CourageMarch 7, 20153min34618
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ ရေသည်ပိုင်ရှင်ကြီး   “ဆံထုံးတော်ကြီး၊ တမာသီးနှင့်၊ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ၊ စိတ်ပျက်အောင်လှပါတဲ့၊ မရေသည်” ဒီရက်ပိုင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ နီးလာပြီဆိုတာကို ကြားမိတော့ ပထမဆုံးသွားသတိရမိတာက ဒီစာပိုဒ်လေးပါ။ တစ်ကယ်ပါ။ မောင်ကာကြီးအတွက် ဆယ်တန်းကျောင်းသားဘဝက သင်ခဲ့ရတဲ့ ရေသည်ပြဇာတ်ထဲမှာ ဒီစာပိုဒ်လေးကို အခုထိတိုင် မှတ်မိနေစဲပေါ့။ ရေသည်ပြဇာတ်ဆိုတာက ကျက်လို့လဲကောင်း၊ မှတ်လို့လဲကောင်း အဲ ဖတ်လို့ ဆိုလို့လဲ အရမ်းကောင်းတော့ သူများတွေတော့မသိ မောင်ကာကြီးကတော့ အဲ့ပြဇာတ်လေးကို အမြဲလိုလို ဖတ်ဖြစ်ခဲ့တာပါ့။ နောက်တစ်ပိုဒ်ရှိသေး။ ရေသည်ယောက်ျား ထွက်ထွက်ခြင်းမှာ ရွတ်ခဲ့တာ စာလေ။ “အသက်ရှိစဉ်၊ မသေခင်ကို၊ ကောက်လျင်ကြီးဆန်၊ နီတာလံနှင့်၊ ငါးသန်သေးနုတ်၊ ရေလုံပြုပ်များကိုု၊ တလုပ်ကယ်ဝ၀၊ စားလိုက်ရလျှင်ဖြင့်၊ အာကပပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့” […]


naywoon niMarch 7, 20151min1457
​နွေ မိုး ​ဆောင်​းက ​ပေးခဲ့တဲ့ သင်​ခန်​းစာ ​နွေ …….. ပူမှာပဲ​လေ ဒါ သူ့အလုပ်​ အပူဒဏ်​မခံနိုင်​ရင်​ ဦးထုပ်​​လေးဖြစ်​ဖြစ်​ ​ဆောင်​းခဲ့​ပေါ့ ။ ​ဆောင်​း ……… ​အေးမှာပဲ​လေ ဒါ သူ့တာဝန်​ အ​အေးမခံနိုင်​ရင်​ အ​နွေးထည်​​လေးဖြစ်​ဖြစ်​ ဝတ်​ခဲ့​ပေါ့ ။ မိုး ……….. ရွာမှာပဲ​လေ ဒါ သူ့သဘာဝ မိုး​ရေမစိုချင်​ရင်​​တော့ ထီး​လေးဖြစ်​ဖြစ်​​ဆောင်​းခဲ့​ပေါ့ ။ ​နွေမှာပူတာ — ​ဆောင်​းမှာ​အေးတာ — မိုးရွာတာ — သတိ ဉာဏ်​ ​မြေကတုတ်​ အသိ ပညာနဲ့ ချွန်​းအုပ်​ ကိုယ်​ခံအား​ပြည်​့ဝဖို့ကျိုးစား ပညာဝမ်​းစာ ငါတို့မှာဖူလုံရင်​ ​နွေ ပူတာကိုလည်​းမမှု ​ဆောင်​း​အေး​တော့လည်​းမဖြုံ မိုးရွာမှာလည်​းမ​ကြောက်​ ရန်​သူကို ရန်​သူလို့သ​ဘောမထား အားလုံးတစ်​သားဖြစ်​​အောင်​ ​ဟေ့ ….. […]


