naywoon niApril 23, 20141min1309
လူတစ်​ချို့က ငါလွန်​ခဲ့တဲ့ ဆယ်​နှစ်​အ​ကျော်​က ဖြတ်​သန်​းခဲ့ဖူးတဲ့ လမ်​းမှာ မျက်​​စေ့လည်​ လမ်​းမှား​နေကြတုန်​း ဒီ​တော့ ငါဟာ သူတို့​တွေထက်​ ဆယ်​နှစ်​အ​ကျော်​​လောက်​ ​ရှေ့ကို ​စော​ရောက်​​နေ​ပေါ့ …… ။ သူတို့​တွေကလည်​း အားကျမခံပြန်​​ပြော​ပေါ့ မင်​းအခု မျက်​​စေ့လည်​း လမ်​း​ပျောက်​​နေတဲ့လမ်​းကလည်​း ငါတို့ ဆယ်​နှစ်​အ​ကျော်​က ဖြတ်​သန်​းခဲ့ဖူးပြီ တဲ့​လေ အဲ့ဒိ​တော့ ငါက သူတို့ရဲ့ ဆယ်​နှစ်​အ​ကျော်​ ​နောက်​ကျ​နေပြန်​​ရော …… ။ သက္ကရာဇ်​ တစ်​ခု ထဲမှာပဲ ငါဟာ ​ရှေ့ကို​ရောက်​လိုက်​ ​နောက်​ကျလိုက်​နဲ့ ပစ္စက္ခ တစ်​ခု ချိန်​သားကိုက်​ဖို့ ချိန်​ညှိ​နေရ​ပေါ့ ….. ။ ​နေဝန်​းနီ


Sine SantApril 23, 20141min24318
စဉ်းစားချိန် . . . တီ . .ဟာ @ # $ % & * တိုက်ကုန်ပြီ .ဟေ့. . .ဟယ် . . အို .. ဘုရား . . ဘုရား . . :chee: မိုးတိုးမတ်သပ် လမ်းခုလတ်မှာ တိုးလို ့တန်းလန်း အ တွေးတစ်စနဲ ့ ကိုးလို ့ကန် ့လန် ့ ဘယ်သွားရမှန်းမသိတော့ရင် :harr: နက်နက်နဲနဲ စဉ်းစား မ နေနဲ ့တော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဇာပန်းထိုးထားတဲ့ စောင် တစ်ထည် ယူသွား ကျော်သူ ့ကားနဲ ့နောက်ဘဝ […]


alinsettApril 22, 20141min16719
        ချစ်စရာကောင်းတဲ့သဘာဝတရားကို အဓမ္မပြုကျင့်မိတဲ့အတွက် ပြစ်ဒဏ်ကျခံနေရတဲ့လောက/ကိုယ့်တစ်ကိုယ်စာ ဖြစ်တည်မှုကတောင် ရေရာမှုမရှိရတဲ့ကြားထဲ. . .သူများတွေကိုပါ ကယ်တင်ချင်သေးသတဲ့ ။ အဟက် ။ ကိုယ့်စာမျက်နှာတွေ ကိုယ်ပြန်ခေါက်သိမ်းပြီးသာ ငြိမ်းငြိမ်းချမ်းချမ်း အိမ်ပြန်ချင်စမ်းပါကွယ်။ သံသရာဆိုတာက လေချိုလေး သွေးရုံနဲ့ ပြီးပြတ်မသွားဘူး။ ငြိမ်းချမ်းရေးဆိုတာကရော ဘာထူးလဲ။ ပန်းတစ်ပွင့်မှ မဟုတ်တာ ။ လှမ်းခူးလိုက်ရုံနဲ ့ ကိုယ့်လက်ထဲရောက်လာနိုင်တာဆိုလို့မိုးပေါ်က ကြယ်တွေပဲ ရှိတယ် ။ ငြိမ်းချမ်းရေးဆိုတာ ငှက်တစ်ကောင်လို့ ထင်မြင်ယူဆသူတွေပဲ မှန်တယ် ။ မကြာခဏ ထ ပျံသွားတတ်တဲ့ သဘောကို သိတဲ့သူတွေအတွက် ငြိမ်းချမ်းရေးဆိုတာ ငှက်တစ်ကောင်။ မယုံဘူးလား။ မယုံဘူးဆိုရင် သင်ကိုယ်တိုင် ငှက်တစ်ကောင်လို ပျံဝဲဖို့ကြိုးစားကြည့် ။ ကောင်းကင်ရဲ့ဝတ်ရုံလွှာအပြာနုကို ထိုးခွဲ.. . […]


