ခင္ခSeptember 20, 20141min913
” ငယ်ကထဲက ချစ်မိလို့ “   ရော့ နင်ပန်ဖို့ ငယ်ငယ်တုန်းက လှမ်းကာပေး မဆိုင်းမတွ လှမ်းယူသေး သူ့ခေါင်းထက်မှာ ပန်လိုက်မနှေး ငါ လှလားလို့ မေးကာဆို လှပါရဲ့ဆို ပြုံးပျော်သကို။   ရော့ နင်ပန်ဖို့ အရွယ်ရောက်တော့ သူ့ကိုပေး ခေါင်းလေးခါကာ ငြင်းဆန်လို့လေး သူ့ကိုကို ပေးတဲ့ပန်းမှ ပန်းမယ်တဲ့လေး။   ရော့ နင်ပန်ဖို့ လှမ်းယူရမှာဝန်လေးပေမယ့် ယူချင်တဲ့ဟန် မငြင်းဆန်မို့ ယူသာပန်ပါ ကြည်ဖြူတာဟု တိုက်တွန်းကာထပ်မံပေး ယူငင်ကာရင်ဝယ်ပိုက်တယ် ငါ့ ဘဝမှာ နင်နားလည်ဆုံးဟယ် ညီးတွားသံသူဆိုလေတော့ ရွှေလက်တွဲလို့ မြဲသည်ပေါ့။     ခင်ခ။


ကာရံSeptember 19, 20141min904
လောကဓံကြားက ဖေဖေ့မေတ္တာ ခါးသီးလှတဲလောကတရားကြားမှာ နှလုံးသားကိုနစ်မြောလို့ သားသမီးလိုရှိတိုင်း ဖြေဆည်းပေးတဲ့ ဖေဖေရေ မစားရင်သာနေမယ် သားသမီးဘဝတွေမှာ ဝမ်းဝဖို့ မာနကိုခဝါချ အသက်ပေးကာ ချစ်တဲ့ဖေဖေရေ ခရောင်းလမ်းလား ဆူးခင်းလမ်းလား မမှုပါ သူ့ဘဝလေးက ဖန်ဆင်းရှင် အနန္တ မေတ္တာ ပိုင်ရှင်ဖေဖေ အမှားကိုထောက်ပြ အမှန်ကိုဖန်ဆင်း ထုစစ်လိုက်တဲ့ သားသမီးဘဝလေးမှာ ပန်းခင်းလမ်းပမာ နှလုံးသားကို တံတားတစ်စင်းသဖွယ် ဖန်ဆင်းပေးတဲ့ဖေဖေ ကျန်ရစ်ပေမယ့်လဲ သားတို့ဘဝလှဖို့ဆို ကျမျက်ရည် ရင်မှာဖိတ် သားတို့ပျော်ဖို့ ရင်ကွဲကာကျန်ရစ်လဲ အပြုံးပန်းလေး အစဉ်လန်းမယ့်ဖေဖေရေ နှစ်တွေသာ အိုကာဟောင်းမည် ပြောင်းမသွားတဲ့ ဖေဖေ့မေတ္တာတရားတို့သည် သားတို့ရင်မှာ ထာဝရဘုရားသခင်ဆိုတာ ဖေဖေသိရင်လေ ကျမျက်ရည်လေး အေးပါစေသား ကာရံ{17.3.2014}


ကာရံSeptember 19, 20141min922
မျှော်လင့်ချက်တစ်ဖက်ကမ်းမှာ အလွမ်းမိုးတွေချွေကျနေတယ် ရိုးတံပြိုင်းပြိုင်းမို့ မေတ္တာတိမ်တိုက်လဲ အုံ့စိုင်းလုိ့နေခြေပြီ ရွက်ခြောက်မဝေတော့တဲ့ ကမ်းစပ်နံဘေးမှာ အကြင်နာရေလှိုင်းလဲ နီးတစ်ခါ ဝေးတစ်လှည့်ပေါ့ အလွမ်းတွေကိုစု ငါတစ်ယောက်ထဲခရုကောက်ခဲ့ဖူးတယ် စုဆောင်းထားခဲ့တာ ၁၅၀ဝ ပြည့်လုလုမို့ ထွေးပွေ့ယုယခဲ့ သူမသိခဲ့တာတော့ သေချာတာပေါ့ အရူးတစ်ပိုင်းမို့ စူးစမ်းဖူးခဲ့တဲ့အချစ်ကလေ ဆယ်ကျော်သက်အရွယ် မဟုတ်ခဲ့ပါဘူး ရေပြင်ကငြိမ်ချင်ပေမယ့် ချစ်မိုးစက်လေး သက်ဆင်းတော့လဲ ချစ်ရတက်ရယ် ခက်ပြင်းပြင်းလေး ဂယက်ထဖူးပါတယ် တစ်သက်စာရူးရပြီလား မုန်တိုင်းကလေးအိပ်မက်အပေးမှာ ထစ်ချုန်းမိုးရွာဖြိုးစဲမို့ လမင်းရယ် အဝေးပြေးလေရော့သလား ရင်မှာအပူမိပြီမို့ ကြင်နာသူသိရင်လေ အမြဲစိမ်းတောလေး ဖန်ဆင်းပေးလှည့်ပါ ကာရံ{14.3.2014}


