black chawJuly 3, 20171min28710
ကွေးတဲ့လက် မဆန် ့ခင်မှာပဲ ဆန် ့သောလက်ဟာကွေးနေခဲ့ပြီ…၊ အချိန်မရွေး ရပ်တန် ့သွားနိုင်တယ်ဆိုတာ သိနားလည်ပြီးတဲ့နောက် မေတ္တာတရားဟာ သိသိသာသာ အားကောင်းလာခဲ့…၊ သတိရလွမ်းဆွတ်ခြင်းတွေဟာလည်း ချိန်ခါမဲ့ မိုးတွေလို ရုတ်တရက် ရွာချလာခဲ့…၊ အော်… မြစ်တစ်ခုမှာ ရေနှစ်ခါ ချိုးလို ့မရနိုင်သလို နှုတ်ခမ်းလေး တစ်ခုကိုရော နှစ်ခါနမ်းလို ့ရနိုင်ပါရဲ ့လား…၊ မသိလို ့အသည်းနင့်အောင် ချစ်ပြီး မသိလို ့ခါးခါးသီးသီး မုန်းကြ အမိုက်အမဲလေးတွေမို ့ မသိလို ့အသည်းကွဲနေကြရတာပါ၊ တကယ်တော့… အားလုံးဟာ မရေရာ ဝမ်းနည်းဖို ့မလိုတာ အခု ကျွန်တော် နားလည်ခဲ့ပါပြီ။ (BC)


“ကျနော်ကဗျာရွတ်သံများ”     ကျနော်ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး http://picosong.com/Wstq မေတ္တာအစစ် http://picosong.com/Wsz8 ကျန်နေခဲ့သူ၏အလွမ်း http://picosong.com/WsT3 ဆွံ့အသူ http://picosong.com/Wsay သိက္ခာနဲ့ငွေကြေး http://picosong.com/Wsat မေတ္တာ ဂရုဏာ မုဒိတာ http://picosong.com/WsH4   ကိုပေါက်လက်ဆောင် ကဗျာ ရွတ်သံ 22-6-2017


မင်္ဂလာပါရွာသူရွာသားအပေါင်းသူတော်ကောင်းတို့ ရွာထဲဒီနေ့မှအင်တာနက်လေးကောင်းလို့ဝင်ကြည့်မိတယ်… အတော်လေးပြန်လည်စီကားနေတာတွေ့လို့….အံ့ဩဝမ်းသာဖြစ်မိကြောင်းပါ တကယ်တော့ပို့စ်တွေကိုကွန်မန့်တွေပေးကြရာမှာ ဖွဘုတ်တော်ကြီးပေါ်မှာထက်ဒီဂဇက်ရွာမှာမန့်ရတာပိုလေးနက်သလိုခံစားရသဗျ…..အာ့လေးလာပြောရင်း… တင်ခဲ့ဖူးတဲ့..ရွာသူသားပြန်ခေါ်စာလေးရီနယူးပြန်လုပ်ချင်လာသဗျို့ ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့… ယနေ့သည်ကား မန္တလေးဂေဇက်ဝက်ဆိုက် ကြီးအတွက် အင်မတန်မှ မင်္ဂလာရှိလှသောနေ့ ကြီးတစ်နေ့ ဖြစ်ပေတော့သည် အဘယ့်ကြောင့်နည်းဟူမူကား… ရွာ၏လူကောင်း၊ လူဟောင်းများစွာ လူသစ်ပါဝင် ရွာထဲဝင်ကြ ရွာစည်လှ၍ သူကပို့စ်တင် ကိုယ်ကခင်နှင့် ကွန်မန့်တွေပေး ပျော်ကြသေးတော့ ဒီလိုမြင်ကွင်း မြင်ရခြင်းကြောင့် ကျုပ်၏ရင်ဝယ် ပီတိလှိုင်းခတ် ငတ်ခဲ့သည့် အချစ် ပြန်ရဘိသို့ ။   ဒီမှာသဂျီး  ဒီရွာကြီးဟာ သင်၏ရွာပါ  ဒါပေသော်ငြား ရွာဆိုသည်မှာ လူသူမရှိ တိတ်ဆိတ်ဘိငြား တစပြင်အလား ဖြစ်နေငြားက သင်၏ရွာသည် ရွာဟု မတွင် တစပြင်တည်း။   ယခုခါမူ ရွာမှမြို့တက် ရွာကိုမေ့လျှက် ရွာကိုမဝင် ရွာမခင်ဟန် မေ့ ခဲ့ […]


