“မျှားနေရင်းပြန် အမျှားခံရခြင်း” လူဆိုတာမငြိမ်ခုန်ဆွတဲ့စိတ်ပိုင်ရှင် ဟိုဟာလေးလဲ လိုချင် ဒီဟာလေးလဲလိုချင် အတော့် ကို “ချင်ခြင်း” တွေများတဲ့သတ္တဝါ အဲဒီအထဲမှာ ကျနော်လဲပါသပေါ့။   တစ်ခါတစ်လေမှာကိုယ်ကမျှားတဲ့သူ တစ်ခါတစ်ရံမှာတော့ မျှားနေရင်းကနေ မသိမသာကိုယ်ပြန်အမျှားခံရသူ တစ်လှည့်တစ်ပြန်ခံတဲ့အခါ ခံ စံတဲ့အခါစံ ဒါကတော့ လောကကြီးရဲ့ထုံးစံပါဘဲ။   ကိုယ်သွားချင်တဲ့ ခရီးလမ်း မကြမ်းတမ်းဘဲချောစေဘို့ကတော့ ဆင်နဲ့မျှားတဲ့အခါမျှား ရွှေနဲ့မျှားတဲ့အခါမျှား စိန်နဲ့မျှားတဲ့အခါမျှား လူနဲ့မျှားတဲ့အခါမျှား တော်ကီပွားတဲ့အခါပွား ဘာမှအလကားမရတာတော့သေချာတယ်။   မျှားတိုင်းမိချင်ရင်တော့ ချပေးရမယ့် အစာ အထာကျဘို့တော့လိုပါတယ်။ အချိုကြိုက်သူ အချို အခါးကြိုက်သူ အခါး တရားကြိုက်သူ တရား အာဘွား ကြိုက်သူအာဘွား ဟိုဟာကြိုက်သူ ဟိုဟာ ဒီဟာကြိုက်သူဒီဟာ ဟိုနေရာ  ဟိုဟာ ဒီနေရာ ဒီဟာ ပီပြင်စွာမျှားတတ်ဘို့ဘဲလိုပါတယ်။   တစ်ခါ […]


DEPARKO DEPARKOJuly 25, 20131min18311
သတင်းတော့သတင်း သိမ်ဖျင်းတဲ့သတင်း ဖတ်ရတာမျက်စိကမရဲ ရင်ထဲကိုသံပူရေလောင်းချသလိုပ ဘုရားဟောတော့ရှိသား လူသက်တမ်း ၁ဝ နှစ်သားမှာ လင်မယားလုပ် ငါးနှစ်နဲ့လူလုပ်မတဲ့ ကမာ္ဘပျက်လုနီးပါး မေတ္တာတရားခေါင်းပါးရာကနေ သံဝေဂတွေဝင် သီလစောင့်ထိန်းကြရာက လူ့အသက်ပြန်ရှည် အသချေင်္ရတန်းပြန်လေမတဲ့။ ဒါပေတည့်ဗျာ ၁၃နှစ်နဲ့အိမ်ထောင်ပြု နားထဲမှာခုလုခုလုနဲ့ မြန်မာနိုင်ငံအနောက်ဘက်ချမ်း လင်ယူတဲ့သက်တမ်း ၁၃နှစ်တဲ့ဗျ။ အခုတော့ဗျာ ကြားရတာနားဝမှာမလျှော် သူယုတ်မာတွေများ မှုခင်းဂျာနယ်သတင်းများမှာ ၅နှစ်ကိုတောင်မရှောင် အဲဒီတဏှာကောင်ကိုသင်းကွပ် ရင်ဘတ်ကိုနှစ်ချမ်းခွဲ ဆားကြမ်းပက်ဖြဲလို့ နောက်လူတွေမရဲရအောင် သူရဲဝန်ကြီးကိုအသက်သွင်း သမ္မတမင်းခန့်လိုက်ချင်ရဲ့။


