အဖေ ရေတွက်လို့ မဆုံးနိူင်တဲ့ နေ့တွေထဲမှာ အဖေ့ကိုရှာမတွေ့သေးဘူးနော် ပျော်စရာမနီးလှ သမီးဘဝမှာ ငြီးရတာက ခပ်များများ အရပ်တစ်ပါးက အဖေ ဒါတွေ သိမယ်မထင် မြင်ချင်လှပေမယ့် ဘယ်ဆီမှာဟဲ့ လို့မသိတဲ့သမီး ရှာနည်းတွေလည်းစုံ တလှပ်လှပ်ခုန်နေတဲ့ ရင်ထဲ အဖေ့အသံပဲ ကြားနေ ဘယ်သွားနေသလဲ အဖေရယ် တကယ်ဆို အမေ့ကို မေ့ချင်မေ့ သမီးကိုတော့ လာမတွေ့သင့်ဘူးလား အက်ကြောင်းများလှတဲ့ အဖေတို့ရဲ့ အိမ်ထောင်ရေး ရှောင်ပြေးရလောက်အောင်များ နာကျည်းသွားတာလား အဖေ အဖေရေ တစ်နေထွက်ပြီး တစ်နေဝင်သွား ရက်များက တရွေ့ ရွေ့ မေ့မရတဲ့ ဟောဒီသမီး ရှာပုံတော်ခရီးထဲမှာ ဇွဲကိုသာ အဖော်ထား ဘယ်နားမှန်း မသိတဲ့အဖေ ကြားစေတော့လို့ ဆုမွန်ချွေ ။


ကာရံMay 19, 20131min753
အချိန်သည်လူကိုမစောင့်ဘူးတဲ့လေ ကျွန်တော်တို့တစ်တွေစောင့်စားနေရတဲ့ အချိန်တွေကဘာအတွက်လဲ တစ်နေ့တစ်နေ ကြင်လည်နေရတဲ့ ဘဝတွေက အခုလက်ရှိအတွက် အသက်ရှင်နေခြင်းလား မရေရာမှုတွေနဲ့ လောကကြီးကို အသက်ရှင်နေတုန်းပါ ဘဝကတန်ဖိုးမရှိတာလား ငါကဘဲအသုံးမကျသေးတာလား ဆုတောင်းမိတာလေးတစ်ခုတော့ရှိတယ် ချစ်ရပါသော ချစ်ခင်ရပါသောသူတွေနှင့် ဝေးကွာခြင်းမှ ကင်းဝေးရပါလို့၏ပေါ့ တစ်ခါတစ်လေရယ်ရတယ်နော် ဆုတောင်းတိုင်းပြည့်နေရင် ဘယ်မှာ အနတ္တဆိုတာ ရှိမှာလဲ အဆိပ်တစ်ခွက်မှန်းသိရက်နဲ့ ငါယစ်မူးမိခဲ့တယ် မုသားမှန်းသိရက်နဲ့ ငါလိုက်ရောမိခဲ့တယ် ရောင်စုံတွေခြယ်ထားတဲ့ အပြုံးတုတွေအောက်မှာ ရှုုံးမထွက်နိုင်သူတွေအတွက်တော့ သုခဘုံလေးတစ်ခုပေါ့ အလွမ်းလည်းမခြွေ အနမ်းလည်းမဝေတော့တဲ့ မြစ်ပြင်ကျယ်ကြီးကတော့ လှိုင်းလေထန်နေတုန်းပါ မာနတွေကြီးနေတဲ့ ပင်လယ်ကြီးကလည်း လှည့်ကွက်အပြည့်နဲ့ ပြူစားနေတုန်းလေ အင်းအခုတော့ သူတစ်ပါးတွေ သုံးပြီးပြောတက်တဲ့မုသားဆိုတော အတက်ပညာလေးကို ငါဘယ်တော့မှများ သုံးတက်လေရော့မလဲလေ ပိတောက်မိုး