ငယ်ငယ်ဘဝ အသက် ၈ လမှာ ငါ အဖေနဲ့ ဝေးခဲ့ သိတတ်တဲ့ အချိန်ကစ လွမ်းရ ၊ ၂ တန်းအောင်တဲ့ ရ နှစ်အရွယ် ငယ်သူငယ်ချင်းတွေကိုထား ရန်ကုန်သားဖြစ်ရတဲ့အခါ ငါ သူတို့ကို လွမ်းရပြန် ၊ ၁ဝ တန်းအောင်တော့လည်း ခွဲခဲ့ရ သူငယ်ချင်းတို့ ငါ လွမ်းလို့နေပြန် မဟန်ပါဘူးလေ ၊ တက္ကသိုလ်မြေက အချစ်ဦး ဘယ်လိုထူးအောင်ချစ်ချစ် ထားပစ်ခဲ့ပြန်တော့ မပေါ့တဲ့ဝေဒနာ ရှည်ကြာစွာပြန်ကုစားရ ဒုက္ခ ၊ အဟုတ်ရခဲ့ ငါ့ကြင်ယာ မမြင်သာ မဟုတ်တဲ့ မတူညီခြင်း လူစည်ခြင်း မရှိတဲ့ ကွာရှင်းပွဲ နာခြင်းက နည်းလှ ကွဲတာကမှ ပိုကောင်းသမို့ ကိုယ့်လမ်းကိုယ်သွား ကိုယ့်ဘဝကိုယ်ပိုင် ယိုင်နဲ့တာ မရှိ လျှောက်သည့်လမ်းမှာ တွေ့လာရသူတစ်ယောက် […]


naywoon niMarch 5, 20151min1809
ဝတ်​လစ်​စလစ်​ တိုင်​းပြည် ​ အရင်​တုန်​းက​တော့ ဒဂုန်​တာရာရဲ့ ဝတ်​လစ်​စလစ်​ လမ်​းမကြီး​ပေါ်မှာ ဝတ်​လစ်​စလစ်​​ ပြေးလွှားချင်​မိရဲ့ ​ပျော်​စရာ​ကောင်​းမလားလို့ ။ 🙂 အခု​တော့ ပစ္စက္ခ ဝတ်​လစ်​စလစ်​တိုင်​းပြည်​ကြီးမှာ ဝတ်​လစ်​စလစ်​ ​နေကြည်​့ရင်​​ကောင်​းမလားလို့ စိတ်​ရှုပ်​လို့ ။ 🙂 ကြည်​့​လေရာ ဟန်​ မာန်​ အပြည်​့ရှိ​နေ​ပေမဲ့ အနှစ်​သာရက ဘာမှမရှိ​လေတဲ့ ဝတ်​လစ်​စလစ်​ တိုင်​းပြည်​ ဝတ်​လစ်​စလစ ်​တိုင်း​ပြည်​ ဝတ်​လစ်​စလစ်​ တိုင်​းပြည်​ …….. ။။ ​နေဝန်​းနီ 2:40pm


alinsettMarch 3, 20154min20510
Maera သို့. . . ”ကိုယ့်မှာတမ်း” ~~~~~~~~~~~~~~~~~~~~~~ maera ရေ . . . တွယ်ရစ် ပတ်ငင်တတ်ပါသော ချစ်ခြင်းတွေနဲ့. . . အင်္ဂ ါစုံစွာ ငါတွေ့ချင်လှပါရဲ့ … ငါ့ကို ငါပေါ့ကွယ်. . . ကမ႓ာဦးတုန်းက ရင်ခုန်စရာအသံတစ်ခုအလား… အရှိန်အဟုန်ခပ်ပြင်းပြင်းနဲ့  အပြေးအလွှားပါပဲ. . . ငါ လာခဲ့တယ် maera. . . ခန်းခြောက်သွားတဲ့ပင်လယ်ပြင်များ. . . ကြွေကျသွားတဲ့သစ်ရွက်များနဲ့ ပြီးဆုံးတိတ်ဆိတ် အိပ်မောကျသောသံစဉ်များ… ဒီထက်မကသေးပါဘူး maera… စကားလုံးတွေ ကျပျောက်သွားတဲ့… ကဗျာအပုဒ်များစွာကိုလည်း ငါ့ဇာတာထဲမှာ ရှာတွေ့ခဲ့လေရဲ့… maera ရေ. . ငါလိုချင်ခဲ့ဖူးတဲ့ အနှစ်အသားရှိခြင်းတွေအစား ငါမလိုချင်တဲ့ အပေါ်ယံအလွှာများပဲ. […]