အာဂJuly 25, 20131min41224
ကျွန်တော် အိမ်မပြန်ချင်ဘူး အဖေ x အမေ x ကျွန်တော် x ညီမလေး x အစ်မ x ကိုယ့်အတ္တနဲ့ ကို်ယ် ကြက်ခြေခတ် မိသားစု တေးသွားက အသံကြောင်တယ် ဂီတာ တစ်လက်က မိသားစု ဆိုရင် ဘယ်တော့မှ ကြိုးမညီတဲ့ အိမ် တစ်ယောက်တစ်သံနဲ့ ဘဝ ၅ ကြိုးလုံး လက်ခတ်လိုက်တိုင်း သံစဉ် တစ်ခု ဖြစ်မလာဘူး…။ ကျွန်တော်လိုချင်တာက ဘယ်နှကြိုးတီးတီး သာယာသံတစ်ခုပဲ ထွက်ရမယ်။ ဒါ…. မိသားစုပဲ။ Draft လုပ်ထားတာကြပြီ..။ မနေ့ကတင်လိုက်တာ ပေါ်မလာလို့ ပြန်တင်မိပါတယ်ခင်ဗျာ.။


လူကေလးJuly 25, 20131min41329
ခပ်ရဲ့ရဲ့ဆွေး ကြွေ ပွင့်ဖို့ရွယ် ငုံသမို့ ပင်ထက်မှာ ခေါင်းမော့လို့ နေခြည်နွေးနွေးကို သောက်သုံးပါပေါ့လား ကြွေဖို့ရာ စောလွန်းလှတယ်လေ မျှော် တစ်ဖက်သက်ဆန္ဒတစ်ခု ဆောင်းမြူကတောင် ကြည်ဦးမယ် သူသိနိုးနိုး အတွေးရူးတာမို့ မျှော်ရတာလည်း မောတယ်မဆိုမိဘူး လွမ်း ဒဏ်ရာ နုနုလား ခံရတာခြင်းတူတူ ပေါက်ကွဲဒဏ်ရာက သာပါတယ် လွမ်းရသူမှာတော့ ကျွမ်းရက်သား ညီး လေးသွဲ့သွဲ့သံနွဲ့နွဲ့ ပီတိမလွှမ်းညှိုးနွမ်းနွမ်းရယ် မသာယာဘူး ပြောတဲ့သည်ကြားက ညီးနေကျ သူ့နာမည် လှလှ ဝေး ကြုံစရာမရှိဘူးလေ ဒါပေမယ့် ဆုံနေရတယ် ဘာကြောင့်ရယ်မသိ အနီးဆုံးမှာနေရတယ် သူငယ်ချင်းရယ် ဝေးရခြင်းကလည်း ကမာ္ဘခြားသလားကွယ်   လူကလေး


ဆေးလိပ်ကို ဟန်ပါပါကိုင် ငါထိုင်နေတဲ့အနားလာ တစ်တို့လောက်ပါ တဲ့ ၊ သောက်တတ်ခဲ့ရင်ဆောင်ထား နောင်များလည်း အဆင်ပြေသပေါ့ အခုတော့ငါ့ခမျာ ဆေးလိပ်ဆိုင်ပမာ ဟိုလူလာ ဒီလူလာ တစ်ခါ တစ်ခါ ပါသွား မီးခြစ်များတွေလည်း မနည်းလှ သတိရတော့ ခြစ်စရာမရှိ ထွက်ရသည့် ဒေါသသာ အဖတ်တင် ချစ်ကြင်လို့ အနားထားကာမှ တစ်တို့လောက်သမားတွေနဲ့တွေ့ ပါသွားပြန်ပဟေ့နောက်တစ်ခါ အားနာခြင်းတွေကို ဖယ်ခွာ တကယ်ငါ ဆုံးဖြတ်လို့သာ တစ်တို့လောက်ဆိုတာ သည်းခံပါ ။  


ဦးသုJuly 24, 20131min1214
အချိန်တန်ပြီ မီးခြစ်လေးထောက် ၊ ဖွင့်ဖောက်မိတယ် ငှဲ့ပေးသူမရှိ ၊ တိမ်းစောင်းလိုက်တယ်။ လွတ်လပ်စွာနဲ့ ၊ စီးဆင်းသွားတယ် အရောင်လေးတလက်လက် ၊ အမြှပ်တက်လို့ရယ် ။ အနံ့ကလေးထွက်တော့ ၊ လေဂျင်တက်တယ် စိတ်ထဲတွေးကြည့် ၊ ခါးမှန်းသိတယ် ။ ထိန်းထားလို့မရ ၊ ထိတွေ့မိတယ် အေးချမ်းစွာနဲ့ ၊ စီးဆင်းသွားတယ်။ ရင်ထဲရောက်တော့ ၊ ထပ်တောင့်တတယ် အိုဘယ့်ဘီယာရယ် …….။ ကိုသု (၂၄ . ၇. ၂၀၁၃)  ညနေ ရး၄၀    


