ခင္ခOctober 14, 20141min1376
” ဖြစ်တည်ခဲ့မှု “   ထုံနေတဲ့ လက် ဆွံနေတဲ့ ပါးစပ် မလှမ်းချင်တဲ့ ခြေထောက် ဂိလာနတော့ မဟုတ်လောက်ဘူး လူကောင်းပကတိ သန်စွမ်းပါဘိ မြင်ရတွေ့ရ ကြားရမှုတွေ အားမရ ရှိလှသော်လည်း ထူးမလှတဲ့ အခြေအနေမှာ လက်မောင်းတန်းထုတ် အားက မရှိ ပြောလဲမထူးမို့ ဆွံခဲ့ပါ၏ နောက်လိုက်ညီညာ မရှိသာတော့ လှမ်းထွက်ခဲ့လည်း တစ်ယောက်ထဲမို့ ခြေထောက်တို့က ကြွလို့မရ ဖြစ်လှအခြေအနေ ပြန်ပြောမယ်အေ့ ထုံနေတဲ့ လက် ဆွံနေတဲ့ ပါးစပ် မလှမ်းချင်တဲ့ ခြေထောက်။     ခင်ခ။


manawphyulayOctober 14, 20141min915
ဪ… ကမ္ဘာ့ရွာတဲ့။ လူအများပြောတဲ့စကား နားမှာ ပဲ့တင်ထပ် အထပ်ထပ်ကြားယောင် လိုင်းကားပေါ်တက် ကားခအပေး စပယ့်ယာအသံ “ဟယ်လို”တဲ့…..။ ၁၅၀ဝ တန်ဖုန်း ကျယ်ပြန့်နေပြန် လမ်းဘေးဈေးသည် ဈေးဝယ်ကို သူ စိတ်မဝင်စား သူ ပြောနေတာ “ဟယ်လို” တဲ့……။ လမ်းလျှောက်ရင်း ဝင်တိုက် တောင်းပန်တဲ့အပြော ကြားရလေမလား ဂရုစိုက် နားထောင် “ဟယ်လို” ကြားရလားတဲ့။ ရွာတော့ ရွာပဲ တဖြည်းဖြည်းနဲ့ ယဉ်ကျေးမှုမဲ့ရွာများ ဖြစ်သွားမှာ စိုးရိမ်မိတယ် “ဟယ်လို” တို့ရယ်……။


ကာရံOctober 13, 20141min763
လွမ်းည ကောင်းကင်ထက် လင်းတဲ့လမင်း ကြယ်စင်ထက် ဝင်းတဲ့မျက်နှာ အလွမ်းပိုလူမသိတာထက် အနားမှာသူမရှိတဲ့ နေ့ရက်တိုင်းမှာ ကိုလေရှင်လေးကိုလွမ်းနေလျှက်ပါကွယ် ကာရံ ၁၂ ့၁ဝ ့၂၀၁၄


ကာရံOctober 13, 20141min995
ယနေ့မှစ ထာဝရ ၁၅၀ဝချစ်မေတ္တာသည် လွမ်း၍မဝ တမ်းတတမို့ မှန်းစမျှော်မှန်း ချစ်လမ်းခရီးမှာ ပန်းခင်းသည့်လမ်း မပျိုးတောင်မှ ကိုတို့သစ္စာမြဲစေပါမူ ဆူးခင်းသင့်လမ်း တူဖြတ်သန်းရင်း ကြည်နူးရင်ခွင် မှေးစပ်ရင်းဖြင့် ရှင်လေးနှလုံးသား အေးမြစေကြောင်း ကိုဆုတောင်းသည် ယနေ့မှစ ထာဝရသည်သို့ ကာရံ ၁၃ ့၁ဝ ့၂၀၁၄


manawphyulayOctober 13, 20141min1588
ကိုယ်စီးတဲ့ ကိုယ့်မြင်းကို ကိုယ်ကိုယ်တိုင် အထီးအမ မသိ မြင်းပေါ်က ကျွန်မမှာ ရယ်ရပါ၏။ ကိုယ်ရေးတဲ့ ကိုယ့်ကဗျာကို ကိုယ်ကိုယ်တိုင် အမျိုးအစားမသိ ထင်သလို အမည်ပေးတယ် (ကွယ်) ရင်လေးပါဘိ…. ဤစာစုကို ဖတ်မိသော သင် သင်၏မျက်နှာ ပြုံးလိုက်ပါက မှန်မှာဟပ်ထင် သင့်ရုပ်သွင်သည် မလွဲသေချာ ပြုံးလိမ့်မည်မှာ ဧကန်အမှန် ရှိလိမ့်မည်ပါတကား… မနောဖြူလေး ၁၃.၁၀.၂၀၁၄