naywoon niFebruary 28, 20151min1547
ခုတစ်​​လော ​နေ့​တွေည​တွေ အကုန်​မြန်​​နေသလိုပဲ နာရီ စက္ကန်​့​တွေများ လည်​ပတ်​နှုန်​းမြန်​​နေတယ်​​တောင်​ထင်​ရ ။ ​နေ့​တွေ ည​တွေ တစ်​ရိပ်​ရပ်​ ကျန်​​နေပုံက ခပ်​မြန်​မြန်​သွား​နေတဲ့ ကားတစ်​စီး​ပေါ်မှာ လိုက်​ပါသွားရသလိုမျိုး ။ ဟို အရင်​တုန်​းကလို ” ကြာလိုက်​တာ ” ဆိုတဲ့ စကားမျိုး မ​ပြောဖြစ်​တာ ဘယ်​​လောက်​ကြာပြီလဲမမှတ်​မိ ။ ​အော်​ ငယ်​စဉ်​တုန်​းက​တော့ တက်​ကြွတဲ့ ​မျှော်​လင်​့ချက်​​တွေနဲ့ နုပျိုတဲ့ အိပ်​မက်​​တွေ စုပုံထားနိုင်​ခဲ့တာကိုး ​ရွှေ​ရောင်​လွှမ်​းသလား မလွှမ်​းသလား ဆိုတာကို​တော့ ပြန်​မလွမ်​းပြခဲ့ တာ​သေချာပါရဲ့ ။ ဘဝ မွန်​းတည်​့ချိန်​အ​ကျော်​ မွန်​းတိမ်​းချိန်​မှာမှ အို…… မိုး​တွေ အုံမှိုင်​းလာပါပ​ကောလား ။ ​နေဝန်​းနီ 7:33 PM Feb 28 ,2015


တောင်ပေါ်သားFebruary 28, 20151min1578
နွေဦး လေရူး နေဘူးတဲ့ငါ ကြွေကျလာတဲ့ သစ်ရွက်တွေအောက် ရောက်ဖြစ်လို့လာလေတိုင်းး စိတ်တွေဟာမှိုင်းခဲ့ ရိုင်းတဲ့ရာဇဝင်ကြား ပျော်ဝင်သွား ဒီဘဝ မညီမျှလေသော ကံတရား ဉာဏ်မများတတ်သူကိုု ဖိထောင်း ကောင်းခြင်းဆိုတာ ဝေလာဝေး အဖြေလာမပေးသူကိုု တွေး ပူဆွေးခြင်းတွေက လွှမ်း ဪ အလွမ်း အလွမ်း ကမ်းမမြင် လမ်းမမြင် ခရီးနှင်နေရ ကြင်ပြသူက မဲ့ အိုဘယ့် ကံဇာတ်ဆရာ တစ်ခါလောက်လေးများ အခွင့်မပေးသနားတော့ဘူးလားကွယ် ၊


CourageFebruary 27, 20151min35713
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၆ ဝဏ္ဏပဘာ   ရှင်မဟာရဋ္ဌသာရလို့ ဆိုလိုက်တာနဲ့ မြန်မာကျောင်းကိုတက်ခဲ့ဖူးတဲ့သူတိုင်း ရင်းရင်းနှီးနှီးကို သိရှိပြီးသားဖြစ်မှာပါ။ မောင်ကာကြီး ယုံပါတယ်။ “အိုဘယ့်ဘယ် ၊ အိုဘယ့်သမီးတော် ၊ ထင်ပေါ်ဘုန်းပျံ့သင်း။ အိုဘယ့်ဘယ် ၊ အိုဘယ့်သမီးတော် ၊ နတ်သော်ပုံမယွင်း ။အိုဘယ့်ဘယ်၊ အိုဘယ့်သမီးတော် ၊ စန္ဒောလနှယ်ဝင်း။”ဆိုတဲ့ ကဗျာကို အားလုံး အလွတ်ကျက်မှတ်ခဲ့ဖူးမှာပေါ့။ ပြီးတော့ ဆရာတော်ရဲ့ ကိုးခန်းပျို့ဆိုတာကလဲ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးအတွက် လွန်စွာမှုတန်ဖိုးရှိတဲ့ ပျို့ကဗျာမှန်း အားလုံးလဲသိဖူးပြီးသားလေ။ အခြားသော အခြားသော မှတ်သားဖွယ်ရာ ဆရာတော်ရဲ့ လက်ရာတွေထဲကမှ မောင်ကာကြီး အခု တင်ပြချင်တာက “ဝဏ္ဏပဘာ”ဆိုတဲ့ ရတုလေးအကြောင်း။ ဆရာတော်ရေးသားခဲ့တဲ့ ဆုံးမစာတွေ အလှကဗျာတွေထဲကမှ ဒီကဗျာကို ဘာလို့ […]


