမှတစ်လီ ကားလမ်းဆီဝယ် ဟိုမယ် အိပ်စ်ပရက်စ် ဒီညထွက်ရင် မနက်ရောက် အဲသလောက်မြန်သမို့ ဒို့တွေလူသား သုတ်သုတ်သွားလို့ သုတ်သုတ်ပြန် အဟုတ်မြန်မြန် ရုန်းကန်လှုပ်ရှား ခေတ်များပြောင်းပြီမို့  အညာဆန်တို့ရေ ကုန်ပို့အဖြစ်နဲ့ နေရစ်စေ ။ ( ခရီးသည် မပါသလောက်ဖြစ်နေတဲ့ မန္တလေး – ဗန်းမော် အညာဆန်သင်္ဘောများကိုယ်စား )


ခင္ခMay 4, 20151min18213
.အစေးခြောက်ကပ် .နွယ်ချင်းယှက်လို့ .တွန်းတက်ထိုးလာ .အမှီအားပြု .နွယ်တစ်စုသည် .အလွန်ပူလှ .နွေအခါသမယမှာ .အပြင်မှာရှိ .အပူဒါဏ်ထိတော့ .ခြောက်သွေ့သဏ္ဍန်ဟန် .ဖြေလျော့ပြန်လျှင် .ယှက်နွယ်စုခဲ့ .အားတက်ဖွယ်တို့ .နှမျောလှပေသကား။     ခင်ခ။