ko sixOctober 16, 20171min2756
။။။။။။။။။။။။။ ထက်ခြမ်း ခြမ်းပစ်ဖို့ စိတ်ကို စာရင်းသွင်းထားတယ်။ မီးဖြစ်စေ ရေဖြစ်စေ နေရာရှိမှ ခမ်းနားကြောင်း သိလာရ။ ကြိုးဆိုတာ ခပ်များများလိမ်နိုင်မှ ဝိုင်ဆိုတာ ခပ်များများ စိမ်နိုင်မှ ဒီလိုပါပဲ ရယ်စရာမဟုတ်ဘဲ ရယ်နေခဲ့ရတဲ့နေရာမှာ ကြတ်ခိုးတင်ပြီး မိုက်ချင်နေတုန်း။ တစ်ခုပဲ ကံတရားက ကံစမ်းတိုင်း ကျေးဇူးချည်း အတင်ခံနေရတာတော့ အများကြီး နင်နေပြီ ကိုယ့်လူရယ်။ ကိုစစ်


ko sixOctober 11, 20171min43010
::::::::::::::::::::::::::::::::::: ဆံပင်ဖြောင့်လိုက်ရုံနဲ့ ရုပ်က ဖြောင့်မသွားဘူး ဆိုလိုတာက ဟွန်းမတီးရနယ်မြေမှာ စကားကျယ်ကျယ်ပြောနိုင်သလိုမျိုး အမှိုက်မပုံရရပ်ကွက်ထဲ အမှိုက်တွေ ဖြန့်ချထားကြသလိုမျိုး တစ်နေ့တစ်နေ့ ရင်ရှုပ်အောင် ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားက ဝင်ငွေသောက်သောက်လဲ မြတ်နေတဲ့အခါ မိသားစုထဲ ဝင်လာတဲ့ တရားမဝင် ယဉ်ကျေးမှုက ခါးပိုက်ထဲခွေနေတဲ့ မြွေပွေးထက်ဆိုးတယ် အဖြူရဖို့ ဘာရောင်တွေများ ရောနေဦးမှာလဲ။ ကိုစစ်


ko sixOctober 8, 20171min3468
သူ့ဘာသာ မပျံချင်ပါဘူး။ မြှောက်ထိုးပင့်ကော်တရားမှာ ပျော်ဝင် အမှောင်ထဲ အမြင့်ထင်နေခဲ့ရ သွားချင်ရာမသွားခဲ့ရပါဘူး ဒီမိုကရေစီ မရှိတဲ့အရပ် လေဟပ်တိုင်း ရွေ့နေခဲ့ရ။ သေချာတာက ဦးနှောက်မပါဘူး လုံးလုံး။ ကိုစစ်


ko sixSeptember 5, 20171min1893
::::::::::းးးးး÷÷÷÷÷÷÷÷÷÷÷းးးးး:::::::::: ဒီအရပ်မှာ လူမွဲတွေ ဖွေးဖွေးလှုပ် ချမ်းသာကြောင်း ငါးရက်တစ်ဈေးမှာ အစောဆုံးဈေးဦးပေါက်တယ် ဒီအရပ်မှာ ဘွဲ့ယူပြီး တခြားအရပ်မှာ ကိုယ်ထင်ပြတယ် ဒီအရပ်မှာ ရွှေမှန်းထားခဲ့တဲ့အရာတိုင်း ခပ်လွယ်လွယ်နဲ့ အဖျားကော့ ဒီအရပ်မှာ ငွေမှန်းထားတဲ့အလုပ်တိုင်း ခပ်ကျယ်ကျယ်နဲ့ အလျားလျော့ အဲလို ထွေရာလေးပါး မုတ်သုံရာသီမှာ ငါ့တို့တတွေ လူဖြစ်နေကြ သတင်းအမှောင်ကျခဲ့တဲ့ခေတ်က သတင်းမှားတွေ အဝယ်လိုက်တဲ့ခေတ်ထဲ ထိုးကျ အဆိုးတွေဟာ ထိန်ထိန်ကို လင်းလို့ လာပြန်ပြီ နောင်ထပ်အသံတွေ မြောက်အရပ်ကလည်း ကြားခဲ့ပြီးပြီ အရှေ့အရပ်ကလည်း ကြားခဲ့ပြီးပြီ တောင်အရပ်ကလည်း ကြားခဲ့ပြီးပြီ အနောက်အရပ်ကလည်း ကြားခဲ့ပြီးပြီ လာပြန်ပြီလား ဒီအသံတွေ အသက်ထက် အတွေးအခေါ်ကို ခါးဝတ်ပုဆိုးလောက် မြဲမြံအောင် ဝတ်ရကောင်းမှန်း ဒီကနေ့အထိတော့ ပုံနှိပ်ဖော်မရသေးဘူး။ ကိုစစ်