naywoon niApril 19, 20141min1347
ပတိုက်​နဲ့မတန်​ ……… ​ဟောင်​း​လေ​လေ တန်​ဖိုးတက်​​လေ​လေ ဆို​ပေမဲ့ အမ​ျိုးမမှန်​တဲ့ အ​ဟောင်​းအမြင်​းကျ​တော့ အမှိုက်​ထဲထိုးထည်​့ခံရတာမဆန်​းပါဘူး ဟုတ်​တယ်​ ဟုတ်​ တန်​​ကြေးရှိတဲ့ ပျားရည်​ထဲ နှပ်​​ချေး​ရောပြီးကာမှ ပျားရည်​စစ်​စစ်​​တွေနဲ့တန်​းတူထား ​လှောင်​ထားလို့​ကော ဘာထူးမလဲ အ​ရောအ​နှောဟာ အ​ရောအ​နှောလိုတန်​​ကြေးမရှိ အဲ့ဒိလိုပဲ ယဉ်​​ကျေးမှုဆိုတာလဲ ​ရော​ကော​,သော​ကောဖြစ်​လာရင် ဆက်​ပီး မထိမ်​းသ်ိမ်​းနိုင်​ရင်​ ပြတိုက်​ထဲ​စော​စောထည်​့ ထားလိုက်​တာကပိုမ​ကောင်​းဘူးလား ​တော်​​တော်​ကြာ ဟိုဟာ​ရော ဒီဟာစပ်​နဲ့ ပြတိုက်​နဲ့မတန်​ဖြစ်​သွားရင်​ ငါတို့ဘာလူမျိုးဆိုတာ ကို ​နောင်​လာ​နောက်​သား​တွေကို သက်​​သေပြစရာမရှိဖြစ်​သွားမယ်​ ။ ​နေဝန်​းနီ


Sine SantApril 19, 20141min22018
ဆူညံပေါက်ကွဲ ရွာနီးနားဝယ် သမီးသားလာပါ ဖိုးဖွားလက်ဆွဲ သေကွဲရှင် ကွဲ တောကြီးတောင် ထဲ အိမ်လယ်ယာကုန် ရန်မီးများကြား ရှိတာထုပ်ထား တနပ်စားဖြစ်စေ မဝ ရေစာ စုပေါင်းဝေမျှ က လေးတို ့ကျောင်းစာ ဘယ်မှာရှာအံ့ ဘဝတူချင်း အားပေးကူညီ အားမရှိတဲ့ ရည် မှန်းချက်နဲ ့ အသက်တစ် ရက် ပဲရှည်ပါစေ နွေးထွေးစွာ လက်လှမ်းကြိုတဲ့ ဒုက္ခသည်စခန်း ဆီသို ့။ ။ 😥 ငြိမ်းချမ်းရေးအတွက်ဆိုပြီး ငြိမ်းချမ်းစွာနေထိုင် တဲ့ ပြည်သူတွေ ဒုက္ခသည်စခန်းမှာ ဘယ်အချိန်ထိ ဒုက္ခခံနေရမှာလဲ ။ ။ :buu: 😥 ကချင်ပြည်နယ် စစ်ဘေး ဒုက္ခ သည် များသို ့ဆုတောင်းမေတ္တာပို ့သလျက် ။ လုလု […]


aye.kkApril 17, 20141min23621
အားလုံးကျန်းမာ စိတ်ချမ်းသာစေ နှစ်ဟောင်းအနှုတ် ကုန်ဆုံးပြုတ်ခဲ့ပြီ….။ မင်္ဂလာနှစ်သစ် ကြည်သာလန်းစွင့် အဖွင့်စကား မှတ်တမ်းများမှာ အပေါင်းနှစ်သစ်ဖြစ်ပါစေ…။။


naywoon niApril 17, 20141min1927
မမှီတဲ့စပျစ်​သီးကို ချဉ်​တယ်​လို့ လူတစ်​ကာကို လိုက်​​ပြောရတာလဲအ​မောပါပဲ …….။ သူမှီတဲ့ စ​တော်​ဘယ်​ရီ သီး​တွေကျ​တော့ ဘယ်​သူ့မှ ခွဲ​ဝေမ​ကျွေး သူတစ်​​ကောင်​ထဲ စားပစ်​လိုက်​တယ်​ ….. ။ ​နေဝန်​းနီ