Mon LayJune 7, 20171min1152
မိုးကောင်ကင်အမြင့်ဆုံးမှာပျံသန်းနေတဲ့ငှက်ကလေးတွေကို မြင်ရတဲ့ကလေးငယ်တစ်ယောက်ရဲ ့ခံစားချက်လို အပြာရောင်ငှက်ငယ်လေး မိုးကောင်ကင်ကိုဖြန့်ကျက်ပြီး ပျံသန်းသလို ကမ္ဘာကြီးက သိပ်လှတယ်ဆိုတာကို ခံစားကြည့်လိုက်ပါ သိပ်လှတဲ့လှေကလေးတစ်စင်းဟာ သူကျင်လည်ရာ လှိုင်းတွေပေါ်မှာ ယစ်မူးကခုန်ပြီး အချစ်လေညင်းလေးတွေကို ဆောင်ကြဉ်းပေးသလို လှိုင်းကလေးကလည်း ဖြူလွလွသဲသောင်ပြင်ကိုစွန့်ပြီး ပင်လယ်ထဲမှာ သာယာနာပျော်ဖွယ် တေးသံသာကို သီကြွေးလို့နေတာပေါ့ ကဗျာဆရာတစ်ယောက်ရဲ ့ အပြစ်မရှိသော အသွေးအသားနဲ့ ကဗျာတစ်ပုဒ်ကို သီကုံးစပ်ဆိုထားမှုကြောင့်လည်း ကမ္ဘာကြီးဟာ နေ့ကနေည ညကနေနေ့ ဖြစ်လို့လာတာပေါ့ ကမ္ဘာမြေကြီးကလည်း ကိုယ်တွေကိုပြန်ချစ်ဖို့ အိမ်မက်တွေကိုအကောင်အထည်ဖော်ပေးနိုင်တဲ့ မနက်ခင်းတိုင်း တွေရှိသလို လေးလံထိုင်းမှိုင်းအိပ်မောကျနေတဲ့မြို့လေးနိုးထဖို့အတွက်လည်း  အာရုံကျင်းမနက်ဦးဆိုတာလည်းရှိပါတယ် အချစ်ဆိုတဲ့အရာကတော့ နင့်အတွက်ဖြစ်ပြီး ချစ်ခြင်းမေတ္တာကိုပုံဖော်ဖို့အတွက်ကတော့ ငါ့အတွက်ဖြစ်ပါတယ် ငှက်ကလေးတွေကတော့ နင်ဖြစ်ပြီး ကလေးငယ်တွေကတော့ ငါဖြစ်ပါတယ် ငါက ညဘက်မှ ကြယ်လေးတွေတောက်ပတာကိုမြင်ရတဲ့ အရိပ်အမှောင်မှာသာနေတဲ့လူတစ်ဦးပါ နင်ကတော့ ငါ့ပတ်ဝန်းကျင်ကို တောက်ပနိုင်တဲ့ ငါရဲ ့ကြယ်လေးတစ်စင်းပါ […]