စဆရ ႀကီးOctober 12, 20141min1208
နေတစ်စင်း သူ့ချည်းပဲထွန်းလင်းနေလိုက်တာ သတ္တလောကကြီး ထိန်ထိန်ညီးလို့ အလျှံအဝါတွေတောက်ပ ကွယ်.. သူ့ချည်းသာလော။ အလင်းတွေဆောင် အပူတွေဖြန့်ဝေလို့ ဒီမြေကမ္ဘာကြီး လှုပ်ရှားသက်ဝင်စေလို့ ကွယ်.. သူ့ကြောင့်ချည်းလော။ တစ်ချိူ့များသူ့ကြောင့်ကြွေ တစ်ချို့ကသူ့ကြောင့်ဝေလို့ သူမရှိရင်ပဲ လူတွေခမျာ နေရေးနဲ့ သေရေးခက်သလိုလို ကွယ်.. သူမရှိရင် တစ်နေ့မရှိသလော။ အမှောင်ကိုဆောင်ကျဉ်း တစ်နေ့တာ အပူတွေငြိမ်းစေတော့မှ လမင်းရယ် ထွန်းလင်းပေလို့ လူသားတွေ အနားရယ်ယူလို့ သက်ရှိတွေ အိပ်တန်းဝင်လို့ လတစ်စင်းရဲ့ပွေ့ဖက်ခြင်းမှာ ငါတို့တစ်တွေ အိပ်စက်ပျော်လို့ သူ့ချည်းရယ်နဲ့မှ မပြည့်စုံပေတာလို့။


ko sixOctober 10, 20141min1447
ကြာရိုးက ကြာခူးသမားရဲ့အတိမ်​အနက်​နဲ့​တော့ သပ်​သပ်​ လူက ဘက်​ထရီရဲ့အနီအနက်​နဲ့​တော့ သပ်​သပ်​ ဒီလို​ပြော​တော့ တိမ်​ဆင်​သက်​ရာအရပ်​မှာ ​တောထ​နေပုံက လဟာပြင်​တွေကို မကြားကြဘူး။ အိပ်​မက်​ကို မှိတ်​တုတ်​မှိတ်​တုတ်​မက်​ရင်​း သစ်​တစ်​ပင်​​တော့စိုက်​ခဲ့တယ်​ ​​ဝေးပါ​သေးတယ်​ ငှက်​တစ်​​သောင်​းတို့ ပျံရင်​းနဲ့​သေကြ​ပေ​တော့ အနာဂါတ်​ဟာ ​ကျောတစ်​ရာရင်​တစ်​ရာပဲ အ​ဖြေထွက်​​နေတုန်​း


ခင္ခOctober 9, 20141min22914
” အဖေ အဖေ သီတင်းကျွတ်ပြီ ”     အဖေ အဖေ သီတင်းကျွတ်ပြီ အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ် ယုန်ရုပ်မီးပုံး သားတွန်းချင်လို့ ကလေးဘဝမယ် ဝယ်ပေးခဲ့တယ်။   အဖေ အဖေ သီတင်းကျွတ်ပြီ အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ် လမ်းထိပ်ဆိုင်မယ် မီးပန်းဝယ်လို့ ထွန်းကာဆော့ဖို့ ကျောင်းနေအရွယ် ကလေးငယ်တွင် ဝယ်လို့ပေးခဲ့တယ်။   အဖေ အဖေ သီတင်းကျွတ်ပြီ အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ် ဘော်ဒါအပေါင်းအသင်း သူငယ်ချင်းနဲ့ ပွဲဈေးလျှောက်ကာ ဇာတ်ကြည့်မလို့တဲ့ လူပျိုဝင်စ ထိုအရွယ်က မအိပ်ဘဲနေ စောင့်ခဲ့ဘူးတယ်ထိုညမယ်။   အဖေ အဖေ သီတင်းကျွတ်ပြီ အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ် ထိမ်းမြားဖို့အရေး လူကြီးစုံရာတောင်းရမ်းပေးဖို့ လူပျိုရွယ်လွန် ပြုပေးခဲ့ရထိုအခါက။   အဖေ အဖေ […]


maung TTNOctober 9, 20141min987
ငါတို့ရဲ့ကောင်းကင်ပြာလေး ပျက်စီးသွားခဲ့တယ် ဟုတ်တယ်…. တိမ်မဲတိမ်မိုက်တွေကို … နင်လိုလိုလားလား ဖိတ်ခေါ်ခဲ့ပြီးတဲ့နောက်မှာပေါ့…. တဒင်္ဂပျော်ရွှင်ခြင်းရဲ့ နောက်… အိမ်မက်ကို ထာဝရမက်ခွင့်ရပါရစေ… ဒူးထောက်ပေးထားခဲ့ပြီးပြီ.. ခေါင်းတော့ထပ်မငုံ့လိုတော့ပါဘူး… မိန်းကလေး… တကယ်တော့… ငါဟာ အိမ်မက်အဟောင်းကိုကိုင်.. ညအမှောင်ထဲ့နယ်ချဲ့မိသူပါ…. တကယ်တော့… နင်က… နင်က…. ငါ့အသည်းကို ခွဲပြီး….. နင်က … နင်က…. ငါ့မာနကို ရိုက်ချိုးပြီး… နင်က… နင်က … အတ္တကိုကိုးကွယ်ပြီး…. နင်က… နင်က…. …………………… ငါ့မျက်ရည်စက်တွေကိုမှ… ပျားရည်လိုနှစ်သက်နေခဲ့သူပေါ့….


