အပယ်ခံ ပြယ်ရန်လမ်းမရှိ လွမ်းမိခဲ့ အတိတ် ရိပ်ကနဲပြေး ကားလေးရဲ့  အသွင် လိုချင်သူတွေဝိုင်းလို့ပေါ့ အခုတော့လည်း မမြဲတဲ့ သင်္ခါရများ ဖြတ်သန်းသွားပြီးနောက် အပေါက်အပြဲ သံချေးမည်းနှင့် တောရိုင်းခြုံ လွမ်း ဤစခန်းတွင် နေဝင်မည့်ဘဝ စောင့်ရသည်မှာ အပယ်ခံ၏ ဘဝတာ ၊


ko sixDecember 8, 20141min1606
ရုက္ခစိုးက လူလားနတ်​လားမကွဲပြားဘူး ကမ္ဘာ​မြေ က​တော့ ​တောင်​စွယ်​​နေကွယ်​လုပြီ တို့ပဲခူးရိုးမဟာ အုပ်​ထိန်​းသူရှိရဲ့နဲ့ အပျိုရည်​ပျက်​ခဲ့ရသလား ဒါမှမဟုတ်​ မင်​းကြိုက်​စိုးကြိုက်​မို့ ​တော်​​ကောက်​လိုက်​ကြတာလား ​သေချာတာက​တော့ တရုတ်​ထုတ်​​ဝေါရှိ​လောက်​​တောင်​ စိမ်​း​မှောင်​ခက်​ဖြာမ​နေ​တော့တာ ငါ့မျက်​လုံးအစွန်း၌ ခပ်​တည်​းတည်​းမြင်​​နေရတယ်​ ကိုစစ်​


ကျနော့်နာမည် မောင်ကြောင်ကြီးပါ ရွာသူများကခြစ်ပါဒယ်၊ ဒါပေမဲ့လဲ ပုထုဇဉ်မို့ ရမ်သူများလဲချီးပါဒယ်၊ ပထမဆုံးက ကြေးမုံဂျီးပါ တုျတ်သဗုံဖြစ်ပါဒယ် ခုတလောသူပျောက်တာ ဝပြည်နယ်ဖက် ရောက်နေဒယ်၊ နောက်တျောက်က နော်ရွှီးဂါး ကေအန်ယူမ ဖြစ်ပါဒယ်၊ ပုဇွန်ထုပ်စားဒါ မေးငေါ့မိလို့ တသက်လုံးပဲ မုန်းသွားဒယ်၊ ကင်းကောင်ပြာက ဒီကေဘီအေမ ဆားမဲပြောလို့ မုန်းလျှာဒယ်၊ နောက်တျောက်က နော်ခွစ်ဗျ ဗိုလ်ထိန်မောင်တပ်က ဖြစ်ပါဒယ်၊ သူ့ကိုလည်းပဲ ဝါးမည်ပြောလို့ တင်းနေဒယ်၊ ကျောက်ဂဒေါ် အမ်တီနှင်းက တီးမဲပြောလို့ ဆိတ်စိုးဒယ်၊ နောက်ဆုံးကဒေါ့ အာတီဒုံဂျီး ဆြာဝံမဖြစ်ပါဒယ် သူ့မြို့ဂျီးကို ဝေဖန်မိလို့ သက်မဲဒဂဲဂဲ ဖြစ်ပါဒယ်၊ နောက်ဆုံးမှာတော့ ရွံဒယ်ဆိုပီး ဗလော့သွားဒယ်၊ ရေနစ်ကြောင် ဝါးထိုးလှောင် အူးငယ်လိမ္မာ ဝင်ဆဲဒယ်၊ ၇၈၆မာမွတ် တနှာထွဋ် အသားလွတ်ကျီး ဝင်ဆော်ဒယ်၊ ကျနော်ဂဒေါ့ ခေါင်းငုံခံကာ […]


