“ဒီ ပိတ်ရက်တွေမှာ တစ်နေရာ သွားမလို့ဆိုဗျ။” စိန့်ဂျိမ်း ကောလိပ် ညစာစားပွဲတွင် ဇီဝဗေဒ ပါမောက္ခ ပက်ကင်၏ ဘေးတွင် ထိုင်နေသူတစ်ယောက်က မေးလိုက်ခြင်း ဖြစ်သည်။ “ဟုတ်သဗျ..မနက်ဖြန်ပဲ သွားတော့မှာ..။” ပါမောက္ခ ပက်ကင်က ပြန်ဖြေသည်။ “ဂေါက်ကစားတာ သေသေချာချာလေး လေ့ကျင့်ချင်လို့ပါဗျာ..။ အရှေ့ဘက်ကမ်းခြေက ဘန်းစ်ထရိုး ကို တစ်ပတ် နှစ်ပတ်လောက် သွားမယ်..။ လက်ရည် တက်လာအောင် ကစားဖို့ပါပဲ။” ပါမောက္ခ ပက်ကင်သည် မည်သည့်အရာလုပ်သည်ဖြစ်စေ လေးနက်စွာလုပ်လေ့ရှိသည့် တည်တည် ကြည်ကြည် လူရွယ် တစ်ဦးဖြစ်၏။ နောက်တစ်ဦးက ထပြောသည်။ “အဲ..ပက်ကင် ရေ..။ အဲဒီ ဘန်းစ်ထရိုးမှာ ရှေးတုန်းက ဝတ်ကျောင်းသူရဲကောင်းတွေရဲ့ ကျောင်းပျက်တစ်ခု ရှိ ဆိုဗျ..။ ခင်ဗျား အဲ့ဒီဘက်များသွားဦးမလား..။ တကူးတက သွားကြည့်ထိုက်လား ကျွန်တော်က […]


အပိုင်း (၁) – https://myanmargazette.net/204769 အပိုင်း (၂) – https://myanmargazette.net/204809 အပိုင်း (၃) – https://myanmargazette.net/204904 အပိုင်း (၄) – https://myanmargazette.net/204994   (၁၂) စစ်သားတစ်ယောက်၏ ချစ်သူဖြစ်ရခြင်းသည် အလွန်ပင်မလွယ်ကူလှကြောင်း ကျွန်မသိခဲ့ရသည်။ (စစ်ဆေးတက္ကသိုလ်တက်နေသည့်ကျောင်းသားကို စစ်သားဟုပင် သုံးနှုန်းချင်ပါသည်။) တနင်္ဂနွေ outpass ထွက်သည့်ရက်ကို မျှော်နေရသည်။ ယခုအချိန်ကဲ့သို့ လက်ကိုင်ဖုန်းများမပေါများသေးသည့်အချိန်တွင် သူ့ဘက်က ဆက်လာမည့်ဖုန်းကိုသာ စောင့်ခွင့်ရှိသည်။ သူပေးထားသည့် ဖုန်းနံပါတ်လေးတစ်ခုသည် ကျောင်းဆင်းချိန်ညနေဘက်များတွင် အမြဲတမ်းမအားလပ်ဘဲ ဖြစ်နေတတ်သည်။ သူရှိနေမည့်အချိန်တွင် ဖုန်းလုံးဝမအားခြင်း၊ ဖုန်းဝင်သွားသည့်အချိန်တွင် သူမရှိနေနိုင်ခြင်းတို့သည် ကျွန်မ၏ သည်းခံနိုင်စွမ်းတို့ကို တဖြည်းဖြည်း ထိပါးလာခဲ့သည်။ ထို့အပြင် တနင်္ဂနွေတွေ့ဆုံချိန်များ၌ နောက်ကျမှရောက်လာတတ်သော သူ့ကို ကျွန်မ နားလည်မပေးနိုင်ခဲ့ပါ။ ကြာကြာစိတ်မဆိုးတတ်ခြင်း၊ ခဏတာတွေ့ရသည့်အချိန်များကို တန်ဖိုးထားမိခြင်းတို့ကြောင့်သာ စိတ်လျှော့လိုက်ရသော်လည်း ကျွန်မ၏ အတွေးတွေကတော့ […]


