ခင္ခOctober 1, 20141min1105
” တစ်နေ့တာ “   တစ်နေ့တာအချိန် မှီကာပြုပြီး တွေ့လာမြင်ကွင်း ရေးကာသွင်းသည့် ပထမမြောက်ခင်ခ စပ်ဆိုပြရာ ပြန်လည်စုကာ ဖော်ပြလို့သာ တင်လိုက်တာပါ။     ” လင်းအာရုံ “ အရှေ့တစ်ခွင် လောကဓာတ်က တိုးထွက်လာမယ့် နေမင်းအရောင် ရောင်နီသန်းပါပေါ့ မြို့ဦးကျောင်းအုန်းမောင်းသံက ပျံလွင့်ကာကျက်သရေဖြာတယ် အမေအိုဆွမ်းချက်ဖို့မီးကိုမွှေးလို့ ဈေးရောင်းထွက်မည့်ဈေးသည်များရယ် မိုးလင်းရင်ခင်းကာရောင်းစို့ ဈေးသို့သွားဖို့ရယ်ဟန်တပြင်ပြင် ပဲပြုတ်သယ်ထွက်ကာရောင်းဖို့ သူလဲဘဲပြင်ဆင်ရပြီ လဖက်ရည်ဆိုင်မှပရိတ်သံက တိုးညှင်းကာထွက်စပြုတယ် နေ့တစ်နေ့ပြန်ကာစမယ်ရွယ် အာရုံတက်အချိန်အခါပါကွယ်။   …………………………………………………………………………………………………………………… ” မနက်မိုးလင်း “   အရှေ့ကထွက်ပေါ်နေမင်း လင်းရောင်ဖြာလောကဓာတ်နွေးစေဖို့ ထွန်းတောက်ကာဖြန့်လေတယ် ကျေးဌက်တို့အိပ်တန်းထသံ ဆူဆူညံနဲ့ တေးဆိုဖွဲ့ လယ်သမားကလယ်တောဆင်းပြီ အလုပ်သမားကသွားဖို့ရယ်ဟန်ပြင် ကျောင်းသားငယ်စာကျက်သံဖွဲ့ ခဏနေကျောင်းသွားရတော့မယ်ဟဲ့ အိမ်ရှင်မတွေ ဈေးခြင်းကိုဆွဲ လင်းကြက်ရယ်တွန်သံသာနဲ့ နုတ်ဆက်ကာဟစ်ကာကြွေးပါတဲ့ […]


manawphyulaySeptember 30, 20141min1045
စားပါ သောက်ပါ စေတနာနှင့် သာယာကြည်အေး လေချိုသွေးသည် တို့ရွာလေး၏ စေတနာ…. လာပါ ရေးပါ ချစ်ပျူငှာနှင့် မေတ္တာချိုမွှေး လေချိုသွေးသည် တို့ရွာလေး၏ အကြင်နာ… ရေးကာဖတ်ကာ၊ ကူညီရှာကြ ညင်သာကြည်အေး၊ လေချိုသွေးသည် တို့ရွာလေး၏ ကရုဏာ… အခေါက်ခေါက် အခါခါ ရောက်ခဲ့မိသည် ရင်မှာ မမေ့ စိတ်ချမ်းမြေ့သည် ယနေ့ထက်တိုင် တို့ရွာထဲတွင် ရနံ့ ကြိုင်ဆဲ လှိုင်ဆဲ သင်းပျံ့ဆဲ….ပါတကား…. မနောဖြူလေး ၃၀.၉.၂၀၁၄


အေတြးေလးSeptember 29, 20141min923
တရိပ်​ရိပ်​နဲ့ တက်​လာတဲ့​ဝေဒနာက ကိုယ်​့ရဲ့အား​ပေး​ဖော်​လား ​မေတ္တာ အစစ်​အမှန်​ကဘယ်​မှာ သံ​ယောဇဉ်​က​ရော​အေးမြရဲ့လား ပူ​လောင်​​နေ တဲ့ စိတ်​မှာ​တော့ ကိုယ်​့လိပ်​ပြာ​လေးငို​နေတယ်​မိုင်​ တကယ်​​တော့ကိုယ်​ရူးတယ်​လို့ပဲဆိုချင်​ဆို ကိုယ်​ဟာ အတ္တ တစ်​ခုကိုဦးစား​ပေးသူပါ မိုင်​ နှစ်​​ယောက်​တူတူ​လျှောက်​ခဲ့​ပေမယ်​့ လမ်​း​တွေက ပြဒါးနဲ့ သံ​လေ မိုင်​ ဦး​နှောက်​သုံးပြီး ​ရွေးချယ်​ခဲ့တုန်​းက ကိုယ်​့အတ္တ​တွေ ခါးခဲ့တယ်​။ အရိပ်​​တွေဟာ ကိုယ်​့စိတ်​ကို​နှောင်​့ယှက်​​နေတယ်​ မိုင်​။ အလွမ်​း​တွေနဲ့ နွမ်​း​ကြွေ​နြေပြီပဲ အနမ်​း​တွေကိုမတမ်​းတ​တော့ပါဘူး။ အဆုံးသတ်​ဘဝ တခုမှာ ​တော့ ခပ်​စိမ်​းစိမ်​းပဲ​နေမယ်​မိုင်​။ အ​တွေး​လေး (ပြင်​ဦးလွင်​) 29-9-2014


