တောင်ပေါ်သားDecember 17, 20141min17910
   ကျနော့်ဇာတိ ပီဘိစိမ်းလန်း ငြိမ်းချမ်းခဲ့တာ ဘာမှမကြာပဲ ပေါက်ကွဲသံလွှမ်း ကျည်ဆံလမ်းမှာ ဝမ်းရေးကခက် အအိပ်ပျက်၍ အိုးရွှေ့ အိမ်ခွာ  ကျိန်စာကသင့် ထောက်ချင့်မှုကင်း လူချင်းတူငြား ဘဝခြားကြ  ကြားကလူထု ဒုက္ခစုကျ ပြေးရမနား စားစရာထက် နေရာခက်ခါ သက်မညှာနိူင် လက်နက်ကိုင်များ နိူင်စားရာအောက် ကျရောက်ပြည်သူ မည်သူလာ၍ ကူမည်နည်း ။


ကာရံDecember 15, 20141min832
အလွမ်းမိုးလေးတိတ်တခိုးမို့ မေ့အနမ်းလေးပွင့်ကြေ ွလို့ပေါ့ အအေးပိုတဲ့ဆောင်းတစ်ညမှာ မေ့မျက်နှာလေးဝင်းပနေတယ် ဂစ်တာအိုအဖော်ပြုလို့ တိုးတိတ်စွာ ရင်တွေခုန်ဆဲပါ ညမွှေးပန်းလေးမသိဘူးနော် . . . . ဆီးနှင်းများဝေနေပြီမေ လမင်းလေးတစ်ဝဲလည်လည်နဲ့ ရှက်သွေးဖြာလို့နေမယ် အလင်းမဲ့ကဗျာတစ်ပုဒ်မေ့အတွက် ဖန်ဆင်းရင်း ကြယ်တွေပုန်းခိုနေတာ ညမွှေးပန်းလေး မသိပြန်ဘူးမေ . . . . . ချစ်ခြင်းသံဇဉ်တွေ ကခုန်လို့နေတယ် နွေအလည်ခရီးသွားတုန်းမို့ ဆောင်းတို့ပျော်မြူးနေဆဲမှာ မေနဲ့ကိုယ်လေ ခရောင်းလမ်းဖြစ်လည်း ပျော်မဆုံးဘူးပေါ့ ဆုံဆည်းခွင့်လေး တစ်ခဏမို့ မြူနှင်းလည်းဝေ နှင်းလည်းကြေ ွပြီ ဂစ်တာအိုနဲ့ ကိုယ်ချော့သိပ်ရင်း မေ့အလွမ်းများ ငြိမ်းပါစေသတည်း ကာရံ ၁၆ ့၁၂ ့၂၀၁၄


ko sixDecember 14, 20141min1088
ဘာလာလာမ​ဒေါင်​းနိုင်​​တော့တာ ဒီတိုင်​းပြည်​လား အ​တွေးအ​ခေါ်​တွေက ပိုက်​ဆံကိစ္စနဲ့ချည်​းပွင်​့တယ်​ အနုပညာ​လောကကလည်​း ​ခေါက်​ပြန်​​ပေးအသက်​ရှူ​နေရတယ်​ မူလတန်​းက​တောကြိုချူံကြားမှာ ကျည်​ကွင်​းဂါထာကိုရွတ်​လို့ ဘွဲ့လက်​မှတ်​ဟာ ​ပြေး​ပေါက်​မှားသွားတဲ့ အရင်​းအနှီးလား သိပ်​​တော့မဆင်​း​သေးဘူး အနိမ်​့မှာလာစိုက်​​နေတဲ့လှံက ​လှေကားဖြစ်နိုင်​​သေးတယ်​ ကိုစစ်​


စဆရ ႀကီးDecember 14, 20141min1322
ဘာရယ်တော့မဟုတ်ဘူး၊ Deactivate လုပ်ထားတာကြာတဲ့ ဖွဘုတ်အကောင့်လေးကို ပြန်ကြည့်တော့ ကဗျာလေးတစ်ပုဒ် ၂၀၁ဝ တုန်းကရေးထားတာ သဘောကျလို့။ ကိုယ့်ဖာသာ ရေးခဲ့တယ်ဆိုတာကို ကိုယ့် Wall မှာ ကိုယ်ပြန်တွေ့ရလို့သာ။ ခုနေဖတ်ကြည့်တော့ ကောင်းသလိုလိုရှိသား။ ချစ်သူရေ.. ကြာတော့ကြာခဲ့ပါပြီအချိန်တွေလားတော့ မမေးနဲ့ စက္ကန့်တွေနဲ့ပဲတွက်ယူ ငါဆိုတဲ့လူ တော်တော်ကို ဒူ သေးတာပဲလို့ မင်း… မှတ်ယူချင်လဲမှတ်ယူ စက္ကန့်တွေကို ခုနှစ်တွေလို့ ခုထိ တွက်ယူနေတုန်းပဲ။ ချစ်သူရေ.. ကန္တာရဆိုတာ မိုးမညိုဘူးလို့ မင်းမမှတ်ယူလေနဲ့ သူ့ဟာနဲ့သူ ညိုချင်လဲညို ပြီး ပြိုချင်လဲ ပြိုခဲ့တာပဲ မိုးရေတွေ ရွှဲရွှဲမစိုတာပဲရှိမယ် သူ့ဟာနဲ့သူတော့ ချမ်းလို့ ခိုက်ခိုက်တုန်နေခဲ့မှာပဲ။ ချစ်သူရေ.. တစ်မြေရပ်ခြားမှာမို့ သူတစ်ယောက်တော့ နီယွန်မီးရောင်တွေကြား ပေါင်တိုလှလှလေးတွေကြား ပျော်မြူးနေမှာပဲလို့ ထင်ချင်တော့ ထင်နေမှာပဲ အိမ်ပေါက်ကခြေထောက် အလုပ်ကိုလျှောက် […]