naywoon niFebruary 27, 20151min2019
ရွဲ့​စောင်​း​နေ​သော ​ပေတံတို့၏ ကျိုးပျက်​ခြင်​း ငါတို့ဟာ အဘယ်​အ​ကြောင်​းအရာကိုမဆို အဘယ်​သူနဲ့ပဲဆုံဆုံ နီးစပ်​ရာ ပုံစံ ခွက်​တစ်​ခုထဲ ထည်​့ပစ်​လိုက်​မိတာချည်​့ပဲ ။ ဒါမှ မဟုတ်​လည်​း လက်​ထဲကိုင်​ထားမိတဲ့ ​ပေတံနဲ့ ဆွဲ တိုင်​းလိုက်​မိတာချည်​့ပဲ ။ ​ပေတံ ဆ်​ိုလို့ ​ပြောရဦးမယ်​ …… ငါတို့ တစ်​​ယောက်​ချင်​းစီမှာ အရာတိုင်​းနဲ့ ပတ်​သက်​ပြီး နှိုင်​းယှဉ်​ စရာ စံချိန်​ စံညွှန်​း​တွေ ပုံ​သေ သတ်​မှတ်​ချက်​​တွေ အလွတ်​ကျက်​ထားတဲ့ သူ​တွေချည်​့ပဲ ။ (သကြားဆို ချိုရမယ်​ ဆားဆိုလည်​း ငံရမယ်​ ဆိုတာမျိုးလိုပုံ​သေ ) အဲ့ဒိလို ပုံ​သေ​တွေ ​ပေတံ ဖွဲ့ လက်​ထဲ ကိုင်​ထားကြ​တော့တာ ။ အဲ့ဒိ​တော့ လူ့အခွင်​့အ​ရေးဆိုတာ လွတ်​လပ်​ခြင်​းဆိုတာ ညီမျှခြင်​းဆိုတာ ဘာ ဆိုတာ ညာ […]


naywoon niFebruary 24, 20151min1119
ငါတို့ဟာ အ​ကောင်​းဆုံးကြိုးပမ်​းခဲ့ကြတာပါ့ သို့​ပေမဲ့ တို့တစ်​​တွေရဲ့ အားထုတ်​မှုကို အသိအမှတ်​ပြုတဲ့ ပတ်​ဝန်​းကျင်​မရှိ​လေ​တော့ ငါတို့အ​ကြောင်​းကို ဘယ်​သူမှမသိကြတာရှိ​စေ​တော့ ။ သို့​ပေမဲ့ ​မျှော်​လင်​့ချက်​​တွေထမ်​းပိုးရင်​း အိပ်​မက်​​တွေနဲ့ ညအခါ​တောလယ်​ထွက်​သလို မနက်​မနက်​ကျရင်​ ဘာသား​ကောင်​မှမရတဲ့ မုဆိုးလို ငါတို့မှာ ကုန်​လွန်​ခဲ့တဲ့ အချိန်​​တွေအတွက်​ ယူကျုံးမရဖြစ်​လို့ ။ အ​ကောင်​းဆုံးကျိုးစားပြီး အဆိုးဆုံး ရှုံးနိမ်​့ခဲ့တဲ့ နှစ်​ငါးဆယ်​ဟာ အစားပြန်​မရခဲ့တာ​သေချာတယ်​ ။ ​နေဝန်​းနီ


naywoon niFebruary 23, 20151min1439
​မျောက်​က ကြိုး​ခွေ မ​အော်​်​တတ်​​တော့ဘူး ​ဒေါင်​းကလည်​း မအိုးဝေတော့ဘူး ​တောသဘာဝက ဖျက်​ဆီးပြီး ပြိုး​ပြိုး​ပြောင်​​ပြောင်​ ​ထောင်​​ထောင်​ လက်​လက်​​တွေနဲ့ ​ပေါ့ပ်​ နဲ့ နတ်​ချင်​းပစ်​​နေပြီး ဟစ်​​ဟော့ နဲ့ နတ်​ဒိုး လိမ်​့​နေကြရရှာ ။ ​တောအုပ်​ ငယ်​​လေး​တွေ အ​ပြောင်​ရှင်​းပြီး လှည်​းလမ်​း​ကြောင်​း​လေးအ​ပေါ်မှာ ကျိုးပဲ အက်​ကွဲ​နေတဲ့ ကွန်​ကရစ်​ လမ်​း​ကြောင်​း​လေးဟာလဲ​လျောင်​းလို့ သာယာဖွယ်​ရာ သာရက ​ကျေးငှက်​ငယ်​​လေး​တွေလည်​း ​ပျောက်​ဆုံး ကြည်​နူးဖွယ်​ မြင်​ကွင်​း​တွေလည်​း ရှုံတွလို့ ခပ်​လှမ်​းလှမ်​းက ကြားလိုက်​တဲ့ ငိုရှိုက်​သံ ဟာ ဘယ်​သူက ဘာ့အတွက်​ ​ကျေကွဲ​နေသလဲ ။ ငါက​တော့ ဘယ်​သူ့မှ နှုတ်​မဆက်​ဘဲ တိတ်​တိတ်​​လေး ထွက်​ခွာလာမိတယ်​ ။ ​နေဝန်​းနီ