“အဆုံးသတ် ကစားပွဲ” ညောင်မြစ်တွေ လိုက်တူးပြီးတဲ့အဆုံး တွေ့ ရတဲ့ ပုတ်သင်ဥတွေထဲမှာ အပုပ်တစ်လုံးပါနေတာ  ဆန်းသလားကွာ။ အမြင်မှာတောင် ပက်ပက်စက်စက် ရှုံးနေတဲ့ တစ်ချပ်မှောက်ကစားပွဲမှာ မှောက်ထားတဲ့အောက်ဖဲ လှန်ပြဘို့ မလိုတော့ဘူးထင်တယ်။ ကောက်ကျစ်တဲ့ နှုလုံးသွေးနဲ့ရေးမယ့် မိစ္ဆာပန်းချီကားတစ်ချပ် အဆုံးသတ်ဘို့ အတွက် ရက်စက်တဲ့ စုတ်ချက် တစ်ချက်သာ လိုပါတော့ တယ် ကဲ     မိတ်ဆွေ ကစားပွဲ ရဲ့ အဆုံး  အရှုံးအနိုင် အတွက် ခင်ဗျား ဘယ်ဘက်ကထိုင်ချင်ပါသလဲ။ ကိုပေါက်(မန္တလေး) ကိုပေါက်လက်ဆောင်အတွေးစဉ် 12517


အယူသည်းတဲ ့ဦးနှောက်ချည်တိုင်တွေ တစ်မေ့တစ်မောတမ်းတ လွင့်သွားတဲ ့တိမ်ခိုးတိုင်း ရင်နာခဲ့တာ…..   ။ ငါ…………အစိမ်းရောင်ဝေဒနာနဲ ့ ရွာကို မရောက်တာ ကြာပြီ..။       ကျော်စွာခေါင်  


alinsettApril 17, 20171min29910
ပင်လယ်ဆီကို ပို့တဲ့စာ —————– မြစ်ကြီးက ပင်လယ်ကြီးနဲ့ တူချင်လို့. . . အစွမ်းကုန် လှိုင်းခတ် လှုပ်ရှားပြနေလည်း… မီးပြတိုက်ကလေးကတော့ . . . ငြိမ်သက်စွာသာ . . . လက်ပိုက်နေလေရဲ့။ မပြည့်တဲ့အိုးတွေ မျောလာပြီး မီးပြတိုက်ကလေးကို တိုးတိုက်သမျှကိုလည်း မှိတ်တုတ်မှိတ်တုတ် အလင်းကလေးအောက်မှာတောင်. . . မြင်တွေ့ရတာ များခဲ့ပြီ တဲ့။ —————— သင့်အေးရိပ် ဧပြီ၊၁၇၊၂၀၁၇                    


“တတိယမြောက် အခွင့်အရေး” မိန်းခလေးရေ မလယ်မဝယ် မင်းခပ်ငယ်ငယ်ပေါ့ ချစ်သူနဲ့ကွဲ လမ်းလွဲသွားတဲ့အခါ ငါ့ရင်ထဲတိုးဝင် မင်းငိုကြွေးစဉ်က ရှတတ မျက်ရည်စ အသာတို့ယူ ငါ ဖယ်ပေးခဲ့ဘူးတယ်။ မိန်းကလေးရေ အရွယ်တွေလွန်မြောက် အတောင်တွေပေါက် အချစ်တစ်ခုထဲနဲ့ ဖောက်ခွဲပျံသန်း လောကကြီးကို စမ်းသပ်စဉ်က လမ်းမှားလူမှား ခါးခါးဘဝ ကြုံရခိုက်က မခံနိုင်အဆုံး ရုန်းထွက်ခဲ့စဉ် ငါ့ရှေ့မှာခြေစုံရပ် နောင်တတွေနဲ့ ဆက်စပ်နေတဲ့မျက်ရည်စ ပူလောင်စွာ တလိမ့်ခြင်းကျစဉ် အသာတို့ယူ ငါ  ဖယ်ပေးခဲ့ရဘူးတယ်။ မိန်းခလေးရေ အခုများမတော့ အနေတွေဝေးသွား သတင်းမကြား E mail မရောက် မပေါက်  Wechat Messenger မလာ Viber မရှိ ဘာဆိုဘာမှသိ မှောင်အတိကျသောနေရာ ငါရောက်နေစဉ် အခါသမယ တကယ်လို့များ မင်းမှာ တတိယမြောက် မျက်ရည်စ […]


