Foolish GirlSeptember 30, 20161min1765
ကျိန်စာများရခဲ့လေသလား အချစ်တဲ့ ခါးလိုက်တာ တချို့တချို့ကပြောတယ် အခါးဓါတ်ကဆေးဘက်ဝင်တယ်ဆိုပဲ ဒါကြောင့်များ ငါကိုယ်တိုင်ကိုက ခါးသက်သက် အရသာကိုမှ တပ်မက် မိနေတာလား???? ဒီလိုနဲ့ ခါးသက်ခြင်းတွေ ထပ်ခါထပ်ခါ ခူးခပ်စားရင်း မသိစိတ်ကတော့ သကာရေကိုရှာဖွေနေမိလေရဲ့ ရူးမိုက်လိုက်တာလို့ ကဲ့ရဲ့ချင်ကဲ့ရဲ့ကြပါစေ ငါရွေးတဲ့လမ်း ငါလျှောက်တဲ့လမ်း အကောင်းဆုံးဖြစ်အောင်တော့ငါ လျှောက်လှမ်းမယ်


”  လမ်း  နိယာမ”   မြေလမ်း ပေတစ်ရာလမ်း ကျောက်လမ်း သံလမ်း လမ်းမှန်သမျှဟာ ကျောခင်း သူ့ကိုဖိနင်းလို့ သွားနိုင်တာ။   သို့သော် သူ ခွင့်ပြုသလောက်သာ။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၉၂၀၁၆  


alinsettSeptember 8, 20161min1824
                  ”ကျောက်ခေတ်ဆီက ပေးပို့လိုက်တဲ့စာ” —————————————— အခုတလော လက်ညှိုးတွေ ခေတ်စားနေတယ် ကြားလို့. . .တဲ့။ ဇာတ်တော်သမိုင်းထဲက ဟိုလူကြီးတောင်မှ ဓါးသွေးနေပြီ။ လက်ညှိုးတွေကလည်း ဖြတ်မယ့်ဓါးကိုတောင် ထိုးကာထိုးကာနဲ့ ဟားတိုက်ရယ်မလို့တဲ့. . . လှောင်ပြောင်ရယ်သွမ်းနည်း တစ်သန်းမကကိုလည်း ပြုစုနေကြလေရဲ့။ မှန်တွေကပဲ ပြနိုင်စွမ်းလျော့နည်းနေတာလား? ခြေထောက်တွေကပဲ မှန်ရှေ့ဆီမှာ ရပ်ဖို့ရာ မသွားရဲတာလား? အဲ့ဒီလိုနဲ့. . . ရေရာစွာ မခွဲခြားတတ်နိုင်ခင်မှာပဲ ဒီပုစ္ဆာရဲ့အဖြေဟာ . . . မှင်နီအတားခံလိုက်ရလေရဲ့။ လေပြေတွေ ရှဲခနဲ ပြေးထွက် ပျောက်ကွယ်… မုန်တိုင်းတွေသာ ရှူးရှူးရှဲရှဲ ဝင်လာတယ်။ ”ကိုယ်ဟာ မုန်တိုင်းဆန်စွာ […]


”  ဘဝထဲမှာ” လင်းတဲ့နေရာ လင်း မှောင်တဲ့နေရာ မှောင် လင်းချင်လင်း မှောင်ချင်မှောင် ကိုယ် ချောင်ပိတ်မမိဘို့ဘဲ လိုပါတယ် မောင်။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၉၈၁၆


”  မူ” တစ်ဝက်ထဲဖြတ်ကြည့်သူ တစ်ခြမ်းဘဲ ဖြတ်ကြည့်သူ အဖြတ်မတူရင် အမြင်လဲမတူ။ ကိုယ့်အယူ သူ့ ့အယူ သ ူ ့မူ ကိုယ့်မူ မတူချင်လဲမတူနိုင်သလို တူချင်လဲတူနိုင်မယ်။ သူနှစ်သက်တာ သူယူ ကိုယ်နှစ်သက်တာ ကိုယ်ယူ အဲဒါ့စိတ်ချမ်းသာစေတဲ့မူ။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၈၈၁၆        


”   လုပ်ငန်းသိမ်းချိန်” တစ်နေ့တာ လုပ်းငန်းသိမ်း နွားထိန်းပြီးလို့ပြန်ခဲ့ပြီ။ နွားများကား အစာဝ လူကတော့ ဝမ်းဟောင်းလောင်း ညောင်းခဲ့သမျှ အတိုးချ အိမ်ရောက်တော့မှ နားတော့မည်။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၁၆၁၆    


ခင္ခAugust 17, 20161min35614
တောမှာနေတော့ အလုပ်ရယ်မရှိ ငွေရှာချင်လို့ မြို့တက်လာ၏ ရတဲ့အလုပ် ဝင်ငွေနည်းတော့ အစဦးမို့ ရုန်းလိုက်အုံးပေါ့ ပြသနာအစ နေစရာက ဌားကာနေလည်း စားစရိတ်လျော့နည်း ကိုယ်လိုသူလို သူတွေကတော့ ကွက်လပ်မြေဘေး ကျူးတဲထိုးစမ်း မတတ်သာဘူး ဒီလမ်းဘဲလိုက် ဝမ်းဝစားဖို့ အနိုင်နိုင်ဘဝမို့ ကျမပြုမိ အပြစ်ရှိသည် ဖျက်ရင်လည်း ခံ သတ်ရင်လည်း သေ သေမထူး နေမထူးပါအေ နိုင်ငံစီးပွား အလွန်းတိုးလို့ လုပ်ခများလည်း ပိုစွာရရင် ဒီလိုလမ်းဘေး ဘယ်နေလိမ့်မလဲ တိုက်ခန်းဝယ်ဌား နေမှာပေါ့အေ ခုတော့လုပ်ခ နည်းလွန်းလှတော့ နှစ်နပ်စားလို့ တစ်နပ်နားတယ် ပိန်ဆေးသောက်ဖို့ လိုပါဘူးဟယ်။   ခင်ခ။


ခင္ခAugust 16, 20161min4308
ဂယက်ကယ်ထ လှိုင်းရယ်ကြွလို့ တံငါလှေငယ် မြစ်ပြင်ကျယ်မယ် နိမ့်ချီတစ်ခါ မြင့်ချီတလှည့် အသက်ဘေးထက် ဝမ်းရေးခက်လို့ ရှေ့ဆက်ကာသွား ငါးများများရဖို့ နေ့စဉ်ရက်ဆက် လုပ်ခဲ့ကြသည် မပြောင်းလဲသော ပန်းချီကားတစ်ချပ်တည်း။   ခင်ခ။


”  ငြိမ်းချမ်းရေးကိုရှာဖွေခြင်း” ညကလေးက အပြာရောင် လရောင်ကလဲ သဲ့သဲ့လေးဆိုတော့ သိပ်တော့မမှောင်ပေဘူး။   တောင်ကုန်းနဲ့သစ်ပင်အချို့ အငို ဝ သွားတဲ့ ကလေး လေးလို့ တစ်တစ်ခါထွက်လာတတ်တဲ့ သဲ့သဲ့ရှိုက်သံကလွဲရင် အားလုံးတိတ်ဆိတ်။   ဒီလိုအချိန်လေးမှာ အရာရာကိုခဝါချ ဗလာ ကျနေတဲ့စိတ်နဲ့ လောက ကိုမြင်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာ အဝေးသွားရှာစရာမလိုပါဘူး ကိုယ့်နံဘေးမှာတင်ရှိလေရဲ့ သတိမထားမိသေးလို့ဝေးနေတာပါ။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၈၁၆