naywoon niApril 15, 20141min1828
သူတစ်​ပါး ဥ ခွံအ​ဟောင်​းထဲဝင်​ပီး ဒါ ငါ့ဟာ ဒါ ငါ့ဟာနဲ့ ​တွေ့သမျှသူကို လိုက်​ကြွား သတင်​းစကား​တွေပါးလိုပါးနဲ့ စိတ်​ပျက်​စရာ ဝင်​ကစွပ်​​တွေ​ရေ ။ ဒီအချိန်​​ရောက်​လာရင်​ ကိုယ်​နဲ့​တော်​၏ ။ မ​တော်​၏ ။ ကိုယ်​နဲ့ တန်​၏ ။မတန်​၏ ။ မကြည်​့ မျက်​လုံးကို စုံပိတ်​ထားပြီး လုပ်​ချင်​တာတစ်​ခုကိုပဲ ​တွေး ဒီလို ငါလုပ်​လိုက်​လို့ဘာဖြစ်​သွားမလဲဆိုတာကို မစဉ်​းစား လုပ်​ချင်​တာကိုလုပ်​​တော့ ဝင်​ကစွပ်​​တွေ​ရေ ငါ​တော့ မင်​းတို့နဲ့ သူတစ်​ပါ့ဥခွံထဲ လိုက်​မဝင်​နိုင်​ ​ဘေးကသာထိုင်​လို့စိတ်​ပျက်​​နေ​ လေရဲ့ ဝင်​ကစွပ်​မဟုတ်​တဲ့ ဝင်​ကစွပ်​ ငါမဟုတ်​တဲ့ငါ သ​ဘောတရားနဲ့ ဘာသာ​ရေး အရှုပ်​အရှင်​းကြားမှာပိတ်​မိ​နေ​လေရဲ့ ………။ ​နေဝန်​းနီ


naywoon niApril 15, 20141min1558
ညာတာ​တော့ ညာတာပါပဲ နား​ထောင်​​နေတဲ့သူ​တွေကလည်​း အားနာလို့ ယုံကြည်​ချင်​​ယောင်​​ဆောင်​​နေ​ပေးသတဲ့ ကဲ ဘယ်​​ကောင်​းတဲ့ လိုက်​​လျောညီ​ထွေမှုပါလဲ …….။ အဲ့ဒိလို လူ​နေမှု စရိုက်​​အောက်​မှာ ကြီးပြင်​းလာသူ​တွေဟာ ​နောင်​တစ်​ချိန်​မှာ ညာသူ​တွေဖြစ်​ချင်​ဖြစ်​ ညာသူ​တွေမဖြစ်​ရင်​ အားနာလို့ယုံကြည်​ချင်​ဟန်​​ဆောင်​သူ​တွေ ဖြစ်​မှာ မလွဲ ….။ ကဲ ဘယ်​မလဲ တိုးတက်​မှု ????? ။ ​ရှေ့ကနွားကမှ ​ဖြောင်​့​ဖြောင်​့မသွား ​နောက်​လှည်​းဘီ း အပြစ်​တင်​​နေလို့​တော့ အပိုပါပဲ ….။ ​နေဝန်​းနီ


ကူမားရ္April 14, 20141min46433
နတ်သမီးကဝေ အရှင်… မတောင့်တအပ်သော အရှင်ဧ။် လေးညှို့မှပစ်ခွင်းသည့်….. ဆုံဆည်းမှုမြားတစ်စင်း ပြုစားခံရခြင်းပေလား… အလွမ်းဆိပ်တို့ ဆွတ်ဖြန်း ထားသော အရှင်ဧ။်..မြား.. အကျွုပ်..နှလုံးသားမှာစူးနစ် ပါပြီ… မူးယစ် သံဇာဉ် ဖြင့် တေးဖွဲ့သော အရှင်၏….လေးညှို့သည်လည်း အကျွန့်..နှလုံးးသားကို သွေးစို့စေခဲ့ ပါပြီ… အချစ်ဟု..ဆိုအပ်သော အရှင်..တင်စားသည့်အရာမှာ.. ခွဲခွာရခြင်း ဝေးကွာခြင်း နှင့် သစ္စာမဲ့ခြင်း ထိုအားပြင်းသော ရာသီသုံးခု ဥတု ရောက်လျှင်… တွင်တွင်လောင်မြိုက် နှလုံးသား နှင့် အနီးတစ်ဝိုက်တွင် အမှောင့်တိုက် တတ် သော.. တောင့်တရခြင်း.. လွမ်းရခြင်းနှင့် ကြေကွဲရခြင်း ကဝေမင်းဧ။် အလျှံညီးညီး ရှားမီးအပူ အတူတူ ဟု ကျွုပ်၏ အယူကို… အရှင်မ..မသိလေရော့သလား… ထိုမှတစ်ပါး… ကြင်နာ ထောက်ထား သနားမဲ့သည်၌ အရှင်ဧ။် ပညာ […]