alinsettDecember 8, 20141min20311
”ရာသီကြမ်းမှာမှ စိုက်ပျိုးလိုက်တဲ့ကဗျာ” ~~~~~~~~~~~~ – မောနေကြပြီလား ? ခရီးကြမ်းကြီး လှမ်းခဲ့ရတာ ခပ်ပါးပါး ဘဝတွေတောင် ထူလို့ . . . အမ်းလို ့. . . ရေကြည်ရာ မြက်နုရာ. . . အခု အဲဒီခေတ်ကြီးပျောက်လို့…. ရှာနေကြတုန်းပေါ့ ။ နောက်ဆုံးတော့လည်း. . . . ကိုယ့် ကိုယ်တွေကို ရေလောင်း ကိုယ့် ကိုယ်တွေကို ပေါင်းသင်လို ့. . . နှုတ်သင့်တာ နှုတ် ဖြုတ်သင့်တာ ဖြုတ်ပြီး ကိုယ့်ဘဝတွေကပဲ ကိုယ့်ဘဝရဲ့ ရေကြည် မြက်နု….အခု ဖြစ်ရမယ်. . .ပေါ့။ ဒီသက်တမ်းမှာ . . . လူဖြစ် […]


ကာရံDecember 6, 20141min973
ဟေ့သူငယ်ချင်း ရဲရဲသာလျှောက် အနားမှာအားပေးနေတဲ့သူရှိတယ် ဘာမှမဖြစ်လို့ စိတ်မညစ်ပါနဲ့ သူသူငါငါလမ်းကြမ်းမို့ အခက်အခဲဆိုတာ ဆေးခါးတစ်ခွက်ပါ သူငယ်ချင်း အတိတ်ကအရိပ်ဆိုးကို ခေါက်သိမ်းလိုက်စမ်း အနာဂတ်ကိုမျှော်ကြည့် အလင်းတမ်းများ ပြေးလွားနေတယ် မသေချာတဲ့ရုပ်ဝတ္တုကို မခင်တွယ်ပါနဲ့ အမြင်ဆိုတာ လတ်ဆက်မှ အောင်မြင်မှာပေါ့ ဇွဲ စိတ်ဓာတ် မာန သဘာဝကပေးတာမဟုတ်ဘူးနော် ပေဖြစ်တုန်းခဏပေါ့ကွာ မထောင်လွားလိုက်ပါနဲ့ အကျနာလို့ လဲမထဘူးဆိုရင် အမြဲအရှုံးဆိုခင်တွယ်နေလိမ့်မယ် အိပ်မက်ထဲမှာပျော်မနေပါနဲ့ မက်ခဲ့ရင်လဲ အနိုင်ယူလိုက်ပါ အကြင်နာရေစင်လေးက မင်းနဲ့ငါတို့အတွက် အားဆေးဆိုရင်လေ ……….. ကာရံ ရ ့၁၂ ့၂၀၁၄


ကာရံDecember 6, 20141min772
ထာဝရ မြစ်ကြီးတစ်စင်း စီးမျောနေတယ် ကမ်းကပ်ဖို့လမ်းမမြင်ပေမယ့် မာနကိုရွက်လွင့်လို့ ခွန်အားကိုလှော်တက်သဖွယ် ကူးခက်ဆဲ ထက်ကောင်းကင်အုံစိုင်းတုန်းမို့ မာယာလှိုင်းများ ဂယက်ထနေပြီ အားကြီးတဲ့မိုးစက်များက ရင်ထဲသို့ တိုးခက်နေကြပြီပေါ့ အကြင်နာလက်များနဲ့ဖယ်ရှားပေးမယ့် သံယောဇဉ်လေး အဝေး အဝေးမှာ အတွေးခက်ခက်မို့ အတားဆီးမဲ့နေတုန်းလား လမ်းပျောက်နေခဲ့ပြီလေ အလွမ်းတွေကျောက်ချဖို့ကြိုးစားတုန်း အနမ်းလေပြေတိုက်ခက်လာပြီပေါ့ မင်းနဲ့သာတစ်ကမ႓ာဆိုရင် ထာဝရခရီးလမ်း ကြမ်းပါစေကွာ ဆက်တိုးလို့လှော်လိုက်မယ် အနားကထွက်မသွားပါနဲ့နော် ကာရံရ ့ ၁၂ ့၂၀၁၄