သူကေလးJuly 24, 20131min1278
~ ဒီလိုမိုးသည်းတဲ့မနက်ခင်းမှာ အိပ်မက်အကျိုးအပဲ့တွေ လိုက်ကောက်ရင်း ကို့ကို ခပ်သင်းသင်းလေးလွမ်းမိပါရဲ့ အဲလိုအချိန်မျိုးဆို ကိုယ့်ဘာသာပဲ စိတ်တိုင်းမကျဖြစ် မကျေမနပ်နဲ့ မျက်နှာပဲ ထထသစ်ဖြစ်တယ် ဘယ်နားဖြစ်ဖြစ် လူတွေကြား ကြားနေရတာ အဲဒီအချစ်ဆိုတာချည်းပဲ လူတိုင်းလူတိုင်း အချစ်နဲ့မကင်းနိုင်ကြဘူးဆို ဘာကြောင့် အချင်းချင်းစစ်တွေဖြစ်နေကြသေးလဲမသိဘူး သိချင်စိတ်နဲ့ အဲဒီအကြောင်းတွေ ကို့ကိုသွားမေးရင် ရစ်တယ်ထင်အုံးမယ် ရှိစေတော့ အချစ်ရယ် ခပ်လွမ်းလွမ်းငါရေးဖြစ်တာတွေ ကို့ကိုပေးဖတ်ရင်လည်း ဒီစာ ကဗျာမစစ်ဘူး ဘာညာ ဝေဖန်လိမ့်မယ် ဘာပဲဖြစ်ဖြစ် ဒါသူရဲ့ “ကို့အတွက်လွမ်းချင်း” အသစ် !


စူးရဲJuly 24, 20131min1195
ကွယ်လွန်သွားတဲ့ အမိ အဖတွေကို လွမ်းတယ် ရှေ ့ဆင့်နောက်ဆင် ့ထာဝရ ခရီးထွက်သွားတဲ့ မမတွေကိုလွမ်းတယ် အချိန်မတန်ပဲ အကြွေစောခဲ့တဲ့ သူငယ်ချင်းတွေကိုလွမ်းတယ် တန်ဖိုးမဲ့ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကိုလွမ်းတယ် မဆုံဆည်းခဲ့သောငယ်ချစ်ဦးကိုလွမ်းတယ် ကြောင့်ကြ မှုကင်းတဲ့ ငယ်ဘဝတွေကိုလွမ်းတယ်……..။ လူတိုင်း လူတိုင်း အကြောင်းအရာခြင်းမတူပေမဲ့ လွမ်းတာခြင်းတော့တူနိူင်ကြမှာပါ…………။      


Yan Nyein ThuJuly 24, 20131min16714
လွန်းပြဲပြဲဟူသည် ရွှီးတက္ကသိုလ်သည် မျက်ကန်းအချစ် rap သီချင်းနှင့် ပိုးစိုးပက်စက် အမည်ဖျက်လည်း UFO ကိုစီး တစ်ကိုယ်တည်း ရွာတွင်းကိုဝင် မွှေနှောက်မည်ပင် ဝမ်းသာအယ်လဲ ကြိုဆိုကြကွယ်… စိတ်ထားမြင့်သူ ရန်ငြိမ်းသူ နောင်တော်များကို အတူယူ ရေးလိုက်ကြစို့ အူတူတူ ကလူ ကလူ ကလူ