manawphyulaySeptember 29, 20141min643
လွမ်းမိသေးသည် တို့ရွာဆီ၌ ရာသီသုံးမျိုး စာပေဖူးနှင့် ရွှင်မြူးတွယ်တာ မြတ်နိုးစွာဖြင့် စာပေလုပ်ငန်း အားအစွမ်းတို့ ရေး၍မကုန် ဓလေ့ခြုံသည် ရိုးဂုဏ်အလှ ဆင်သောကြောင့်…. အဖွဲ့အနွဲ့ အဆင်တန်ဆာ အလင်္ကာ ခေါ်ဆိုထိုက်၏။ စာပေကို တန်ဖိုးမြင့်အောင် မြှင့်တတ်ပါဘိ….. စာပေကို အဆင်အသတွေနဲ့ ယဉ်လှစေတဲ့ အလင်္ကာ အလင်္ကာ ဆင်ကာသပါမှ စာလှမည်သာ…. မနောဖြူလေး


ခင္ခSeptember 29, 20141min892
” ရပ်နိုင်ပေ့ နဲ့ ဇရာအို အလွမ်း “   ရပ်နိုင်ပေ့လို့ မြူဆွအားပေး ကလေးငယ်ကို ငယ်ကပြုတာ ကိုယ့်ခြေကိုယ်ပေါ် ရပ်တတ်ဖို့နော်။   မြို့သစ်တွေချဲ့ စက်မှုဇုံနဲ့ မြို့ကွက်ချပေး လမ်းမသာသေးတာ ကိုယ်ထူကိုယ်ထလုပ်ကြဖို့ဟ။   ကျေးဇူးကြီးလှ မိနဲ့ဖ ရေ ကိုယ်နေရပ်လေး သာယာဖို့အရေး လုပ်ဆောင်တတ်လာ ကိုယ်ထူကိုယ်ထဟာ ငယ်ကကျင့်ခဲ့ရ ရပ်နိုင်ပေ့ ပါဗျ။     ” ဇရာအို အလွမ်း”   ကလေးငယ်သွေး ငယ်ပါသေးတယ် ခွံကာမုန့်ကျွေး နို့ချိုတိုက်ပေး ပြုစုပျိုးကာ မွေးခဲ့ရှာပြီး ကျောင်းထားစာကျက် ပညာတတ်လို့ လုပ်ငန်းခွင်ဝင် ကျင်လည်ခဲ့ရ ဘဝအဖုံဖုံ အချိန်ရွှေ့လျား မရပ်နားတော့ ဆည်းဆာချိန်ခါ ဖြစ်တည်လာတဲ့ ဇရာအိုဘဝ ရောက်ခဲ့လှပြီ ငယ်ကအကြောင်း အဆိုးအကောင်းကို […]


Paing LaySeptember 28, 20141min26112
ဇီးကွက် ၂ကောင် လာဘ်ကိုဆောင်ဆိုတဲ့အတိုင်း ဇီးကွက်နဲ့ပတ်သက်လို့ ဆောင်လိုက်တဲ့လာဘ်တွေ တောင်လိုပုံလို့ တချို့ဆိုရင် ဇီးကွက် အရှင်ကို လှောင်ချိုင့်ထဲ ထည့်ဖမ်းကြသေးတယ်။ ဒါပေမယ့် တောင်ပေါ်ဒေသရောက်ရင် မကောင်းဆိုးဝါးဆိုပြီး ပစ်သတ်ခံရတတ်တယ်။ ထိုနည်းတူပဲ….. လူတိုင်း အကောင်အထည်မြင်ဖို့ ခက်ခဲတဲ့ ညဉ့်ငှက်ဆိုးတစ်ကောင်ဟာ မြေပြန့်ဒေသက အိမ်တစ်အိမ်နား အသံပေးပြီး ဖြတ်သန်းသွားရင် အိမ်တစ်အိမ်က မိသားစုဝင် တစ်ဦးဦး သေဆုံးဖို့ နိမိတ်ပုံတဲ့။ တောင်ပေါ်ဒေသ ကို ဖြတ်သန်းလာရင် သူ(ညဉ့်ငှက်ဆိုး)ဟာ ကံကောင်းခြင်းတွေကို ယူဆောင်လာတဲ့ တမန်တော်တဲ့။   သူတို့ ၂ကောင်ဟာ လူတွေရဲ့ ပညတ်ချက်တွေကြားမှာ ချောင်ပိတ်နေတာ အခုချိန်ထိပဲပေါ့။   “တကယ်တော့ ငှက်ဟာ ငှက်ပါပဲဗျာ”   အားလုံးကို လေးစားတဲ့ Paing Lay