စဆရ ႀကီးDecember 6, 20141min1797
တစ်ကယ်ပါကျုပ်မလိမ်ဘူး တစ်ကယ်ကို အချစ်နဲ့ ကျုပ်မဆုံခဲ့လေဘူး ဟဲ.. ဟဲ ညာတယ်လို့ဆို တစ်ကယ်ပါ ကျုပ်.. ရင်တစ်ခြမ်းပျက်ကြွေစေလေဦး တစ်ကယ့်တစ်ကယ် ကျုပ်ညတွေ မှောင်မိုက်နေတုန်း။ ကွယ် နေသာမှ ဖြေသာတယ်လား တစ်ကယ်ဆို ငှက်တွေတောင် အိပ်တန်းအတူတက်ကြတာလား ကျုပ်ဘာလို့များ လွမ်းလို့ကျန်နေတာတုန်း အနော်မာတစ်ဖက်ကမ်းမှာ လွမ်းလို့ကျန်နေတဲ့ ယသော်ဓရာဇာတ်တစ်ခြမ်းကို ဘာလို့ စာတစ်တန်ပေတစ်ဖွဲ့ကျန်မနေတာတုန်း မောင်စိန်ဝင်းတစ်ယောက် အစွန်းတစ်ခြမ်းရောက်ထင်ရဲ့ သူလဲလေ ရင်တစ်ခြမ်းစောင်းကြီးနဲ့ အိမ်မက်အလွမ်း ဆီမီးမှိတ်တုတ် မျက်ရည်စမ်းစမ်းနဲ့ တောင်ပေါ်ကကျောင်းဆရာ ဇာတ်အလွမ်း မှန်း… ငိုလေစမ်း အိမ်မက်… အလွမ်း တဲ့ ကောင်းသန့်လို့ ဆိုလေစမ်း အလွမ်းတွေ အိမ်မက်ဖြစ်လေသလား အိမ်မက်တွေပဲ အလွမ်းဖြစ်လေသလား လက်တွေ့မှာတော့ ငါလေလွမ်းရင်းနဲ့.. ကြွေလွင့် ဒီပန်း။ ကြွေလွင့်ပန်း (၆/၁၂/၂၀၁၄)


ကာရံDecember 5, 20141min945
ဆောင်းအရိပ် ရနံ့ပန်း တစ်ဖက်မှာ ကြွေနေတယ် တစ်ဖက်မှာတော့ ဝေနေပြန်သေးတယ် အခြေအနေတစ်ခဏမှာ ရနံ့လေးများ အပြိုင်ကြဲလို့ပေါ့ နွမ်းလို့ပဲ ကြွေတာလား လွမ်းလို့ပဲ ဝေတာလား မေတ္တာလှိုင်းကလေး အစုန်အဆန်မို့ အချစ်ကမ်းနံဘေးမှာ အနမ်းလေးများ ပျံ့ကြဲလေရော့သလား ဟော ဟိုမှာ မိုးသားကလေး အပြေးသွားနေကြပြီ အမုန်းပြိုတော့မလိုနဲ့ ပုန်းကာငိုရော့လေတော့မယ် ဆောင်းခိုငှက်ကလေးများဖြတ်အပြေးမှာ ရနံ့လေးများလွင့်ပြယ်ပြီမို့ နှောင်းအတိတ်တစ်ဘက်ကမ်းက ဆောင်းအရိပ်ရနံ့ပန်းကလေး နွမ်းလို့လည်းကြွေ လွမ်းလို့လဲဝေခဲ့ပြီလေ ကာရံ ၆ ့၁၂ ့၂၀၁၄


ko sixDecember 5, 20141min2378
မနက်​အ​စောကြီး အခိုးအ​ငွေ့​တွေဟာ ဂျူး​တွေကိုသတ်​ဖြတ်​ခဲ့တယ်​ အမှန်​တကယ်​နိုင်​ငံသားဆိုတာ အသက်​တစ်​ခု​တော့ ဝှက်​မထားရဘူး လူမြင်​ကွင်​းမှာ တက်​တူးထိုးထားပုံက အနုသယဆန်​​လှတယ်​ အထားအသိုမှားပြီး လူဖြစ်​လာခဲ့သလား ဒါမှမဟုတ်​ ​နေရာမှားပြီး​မွေးဖွားခဲ့သလား ဒီဇင်​ဘာဟာ ဖက်​နဲ့ထုပ်​ထားရတဲ့အသက်​။ ကိုစစ်​