alinsettJuly 23, 20136min26517
မနက်ဖြန် မနက်စောစောမှာ… ငါ့နှလုံးသားကို.. ဆားနယ်ပြီး..ထားခဲ့ပါရစေ။ ============================================ (((  ဒီနေ့ တစ်နေ ့လုံး..မင်းကိုငါ သတိရနေတာ.မင်းမသိပါဘူး ။ ))) ဒါပေမယ့်… သာမန် ပန်းတစ်ပွင့်လို အပွင့်တွေ ပွင့်.. သာမန် သစ်တစ်ပင်လို အရွက်တွေဝေ…. သာမန် သစ်သိင်္းတစ်လုံးလိုဖြစ်တည်မှု နဲ ့.. ငါ့ အလုပ်ကိုငါ ဆက်လုပ်နေ မှာ..ပါ ။ =============================================== ဒီလောက မှာ… ငါမရှိလို ့မဖြစ်ဘူး.လို ့ ငါတွေးတဲ ့ နေ ့ဟာ… ဒီလောကထဲမှာ.ငါ မရှိသင့်တော့တဲ ့နေ ့..ဆိုတာ..ငါ သိပါတယ် ။ မင်းရော ငါရော.. သူရော.. .ဟောဟိုက လုူတွေရော… အတ္တဆိုတဲ ့ ဝတ်ရုံကို ခြုံဖူးကြတာပဲ..မဟုတ်လား ။ […]


alinsettJuly 19, 20131min25119
ညီမလေး သို့….. အားတင်းဖို ့…     ညီမလေးရေ…. မင်းရဲ ့အမှန်တရားဘက်… ဘယ်သူမှ မရှိတဲ့အခါ…. ဟာလာဟင်းလင်း..ဖြစ်မသွားနဲ ့ ။ မြဲမြဲခိုင်တဲ ့…. ကျောက်တောင်နံရံတွေကို…..အားကျဖို ့လိုတယ် ။ အားတင်းထားပါ ။ ညီမလေးရေ….. ဝေးကွားခြင်းတွေက အနီးကပ် တိုက်ခိုက်တဲ့အခါ….. ငိုကြွေးခြင်းကို.. အား မကိုးနဲ ့….။ ကမ္ဘာကြီးရဲ ့ အဆုံးသတ်ကတောင်…… မပြောပလောက်ပါဘူး ။ အားတင်းထားပါ ..။ ညီမလေးရေ…… ပိုင်ဆိုင်ခြင်းနဲ ့ ဆုံးရှုံးခြင်းတွေက… ငါတို ့ရဲ ့ချစ်သူပါ….။ ဆုံးရှုံခြင်းကို ဆက် ချစ်တတ်သွားတဲ့အခါ…. အဲဒီ အရသာက သိပ်မခါးတော့ပါဘူး ။ အားတော့…တင်းထားပါ …. ။ ညီမလေးရေ…… အစဉ်အမြဲ…ရယ်မော […]


DEPARKO DEPARKOJuly 18, 20131min1092
စစ်သားရဲ့ရင်ဘတ် အသဲနှလုံးမကပ်ဘူးလို့ မင်းမို့ပြောရက်တယ်။ အသက်မပါတဲ့မျက်လုံး ဝေဒနာတွေဖုုံးလို့ စိတ်ကိုဒုံးဒုံးချ ရုန်းထွက်မရတဲ့မရဏသေမင်း သူစစ်ခင်းရင်ပြောတဲ့စကား ငါအိမ်ပြန်နားချင်လိုက်တာသူငယ်ချင်းတဲ့။ နေ့တွေလတွေဖြတ်ကျော် သူငယ်ချင်းတော်တော်များများ နေ့မြင်လို့ညပျောက် သံသရာခရီးတစ်ခေါက် ဘဝသစ်ကိုလျှောက်လှမ်း ကျန်နေသူကပန်းလျှ အမြဲသတိယနေတာသိကြလို့လား။ ဒီလိုနဲ့အသက်ဆက် နေရခက်တဲ့လောကကြီးကြား မင်းပြောတဲ့စကား နားဝမှာခါးလိုက်တာကွာ။ စစ်သားတွေရဲ့ရင်ဘတ် နုဖတ်လွန်းလို့ မင်းဝင်လာကြည့်စမ်း အရမ်းဘဲလန်းသွားမယ် အဟုတ်တကယ်အဟုတ် ကမ်းတဲ့လက်မရုပ်သေးခင် အပြေးသာဝင်ခဲ့။