အပိုင်း -၁ အပိုင်း-၂ မနက်ခင်းသည် သာသာယာယာပင် ကျော်လွန်သွား၏။ နေ့လည်ခင်း တစ်ချိန်လုံးကို နှစ်ယောက်သားသည် ဂေါက်ကစား ခြင်းဖြင့် ကုန်လွန်စေရာ ညနေခင်းကျမှပင် တည်းခိုရာ အင်းသို့ လမ်းလျှောက်ပြန်ခဲ့ကြလေသည်။ အင်း ၏ထောင့်ချိုးတစ်နေရာတွင် အရှိန်ဖြင့်ပြေးလာသော သူငယ်လေးတစ်ယောက်နှင့်တိုက်မိ ၍ ကာနယ်ကြီးခမျာ ပက် လက်လန် လဲလုနီးပါးဖြစ်သွားရာ စိတ်ဆိုးဆိုးဖြင့် သူငယ်လေး လက်ကိုဆွဲ၍ အော်ဟစ်ကြိမ်းမောင်းတော့၏။ ဖြစ်ဖြစ်ချင်း ဒေါသထွက်မိသော်လည်း သူငယ်လေးမှာ ကြောက်လွန်း၍ စကားပင်မဆိုနိုင်ကြောင်း သတိပြုမိ၍ အကြောင်းအရင်းကို လူကြီးနှစ်ဦးက မေးမြန်း လေသည်။ “ဘယ့်နှယ်ဖြစ်လာတာတုန်း။ ဘာမြင်လို့လဲကွဲ့။ ဘယ်သူက မင်းကို ခြောက်လှန့်လွှတ်လိုက်တာတုန်း..။” “ဟုတ်..ဟုတ်ကဲ့..ဦးလေး..အဲဒါကြီးက ပြတင်းပေါက်ကနေ ကျွန်တော့်ကို လက်ပြနေလို့..။ ကျွန်တော် ကြောက်တယ်..။” “ဘယ်ပြတင်းပေါက်တုန်းကွ..သေချာပြောစမ်းပါဦး..။” “အင်း အပေါ်ထပ်က ရှေ့ပြတင်းပေါက်ပဲ..။” သူငယ်လေးကို […]


အပိုင်း-(၁) “လက်တင် ဘာသာနဲ့ရေးထားတာကိုး..။ အင်း..အဓိပ္ပါယ်က လာနေတဲ့သူ ဘယ်သူလဲ ဖြစ်မယ်ထင်ပါ့။ ကိုင်း ဘယ်သူလဲ သိရအောင် မှုတ်ကြည့်ရတာပေါ့။” ပက်ကင်သည် မိမိဘာသာ တစ်ကိုယ်တည်း ရေရွတ်ပြီး ခရာကလေးကို နှုတ်ခမ်းတွင်တပ်ကာ မှုတ်လိုက် လေသည်။ ချက်ချင်းလိုပင် ရပ်လိုက်ပြီး ထွက်လာသောအသံကို အံ့အားသင့်ကာ သဘောကျလျက်ရှိ၏။ ခရာသံမှာ စူးရှခြင်းမရှိ သော် လည်း အတော်ဝေးဝေးသို့ ပျံ့နှံ့ရောက်ရှိသွားပုံရသည်။ ရုတ်တရက် သူ့စိတ်ထဲတွင် ထူးဆန်းသောပုံရိပ်များ ထင်ထင်ရှား ရှားပေါ်လာ၏။ အကာလ ညအခါတွင် မှောင်မဲလျက်ရှိသော နေရာ တစ်ခု၌ လေများတဟူးဟူးတိုက်ခတ်လျက်ရှိပြီး အလယ်တွင် တစ်စုံတစ်ယောက်သည် အထီးတည်း ရပ်လျက်ရှိသည့် ပုံရိပ်ပင် ဖြစ်လေသည်။ ထိုခဏ၌ လေပြင်းများ အပြင်တွင် တိုက်ခတ်လာသဖြင့် ပက်ကင်၏ စိတ်ထဲမှ ပုံရိပ်များ ပျောက်ကွယ်သွားလေသည်။ […]