aye.kkDecember 3, 20141min27718
ခွဲကွာသွားတဲ့ အတိတ်တွေနဲ ့…. မလာသေးတဲ့ အနာဂတ်ဆိုတာ…။ ငါမှမပိုင်တာ…..။ ငါနဲ ့ဆိုင်နေတဲ့ ပစ္စုပ္ပန်ကိုသာ ငါမြတ်နိုးတတ်ရမယ်…။ ပြီးခဲ့တဲ့ပန်းချီကားသစ်ဆိုတာ ငါ့အတွက်တော့မဲညစ်ညစ်….။ ပြန်စဉ်းစားလို ့အသစ်မဖြစ်တာ…ငါသိနေတာပဲ…။ မလာသေးတဲ့အနာဂတ် ရွှေရောင်ကွတ်ထားတဲ့ ဇာပဝါအနားစလို လှနေပါစေ ၊ ငါမျှော်လင့်လို ့မှမရတာ….။ ပစ္စုပ္ပန်ဆိုတာ..ငါနဲ ့ဆိုင်နေတုန်းမှာသာ….။ ငါ့အတွက်ဆိုတာ…မရှိဘို ့…..။ ငါတန်ဘိုးထား မြတ်နိုးတတ်ရမယ်…။ ငါဆိုတဲ့အသိစိတ်မှာ…. ငါဆိုတာဘယ်အရာကိုမှ…. မပိုင်တာကိုသိရလို ့…. မလွမ်းလည်း မလွမ်းတော့ဘူး….။။  


ဒီဇင်ဘာ ဒီဇင်ဘာ မရီ(ရယ်)ချင်ပါနဲ့ဗျာ ယာဉ်အမီမလာခဲ့လို့ ဟောဒီရင်မှာဆို့ နှင်းတို့က ဝေးနေတုန်း အမုန်းလေပြင်းကချွေ သေလုမတတ်ခံစား အမှန်တရားကပြောင်းပြန် နှောင်းကံက ဒီဘက်မရှိ တစ်ချက်တောင် မကြည့်တဲ့မင်း ပစ်ခွင်းခဲ့ ဥပေက္ခာမြား စုပစ်ခဲ့လေသလား ဘာသားနဲ့ထုတာမှတ်လို့ ဝေဝါးညို့ တဲ့ ဟိုအဝေး ခပ်ရေးရေး လမ်းကလေးမှာ လွမ်းးအဆွေးရယ် နင် နဲ့ ငါ ၊


ရန်ကုန် ဖျားနေတဲ့ မုတ်သုန်မြို့ ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘဝ အစုံပါတဲ့ မြို့တစ်မြို့ကို ပြပါဆိုရင်တော့ ဘင်္ဂလား ပင်လယ်အော်ကို အထက်စီးက ကြည့်နေတတ်တဲ့ ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့။ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာဒေါ်လာ ၁၅ဝတန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း ရနိုင်တဲ့မြို့။ တချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ ခပ်ဝါးဝါးသာဆတွေးနိုင်တဲ့ အခြေအနေ။ တစ်မြို့လုံးမှာ အပေါဆုံးက ကြွပ်ကြွပ်အိတ်နဲ့ KTV လို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း မှတ်ချက်ချတယ်။ အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့ ပြည့်နှက်နေတယ်။ အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်း လမ်းသစ်တွေ ခင်းပြတတ်သလို ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ […]


တောထဲကထွက် online ပေါ်ရောက်တော ့ ဖတ်စရာတွေက အများသား။ mail တွေကိုစစ် စာပြန်သင် ့တာတွေပြန်.. facebook ထဲဝင် like တွေ လျှောက်ပေး comment ရေးနဲ ့.. နောက် ထုံးစံအတိုင်း တစ်စုံတစမယောက်ကို.. တွေ ့ပြီ…တွေ ့ပြီ! နှုတ်ခမ်းနီရဲရဲဆိုး မိတ်ကပ်ထူထူလိမ်းထားတဲ့ အသက် ၃ဝ ကျော်စ အပျိုရိုင်းမလေးတစ်ယောက်.. ကျနော် သူ ့ကိုသဘောကျမိတယ်။ ဒီတော ့ ခလုပ်လေးတွေနှိပ်ပြီး စာသဝဏ်ပါးလိုက်ပါတယ်။ အဲဒီ ့ခူးခက်ခက်ပန်းကိုမှ ခင်လို ့သာတွယ် ခူးဆွတ်လို ့ တစ်သက်ရွယ်ပန် အပျိုရိုင်းမလေးနှုတ်က စကားတွေ ထွက်ကျလာတယ်။ နင်တို ့ယောက်ျားတွေ online ပေါ်ရောက်လာရင် လျှာရိုးမရှိတိုင်း တဲ ့။ ပြောမယ် […]