ကာရံMay 19, 20131min941
လှိုင်းဆိုတာမျိုးက လရဲ့ဆွဲငင်အားကြောင့် အင်အားကြီးမားတာပါ လမင်းရဲ့ အလင်းရောင်ကလည်း နေရောင်အောက်မှာတည်ရှိနေတုန်းပါ ရှင်သန်နေရတဲ့ပတ်ဝန်းကျင် အောက်ဆီဂျင်ကို သစ်ပင်က တစ်ဖန်မွေးဖွားပေးနေဆဲပါ အရာဝတ္တု တစ်ခုဆီတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတွေ တည်ရှိနေတယ်လေ သတိထားမိရဲ့လား သင့်ပတ်ဝန်းကျင်လေးမှာ အေးချမ်းတဲ့ လေပြေလေးတွေပြေးလွှားနေတုန်းပေါ့ လောဘကို ရှေ့တန်းတင်နေသမျှ အေးမြတဲ့လေနုအေးတွေလည်း သင်ဆီဘယ် နားခိုနိုင်ဦးမလဲလေ အညာနွေ ပူပေမယ့် စိမ်းလန်းတဲ့ထန်းတောတွေကြားမှာ ငါလွမ်းမောနေတုန်းပေါ့ တစ်ဖက်တစ်ချက် လယ်ကန်သင်းတွေအောက်ငါမရောက်တာ ဘယ်လောက်များ ကြာပြီလဲ ဖုန်တွေပေါတဲ့ ဒို့အညာဒေသလေးလဲ အခုတော့ အေးမြချင်းအတိရှိရဲ့လားကွယ် ညနေတိုင်း တမ်းတမိတဲ့ ရွှာတစ်ဖက်က ကန်နံဘေးလဲ အခုတော့ နွေဥဩလေး လွမ်းတေးဖွဲ့လို့နေပြီပေါ့ ဥဩ ဥဩ အခုတော့ ချစ်သူကိုတမ်းတလွန်းလို့ နေကွယ်အရပ်ကနေ ပူဆွေးနေပြီထင်ပ ခင်နှမ မျက်နှာလေးလဲ ငြိုးငယ်မှုနဲ့ အခုတော့ ကြာတောလေးမှာ လွမ်းမောနေလောက်ပြီင်္ နေမင်းလဲ […]


Hnin EiMay 18, 20131min1238
အော်မျှော်သာမျှော်……ပေါ်လာခဲဘိခြင်း ရန်ကုန်မှာမိုးဆွေသမျှ……မျှော်ရပြီပေါ့ပန်ပိတောက်ရာယ် ွှငုဝါနဲ့တော့နှိုင်းယှဉ်မခိုင်းနှိုင်းပါနဲ့လေ သူ့ဘာသာတစ်မူထူးလူတွေငေးလောက်အောင် လှချင်တိုင်လှနေတဲ့……………………                                                                 ပန်းပိတောက်ရာယ်ပါ။


– – ++++++++++++++++++++++++++++ ++++++++++++++++++++++++++++   ချစ်ခြင်း၏ အရှင်သခင် ကျွန်ုပ် တိုင်တည်ပါရစေ … အသင် ထည့်ပေးထားခဲ့သော ကျွန်ုပ်၏ ရင်ဘတ်တွင်းမှ အသင်၏ ကျေးကျွန်များအား ပြန်လည် ခေါ်ငင်လှည့်ပါ … အသင် အသက်သွင်းခဲ့သော ကျွန်ုပ်၏ ရင်ခုန်သံ ယန္တရားအား လာရောက် ရပ်တန့်ပေးလှည့်ပါ … အသင် တည်ဆောက်ပေးခဲ့သော ကျွန်ုပ်၏ အိပ်မက် ကမ္ဘာအား ပြန်လည် ဖျက်ဆီးပစ်လှည့်ပါ … အသင် ယူဆောင်သွားခဲ့သော ကျွန်ုပ်၏ ညများစွာကိုလည်း ပြန်လည် အသက်သွင်းလှည့်ပါ … အသင် တပ်ဆင်ပေးခဲ့သော ကျွန်ုပ်၏ ကဗျာရေးတတ်သည့် လက်ကိုလည်း ပြန်လည် သိမ်းဆည်းလှည့်ပါ … အို … သခင် အပင်များ အစိမ်းရောင် […]