ရာမညOctober 25, 20141min1868
သာယာသောနံနက်ခင်းတစ်ခု၌ … ကျွန်ုပ်သည် မှုခင်းဆိုင်ရာမှတ်တမ်းများအား ပြန်လည်ဖတ်ရှုနေရင်း လွန်စွာမှ ငြီးငွေ့လာသည်ဖြစ်၍ ကုလားထိုင်နောက်မှီအားမှီအုံးလျှက် အနားယူနေစဉ် …… ” ဆရာ … မနေ့က လုယက်မှုတရားခံတွေက်ိုဖမ်းလာပါပြီ ” ဟု ကြားလိုက်ရသည်တွင် ကျွန်ုပ်၏ အနားယူခြင်းအလုပ်သည် နိတ္ထိတံ သွားလေတော့၏ ။ ” အေးအေး … ခေါ်လာခဲ့ကွာ တခါတည်း အမှုစစ်ကြစို့ ” ကျွန်ုပ်သည် အမှုတည်ဆောက်ရန်အလို့ငှါ ထွက်ဆိုချက်များမှတ်သားရမည်ဖြစ်၍ ခဲတံ ဘောပင်နှင့် လျှောက်လွှာစာရွက်များ ပြင်ဆင်လိုက်လေတော့သည် ။ ကျွန်ုပ်ခေါင်းငုံ့၍ အလုပ်ရှုပ်နေစဉ်တွင် တရာခံဖြစ်သူအား ကျွန်ုပ်ရှေ့ထိုင်ခုံတွင်ထိုင်ခိုင်းထားပြီဖြစ်ရာ ကျွန်ုပ်မော့ကြည့်မိသောအခါ များစွာ စိတ်ညစ်ညူးမိလေတော့သည် ။ အကြောင်းမှာ – တရားခံဟု ယူဆ၍နယ်ထိန်းအဖွဲ့မှဖမ်းဆီးလာသောသူသည် မိန်းမလျာ (အခြောက်မ) တစ်ဦးဖြစ်နေသောကြောင့်ပင်ဖြစ်လေတော့သည် ။ ကျွန်ုပ်မှာ […]


၈၈ အပြီးတွင် စစ်တပ်အင်အားကို အကြီးအကျယ်တိုးချဲ့သည်။ ထိုအင်အား အတွက် မြေသိမ်းသည်။ ပြည်လမ်း မကြီးတစ်လျှောက် မင်္ဂလာဒုံမှ ထောက်ကြံ့ လမ်းဆုံအထိကို အုတ်တံတိုင်းခတ်လိုက်ရုံနှင့် “တပ်မြေ”ဟု သစ်သား ဆိုင်းဘုတ်လေး စိုက်ထူရုံနှင့် ပြီးသွားပြီ . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ~အကြောင်းကြောင့် အကျိုးဖြစ်ကြောင်း မြတ်စွာဘုရားက ဟောခဲ့သည်။ ““ဟေတုပစ္စယော””ဟူသော ပါဠိ စကားဖြစ် ၏။ ထိုသဘောကိုပင် အိုင်းစတိုင်းကလည်း ““ရီလေတီဗတီ””ဟူသော စကားရပ်ဖြင့် သီဝရီထုတ်ပြ ခဲ့သည်။ အကျိုး တရား မှန်သမျှတွင် အကြောင်းတရားရှိကြောင်း သာဓကများစွာပြခဲ့သည်။ အကြောင်းကောင်း လျှင်အကျိုးကောင်း မည်။ အကြောင်း မကောင်းလျှင် အကျိုးမကောင်းနိုင်ပေ။ ယခုသီတင်းပတ်အတွင်း အကျိုးမကောင်းသော သတင်းတစ်ခု ကြားနေရ၍ စိတ်မချမ်းမြေ့ဖြစ်ကြရသည်။ မိမိ တစ်ဦးတည်းအတွက် မဟုတ်။ […]