“နေရာ”   လူတစ်ယောက်အတွက် ဘဝမှာ နေရာနေတစ်နေရာရှိဘို့တော့ လိုအပ်မယ်ထင်ပါရဲ ့။   မရှိမဖြစ် အဓိက “သစ်” နေရာမှာဖြစ်ချင်လဲဖြစ်မယ်။   လိုရာမရခင်စပ်ကြား ခဏထားတဲ့ “ပေါင်းကွပ်ဝါး” နေရာမျုးိလဲဖြစ်ချင်ဖြစ်မယ်.။   ပယ်မရဖျက်မရ ခိုင်မာစွာတည်ထားတဲ့ အုတ်ကျောက်လို နေရာမျုးိလဲဖြစ်ချင်ဖြစ်မယ်။   သစ် ဘဲ ဖြစ်ဖြစ် ဝါး  ဘဲ  ဆိုဆို အုတ်ကျောက် နေရာဘဲ ရရ   ကိုယ် ရထားခဲ့တဲ့ နေရာမှာ အားလုံးအတွက်အသုံးဝင် အံဝင်ခွင်ကျဖြစ်ခဲ့ဘို့ဘဲလိုမယ်ထင်ပါတယ်။     ကိုပေါက်လက်ဆောင်အတွေးစဉ် 28-9-2014          


“ခက်တဲ့လူ ……………”   တစ်ခါ တစ်ခါ ရှင်တော်တော် အလိုက်မသိ။ အားမှအားရဲ့လား မစဉ်းစား မီးစိမ်းကလေးမြင်တာနဲ့ ဇွတ်ခေါ် Busy ပါလို့ ရေးထားလဲ သိတော်မမူ ရှင်တော်တော်ခက်တဲ့လူ။   တစ်ခါတစ်ခါ ရှင်တော်တော် အလိုက်မသိ။ လိုင်းကောင်းမှ ကောင်းရဲ့လား နည်းနည်းမှမစဉ်းစား ရှင် Hai  လို့ ပြန်မ hai မိရင် ပူပူ ဆူ ဆူ ရှင် တော်တော်ခက်တဲ့လူ။     “သရီးရှဲဒိုး နဲဗားနိုး” “မရှိတာထက် မသိတာခက် “ ရှင့်အတွက်များ ရည်ရွယ်ထားခဲ့သလား ရှင်တော်တော်ခက်တဲ့လူ။     ကိုပေါက်လက်ဆောင်အတွေးစဉ် 28-9-2014    


တောင်ပေါ်သားSeptember 27, 20141min11811
ကံကြမ္မာက ဖန်တီးခဲ့ အမှတ်တမဲ့ မှ အမှတ်တရ ပတ်သက်လာကြပြီးတဲ့နောက် အခေါက်ခေါက်သော တွေ့ဆုံမှုကြား တိုးပွားခဲ့ရ သံယောဇဉ် ပြောချင်စရာ အများအမြင်ကြောင့် စောင့်နေကျနေရာတွေကို ငါရှောင် ဆာလောင်တဲ့ နှလုံးသားကို တပ်ဆုတ် ကျပ်ထုပ်နေတဲ့ခံစားမှုကို ယမကာနဲ့မျှော ချောမွေ့မယ့် မင်းဘဝလမ်း ငါ့ကြောင့် မကြမ်းစေချင်သမို့ ထွက်စို့လို့ အသံပေး ငါပြေးမယ် ကြံခါမှ ခွာမရအောင် ကပ်လာတော့ ထပ်မကျော့သင့်တဲ့ ဇာတ်ဝင်ခန်း ရပ်တန်းကရပ်လိုက်ရင်း ဇာတ်တိုက်ခြင်း မရှိပဲ ငါတို့ငို ပြိုမယောင် မိုးတွေကြား သွားကြစို့မှန်း တစ်ယောက် တစ်လမ်း ၊