ခင္ခMay 17, 20131min16810
“တစ်ခါက အင်းယားရယ်´´   သူဆံနွယ်လေး သပ်ကာပေးရင်း အကြင်နာတေးလေး ဆိုခဲ့တယ်။   အင်းယားရေပြင် ဖြတ်ကာတိုက်တာ လေနုအေးလေး ဆိုရမယ်။   ညနေဆည်းဆာ နေဝင်အလှမှာ သူ့မျက်နှာအလှ ပိုခဲ့တယ်။   တွေ့ဆုံချိန်လေး ကုန်မှာစိုးလို့ နှမျောမိတာ အချိန်လေးရယ်။   အချိန်တန်တော့ အိမ်ပြန်ရပေါ့ အလွမ်းမောလေး ဖြစ်ရမယ်။   ဟိုအရင်အတိတ် ကြည်းနူးခဲ့ရာ ရည်းစားဘဝ ဆိုကြတယ်။   ခုတော့လည်းဘဲ အင်းယားရောက်တော့ အလွမ်းအမောလေး ဖြေရတယ်။     ခုများတွေ့ရင် ဘယ်လိုဖြစ်မလဲ ဟိုရှာဒီရှာ ကြည့်မိတယ်။   ဘယ်ဆီရောက်လဲ ငယ်ချစ်လေးရဲ့ တစ်ခါတစ်ခါတော့ ဆွေးမိတယ်။   ခုများတော့လည်း အင်းယားဘောင်မှာ အလွမ်းပြေလား ကျန်းမာရေးလား မသဲကွဲဘဲ ညနေဆည်းဆာ […]


လူဖြစ်ခဲ့တာ ၁၈ နှစ် ကြာပြီးတဲ့နောက် တောက်ပပ မျက်ဝန်းတစ်စုံနဲ့အတူ လူကြီးလေးဖြစ်လာပေမယ့် အဖေ့ရဲ့ အမြင်မှာ သမီးဟာ ကလေးသာသာပေါ့ ၊ မလျှော့တမ်းကြိုးစားတဲ့ သမီး ၁ဝ တန်း အောင်ပြီးချိန်မှာ သမီး ဘာလုပ်မလဲဆိုတော့ မော်ဒယ်လ်ပေါ့တဲ့ ၊ သမီးရေ အဲသလိုလောကတွေမှာ အချောအလှတွေခမျာ မောဟ ဒေါသ ပြောမရ သောကတွေ အများသားမို့ လက်လျှော့လို့ အနောက်ကိုခွာ ကိုယ်မကျွမ်းရာလမ်း သမီး စမ်းမလျှောက်နဲ့ လမ်းပျောက်တဲ့ဘဝ အကျိုးမလှနိူင်တာမို့ လမ်းကြောင်းပြောင်းစို့ သမီးရေ ။  


black chawMay 17, 20131min50783
မိတ်ဆွေတို့ သတိထားမိကြမလား မဆိုနိုင်ပါဘူး…။ အခုတလော ဘလက်ချော ရေးတဲ့ ပို့စ်တွေမှာ အကိုးအကားတွေ များနေတာကို ပြောတာပါ…။ ကိုယ်ပိုင်အတွေးအခေါ်မရှိလို့ သူများ အတွေးအခေါ်တွေ ခိုးခိုးချနေတယ်လို့ ပြောရင်လည်း ခံရတော့မှာပါပဲ…။ သီချင်းတွေထဲက စာသားတွေ…၊ ကဗျာတွေထဲက စာသားတွေ…၊ ဦးကုလား မဟာရာဇဝင်ကြီးထဲက စာသား အပိုဒ်လိုက်တွေ…၊ နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲက စာသားတွေတောင် မချန်…၊ ခိုးချပြီး ပို့စ်တွေရေးနေမိတာကို ဘယ်သူမှ လက်ညှိုးမထိုးခင် ကိုယ့်ကိုယ်ကို လက်ညှိုးထိုး လိုက်ပါတယ်ဗျာ…။ ဆိုတော့…။ အခုပို့စ်ကရောတဲ့…။ ဟုတ်ကဲ့…။ ဆဲရင်လည်း ခံရမှာပဲ…။ ဇာတ်မင်းသားလေး သိန်းဇော်ရဲ့ ကဗျာလေးတစ်ပုဒ်နာမည်ကို ကိုးကားခွင့်ပြုပါဦးလို့…။ ကဗျာလေးရဲ့ နာမည်က မိမိကိုယ်မိမိ ခိုးယူပေါင်းသင်းခြင်း …တဲ့…။ အဲဒါလေးမပြောခင် ဇာတ်မင်းသားလေး မောင်သိန်းဇော်အကြောင်း နည်းနည်း ပြောကြဦးစို့ရဲ့…။ မောင်သိန်းဇော် […]