အပိုင်း (၁) – https://myanmargazette.net/204769 အပိုင်း (၂) – https://myanmargazette.net/204809 အပိုင်း (၃) – https://myanmargazette.net/204904   (၁၀) “ငယ် ကိုခန့်နဲ့ ဖုန်းပြောဖြစ်နေတာလား…” “ဟုတ် မကြီး.. ဒါပေမယ့် တစ်ခါတစ်လေပါ….” “မကြီးတော့ နေ့တိုင်းနီးပါး ဖုန်းပြောနေတာ တွေ့တယ်နော်…” “သမီးသူငယ်ချင်းဆီကပါ မကြီး… ကိုကြီးက တစ်ခါတစ်လေမှ ဆက်တာပါ…” “မကြီး ပြောထားတယ်နော်.. ကိုခန့်ဘယ်လောက်ရှုပ်တယ်ဆိုတာတွေကို… ပတ်သက်တဲ့မိန်းကလေးတိုင်းနဲ့ ဇာတ်လမ်းဖြစ်တယ်… ဒါပေမယ့် နောက်ဆုံးမှာ သူတကယ်ချစ်တဲ့သူက ယုပဲ…” “သမီးသိပါတယ် မကြီး.. ကိုကြီးနဲ့ကလည်း ရိုးရိုးသားသားပဲ ပြောဖြစ်တာပါ…” “အင်းပါ.. ကိုယ့်ညီမလေးမို့ ခံစားသွားရမှာ စိုးရိမ်လို့ပါ… ငယ်က စဉ်းစားတတ်တဲ့သူပဲ…” “ဟုတ်ကဲ့ပါ မကြီး…” သည်ကလေးမ၏ မျက်ဝန်းများကို ဖတ်တတ်နေသော်လည်း အတင်းအကျပ်မပြောချင်သောကြောင့် မသိဟန်ဆောင်ထားလိုက်သည်။ “မကြီး […]


အပိုင်း (၁) – https://myanmargazette.net/204769 အပိုင်း (၂) – https://myanmargazette.net/204809   (၇) “အဲဒီတော့ ကိုခန့်က ဘာပြန်ပြောလဲ...” “ဘာမှ မပြောဘူးလေ.. မကြီးလည်း ထွက်လာခဲ့လိုက်တယ်… ဘာမှထပ်ပြောဖြစ်မယ် မထင်တော့ပါဘူး ငယ်ရယ်… မေ့ထားလိုက်တာ ကောင်းပါတယ်… အော်. ဒါနဲ့ မနက်ဖြန်ညနေ ယု အဆောင်ကို လာလည်လိမ့်မယ်… ငယ်စောစောပြန်လာရင် တွေ့လို့ရတာပေါ့...” “ဟုတ် မကြီး.. သမီးလည်း မြင်ဖူးချင်နေတာ အတော်ပဲ…” ချစ်စရာကောင်းသော ငယ့်ကို ယုကလည်း ညီမလေးတစ်ယောက်လို ချစ်ခဲ့ပါသည်။ စနေပိတ်ရက်များတွင် အဆောင်ကိုလာလည်တတ်သော ယုသည် ကျွန်မအဝတ်လျှော်နေချိန်များတွင် မီးပူကူတိုက်ပေးရင်း ငယ်နှင့် စကားလက်ဆုံကျနေတတ်သည်။ မမကို ကော်ဖီတစ်ခွက်တိုက်ပြီး မီးပူတိုက်ခိုင်းတယ် ငယ်ရယ်.. အဲဒါကောင်းသလား.. အင်းလေ.. ဘယ်ကောင်းမှာလဲ… အဲဒီမကြီးက ခိုင်းတဲ့နေရာမှာ ဧည့်သည်တောင် […]


alinsettSeptember 24, 20141min43819
                                                                      ဇွဲကပင်တောင်ထိပ်မှာ အမှောင် မတိတ်ခင် အိပ်စက်ပါရစေ…ချစ်သော မိစံပယ်။ ဟိုဆီ အောက်ဘက်က. . .သံလွင်ကွေ ့ကောက်ကို ငုံ့ကြည့်ရင်း တစ်ခါတုန်းဆီရဲ ့. . သီချင်းလေးတွေ တိုးတိုးညည်းရင်း ….. သဘာဝတရားရဲ့ သွေးဆောင်မှုနောက် . […]