”  အရှုံးနဲ့စတဲ့ဇာတ်”     မပြိုင် ခင်က ရှုံး မစ ခင် က ဆုံး မဆုံ ခင် က ကွဲ မတွေ့ ခင်က လွဲ မဖြစ် ခင်က ပျက်   ရက်စက်တဲ့ ကံကြမ္မာ အဆိုးတွေဘဲ လာနေတာ ငါတစ်ယောက်ထဲဘဲလားဟေ့။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၇၄၁၇    


alinsettApril 6, 20171min2052
                                                ရနံ့တစ်ဝက် အသံတစ်ဝက်နဲ့  လွင့်ပျံ့လာတဲ့ အရောင် ———————————————– ကြားလိုက်သလား။ ဟိုး. . . အဝေးဆီက. . . ပန်းပွင့်တွေသီဆိုတဲ့ ဂီတသံ ခပ်သဲ့သဲ့၊ ဘယ်လောက်များ ယစ်မူးစရာ ကောင်းလိုက်သလဲဆိုရင်. . . နက်ပြာရောင် ဝတ်ရုံကို ခြုံထားတဲ့ လင်းတလက်လက်ကြယ်ပွင့်တချို့တောင် … ဖြုတ်ခနဲ ကြွေကျကုန်လေရဲ့။ ——– ကြားနေရတဲ့ ဂီတထဲကနေ တစ်သက်မမေ့ချင်စရာ […]


alinsettMarch 27, 20172min2836
မရှိမာန ————————- မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ ခေတ်ထဲမှာမှ. . . ငါက. . . လှံ အမြင့်မှန်သမျှ မြေမြှင့်ပြီး ဖို့ပစ်ချင်တဲ့သူ. . . – ဘာရယ်တော့ မဟုတ်ပါဘူး။ ငါက. . . သာမန်တောရွာကလေးဆီက ၃ပေ ၆ပေ မြေသား တစ်ပုံတစ်စရယ်ပါ။ ————— သင့်အေးရိပ် မတ်လ ၁၂ရက်၊ ၂၀၁၇ (photo- internet)


