ကာရံJanuary 9, 20151min611
အရိုင်းပန်းနွမ်းစေတဲ့ဆောင်း အချမ်းပိုလူမသိတာထက် အလွမ်းကိုသူသိမှာခက်လှတယ် ( အနမ်းမခြွေမှာစိုးလို့ပါလေ) ပန်းကလေးမနွမ်းမှာထက် ငါ့နံဘေးသူထွက်သွားမှာကြောက်မိတယ် (တွဲလက်ဖြုတ်မှာစိုးလို့ပါလေ ) လမ်းနံဘေး အလှမ်းမဝေးပါဘူး ရနံ့တို့ခြွေတဲ့ ဆောင်းတစ်ညမို့ အလွမ်းပြေဖို့ရာ မီးဖိုမလိုပေမယ့် မင်းမရှိတဲ့ခိုက်တန့်လေးမှာ ငါ့နှလုံးသား အရိုင်းပန်းနွမ်းလို့နေပါပြီမေ . . . . ကာရံ ၉ ့ ၁ ့၂၀၁၅ 


ko sixJanuary 9, 20151min742
ဒီတစ်​ခုက လူ​တွေမှာပဲ ​ဖော​ဖောသီသီ သုံးခွင်​့ရှိတာ တစ်​ချို့က ဘာလို့ တွန်​့တိုနှ​မျော​နေကြပါလိမ်​့ မိုအတက်​ခံ ​သေရာပါဖုံးအုပ်​ လူ့တန်​ဖိုးကို က​လော်​ထုတ်​​နေကြ​ပေါ့ ပြုံးရတဲ့ကိစ္စ အဆုတ်​​တော့ကွာမကျပါဘူး မိုနာလီဇာလည်​း ပြုုံးခဲ့တယ်​ မာသာထရီဇာလည်​း ပြုုံးခဲ့တယ်​ ဗိုလ်​ချုပ်​​အောင်​ဆန်​းလည်​း ပြုံးခဲ့တယ် ငါလည်​း ပြုံးခဲ့တယ်​ ​သေချာရဲ့လာလို့​တော့ ​မ​မေးနဲ့ သူလိုကိုလို မ​ရေမရာ။ ကိုစစ်​


manawphyulayJanuary 9, 20151min671
လူ တစ်ယောက်………. ငှက် တစ်ကောင်……….. အိမ် တစ်လုံး……… အရှေ ့ဖက် တောင်ကုန်းထက်ဆီမှာ…….. နေလုံးနီနီ တက်ခဲ့ပြီ……….။ တစ်ဒင်္ဂ အတွင်း…….. လိုချင်တပ်မက်ခြင်းတွေ အတွက်……… အတ္တတွေကို ထုပ်ပိုး……… ဘဝအဖော် လုပ်ရင်း……… တစ်နေ ့တာ ခရီးအတွက်…….. မာယာတောထဲ ငါ ထွက်ခဲ့မိပြန်တယ်……


ကာရံJanuary 6, 20151min835
စေရာ အနမ်းလည်းခြွေ ပန်းလည်းဝေ လွမ်းသူ့မျက်ရည် စွေပါသော်လည်း မေ့မျက်နှာလေး နီသွေးကြွယ်မို့ မေ့မရသူက ကိုယ်ပါလေ …….. အမုန်းလည်းမနိုင် အပြုံးနဲ့ပြိုင် ကြည်နူးရိပ်ကလေး တစ်ခဏမို့ ကိုယ့်အနားက တိုးထွက်မသွားသူ . . . . လေပြေလည်းလာ လလည်းသာချိန် ချစ်ကဗျာသီရင်း ကိုယ်ချော့မြူ သည် အိုး အေ အေ့ အို တေးကိုဆို မေနံဘေးမှာ နားခိုရင်း ထာဝရလမ်းလေး မြဲပါစေသား . . . . . . ကာရံ ရ ့၁ ့၂၀၁၅


ko sixJanuary 6, 20151min997
သံသရာက ဆက်​ထုံးအတိုင်​းလိမ်​့ရာ အဲ့ဒီမှာ သူနဲ့​သွေး​တော်​သားစပ်​ ဖြတ်​မရတဲ့သမုသယသစ္စာ ​ထောင်​့မှန်​စတုဂံကျ ချစ်​၏။ ခက်​ပုံက အနားမညီ ဝိဟာရ​တွေသီလို့ လမ်​းမှားစွာ ထွန်​ယက်​​နေကြတယ်​။ အ​မေက​တော့ ​ချောင်​ကျ ကျအရပ်​မှာ မျက်​ရည်​ကျ​နေရင်​း ငါက ​ဂေါ်ကီရဲ့​အ​မေလိုမဟုတ်​ဘူးဆိုကာ အတူတူ လာ​ခေါ်တယ်​ ကိုစစ်​