အဲဒီလမ်း .. ဟုတ်တယ် အဲဒီလမ်း ဘေးမှာ သစ်ပင်တွေ အစီအရီ ပေါက်လို့ မြစ်ကလေး နှစ်သွယ်က ပန်းလေးတွေကို ခူးလို့ ငှက်မောင်နှံများစွာက ချစ်ကြိုးတွေသွယ်လို့ တိမ်ဝါ တိမ်ပြာတွေက စွတ်စိုစိမ့်လို့ အဲဒီလမ်း… ဟုတ်တယ် အဲဒီလမ်းပါပဲ … ဘေးဘီဝဲယာကို ငေးမောခံစား ပြီး … ဖြည်းဖြည်းချင်းသာ လျှောက်သွားလိုက် အဝါရောင် အရွက်နဲ့ အပင်တွေ နီညိုရောင် ရွက်ကြွေ ခင်းတဲ့လမ်း ဥဩတေးကို နားစင်ရမယ် လုလင်ပျိုတစ်ယောက်ရဲ့ စောင်းသံ သဲ့သဲ့ မိန်းမပျိုတစ်ယောက်ရဲ့ ဆံနွယ်တွေဝဲလို့ လေပြေတစ်ချို့က စိမ့်ခနဲ အေးစေမယ် ဟိုး …  ဟိုး…. လမ်းဘေးကို ကျော်ကြည့်လိုက် ယုန်လေးနှစ်ကောင် စိန်ပြေးတမ်းဆော့ကစား သမင်မလေးက လည်ပြန်ကြည့်လို့ အဲဒီလမ်း.. ဖြည်းဖြည်းချင်းသာ လျှောက်သွားလိုက်ပါ […]


naywoon niMay 14, 20131min1769
ငါ……… ဒီလမ်းလေးထဲကို ကာလအတန်ကြာ ကြိမ်ဖန်များစွာ ဖြတ်သန်းသွားလာဖူးပါရဲ့…….။ လမ်းနံဘေးက မြက်ရိုင်းပင်တို့ရှည်လာတာ ခင်းထားတဲ့ ကျောက်ခဲလေးတွေ ယိုယွင်းလာတာကလွဲပြီး ဘာမှမပြောင်းလဲသေးပါဘူး……။ လမ်းနံဘေးက ရေနံဝနေတဲ့ အိမ်အိုကြီးကလည်း အရင်အတိုင်းပါပဲ….. အိန္ဒြေယ နေလိုက်တာ တိတ်ဆိတ်လို့ ဘာသံမှမကြားရဘူး……။ အိမ်ရှေ့က ရေမြောင်းလေးမှာတော့ ဒိုက်တွေ ပိုများလာတာကလွဲပြီး အရင်အတိုင်းပါပဲ…..။ အတိတ်ကို ထိန်းသိမ်းထားနိုင်တာ ဂုဏ်ယူရမလား မပြောင်းလဲ(မတိုးတက်တာ) ကို ဝမ်းနည်းရမှာလား လမ်းကလေးထဲကိုဝင်လာရင်း အတွေးတွေ ရှုပ်နေလိုက်တာ………… အိမ်ကို တောင်ကျော်လာခဲ့ပါပကောလား……။ နေဝန်းနီ


ကာရံMay 14, 20131min861
ချစ်နှမငယ်များအတွက် မေတ္တာလက်ဆောင်ပါ အမှားပါရင် တောင်းပန်ပါတယ်  အပြုသဘောဆောင်ခြင်းပါ ကောင်းကင်ထက်က နတ်ပန်းချီ အရောင်အသွေးစုံလို့ညီ ရိုးသားစိတ်ကလေး အရောင်ရယ်ကင်း ချစ်နှမလေး ရွှန်းလဲ့ဝင်း စိုပြေလှပ သူ့ဟန်သွင် မြင်သူတစ်ခါ ငေးမောချင် မာယာမဲ့တဲ့သူ့နှုတ်ခမ်း ရွှေဝါရောင်ယှက်ကာသန်း သူ့ပါးဘယ်ညာ ညီလှစွာ သနပ်ခါးလေးနဲ့ချစ်စရာ ဝင်းပနေတဲ့လမင်းပမာ အချစ်ဆိုတဲ့အက္ခရာ မြည်းစမ်းမကောင်းတဲ့အရာ အမှန်တော့တဲ့မေတ္တာတရား ခမ်းခြောက်မသွားတဲ့ အတ္တစကား အနားမှာမထားနဲ့ ချစ်နှမများ    ပိတောက်မိုး