ko sixApril 12, 20141min1696
စဉ်​းစားကြည်​့ ကိုယ်​့ပိုက်​ဆံနဲ့ကိုယ်​ ကိုယ်​့ယဉ်​​​ကျေးမှုကို တစ်​ဖဲ့ပြီးတစ်​ဖဲ့ ဖဲ့ဖဲ့​ပေး​နေရ မိုင်​းနပ်​ကို​တော့ မိတ္တူမကူးကြပါနဲ့ အတုယူရတယ်​ဆိုတာ အစစ်​မဟုတ်​တာ​တော့ ​သေချာပါတယ်​ ကဲ….လက်​ခံမယ်​ဆိုရင်​ ​ရေ ကစားကြမယ်​ ညီမ​လေး ကိုစစ်​(ရူပ​ဗေဒ) 12,April,2014 4း57PM


Kyi LwinApril 11, 20141min882
၁၂၉၂ ခုနှစ် အတွက် မေတ္တာပို့ နှစ်ကူး သစ်မြူး၊ ခေတ်ဦး ကောဇာ ဆန်းစ ချမ်းမြ၊ စန်းလ သော်တာ မြိုင်အောက် ကြိုင်လှောက် ၊ ပိတောက် ပမာ ကျန်းရွှင်ကြောင်း ၊ သွန်းလောင်း ရေသီဒါ။        ။ ဆရာမင်းသုဝဏ် ၃၁. ၃. ၁၉၃၀ ဆရာမင်းသုဝဏ်ရဲ့ မေတ္တာရေလောင်း ကဗျာလေးပို့ပေးလို်က်ပါတယ်။ မန်းဂေဇက်ရွာ ပြည်သာယာမှာ နှစ်ဖြာ သုခ ချမ်းသာစေကြောင်း ကျွန်ဆုတောင်းသည်။ ရေ ထိ ပန်းနှယ် အေးစေသောဝ်။ ဆရာမင်းသုဝဏ်ရဲ့ မေတ္တာရေလောင်း ကဗျာလေးပို့ပေးလို်က်ပါတယ်။ နှစ်သစ်အတာမှာ ဘေးဘယာတွေ ဝေးကွာလို့ ရွှင်လန်းကြပါစေကြောင်းရှင်။ မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင် ၁၁.၃.၂၀၁၄


အံ့ဩတဲ့သူတွေက အံ့ဩမယ်။   မျက်လှည့်ဟာ ပညာသားပါပါ လှည့်မယ်။ ကစားမယ်။ လက်ခုတ်သံတွေယူမယ်။   မျက်လှည့်ဟာ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးတယ်။   မျက်လှည့်ဟာ မျက်လှည့်ပြနေတယ်။   လက်ခုတ်တီးမယ်။ ကဲ့ရဲ့မယ်။ အံ့ဩမယ်။   ‘ဟာ’ကနဲ   ‘ဟင်’ကနဲ   မျက်လှည့်ဟာ မြင်းလှည့်ဖြစ်လိုက်   မြင်းလှည့်ဟာ မျက်လည်ဖြစ်လိုက်နဲ့။   မျက်လှည့်ဟာ မျက်လှည့်ကြားထဲမှာ မျောအောင် ပြတယ်။ လိမ်တယ်။ ခေါက်တယ်။   မျက်လှည့်ဟာ မျက်လှည့်ပြနေတယ်။ ပြဦးမယ်။ ပြဦးမှာပဲ။     ……………………………………………………………..   ရင်နှင့်ရင်း၍ အောင်မိုးသူ ဧပြီ ၁၁ရက် ၂၀၁၄ခုနှစ် နေ့လည် ၂ နာရီတိတိ