ကာရံJanuary 4, 20151min1006
ခက် တစ်စတစ်စ အပိုင်းများက လှိုင်းအားရဲ့ရိုက်ချက်ကြောင့် ကမ်းတစ်ဘက်မှာ အလွမ်းမဲ့ခြေရာ ထင်ကျန်ရစ်ခဲ့ပါပြီ မွှေးသည် မွှေးသည် သို့သော် ရိုးအီနေတဲ့ ဇာတ်လမ်းတွေက ငါ့စိတ်ရိုင်းတွေကို လှည့်စားတက်နေပြီ ကြေ ွလွင့်ခြင်းစေတမာန်များ မာယာစေတန်တစ်ချို ့ နတ်ဆိုးတို့ ပူစော်နေတဲ့ နှလုံးသားတမလွန်မှာ အမုန်းတရားတို့ အယူခံဝင်တက်ပြီပေါ့ သုံးမရတော့တဲ့ အပြုံးမြို့တော်ရဲ့ နောက် မှောက်ကာထားခဲ့တဲ့ သိက္ခာတစ်ချို ့နဲ့ လက်ကျန်မေတ္တာ ယာဉ်စွန်းတန်းမှာ ခက် ခက်သည်ဆိုသော ပုစ္စာလေးမြင်ဖူးလိုက်ချင်ပါသေးတယ် ကာရံ ၄ ့ ၁ ့ ၂၀၁၅


ko sixJanuary 4, 20151min1458
ဒီ​နေ့ နှစ်​​ရောင်​စပ်​ပုံပြင်​တစ်​ပုဒ်​ရဲ့ အသဲကွဲအ​ရောင်​ကို တစိမ်​့စိမ်​့ပြန်​​သောက်​မိတဲ့​နေ့ အတိတ်​ဟာ မလွတ်​မလပ်​ ​တောလား​တွေကိုငြီးညူရင်​း အချစ်​ကို ဘဝထဲ ထည်​့​ဖျော်​ဖူးခဲ့ ကိုယ်​အပူချိန်​က ၁၀၈ မထိတထိ စိတ်​လိုလက်​ရ ပြန်​လွမ်​းမိတယ်​ အမှန်​က ငါ့အချစ်​ကို အသံ​တွေလို ​လေထဲမှာတင်​​ပြောပြီး ​ပျောက်​ကွယ်​သွားတာမျိုး မဖြစ်​ချင်​ပါဘူး။ တကယ်​ကို့ လွတ်​လွတ်​လပ်​လပ်​ ချစ်​ချင်​မိတယ်​ ညီမ​လေး။ ကိုစစ်​ ​​​


ko sixJanuary 3, 20151min1145
အငိုတစ်​ပုဒ်​ပါ ဆိုမရတဲ့အခါ အသံ​တွေပါ​ပျောက်​လို့ ခက်​ပုံက အရူးဂီတနဲ့ဆိုရတယ်​ အဆုံးကမဆုံးဘူး ဒီသီချင်​းကို သင်​.. လုံးလုံးမုန်​းခဲ့ရင်​​ပေါ့ အဲဒီ​နေ့မှာ သိရပြီ။ ကိုစစ်​