Kaung Kin PyarSeptember 24, 20141min138557
(၁) ကျနော်….အိပ်မက် မက်နေတယ်….   (၂) ကျနော်…အိပ်မက် မက်နေတယ်…. အိပ်မက်ထဲမှာ…ကျနော်…လျှောက်သွားနေတယ်…. ကျနော် ရောက်နေတာက…..ပင်လယ်ကမ်းစပ်တစ်ခုမှာ..… နိပ်ဟ!!!!! ပိုက်ဆံမကုန်ဘဲ…ဟာဝိုင်ရီများ ရောက်လာတာလား…. ဒါပေမယ့်…ဒီကမ်းခြေမှာ…လူသူ အတော်ရှင်းနေတယ်…ဟာဝိုင်ရီဆိုရင်တော့…လူတွေနဲ့ ရှုပ်ရှက်ခတ် ဆူညံနေရမှာပဲ…..။ ဒါဆို….ဒါ…ဟာဝိုင်ရီတော့ မဟုတ်လောက်ဘူး…. ရောက်နေတာ….ငပလီများလားလို့…ရေသူမရုပ်ကို ဟိုဟိုဒီဒီရှာကြည့်သေးတယ်….။ ရေသူမရုပ်တော့မတွေ့ဘူး….. အတော်ဝေးဝေးကို…လှမ်း မျှော်ကြည့်မှ…လူတချို့လိုလိုကို…ခပ်ဝါးဝါးလှမ်းတွေ့တယ်…. အင်းးးးး…ဘာပဲဖြစ်ဖြစ်လေ….. ရောက်တုန်းရောက်ခိုက်….တဝုန်းဝုန်းတက်လာတဲ့ ပင်လယ်ရေလှိုင်းတွေနဲ့ပဲ ငါဆော့ရင် ကောင်းမလား…၊ ခရုခွံလှလှတွေပဲ လိုက်ကောက်ရင် ကောင်းမလား…၊ သဲအိမ်ပဲ ဆောက်ကြည့်ရကောင်းမလား… ဟိုဟာလုပ်ရကောင်းနိုး၊ ဒီဟာလုပ်ရကောင်းနိုးနဲ့…ကျနော်ဘာမှမလုပ်ဘဲ ကမ်းခြေအတိုင်းပဲ လျှောက်နေတယ်…။ ဖိနပ်ကိုချွတ်လိုက်ပြီး…သဲမြေတွေထဲ…ခြေချောင်းတွေနဲ့ ထိုးဆော့လိုက်..၊ ခုန်ပေါက်လိုက်နဲ့…စိတ်လွတ်ကိုယ်လွတ် ပျော်မြူးနေတုန်း ရှိသေး “ဟိတ်ကောင်လေး!!!!….” ခေါ်သံကြောင့် ကျနော် လှည့်ကြည့်လိုက်တယ်…..။ အမလေး!!!!! ကျနော်…တော်တော် လန့်သွားတယ်…. ဟင်….ဘယ့်နှာ မျက်နှာကြီးဒုန်း…. ကျနော့်ကို ခေါ်လိုက်တဲ့သူက … […]