ခင္ခSeptember 19, 20141min1306
” အဟင့် အဟင့် အဟင့် “   နောက်ဆုံးဘုရင် ပါတော်မူ သီပေါဘုရင်တစ်ဆူ ခပ်ချာချာအုပ်ချုပ်ခဲ့ မဆလပါဟဲ့ စွာစိလံကာအုပ်ချုပ်သာ နဝတပါဗျာ ဟာတာတာလေးအုပ်ချုပ်ထား လက်ရှိအစိုးရများ တသက်လုံးက ညာခဲ့တာ ဝန်မင်းတွေပါကွာ ပြောခွင့်ရှိတဲ့ အရာရှိများ အထက်ဆရာကို ညာလို့စား ခရိုနီဆိုတဲ့ ဟိုလူတွေ နွှာရသမျှ အကုန်ယူလေ လွှတ်တော်ကြီးက ကျင်းပမြဲ အာ တော်မူသံ မစဲဘဲ အဲလို အဲလို ခေတ်ဆက်ထိုထို ဖြတ်သန်းခဲ့တာ ပြည်ထောင်စုပါ ဒို့ပြည်သူတွေ ဘာတွေဖြစ် အဟင့် အဟင့် အဟင့် ။     ခင်ခ။  


“လှ သော ည နေ ခင်း  “ ရွှေအိုရောင် ညနေခင်း လေးမှာ လှော်သူမဲ့ သော လှေကလေးက တစင်း မျောချင်ရာမျောနေတဲ့ ဗေဒါလေးက တသိုက် မြင်မြင်ရာ ရိုက်နေတဲ့ ဓါတ်ဖမ်းသူက တစ်ယောက် တွေးချင်ရာတွေး ရေးချင်ရာ ရေး နေတဲ့ ကဗျာဆရာ က တစ်ဦး အော် အားလုံးပေါင်း တော့ အလှ တစ်ခု ပေါ့။ ကိုပေါက်လက်ဆောင်အတွေးစဉ် 18-9-2014


htet waySeptember 18, 20141min2158
သတိမရအောင် စိတ်ကိုချုပ်လို့မေ့ကာမှ ရှေ့ခရီးမှာ အသစ်ဖြစ် တစ္ဆေလိုခြောက် လို့ အမှတ်တရနေ့ရက်တွေက ရင်ကို ရိုက်ခတ် ကိုယ်စိုက်ထားတဲ့ အချစ်ဦးဆိုတဲ့သစ်ပင်လေးက ရာသီမရွေးလန်းတယ် နွေမှာ တွေ့ရတဲ့ တံလျှပ်လို အဝေးကပဲငေးမော ခရေလို သတ္တိနဲ့ နုစဉ်တုန်းက ရဲဝံ့ခဲ့တာလည်းဖြစ်မယ် လရောင်ထဲ နှစ်ယောက် လက်တွဲလျှောက်ခဲ့တာလည်း အိပ်မက်တွေ ဖြစ်တယ် ဆောင်းမနက်ခင်းက မြူနှင်းတွေလို ဒီအသက်အရွယ်မှာ ပြယ် လွင့်တာလည်းဖြစ်မယ် ပူလောင်ပင်ပန်းတဲ့ လေကဓံတွေရဲ့ နိပ်စက်ချက်ကြောင့်လည်း ဖြစ်မယ် နောက် စည်းတားထားတာ စည်းခြားသွားတာတွေ ကြောင့်လည်းဖြစ်မယ် ရုပ်တရားက မရွေ့ပေမယ် ့ စိတ်ကတော့ ရွေ့လို့ ပျံလို့ အလွမ်းက မြစ်လိုစီးလို့ ညီမလေးငဲ့ လသာညတွေမှာ တယောတလက်ရှိရင် ဂီတဟာ ငါ့တို့ရဲ့ ကဗျာ။ ။