naywoon niJanuary 1, 20151min1496
မနက်​ဖြန်​ဆိုရင်​ အစဉ်​အလာမပျက်​ ခရစ်​နှစ်​အသစ်​နဲ့ ​တွေ့ရ​တော့မယ်​ ။ အဲ့ဒိ​တော့ နှစ်​အသစ်​မှာ​ကော မနှစ်​ကလိုပဲ အစဉ်​အလာမပျက်​ ခရီးဆက်​ကြဦးမှာလား ? နှစ်​တစ်​နှစ်​ကသာအသစ်​ မင်​းတို့ရဲ့ အ​တွေးအ​ခေါ် အယူအဆ​တွေက သစ်​မှမလာပဲ ။ အစဉ်​အလာ ဓ​ေ​လ့ထုံးစံ ​တွေနဲ့ ယိုင်​နဲ့ ဘယ်​နှစ်​ကြိမ်​​မြောက်​ ဘာပွဲလမ်​းသဘင်​ ဆိုတာ​တွေပဲတပ်​မက်​ မနှစ်​ကလိုပဲ ဒီနှစ်​တစ်​နှစ်​ကို ဖြုန်​းတီးပစ်​လိုက်​ကြဦးမှာ ……. ဆို​တော့ နှစ်​​တွေဘယ်​​လောက်​ပဲ သစ်​သစ်​ အယူအဆ ညစ်​​ထေး​ထေး အ​တွေးအ​ခေါ် အ​ဟောင်​းအမျင်​း​တွေနဲ့ပဲ ​မြေကြီးထဲ လက်​နဲ့ယက်​ဆင်​း​နေကြဆဲ ကဲ အ​တွေးအ​ခေါ် အယူအဆ အ​ပြောင်​းအလဲ ဓ​လေ့ထုံးစံ အစဉ်​အလာရဲ့ လမ်​းခွဲ ဘယ်​သူအရဲစွန်​့ထွက်​ရဲသလဲ ? ​နေဝန်​းနီ ၂၃း၃၃ ၃၁ဒီဇင်​ဘာ ၂၀၁၄


naywoon niJanuary 1, 20151min965
အစဉ်​အလာမပျက်​ မနက်​ဖြန်​နံနက်​ဆို ငါ့အိမ်​​ပေါ်ကို မင်​းသမီးအသစ်​တစ်​လက်​ တက်​လာ​တော့မယ်​ ။ လက်​ရှိမင်​းသမီး အ​ဟောင်​းကိုဖယ်​ရှား တက်​သစ်​စ မင်​းသမီးကို​နေရာ​ပေးရ​တော့မယ်​ ။ ဘဝ ဆိုတာထဲမှာ ခရစ်​သက္ကရာဇ်​​လေး တစ်​ခု​ပြောင်​းတာဟာ ရင်​ခုန်​ဖို့ မ​ကောင်​းလှပါဘူးကွယ်​ ။ ဘယ်​​နေ့ ဘယ်​အ​ကွေ့မယ်​ ဘယ်​သူနဲ့​တွေ့မယ်​ဆိုတာ ပြဌာန်​းမထားတဲ့ သင်​ခန်​းစာထဲမှာ အစဉ်​အလာ​တွေ​ဘေးချိတ်​ ညည ​တွေမှာ ​ပျော်​​အောင်​အိပ်​နိုင်​ပါ​စေ သူငယ်​ချင်​းတို့​ရေ ။ ​နေဝန်​းနီ ၁ရး၄၂ ၃၁ဒီဇင်​ဘာ ၂၀၁၄


ကာရံDecember 31, 20141min1216
နှစ်သစ်ခွန်အား စွန့်ပြစ်လိုက်ပါ အမုန်းများစွာကိုပေါ့ ဆက်လျှောက်လှမ်းပါ အပြုံးတရားနဲ့လေ ဟောင်းသွားသည့်ကနှစ်တစ်နှစ်ထဲ မဟုတ်ပါဘူး ရင်မှာအစွန်းအထင်းမခံပါနဲ့နော် အပြောင်းအလဲများနဲ့ ကြိုနေမယ့်နေ့ရက်တိုင်းမှာ အချိန်ကုစားခြင်းကို မခံရလေအောင် မာနကိုထက်အောင်သွေးလိုက်ပါ မာန်တော့မတက်လိုက်ပါနဲ့နော် တောက်ပလာတဲ့ အရည်အသွေးကို အလံထူကြည့်လိုက် သူသူငါငါ ရင်ဘောင်တန်းစေဖို့ နှစ်သစ်ရဲ့အစမှသည် နောင်ရာစုသစ်ဆီသို့ ချီတက်လှမ်းရအောင် သူငယ်ချင်း အားသစ်စကြပါစို့ ကာရံ ၁ ့၁ ့၂၀၁၅