ko sixSeptember 4, 20171min2765
……………………. ကိုယ်ကျင့်တရားကို အောက်ဈေးနဲ့ခင်း ပိုက်ဆံရှိသူတွေပဲ ထထခလုတ်တိုက် လည်နည်းနည်းဟိုက်နေတဲ့ မြစ်ဝမှာနေစာလှုံ လိုအပ်ရင် ကြယ်တွေကိုကြည့်ပြီး လူအကဲခတ်ခတ် ခြေဆင်းထိုင်ရင်း ဆာရာရေ ဒီဘဝဒီလိုစံ နောင် ဘဝ နောက်မှခံ အဲဒီလူကြိုက်များနေတဲ့ စာသားနဲ့ ကိုယ်လက်နှီးနှောကြတဲ့ ဆိပ်ကမ်းရသမှာ ညဉ့်ငှက်တွေ ဝံပုလွေတွေ ဆွဲငင်လှိုင်းထကြတဲ့ ပင်လယ်လို တဖြူးဖြူးလေးနဲ့။ သူတု့ိဟာ ခွေးတွေတော့ မဟုတ်ဘူး။ အစာတစ်ခုအတွက် အစွယ် တော့ထွက်နေကြတယ်။ စဉ်းစားလို့ မရနိုင်ဘူး နေထွက်မယ်ဆိုတဲ့ စိတ်ကူး ဘာလို့များ မရှိကြသလဲဆိုတာ….. ကိုစစ်(ရူပဗေဒ)


ko sixAugust 23, 20171min2657
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ သစ်ပင်တောင် အခါခါအပိုင်းခံရသော်လည်း မျှော်လင့်ချက်ကတော့ ထွက်လာဆဲ။ မြစ်ပြင်တောင် အခါခါပိတ်ဆို့ခံရသော်လည်း မျှော်လင့်ချက်ကတော့ စိမ့်လာမြဲ။ ငါ သစ်ပင်ကို နမူနာယူ မြစ်ပြင်ကို အတုခိုး ငါ့စိတ်ကို ကင်းပေါက်အောင် ထိုးကျွေးတော့မည် မျှော်လင့်ချက်တစ်စုံတစ်ရာမှာ ရေးရတာနဲ့ဖတ်ရတာ မတန်ပါဘူး တကယ်ဆို နာရီ မလိုဘူး ပေါင်မုန့်မလိုဘူး သွေးမတော်သားမစပ်တဲ့ မျှော်လင့်ခြင်းဆိုတာ အားလူးခင်းထဲ အမြစ်ရှည်ရာဇဝင်ပါ အခိုက်အတန့်ပေါ့ မျက်ရည်တော့ စို့ခဲ့ဖူးတယ် ခု တခမ်းတနား သုတ်နိုင်ခဲ့ပါပြီ ။။။။။။။ ကိုစစ်


ko sixAugust 21, 20171min3545
========== သစ်ပင်ဟာ ရေငတ်ဖန်များလာတဲ့အခါ ဆူးတွေနဲ့ရပ်တည် ငါ ဘာလို့များ မကိုးကားခဲ့မိပါလိမ့်။ တိမ်တွေ အပူနဲ့တွေ့တိုင်း အမြင့်တက်လှမ်းနိုင်ခဲ့ပုံကို ငါ ဘာလို့များ သတိမထားခဲ့မိပါလိမ့်။ သင်ဆရာထက်မြင်ဆရာက နေ့စဉ်ဆုံးမ ငါ ဘာလို့များ မမှတ်သားခဲ့ပါလိမ့်။ အာဒံလို ပညာသားမပါတဲ့စားသုံးမှုမျိုး ငါ ဘာလို့များ မျိုဆို့မိခဲ့ပါလိမ့်။ ဘာလို့များ ဘာလို့များ ဘာလို့များ ….. သတင်းအတင်း အလင်းအမှောင် အချစ်အမုန်း ယောက်ျားမိန်းမ ဆန့်ကျင်ဘက်တွေကို စိတ်မှာသိုဝှက် ဘာလို့များ ခက်ခက်ခဲခဲရှေ့ဆက်နေမိပါလိမ့်။ အလုပ်မဖြစ်တာတွေများလာတော့ အလစ်ဖြုတ်ခံရကြောင်း ဘာလို့များ ငါ ဒီလောက်ကြီး အ နေခဲ့ပါလိမ့်။ ကိုစစ်(ရူပဗေဒ) 21.8.2017 Sunday 8:12AM