ကုိ ထြဋ္December 13, 20142min18412
အဘွားအိမ်မှာ… နာရီရဲ့ ချက်ချက်မြည်သံ မှန်မှန်ပေါ်ထွက်နေတယ် အချိန်တွေ ကျော်ဖြတ်သွားပြီ ငါ ဘတ်စ်ကားမှ မှီပါ့မလား။ မပူပါနဲ့ လူကလေးရယ် အချိန်မှီမှာပါ ဒါပေမဲ့ ထမင်းတော့ မကျက်သေးဘူးနော်တဲ့။ စိတ်တိုတာတွေ၊ ဒေါသထွက်တာတွေ အရေးကြီးနေတာတွေ ရင်ထဲ ပြည့်လျှံနေတယ် ဒီလူအိုကြီးတွေဟာ အချိန်ဆိုတာကို နားမလည်ဘူးလို့ တွေးလိုက်မိတယ် ဒါပေမဲ့ နှုတ်လှန်မထိုးလိုက်တော့ပါဘူး။ ထင်းခွဲနေတဲ့အသံ ကြားလိုက်လို့ အပြင်ထွက်လာခဲ့တယ် တုန်တုန်ရီရီလက်တွေနဲ့ ဖြည်းဖြည်းချင်း ဂရုတစိုက် ထင်းတွေခွဲစိတ်နေတာ အဘွားပေါ့။ ကြီးမားလှတဲ့ ဒီမေတ္တာကို မိုက်လုံးကြီးစွာ မလေးမခန့်ပြုမိလို့ နောင်တမျက်ရည်တွေ ငါ့မျက်လုံးထဲ ပြည့်လျှံနေခဲ့ရပြီ။   OKUMBA MIRUKA ကင်ညာ (အတွေးရှင်း၊ အရေးရှင်း၊ စာရှုခင်း) လူထုဦးစိန်ဝင်း ဖတ်ရင်း စိတ်ထဲ တမျိုးဖြစ်လာလို့ တင်ပေးလိုက်ပါတယ်…. ရေမြေ့သနင်း


တောင်ပေါ်သားDecember 12, 20141min18811
မြောက်လေအပြန် ဟေမန်လို့ခေါ် ကျနော်မျှော်နေသော်လည်း ပေါ်ပဲမလာနိုင် ဖြာယိုင်ကျလာတဲ့နေခြည် လေသည်ရယ် စိမ့်လို့မအေး ဟိုး အဝေးဝေးကနှင်း ဘယ်အကြောင်းရင်းကြောင့်ပျောက်ကွယ် ရောက်တယ်ရယ်မရှိ ဖောက်လွဲသည်ကွယ့်ဖောက်ပြန် ရောက်နေ၏ ဤကံ မြောက်လေမပြန်မှတော့ လက်လျှော့ရ ငါ့မျှော်ခြင်း ဖော်သင်းမဲ့ အထီးကျန် ကီးမမှန်တဲ့ ဒီဘဝ ဤမျှလေလား ဆောင်းဟေမန် ။


aye.kkDecember 11, 20141min1125
ဆားမပါတဲ့ဟင်း နေလာရင်ပျောက်တဲ့နှင်းလို။ အသိမ်အဖျင်းများတဲ့ စပါးခင်း ငှက်တောင် ခြေမနင်းဘူးပေါ့နော်။ ပြေးနေတဲ့ရေလှိုင်း ကမ်းစပ်နဲ ့တွေ ့မှပြေသလို။ အရာရာကို…. အလေးမထားရင်တော့… လေးစားမှုဆိုတာကွယ်ပျောက်တယ်။ စိတ်ဆိုတဲ့အသိတရား သတိမထားပဲ… လွှတ်ထားရင်တော့ မှားတတ်တယ်။။