hmeeOctober 17, 20141min62858
    ပြိုကွဲခြင်း (၁) “ ဘုရား…..ဘုရား” တင်းကုပ်ထဲက လှုပ်ရှားသွားသော အရိပ်ကြောင့်  တပိုတပါး သွားဖို့ဆင်းလာတဲ့  မြနှင်းတယောက်  ထိတ်ခနဲ လန့်သွားကာ ဘုရားတမိသည်။ လကွယ်ည၏ ပိန်းပိန်းမှောင်တဲ့ အမှောင်ကြောင့် လူလော နာနာဘာဝလော။ ဓါတ်မီး မယူခဲ့မိသည်ကို သတိရကာ တိတိတဆိတ် မိမိကိုယ် မိမိ  အပြစ်တင်မိသည်။ ပူးချည်ခွာချည် ဖြစ်နေသော အရိပ်သည် တခုလား နှစ်ခုလား သိချင်ဇောဖြင့်  ကြောက်စိတ်ကို အသာအယာ အန်တုကာ  အညင်သာဆုံး တရွေ့ရွေ့ နီးသထက်နီးအောင် ကပ်လာမိသည်။ တီးတိုးစကားသံကို ကြားလိုက်မိတဲ့အခိုက်  မြနှင်း ကိုယ့်နားကိုယ်ပင်မယုံနိုင်။ မြနှင်းကိုယ်ပေါ်သို့ ကောင်းကင်ကြီး ရုတ်တရက် ပြိုဆင်းလာသလို ခံစားလိုက်ရသည်။ ရုတ်တရက် ယိုင်သွားသော ခန္ဓာကိုယ်ကို  လဲမကျစေရန် တင်းကုပ်တိုင်ကို  အားပြုလိုက်ရလေသည်။ […]


  (၂၄) ကျွန်မက ယုတစ်ယောက်နှင့်သာ အဆက်အသွယ်ရှိတော့သော်လည်း ကိုခန့်နှင့် အဓိကပတ်သက်ခဲ့ဖူးသော ယုထံသို့ သတင်းစကားများက အလိုလိုရောက်လာကြသည်။ ငယ်နှင့် တရားဝင်ချစ်သူဖြစ်နေသော ကိုခန့်က ယုကို ချစ်နေဆဲပါဟု ဆိုလာပြီး အကြိမ်ကြိမ်အခါခါ ဖုန်းဆက်နေသည်ဟု ကြားသိရစဉ်က မျက်နှာပြောင်တိုက်တတ်လွန်းလှသူကို ကျွန်မ ရွံမုန်းခဲ့ရ၏။ “ကလေး ဘာလို့ ငါတို့ကိုလိမ်လဲဆိုတာ ငါသိသွားပြီ” အရာရာကို ဆက်စပ်တွေးတောပြီး ထွက်လာသော အဖြေတစ်ခုကို ကြားသိရသည့်အခါ အလွန်ပင် အံ့ဩမိခဲ့သည်။ ကိုခန့်ကို ချစ်လွန်းလှသည့် ငယ်က သာယာမှုနှင့်အချစ်စစ်ကို မြင်တတ်ခဲ့ဟန် တူပါသည်။ ယုက ပြန်လက်ခံလိုက်ရုံနှင့် သူချစ်သည့် ကိုခန့်ကို ဆုံးရှုံးရမည်ကို သိနေသည့်အတွက် မိန်းကလေးတစ်ယောက်၏ အရှက်နှင့်ရင်းပြီး ဤကဲ့သို့ လိမ်ညာရဲခဲ့သည့် ငယ့်ကို ကျွန်မတို့ သနားမိပါသည်။ သို့သော် ကျွန်မတို့၏ စေတနာကို […]


– – – – – ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ   တစ်နေ့သ၌ ကုန်းရွာ မည်သော ကျေးတောရွာငယ်လေးအတွင်း သတင်းတစ်ပုဒ်သည် ကျော်ကြားပျံ့နှံ့လျက် ရှိလေသည်။ ထိုသတင်းမှာကား “မျောက်တစ္ဆေ” […]


alinsettOctober 13, 20141min33624
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အစိုးအရနဲ့ DKBA တပ်များအကြား ပစ်ခတ်မှုတွေကြောင့် စိုးရိမ်ဖွယ်ရာ ဖြစ်နေသေးတဲ့အတွက် အဆိုပါ ပြည်နယ်တွေကို သွားရောက်မယ့် အမေရိကနိုင်သားများ အနေနဲ့ သံသယဖြစ်စရာ တွေ့ရှိတာနဲ့ အဲဒီဒေသတွေကနေ ချက်ချင်းထွက်ခွါရေး၊ ဒေသတွင်းလုံခြုံရေးအခြေအနေတွေကို သတိပြုရေးနဲ့ သတင်းအဆက်အသွယ်မပြတ်ရေးတို့ကို အမေရိက သံရုံးက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ။။။။။။။။။။။။။။။။။။။။။။။။။။။ ကရင်ပြည်နယ် ကျုံဒိုးနဲ့ ကျိုက်မရောကြားမှာ ခရီးသည်တင် ယာဉ်တစီးကို လက်နက်ကိုင်တပ်ဖွဲ့တစုက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခရီးသည် လေးဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ တပ်ဖွဲ့ဟာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့ဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ပြောဆိုခဲ့ပေမယ့် DKBA ဘက်က သူတို့ ပစ်ခတ်ခြင်း မဟုတ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။ […]