“ အထူးတွေး“ လူတစ်ယောက်မှာ သူများပြောတာနားထောင်ဘို့ နား ၂ ကို်ယ်ကပြန်ပြောဘို့ ပါးစပ် ၁ ဖန်ဆင်းထားရစ်ခဲ့ တာတောင်မှ စကုပ်တွေရှား အလုပ်တွေများ စကားတွေရှုပ် ပြဿနာတွေ လုပ်နေလို်က်ကြတာနော်။ တကယ်လို့များ နား ၁ ပါးစပ်၂ သာ ဖြစ်ခဲ့ မယ်ဆိုရင် ပလစ် ပလစ် ပကျစ် ပကျစ် ပြောလိုက်ကြမယ့် ဖြစ်ချင်း အတင်းအဖျင်းပေါင်းစုံ အမယ်မင်းနုတ်ကြောင့်သေမယ့် ပြဿနာ တွေ ဘယ်လောက် များမယ်ဆိုတာ တွေးများတောင်မတွေးရဲပါဘူးကွယ်။ ကိုပေါက်လက်ဆောင်အတွေးစဉ် 17-9-2014


ကာရံSeptember 17, 20141min772
ဒဏ်ရာမဲ့ ချစ်ခြင်း မုန်းမာန်ရယ်ပျိုး ငြိုးချက်မပြေ လွမ်းပေမယ့်လဲ ဝဲမျက်ရည်တို့ ပါးပြင်ထက်နား သူခိုနားရင်း မာနအားလေး ဖြေလျှော့ဖူးတယ် ့ ့ ရနံ့နှုတ်ခမ်း နွမ်းသည့်ပွင့်လွှာ နေခြည်ဖြာလည်း ကြေ ွချိန်တန်မို့ တမ်းတမ်းတတ မှန်းဆသူလည်း မေတ္တာမိုးလေး ရွာလိမ့်နိုးနိုး မျှော်ကိုးဖူးတယ် ့ ့ ့ တစ်နေရာဝေး ဆွေးလို့ခြေပြီ စိတ်အစဉ်က အရိပ်ထင်ကျန် နှလုံးသားဒဏ်ရာ နာတရမို့ ဘယ်သူများ ရိပ်မိနေမလဲ ့ ့ ့ ကာရံ ၁ရ ့၉ ့၂၀၁၄


ကာရံSeptember 17, 20141min1284
အရိုးခံ ခြေရာ တစ်စုံ အတွေးတစ်နေရာမှာ ရေးထားတဲ့ကဗျာတစ်ပုဒ် အဆုံးသတ်ဖို့ခက်နေသေးတယ် မင်းလေးကတော့ အပြုံးမဲ့ ပန်ချီတစ်ချပ်ပါ အနမ်းတွေဆွံ့အနေဆဲ ရေးဆွဲချင်ပေမယ့် ငါ့နှလုံးသွေး ရပ်တန့်သွားတယ် အကျည်းတန်တဲ့ ပတ်ဝန်းကျင်တချို့ အချစ်ကို ဦးညွတ်ဖူးတယ် နောင်တတွေ ဗရပွမို့ ခါးသီးတဲ့နေ့ရက်ကလေးက အတွေးခက်ခက် ပါပဲလေ သိပါစေ သိပ်ချစ်တာ ကြားပါစေ ငါ့မေတ္တာ ရပါစေ အကြင်နာ မျက်ဝန်းလေး ခုတော့ အဝေးရပ်က လှိုင်းသံအလား ကမ်းကပ်ဖို့ စိုးကြောက်မိသေးတယ် မင်းရဲ့အလှက ပန်းချီကားပေါ်က ဆေးစက်ဆိုရင်လေ ငါအရောင်တွေ ခြေဖျက်ချင်တယ် အဖြူ အမည်းက သူနဲ့ ငါအတွက် အရိုးခံ ခြေရာတွေပေါ့ ကာရံ{6.4.2014}


“အတွေးရူး ”   လူ့ဘဝကြီးထဲကို ဘာလို့ငါတို့ ရောက်လာခဲ့ကြသလဲလို့ တွေးကြည့်တော့အဖြေမရှိ။ နေ့စဉ်နေ့တိုင်း မရပ်မနား ဘာလို့ငါတို့ အလုပ်တွေလုပ်နေကြရသလဲလို့ တွေးကြည့်တော့အဖြေမရှိ။ တနေ့နေ့တချိန်ချိန်မှာ အသေအချာ ငါတို့သေသွားခဲ့ရင် ဘာတွေဖြစ်လို့ ဘယ်တွေရောက်မလဲမေးကြည့်တော့ မရေရာသောအဖြေတွေဘဲရှိ။ ဒါပေမယ့် ငါတို့အားလုံး ငါတို့ မပိုင်သော ဘဝလေးကို တွယ်တာ သေရွာကိုလွယ်လွယ်နဲ့ မသွားချင်ကြတာ အမှန်ပါနော။   ကိုပေါက်လက်ဆောင်အတွေးစဉ် 17-9-2014  