ကာရံDecember 11, 20141min863
သူ ဆိုသော သူ မာနကိုအသာခွ အတ္တဦးထုပ်ဟန်လုပ်ကာဆောင်း ဒေါသလမ်းကြားလျှောက်လမ်းသူ . . . . မတရားခြင်းကိုအသာကြည့် မောဟပူပူလေးတစ်ခွက်ကို သောကကင်းကင်း သောက်ချင်သူ . . . . တဏာရမက် လောင်မီးစာလေး ဖိတ်ယိုကာစီး ကင်းဝေးသီလ စောင့်ထိန်းခက်မို့ သစ္စာဆိုသော အရိပ်လေးအောက် တူလျှောက်စေချင် လူဖြစ်တစ်ခဏ ဆုံဆည်းဘဝ အပူရယ်ကင်း မြူ နှင်းလည်းကြေ ွ နှလုံးသားလေး လန်းပါစေ . . . . ကာရံ ၁၁ ့၁၂ ့၂၀၁၄ 


တောင်ပေါ်သားDecember 11, 20141min22918
ဒီလို နှုတ်ခမ်းလေးကိုက် စူပြလိုက်ရုံနဲ့ ရှိတဲ့ နှလုံးသားက တုန်ခါ ယုံပါလို့ ဟစ်ကြွေးရင်း အချစ်တေးသီချင်းတွေကြား ပျော်ပါးလို့ နေဘူးသပေါ့ ၊ အခုတော့ သမုကျော့ရေ ပျော့ခွေလို့ ယိုင်နွမ်း မခိုင်ပန်းကိုမှ လှမ်းမိသူ အလွမ်း၏ အပူကြား သူယူသွားတဲ့ ငါ့နှလုံးသား အပြုံ းများကွယ်ပျောက် အမုန်းတရားအောက်မှာ ဆယ်သက်တာ ၊


ကာရံDecember 10, 20141min832
ဆောင်းတစ်ည မြူ နှင်းလဲဝေ ပန်းလည်းကြွေ အလွမ်းပြေလမ်းတစ်လျှောက် အနမ်းခြွေရနံ့ပျောက်ရင်း စမ်းရေးကမ်းနံဘေးမှာ တစ်ယောက်ထဲပါလေ မျှော်ကာမှန်းတမ်းတလို့ မှန်းဆကာငေးမိတယ် လွမ်းရတာဘဲ အဖက်တင်ကျန်ရင်း ရင်မှာလေ ဆီးနှင်းများ တိုးဝှေ့နေသေးတယ် ဒါကိုသူမသိပါဘူးလေ ဆီးနှင်းလေလား မျက်ရည်လား ခြေရာမဲ့ခိုနားရင်း အပြုံးလေးများ ပုန်းတော့မယ် မမုန်းပါနဲ့ ချစ်သူရယ် အလွမ်းဆိုတာ ခါးသမို့ အနမ်းမခြွေတဲ့ ဆောင်းတစ်ညမှာ မေ့မျက်နှာလေး မအေးမြလေရော့သလား ကာရံ ၁ဝ ့၁၂ ့၂၀၁၄  


aye.kkDecember 10, 20141min19522
အစဆိုတာ…. အားလုံးအတွက် အကောင်းဆုံးပါ ။ အစဆိုတာ… ပြန်စလို ့ရရင်…. ကောင်းမှာလို ့ခံယူတတ်ကြလို ့ပါ ။ အစဆိုတာကောင်းမှ အနှောင်းဆိုတာက သေချာပါတယ် ။ အဆုံးဆိုတာ… ပြီးဆုံးပြီဆိုတဲ့သဘော… ပြင်လို ့မရတဲ့ နောင်တဆိုတဲ့သဘောပါ ။ အစနဲ ့အဆုံးဆိုတဲ့… နှစ်ခုကြားမှာ… မေတ္တာဆိုတဲ့ကြိုးနဲ့သာ လျှောက်လှမ်းခဲ့ကြရင်… အားလုံးအတွက်က အကောင်းဆုံးနဲ ့အသေအချာဆုံးဖြစ်တဲ့ အဖြေမှန်သော ပုစ္ဆာ တပုဒ် ကိုသာရမှာပါ ။။            


La YeikDecember 10, 20141min13311
အချစ်ကို အဆိပ်သင့် ပန်းသီးလေးတစ်လုံးလို မစားသုံးခဲ့တဲ့ ကောင်လေးရေ…… ကောင်လေးအတွက်ဆို ငါ့ရင်မှာ ပျိုးခဲ့တဲ့သစ်ပင်ကို ဆောင်းရာသီ နံနက်ခင်းလေးမှာ အနွေးဓါတ်လေး လွှမ်းခြုံပေးဖို့ လောင်စာထင်းလေးအဖြစ်နဲ့ပဲ ပေးဆပ်ခွင့်ရရင် ကျေနပ်မိမှာပါ…….