manawphyulaySeptember 27, 20141min896
ကိုယ့်အိပ်မက်ဥယျာဉ်ထဲက တစ်ပွင့်တည်းသောပန်း အမြဲလန်းတာ မြင်ချင်တယ်…. ပန်းဆိုတာ ကြွေနွမ်း မြေနမ်းရမဲ့ဘဝ မလိုသူ ဆိုကြပါစေ ပန်းမကိုဋ် နန်းထိုက်တင့်တယ် ဝင့်ထည်ထာဝရ ကျွန်မ ထားပါရစေ အိပ်မက်ခြောက်နွမ်း စမ်းရေခမ်းတော့ ချစ်သူပျောက်လို့ လွမ်းရမှာ စိုးရိမ်တယ်…. မနောဖြူလေး ခံစားသည်။


ခင္ခSeptember 27, 20141min1077
” ညဥ့်အခါ “   နေမင်းကြီးက ဝင်ကာပုန်းနေ လမင်းကြီးက မင်းမူအုပ်စိုး သူ့အလင်းကို ဖြန့်ကျက်ထိုး ပတ်ဝန်းကျင်ရယ် တိတ်ဆိတ်ငြိမ်လျှက် တစ်နေ့ပန်းချီကား အသက်မဲ့ပြီ တစ်ခါတစ်ခါ ခွေးဟောင်သံဖွဲ့ လင်းနို့တောင်ပံ ခတ်သံသွဲ့လို့ ညဥ့်ဌက်အော်သံ စူးရှသံဖြင့် အော်ကာမြည်လည်း နားထောင်သူမရှိ နောက်နေ့နိုးထ လှုပ်ရှားကြဖို့ အားယူအိပ်စက် လူသူကင်းတဲ့ တိတ်ဆိတ်လွန်းလှ ညအခါသမယကို ညဥ့်အခါလို့ ဆိုပေသကိုး။     ခင်ခ။


manawphyulaySeptember 26, 20141min934
ရုတ်တရက်လျှင် ခဏထွက်ခွာ၊ ထိုရွာထဲသို့ တစ်ခါတခေါက်၊ ပြန်မရောက်ခဲ့… စာပေပေါင်းသင်း၊ သူငယ်ချင်းတို့ ကဗျာ စာပေ စုံလင်စွာဖြင့် မျှတပါမှ မျှပါစ….. စာသံပေသံ တေးဆိုညံ၍ စုံတကာစေ့ တို့ရွာတွင်းလည်း စုပေါင်းရေးမှ ရေးပါစ….. စာပေတံတား ပေါင်းစုအားနှင့် အများဝိုင်းဝန်း ကူညီထမ်း၍ လမ်းသစ်ဖောက်မှ ဖောက်ပါစ…. ထိုထိုအတွေး စဉ်းစားရင်းဖြင့် ရောက်ခဲ့တစ်ဖန် တို့ရွာကလေး စိုစိုပြေပြေ ရှိလှပေသည် ဝမ်းသာလှပေစွတကား…… မနောဖြူလေး ၂၆.၉.၂၀၁၄ ညနေ ၄ နာရီတိတိ


တောင်ပေါ်သားSeptember 26, 20141min16715
ရိုးသားလို့ အေးချမ်း ဧရာကမ်းနဘေး မွေးခဲ့တဲ့ငါ အမေခေါ်ရာ ပါခဲ့ရင်း ရန်ကုန်မှာ ကြီးပြင်းရ ရက် လ တွေကိုဖြတ်သန်း အနမ်း အလွမ်း အကြမ်းတွေနဲ့အတူ ခံနိူင်ရည်တွေလည်း ထူခဲ့ပေါ့ ကျောင်းသားဘဝကနေ ဝန်ထမ်းဖြစ် အသစ် အသစ်သော အတွေ့အကြုံကြား နွားဖြစ်လိုက်  ကျားဖြစ်လိုက် မချစ်ထိုက်သူကို လွမ်းလိုလွမ်း ပစ်ထိုက်သူကို မှန်းလိုမှန်း ခပ်ကြမ်းကြမ်းဇာတ်မှာ ငါက မင်းသားဖြစ်လာတော့ ပျော့နေလို့မှ မရ လာလေသမျှ ဒုက္ခများ သုခ ဆိုတဲ့ဓါးနဲ့ရှင်း ပျက်စီးခြင်း လမ်းတွေကိုကျော် အရှေ့ကိုမျှော်လိုက်တော့ ဖျော့တော့လို့မှုန်ဝါး စုန်နေသလား ဆန်လေသလား မကွဲပြားပေမယ့် ဧရာသားရဲ့  မာန် မင်း သိချိန်ဖြင့် တန်လေပြီ ၊