ko sixAugust 6, 20171min3158
………………….. ဘဝဆိုတာ အဆီကလည်း လောင်စာ အသားကလည်းလောင်စာ ဘာပဲရရ ပြာကျခြင်းက အနားသတ်ဘောင် ဝါသနာအရ သူ့အထာနဲ့သူလောင်မြိုက်ကြရင်း မီးတောက်ဟာ သံယောဇဉ်ရှိသလောက် နယ်ချဲ့လို့ သမိုင်းလိုလိုရာဇဝင်လိုလို မီးခိုတအူအူဖြင့် လူ့ဘဝလေး ကျဆုံးကြရတယ်။ ကိုစစ်


ko sixJuly 27, 20171min2124
တန်ဖိုးနည်း အိမ်ယာအကြောင်းက စပြောတယ် ပြီးတော့ တန်းဖိုးနည်း အစားစာ တန်ဖိုးနည်း အသွားအလာ တန်ဖိုးနည်း မသထာရေစာမှာ ကမ်းကပ်လို့ တန်ဖိုးနည်း ရောဂါကို တန်ဖိုးနည်း ဆေးဝါးနဲ့ ကုသလို့ တန်ဖိုးနည်း အဖော်အချွတ်တွေမှာ တန်ဖိုးနည်း ဓာတ်စခန်းဖွင့်လို့ တန်ဖိုးနည်း အတွေးအခေါ်နဲ့ ချက်ပြုတ် တန်ဖိုးနည်း ငွေကြေးတွေ ဖောင်းပွ တကယ်က တန်ဖိုးရှိဖို့ သိန်းတစ်သောင်းထီ ပေါက်နေဖို့ မဟုတ် တန်ဖိုးနည်း နားတွေ တန်ဖိုးနည်း မျက်စိတွေ တန်ဖိုးနည်း ဦးနှောက်တွေ ဗားရှင်းမမြင့်သေးသ၍ တန်ဖိုးနည်း စကားတွေပဲ ထွန်းကားနေမယ် ဆိုတော့ကာ အရေးကြီးတာ တန်ဖိုးနည်း အိ်မ်ယာ မဟုတ် တန်ဖိုးနည်း အစားစာ မဟုတ် တန်ဖိုးနည်း နည်းနည်းဆိုတာတွေ လုံးဝ မဟုတ် အမှန်က တန်ဖိုးနည်း […]


ko sixJuly 22, 20171min1404
ရေစီးရေလာ မကောင်းတဲ့အခါ လေတိုက်နှုန်း မရေရာတဲ့အခါ တစ်ဖက်စောင်းနင်း ဝိသေသနက ပုတ်ရင်ပေါ် ပကာသနက အကာကျ အပြန်တစ်ခုဟာ သီအိုရီအမျိုးမျိုးကွဲပေမယ့် ပြန်မပြော နားမထောင် အဖြေပဲ ထွက်ပါတယ်။ ကိုစစ်


” ဖြစ်ရပ်မှန်” အဟောင်း တွေကို ပြန် ပြန် နွှေး အတိတ် ကို သမင်လည်ပြန် တွေးရင်းနဲ့ဘဲ ငါတို့ရဲ့ ရှေ့ရေးတွေက တဖြည်းဖြည်း တစ်စ ထက်တစ ဝေဝါး၍ နေလေတော့၏။ ကိုပေါက်(မန္တလေး ) ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၁၇၁၇


black chawJuly 3, 20171min36618
လူဟာလူပဲ…။ ဟိန္ဒူ ကိုးကွယ်လည်း လူပဲ…။ အစ္စလမ် ကိုးကွယ်လည်း လူပဲ…။ ခရစ်ယာန် ကိုးကွယ်လည်း လူပဲ…။ ဗုဒ္ဓ ကိုးကွယ်လည်း လူပဲ…။ ကိုယ့်ကိုယ်ကို ကိုးကွယ်လည်း လူပဲ…။ အသားမည်းလည်း လူပဲ…။ အသားဖြူလည်း လူပဲ…။ အရပ်ပုလည်း လူပဲ…။ အရပ်ရှည်လည်း လူပဲ…။ ဆင်းရဲလည်း လူပဲ…။ ချမ်းသာလည်း လူပဲ…။ မအေးသောင်းလည်း လူပဲ…။ မတင်ညွန် ့လည်း လူပဲ…။ လူကို ကိုးကွယ်တဲ့ ဘာသာတံဆိပ်ကပ်ပြီး သတ်ဖြတ်နေသူတွေဟာ လူ မဟုတ်ဘူး…။ လူကို လူလို မမြင်တတ်ရင် လူမဟုတ်ဘူး…။ လူဟာ လူပဲ…။ (BC)