Mon LayMarch 17, 20179min2073
?ကန်တော်ကြီးကိုအတူတူသွားပြီး..ကရဝိတ်စားသောက်ဆိုင်နားမှာအတူတူထိုင်ပြီးစကားတွေပြောခဲ့ကြတာကိုပြန်လွမ်းတယ်……? ?ကန်တော်ကြီးထဲမှာပဲ..နေ့လည်စာ.စားခဲ့ကြတာကို….လွမ်းတယ်? ?ပန်းခြံထဲမှာသူများအတွဲတွေလိုထီးကာစရာမလိုဘဲခါးလေးဖက်ရုံထိုင်ခဲ့…ချစ်စကားလေးတွေသီပြီး..သူ့ပါးလေးကိုခိုးနမ်းခဲ့တာကို…လွမ်းတယ်? ? နမ်းချင်တယ်လို့နှုတ်ကဖွင့်မပြောခဲ့ပဲ…ကောင်လေးနဲ့ကောင်မလေးအနမ်းပေးနေတဲ့စာအုပ်လေးလက်ဆောင်ပေးခဲ့တယ်.. သိတာပေါ့နမ်းချင်နေတယ်ဟုတ်လားလို ့မေးတော့..သူပြုံးပြခဲ့တဲ့အပြုံးလေးကိုလွမ်းတယ်? ❤တရုတ်တန်းမှာညစာစားခဲ့ကြတာလေးကို…လွမ်းတယ်…? ?သူ့ကိုလိမ္မော်သီးခွံကျွေးခဲ့တာကို…လွမ်းတယ်? ?ကျွန်မရဲ့ဓာတ်ပုံကိုဓာတ်ပုံသားအဖြစ်ပြန်ကူးပြီးAlbumနဲ့ထည့်ပြီးလက်ဆောင်ပေးခဲ့တာကိုလွမ်းတယ်…….? ?သူ့နာမည်ရဲ ့အစစာလုံးနဲ ့ကျွန်မရဲ့နာမည်အစစာလုံးရဲ့အင်္ဂလိပ်စာလုံးအက္ခရာရှိတဲ့Keychainကိုဝယ်ပြီးသူက ကျွန်မရဲ့နာမည်Keychainကိုယူပြီးကျွန်မကိုသူ့နာမည်Keychainလေး..ချစ်သက်လက်ဆောင်ပေးခဲ့တာကိုလွမ်းတယ်…? ?ကျွန်မသိပ်လိုချင်တဲ့..925 handchainလေးကိုသူရန်ကုန်လာတဲ့အချိန်ကျွန်မနဲ့စတွေ့တဲ့အချိန်လေးမှာ..သူကိုယ်တိုင်ဝတ် aပးခဲ့တာလေးကို…လွမ်းတယ်? ?ချစ်သက်လက်ဆောင်အဖြစ်..အသဲပုံလော်ကပ်သီးပါတဲ့ဆွဲကြိုးလေးကိုကားဂိတ်ကနေပို့ပေးခဲ့တာကို….လွမ်းတယ်? ?Valentine dayမှာအတူတူမရှိနိုင်ပေမယ့်အတူတူချစ်ရတဲ့အချိန်တိုင်းဟာ…Valentine Dayပါပဲလို့ပြောခဲ့တာကို…လွမ်းတယ်? ?ယောကျာ်းနဲ့မိန်းမလို ့…ချစ်စနိုးခေါ်ခဲ့ကြတာကို…လွမ်းတယ်? ?ဓာတ်လှေကားထဲမှာ..CCTVတပ်ထားသော်လည်း..သူ့ပါးမို့မို့လေးကိုခြေဖျားထောက်ပြီးနမ်းခဲ့တာကို..လွမ်းတယ်? ?အီးမေးလ်နဲ့. အချစ်သီချင်းလေးတွေ..ပို့ပေးခဲ့တာကို..လွမ်းတယ်? ?စိတိပျက်အားငယ်တဲ့အချိန်တိုင်း..အားပေးစကားပြောခဲ့တာတွေကို…လွမ်းတယ် ?သူကSandwich ကောင်းကောင်းလုပ်တတ်တော့နောက်ကျရင်လုပ်ကျွေးမယ်လို့ပြောခဲ့တာကို..လွမ်းတယ်? ?ပြင်သစ်Eiffel tower မှာသွားလက်ထပ်ကြမယ်လို့ပြောခဲ့တာကို..လွမ်းတယ်? ?နှစ်ယောက်ကြားမှာလိမ်ညာမှုဆိုတာမရှိဘဲ…ရန်ဖြစ်ပြီးလည်းပြန်ချစ်ခဲ့တာကို…လွမ်းတယ်? ?လွမ်းတယ်ဆိုတာကို..ဖုန်းနဲ့ပြော…မက်ဆေ့တွေအပြန်အလှန်လှန်ပို့ခဲ့တာကို….လွမ်းတယ်?  


မတရားခံနေရဆဲတိုင်းပြည် အခုမှတကယ်ကြွေရတဲ့ဦးကိုနီ လက်ရုံးတစ်ဖက်ပေးဆပ်လိုက်ရရှာလို့ နှလုံးသားတွေတဆတ်ဆတ်နာနေတာတောင် ပါးစပ်အဟောင်းသားနဲ့ထိုင်ငေးနေရတာက မြတ်မာတာ