ေမာင္ရိုးOctober 11, 20141min41137
  စာဖတ်သူများအားပန်ကြားလွှာ ***   အောက်တွင်ရေးသားဖေါ်ပြထားသည်များအား အမှန်တကယ်ဖြစ်ပျက်ခဲ့ပါသည်ဟု ထင်မြင်ပါကလည်း လွတ်လပ်စွာယုံကြည်နိုင်ပါသည် ။သို့မဟုတ် စာရေးသူ၏ စိတ်ကူးစိတ်သန်းဖြင့် ဖန်တီးသည်ဟု ထင်မြင်ပါကလည်း လွတ်လပ်စွာထင်မြင်နိုင်ပါကြောင်းးးးး     လေးစားလျှက် . . . . . . i. .   ပုစ္ဆာ၏ နိဒန်း ###       ည ……… လမိုက်ည ……… တိ်တ်ဆိတ်သော ည ………   ထိုည၏ အမှောင်ထု အတွင်းတွင် ညလူတစ်ချို့ လှုပ်ရှားနေသည် ။ သူတို့သည် ညမှအလုပ်လုပ်သော သူများဖြစ်သည် ။ မည်သူတို့ဖြစ်မည်နည်း ။ ဧကန်စင်စစ် လူကြီးလူကောင်းများ မဖြစ်နိုင်ပါ […]


Phoe MyinttarOctober 9, 20141min23512
တစ်ခါတုန်းက လူငယ်လေးတစ်ဦးဟာ ငှက်ကလေးတစ်ကောင်ကို တွေ့ပြီးချစ်လွန်းလို့ ကောက်ယူမွေးစားခဲ့တယ်တဲ့…. ငှက်ကလေးမှာဒဏ်ရာတွေ ပါလာတော့ တတ်သရွေ့ မှတ်ရွေ့ ကုသပေးရင်း ငှက်ကလေးရဲ့ ဒဏ်ရာတွေဟာ ပျောက်သလောက်ဖြစ်လာခဲ့တယ်လေ… လူငယ်လေးကလည်း ငှက်ကလေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တော့ ငှက်ကလေးကပိုပြီး သဘောကျလာတာပေါ့… သူကအဲဒီလိုဂရုစိုက်တာမျိုးကို လိုချင်ခဲ့တာတဲ့လေ…..ငှက်ကလေးက သူ့ကို တစ်ခြားစွန့်မပြစ်ပါနဲ့တဲ့ လူငယ်လေးနဲ့ပဲ သူတစ်သက်လုံးနေသွားချင်တယ်တဲ့လေ… အဲဒီစကားကိုကြားရတဲ့လူငယ်လေးမှာ ပီတိတွေဖုံး အပြုံးတွေဝေလို့ပေါ့….. ဒီလိုနဲ့ ငှက်ကလေးကလည်း လူငယ်လေးအပေါ်မှာသံယောဇဉ်ဖြစ်၊ လူငယ်လေးကလည်း ငှက်ကလေးကို သံယောဇဉ်တွေ အပြန်အလှန်ဖြစ်လာရင်း အချိန်တွေကို ဖြတ်သန်းခဲ့ကြတယ်တဲ့လေ….. ကြာလာတော့လည်းငှက်တို့ရဲ့သဘာဝအရ အတောင်ပံလေးရှိနေတော့ ပျံသန်းချင်လာတော့ပေါ့… ငှက်ကလေးဟာ လူငယ်လေးကိုအသိမပေးပဲ တစ်ခါတစ်လေထွက်သွားတယ်တဲ့… ဒီလိုနဲ့ အကြိမ်တွေများလာတော့ လူငယ်လေးက ရိပ်မိလာတယ်လေ… ဒါပေမယ့်လည်း လူငယ်လေးက သိတယ်ဆိုတာကိုမပြောပဲ ငှက်ကလေးကို ကောင်းကင်ရဲ့ ပရိယာယ်တွေ၊ အပြင်လောကရဲ့ မာယာတွေ၊ […]