(၄) တစ်ရက်တွင်တော့ ကိုခန့်က ဖုန်းဆက်လာခဲ့သည်။ “မွန်မွန်.. မနက်ဖြန် အမေလာမှာ.. နင်နဲ့မိတ်ဆက်ပေးချင်လို့..” “အာ… နင်ကလည်း… ကိုယ့်ဘာသာပဲ တွေ့ပါ.. ငါ မလာချင်ပါဘူး..” “မဟုတ်ပါဘူးဟာ.. ငါက နင့်အကြောင်းတွေ အမေ့ကို ပြောပြထားတယ်ဟ… အရမ်းခင်ဖို့ကောင်းတယ်လို့လည်း ပြောထားတယ်… အမေကလည်း နင်နဲ့တွေ့ချင်တယ်တဲ့..” “ဘုရားရေ.. နင်ရိုးရိုးသားသားတော့ ဟုတ်ပါတယ်နော်.. တော်ကြာ သူ့ချွေးမလို့ ထင်နေဦးမယ်.. “ “ဟားဟား.. မထင်ပါဘူးဟာ.. ငါ့မှာ ရည်းစားရှိတာ အမေသိပါတယ်.. အဆင်ပြေရင် သူနဲ့ပါတွေ့ပေးမလို့… နင်နဲ့က ရိုးရိုးသူငယ်ချင်းပဲဆိုတာ သိပါတယ်ဟ.. စိတ်မပူနဲ့.. မနက်ဖြန် ကိုးနာရီ နင်လာခဲ့နော်..” “ဟဲ့.. နင်ပြောတော့ ယု ဆို.. အခုတစ်ယောက်ကို နင့်အမေနဲ့တွေ့ပေးမယ်ဆိုတော့ နင်က ဘာလဲဟ..” “ဒီလိုပါပဲဟာ.. ဟိုတစ်ယောက်က အမေလာမယ်ဆိုတာသိတော့ […]


(၁) လွန်ခဲ့သော (၆) နှစ်ခန့်က အမျိုးသမီးဆောင်တစ်ခု၏ အဆောင်နေကျောင်းသူအဖြစ် ငယ်နှင့်ကျွန်မ ခင်မင်ခဲ့ကြသည်။ ငယ်က စီးပွားရေးတက္ကသိုလ်တွင် ပထမနှစ်စတက်မည့် တက္ကသိုလ်ကျောင်းသူသစ်။ ကျွန်မက တစ်ခြားအဆောင်က ပြောင်းလာသည့် အဆောင်သူသစ်။ အခန်းချင်းလည်းနီး၊ အသစ်ချင်းလည်းတူသည့် ကျွန်မတို့နှစ်ယောက်သည် အချိန်တိုအတွင်းတွင်ပင် အလွန်ခင်မင်သွားခဲ့ကြသည်။ အလုပ်လုပ်ကြသူများသည့် ကျွန်မတို့အဆောင်တွင် ကျောင်းသူဖြစ်သော ငယ်နှင့်ကျွန်မသည် အငယ်ဆုံးနှစ်ယောက်အဖြစ် အစ်မတွေက ဝိုင်းချစ်ခဲ့ကြသည်။ ငယ်ကတော့ သူ့ထက် အသက်နှစ်နှစ်သာကြီးသော ကျွန်မကို ခွျဲချင်သည့်အခါတွင် ကလေးတစ်ယောက်လို လာချွဲလိုက်၊ ပုလင်းတူဘူးဆို့လုပ်ချင်သည့်အခါ သူငယ်ချင်းပေါင်း ပေါင်းလိုက်နှင့် ပျော်စရာအချိန်တွေကို ဖြတ်သန်းခဲ့ကြသည်။ ကျွန်မအတွက်တော့ မမေ့နိုင်သော အမှတ်တရကာလများပင်။ (၂) ထိုအချိန်မှာပင် ကိုခန့်နှင့်ကျွန်မ စတင်ခင်မင်ခဲ့ကြသည်။ ကျွန်မထက် (၃) ရက်သာကြီးသော အစ်ကိုထံသို့ သွားလည်ရင်း၊ အစ်ကို့လွယ်အိတ်ထဲသို့ မွှေရင်း jfj….@gmail.com […]