ခင္ခOctober 8, 20141min1228
” သံဝေဂ ”   ဖယောင်းတိုင်လေး ထွန်းကာပေးတော့ တစ်စတစ်စလောင် တိုသွားသည့်တိုင် အလင်းရောင်ပေး ဖြန့်ကျက်သေးလည်း နောက်ဆုံးကုန်လော့ ငြိမ်းပါပြီပေါ့ အလင်းရောင်ပျယ် မှောင်သွားပြီဟယ် ချုပ်ငြိမ်းနောက်ဆုံး ဖြစ်လေသည်။   ခင်ခ။


ခင္ခOctober 7, 20141min1479
” တန်သလောက်ဘဲ လုပ်ကြမယ်ဆို ”   သဒ္ဒါကြည်ဖြူ လောင်းတဲ့ဆွမ်းက ပိုလေမျှတော့ သွားရောက်ယူကာ ဝေကာမျှပေး ပရဟိလေးတို့ အိမ်မဲ့ရာနေ ကျုးတွေဆီသို့ ပို့ကြလို့ကွယ် သာဓုခေါ်မယ်။   ပြန်လှန်စဉ်းစား ဗိုလ်ချုပ်ပြောစကား ဗုန်းဗောလအော် သုံးကြဗမာ မချွေတာရင် အလဟတ်သတ် ကုန်ကျစရိတ်ပင် အတော်များမယ်ထင်။   မော်စီတုန်းက တရုတ်ပြည်ကြီး ထူထောင်ခဲ့စဉ် ထမင်းပုဂံထဲ ထမင်းစေ့ကျန် ထိုမြို့အတွင်း ကျန်သည့်ထမင်း စုမိခဲ့ရင် နောင်တစ်ရွာအတွက် စားလောက်လိမ့်မယ် တိုင်းထွာချက်ပြုတ် စားသောက်ဖို့ကို မိန့်ခွန်းချွေတာ ဖတ်ဖူးပါတယ်။   အဲဒီတော့ကာ သဒ္ဒါကြည်ဖြူ လှုလေသူကို မတားမကောင်း တားမကောင်းသော်လည်း မျှတစွာလေး လူခံလောင်းရင် ကောင်းလေမလား တွေးမိသွားတယ် မကျေနပ်လည်း ဆဲပေတော့။     ခင်ခ။


ကာရံOctober 7, 20141min1133
အရိပ်အသွင် ငါ၏စိတ်အစဉ် အရိပ်အသွင်ဖြစ်ဖန်ဆင်း နွယ်လိုရစ်ပတ်ရင်း အမြစ်တွယ်ခဲ့သည် ထိန်းထားခဲ့ပါသည် ဖိတ်ကျသွားတဲ့ ချစ်ရေစဉ်လေးက အေးမြစေသလားတဲ့ နွေးထွေးတာပေါ့ မေတ္တာဆိုသော အရိပ်အောက်မှာ မင်းနဲ့ငါ ရပ်တည်နေလို့လေ မိုးစက်များခြွေကာကျလာတယ် ဒါပေမယ့် သူတို့မြေမခသေးခင်လေး ပန်းကလေးများ အလွမ်းပြေသောက်သုံးရင်း ရနံ့လေး မွေးဖွားကြပြန်သေးတယ် အဖူးအငုံ ပွင့်ဖတ်စုံပါလျှက်ကယ်နဲ့ လမ်းနံဘေးက ရပ်တည်သူမို့ ငြိုးငယ်နေသယောင် ဒါကိုကြင်သူမသိပါဘူးလေ တန်ဖိုးဆိုတာ သိသူထက် ထိုက်သူက စံရတာလား ထိုက်သူထက် သိသူက ပန်ရတာလား အဖန်တစ်ရာအတွေးများထဲမှာ မင်းနဲ့ငါ ရပ်တည်ချက်က နားလည်မှုလေးပါ ကာရံ ရ ့၁ဝ ့၂၀၁၄


maung TTNOctober 7, 20141min1075
အလွမ်းသည် ချိုမြိန်ပါသည်… အချစ်သည် ခါးခဲ့ပါလိမ့်မည်…. အတိတ်သည် အလွမ်းကိုပိုချိုမြိန်စေခဲ့သည်… သူမသည် အချစ်ထက် ဆန္ဒကိုဦးစားပေးခဲ့သူဖြစ်သည်.. သူမသည် အချစ်ထက် အတ္တကိုဦးစားပေးခဲ့သူဖြစ်သည်.. မကြားရသောစကားကို မလှုပ်သောပါးစပ်မှပြောသည်ကို မထောင်သောနားကကြားသည် လုံးဝမရှိသော အသည်းနှလုံးမှ လွန်စွာနာကျင်လေသည်