ကာရံMay 14, 20131min731
ခဏလောက်ငြိမ်သက်ပေးပါ နာကျည်းချက်တွေထိုးနှက်နေတဲ့ လူ့လောကအလည်မှာ သောကတွေဗလာပွနဲ့ စီးဆင်းနေတဲ့ မျက်ရည်စက်တွေအောက်မှာမင်းတစ်ယောက် ဘယ်လိုနှလုံးသားနဲ့ လျှောက်လှန်းနေသလဲ ကြည့်စမ်းပါဦး အိုမင်းနေတဲ့ မိဘတွေ လမ်းဘေးတစ်နေရာမှာ နေရောင်ကိုအမိုးလုပ်ထမင်းတစ်စုပ်ရဖို့ တောင်းခံနေရတဲ့အဖြစ်ကို မင်းတို့ကြည့်ပြီး ဟားတိုက်ရယ်တက်နေပြီလား အကြင်နာတရားကင်းမဲ့တဲ့ မြို့ပြကြီးအလည်မှာ လူဖြစ်လာခဲ့ရတဲ့ငါကလည်း ရလိုက်တဲ့အမုန်းဒဏ်တွေကို ကုသနေဆဲဘဲလေ မီးစာကုန်နေပါပြီ အလင်းရောင်ငွေ့ငွေ့လေးအောက်မှာ အသက်ရူသံကို မနည်းကြားယောင်နေမိပြီ တရားသောလောကကြီးလား မတရားသော သဘောတရားများလား အတ္တတွေခင်းထားတဲ့ လမ်းကိုငါလျှောက်လှမ်းခဲ့မိမှန်း သိလိုက်တဲ့အချိန်က နောင်မှတလို့ ရနိုင်ကောင်းလားလေ  ပြစ်သွားသူက မှားနေသလားပြစ်ထားသူက သွားနှင့်လေပြီလား မျက်ရည်ကို အဖော်ပြု အော်အခုတော့ ငါလည်းသွားရမယ့်လမ်းက ခက်ခဲလွန်းလှပါတယ် အော်…..လောက လောက မတရားသော မောဟ ခင်းထားတဲ့ သောက အနင်းများတဲ့ မာန ကာရံထားတဲ့ အတ္တ အမှန်မရှိတဲ့ ဥပေက္ခာ မုဒိတာဆိုတာ လွန်စွာဝေး […]


ခင္ခMay 14, 20131min1618
“ကျေးဇူးပြုကာ ကူညီပါ ………. ဟု´´   ပိုစ့်တွေဖတ်ပြီး မန့်ချက်ကြီးကို အနုတ်မှသည် အပေါင်းတို့ချီ ရေးသူတွက်အား ဖြစ်စေညားဖို့ ကူကာပြုပေး အခုမနှေးရင် ပျော်ရွှင်လှပ ပို၍ကြွမို့ ရေးသူပီတိ ဖြစ်စေညှိကာ အတွေးသစ်များ ထပ်ဆင့်ပွားပြီး နောက်ထက်ပိုစ့်တွေ ကွန်မန့်တွေနဲ့ ဖတ်သူကျေနပ် အားရဖွယ်ရာ တို့တွေရွာကို သာယာစေဖို့ ဝိုင်းကာကူလှည့် မနုတ်စေလျှက် အပေါင်းတွေပေး မကျေနပ်သေး မပေးဘဲနေ ရှိပါစေလို့ မြင်ရရှု့ရ အလွန်လှသမို့ ကျေးဇူးပြုကာ ကူညီပါဟု တိုက်တွန်းနိုးဆော် အကျိုးမျှော်သည် ဂဇက်ရွာလေး လှစေသတည်း။   ။     ဖတ်ရှု့သူများကျေးဇူးပါ။ ခင်ခ။