တောင်ပေါ်သားSeptember 17, 20141min915
ငါ့နှလုံးသား စတေဒီယမ်မှာ ကြားကွင်းအဖြစ် လာကစားရတဲ့ မင်း နိူင်ခြင်းတွေကို ပွေ့ဖက် မမေ့ရက်စရာ မျက်နှာလေး ငါ မြင်ယောင်နေသေးသလို အရှုံးဆိုတာနဲ့ ကြုံရပြန်လို့ မျက်ရည်လေးစို့စို့ မို့နေတဲ့မျက်ဝန်းတွေ ငါလေ တွေ့ရပေမယ့် ဘာဆိုဘာတဲ့မှ မတတ်နိူင် ပိုင်ဆိုင်သူမဟုတ်ပဲ ပွဲကြည့်သူသာဖြစ်နေရ အရန်ဘဝက မတက်နိူင်သေး လူစားလေးလဲမှာကိုသာ မျှော်နေရ ဆိုးလှ  ဆိုးလှ  ဟောဒီဘဝ .


ခင္ခSeptember 17, 20141min943
” ပေးချင်ပေမယ့် “   ပန်းပေးလို့အရှုံးပေး နှလုံးအေးတယ်ဆို သံဃောဇဉ်ရိုးတံနဲ့ အချစ်ထုံမွှန်းပြည့်စုံပန်းမို့ သူခေါင်းမှာပန်ဆင် အလှတွေဆင့်လို့ မြတ်နိုးဟန်နဲ့လက်ခံပြုရင် ဆယ်သက်ဆယ်ခါပေးလိုက်ချင်ရဲ့ ခုတော့ထိုပန်းအရမ်းလှလို့ မြတ်နိုးသဒ္ဒါကြည်ဖြူစွာဖြင့် နတ်စင်ထက်ကပန်းအိုးမယ် ထိုးလိုက်ပါ့မယ်ကွယ်။ ခင်ခ။


naywoon niSeptember 17, 20141min1456
အချစ်​မူးတဲ့ည အပြင်​မှာ မိုး​တွေသည်​းသည်​းမည်​းမည်​းရွာ​နေ​ပေမဲ့ ငါ့ရင်​ထဲက မီး​တောက်​ကို​တော့ ​လေတစ်​ချက်​​တောင်​မဟတ်​နိုင်​ခဲ့ရှာဘူး ။ သနားဖို့​ကောင်​းလိုက်​ပုံများ မိုးရွာထဲမှာ ရင်​ဘတ်​ဖွင်​့ပြီး ပက်​လက်​ လှန်​အိပ်​​နေတာ​တောင်​မှ ရင်​ဘတ်​က မီး​တောက်​က မိုး​ရေနဲ့ထိပြီး အငြိုးတစ်​ကြီး​လောင်​မြိုက်​​နေတုန်​း အဲ့ဒိတစ်​ခဏမှာ ငါ​သေချာသိလိုက်​တာက ​နောက်​ဆုံး​သောက်​ခဲ့မိလိုက်​တဲ့ အရက်​တစ်​ခွက်​ဟာ တစ်​ကယ်​​တော့ ငြင်​းပယ်​လိုက်​ရမဲ့ ဒါမှမဟုတ်​သွန်​ပစ်​လိုက်​ရမဲ့ အရက်​ခွက်​​ပေပဲ ။ ဒါ​ပေမယ်​့ ငါဟာ ​နောက်​ဆုံးကျန်​​နေတဲ့ အရက်​တစ်​ခွက်​ကို နှ​မြောတ,သစွာနဲ့ မက်​မက်​​မော​မော အ​လောတစ်​ကြီး​သောက်​လိုက်​မိတာပဲ ။ အဲ့ဒိက စ,လို့ ရင်​ခွင်​မှာ မီး​တောက်​​လောင်​ခဲ့တာ ပါ့ ။ ကဗျာဆရာ တစ်​​ယောက်​​ပြောခဲ့သလိုပ ရင်​ဘတ်​ချင်​း ဂျက်​ပင်​ မထိုးနိုင်​ရင်​​တော့ ငါ့ကဗျာလာဖတ်​ပါနဲ့ ။ ပလပ်​ကျွတ်​ပြီး ငါ့လာမ​ဝေဖန်​နဲ့ ။ ကဗျာဆရာ့အလုပ်​ ငါပြီး​အောင်​လုပ်​ပါရ​စေဦး ။ ​နေဝန်​းနီ 11:18 SEP […]