အပိုင်း (၁) – https://myanmargazette.net/204769 အပိုင်း (၂) – https://myanmargazette.net/204809 အပိုင်း (၃) – https://myanmargazette.net/204904 အပိုင်း (၄) – https://myanmargazette.net/204994 အပိုင်း (၅) – https://myanmargazette.net/205096   (၁၆) အဒေါ်အိမ်တွင်နေထိုင်ရင်း အလုပ်လုပ်နေရသော အချိန်ကာလများသည် ကျွန်မ၏ နှလုံးသားကို လျင်မြန်စွာ ကုစားနိုင်ခဲ့သည်။ နောင်တတို့ဖြင့် ကျွန်မကို လွမ်းဆွတ်နေသည့် သူ့အကြောင်းများကို ကြားသိရသော်လည်း ကျွန်မ မတုန်လှုပ်တော့ပါ။ တစ်ခါတစ်ရံတွင် ဖြစ်ပေါ်လာတတ်သော အလွမ်းများကို နာကျည်းမှု၏အောက်တွင် ဖြေဖျောက်နိုင်ခဲ့သည်။ မဖြစ်နိုင်သောလမ်းကို ဆက်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းအတွက် ကိုယ့်ကိုကိုယ်ကျေနပ်မိ၏။ အချစ်သည် အလွန်ပင် အပြောင်းအလဲမြန်မှန်း ကျွန်မသဘောပေါက်ခဲ့သည်။ (၆) လဟူသော အချိန်အတွင်းတွင် ကျွန်မသည် သူငယ်ချင်းအားလုံးနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ ချစ်ရသောယုနှင့် တစ်လတစ်ခါတွေ့ဖြစ်ရန်ပင် မလွယ်ကူတော့ချေ။ လူချင်းမတွေ့ဖြစ်သော်လည်း ယုကတော့ […]


တိုင်းသူပြည်သားတို့ရဲ့ရှေးဘုန်းကံရယ် ************************** “တိုင်းသူပြည်သားတို့ရဲ့ရှေးဘုန်းကံရယ် တိုင်းပြည်စောင့်သော နတ်တွေ မှိုင်းမစေဖွယ် လာဘ်လာဘများနဲ့ကံကောင်းခြင်းတွေရယ် ရွှေပြည်ကြီးတံခါးဖွင့်လို့ ဝင်ရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါရဲ့ကွယ်” ရုပ်မြင်သံကြားကြည့်နေသည့် စိတ်သည် တီဗွီထံတွင်မရှိတော့။ လွှင့်ဝဲပျံသန်းသွားသော စိတ်သည် တစ်နေရာပြီးတစ်နေရာ ခုန်ပေါက်ကူးလူးကုန်သည်။ စိမ်းစိုသော တောင်တန်းများ၏ အလှကိုကျော်လွန်ပြီး ပူလောင်ခဲ့သော နေ့ရက်အချို့ကို ယခုချိန် ပြန်မလွမ်းကောင်းဘူး ဟု ထင်သည်။ သို့သော် နေ့နေ့ညည အိပ်မက်ဆိုးများနှင့် သူ လန့်လန့်နိုးခဲ့ရ၏။ ယခုထိ သူ နားတွေအူနေသည်။ ယခုထိ သေနတ်သံတွေကြားနေရသည်။ ယခု သူကြည့်နေသည်က ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသနေသော ငြိမ်းချမ်းရေးပွဲတော် အစီအစဉ် ။ စပ်ဆိုထားသော သီချင်းစာသားက အင်မတန်ကောင်းလွန်းသည်။ ရင်ထဲ ပီတိ သိမ့်သိမ့်ဖြစ်ရသည်။ သီချင်းစာသားထဲကလိုဖြစ်လျှင် မည်မျှကောင်းမည်လဲ။ အနုပညာရှင်များက ပြည်သူတို့ဖြစ်လိုသော ဆန္ဒကို ဂီတ၊ […]