naywoon niFebruary 23, 20151min1418
အိပ်​မက်​​တွေ မက်​လိုက်​ ဖျက်​လိုက်​နဲ့ မှန်​မှန်​ကြီး ချီတက်​လာခဲ့တာ ​လေးဆယ်​့ငါးနှစ်​ …….. ။ မက်​တာက နှစ်​နှစ်​ဆယ်​ ဖျက်​တာက နှစ်​နှစ်​ဆယ်​ ပျက်​ကွက်​တာက ငါးနှစ်​ လာစစ်​မ​နေနဲ့ ။ တစ်​ရှိုက်​မက်​မက်​ ​လောဘတက်​ခဲ့ဖူးတဲ့ကာလ​တွေ ကုန်​ဆုံးသွားတာ ငါ့ကိုယ်​ငါ​တောင်​ သတိမထားမိလိုက်​ဘူး ။ ခု​နေခါမှာ​တော့ ရထားမမှိီမှာလည်​း မစိုးရိမ်​​တော့ဘူး မိုး​ရေစိုမှာလည်​း ဂရုမစိုက်​​တော့ဘူး ​နေပူတာကိုလည်​းမညည်​းညူ​တော့ဘူး ချစ်​လှစွာ​သော ညီမက​လေးကိုလည်​း ​ရော့ခ်​​တေးသွားနဲ့ ချစ်​ကြည်​့ရတာ အဆင်​မ​ပြေ​တော့ဘူး တစ်​ချိန်​က နွဲ့ယဉ်​ဝင်​း သီချင်​း​လေးနဲ့ပဲ ​အေး​အေးငြိမ်​့ငြိမ်​့ တသိမ်​့သိမ်​့ချစ်​​နေရတာက အဆင်​​ပြေတယ်​ ။ လှုပ်​လှုပ်​ရှားရှား ​ပြေးလွှားရတာထက်​ စာအုပ်​​လေးတစ်​အုပ်​ပဲ ဖတ်​​နေချင်​​တော့တယ်​ ။ လယ်​ထွန်​ဖို့ထက်​ ပန်​းပင်​​လေး​တွေစိုက်​ဖို့ပဲ အားသန်​​တော့တယ်​ ။ မက်​မိတဲ့ အိပ်​မက်​တိုင်​း ပျက်​ပြယ်​တတ်​တဲ့ တိုင်​းပြည်​မှာ ​နောက်​ထပ်​အိပ်​မက်​​တွေ ​နေဝန်​းနီ […]


တောင်ပေါ်သားFebruary 21, 20151min23817
အခါတစ်ပါး မွေးထားသည့်ခွေး ပေးသည့်အမည်ကား မက်ဒေါနား သနားထိုထို မျက်နှာချိုလှ သခင့်အလိုကျ နေပြသည့်ခွေး ဈေးအပြန်ဆို မနှေးအမြန်ကြို မကျွေးပဲမစား ခွေးဝဲစားသာသာပေမယ့် ရှိခဲ့တဲ့ သူ့စည်းကမ်း အထီးအနမ်းမခံပဲ အပျိုကြီးပဲဖြစ်မယ်ကြံမှ အိမ်ထောင်ကကျ မွေးလာရခွေးကလေး ရ ကောင်တဲ့ဟေး ကံမပေးတဲ့ သူ့ဇာတာ ခွေးလေးတွေခမျာ တဖြုတ်ဖြုတ်သေ ဝေနေတဲ့မျက်ရည်တွေနဲ့   မိခင်ရဲ့  စိတ်ပေါ့ နောက်တော့ ကလေးတွေကုန်တဲ့အဆုံး မပြုံးနိူင်တော့တဲ့လူလို ငူမလိုငိုင်တိုင်တိုင် ထောပတ်မလိုင်အသာထားး ဘာအစားမှ မစားတော့ပဲ ဝမ်းနည်းပူဆွေး ကလေးစိတ်နဲ့ နှင်းကျတဲ့ တစ်မနက်မှာ လောကထဲက သူထွက်သွား မက်ဒေါနားရေ  ့ ့ ့ ့ နှင်းဝေတဲ့ဒီမနက် မင်းမျက်နှာကိုငါတွေး ငြိမ်းအေးကမ႓ာမှာ ရှိစေကွာ ၊