မိုဘိုင်းလ်ဖုန်း ဆိုတာ ပေါ်လာတာ အတော်ကြာခဲ့ပေမယ့် ကိုယ်တွေလည်း ဘာသိဘာသာ ဒီလိုပဲ ကိုင်ခဲ့တာပါ။ ဒါပေမယ့် ဒီဘက်ပိုင်းနှစ်တွေမှာတော့ ဆန်းသစ်လာမှုတွေနဲ့အတူ ဖုန်းမြည်သံ မျိုးစုံပြောင်းလဲသုံးစွဲလာကြပါတော့တယ်။ အဲဒီလိုနဲ့ ဖုန်းမြည်သံ Ringtone နဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုပေးတာတွေ ဖြစ်လာရောပေါ့။ ဖြစ်ချင်တာတော့ ကျနော်တို့ ကုမ္ပဏီကလည်း အဲဒီ Ringtone ဝန်ဆောင်မှု လုပ်ငန်းကိုပါ ထပ်ချဲ့ခဲ့ပါတယ်။ ခေါ်နိုင်တဲ့ နံပါတ်တွေပေးထားပြီး ဒီနံပါတ်တွေကိုဆက်လို့ ကိုယ်လိုချင်တဲ့သီချင်းတွေကို Ringtone အဖြစ်သုံးဖို့ တောင်းနိုင်အောင်ပေါ့ တဲ့ ၊ သီချင်းတွေကို Ringtone အဖြစ် သုံးဖို့တောင်းနိုင်အောင်ပေါ့။ အဲဒီမှာ ဇာတ်လမ်းက စတာပါပဲ။ ဝန်ဆောင်မှုပေးတဲ့ နံပါတ်တွေထဲက တစ်ခုက ဝ၉-၅၁၅၁၀၁၀၊ ကျနော့်ဖုန်းက ဝ၉-၅၁၅၁၀၂ဝ ။ ခပ်ဆင်ဆင်ဖြစ်နေတဲ့ ဖုန်းနံပါတ်ကြောင့် ကျနော့်ခဗျာမလည်း ဒီ […]


U Pyaung GyeSeptember 16, 20141min23818
မျက်ဝန်းတွင် မျက်ရည်များရစ်ဝိုင်းလျက် အဝေးသို့ လှမ်းမျှော်ကြည့်နေသော်လည်း သက်ရှိ/သက်မဲ့ တစ်စုံ တစ်ခု ကိုမျှ မြင်ပုံမရ။ အချို့လဲ မျက်ရည်များ ထိန်းထားသည့်ကြားမှ ပါးပြင်ပေါ်သို့ စီးကျနေကြသူများ။ လူတန်း ရှည်ကြီး တစ်ခု။ သူတို့၏ ရည်မှန်းချက်ကား ပေါင်မုန့်ရောင်းပေးနေသော ကောင်တာလေးဆီသို့ အသိမဲ့သူများ ပမာ တရွေ့ရွေ့။ ဝန်းကျင်တွင်လည်း ပြိုကျပျက်စီး နေသော အဆောက်အဦများ ကြား၌ မြေကော်စက်ကြီးများ၊ ဝန်ချီစက်ကြီးများက တဝုန်းဝုန်း တဂျုံးဂျုံး။ ၂၀၁၂ ခုနှစ် အတွင်း ရေအောက်ကြမ်းပြင်ကို ဗဟိုပြု လှုပ်ခတ် ခဲ့သည့် ဂျပန်နိုင်ငံ ငလျှင်ဒဏ်ကြောင့် ကမ္ဘာပျက်သလို ခံစားခဲ့ကြရသော၊ မိဘ/ သားသမီး/ ညီအကိုမောင်နှမ/ ဆွေမျိုးသားချင်းများ သေကြေပျက်စီး ပျောက်ဆုံးခဲ့ကြရသော၊ နေစရာအိမ်နှင့် စားစရာ ချက်ပြုတ် ကြော်လှော် ရန် […]


Kaung Kin PyarSeptember 13, 20141min404
မနက်ကမှ ကောင်းကင်ပြာရဲ့ ဖုန်းကို ပြန်ပေးရင်း ညီမဆီက သူမလုံမလဲ ပြောလိုက်တဲ့သတင်းကြောင့် ကောင်းကင်ပြာတော်တော်လေးကို ခြောက်ခြားသွားပါတယ်…။ ရွာပေါ်တက်ကြည့်လိုက်တော့ မျှော်လင့်ထားတာထက်တောင် အခြေအနေဆိုးနေတာပါ…။ အကိုတစ်ယောက်က ခဏတော့ စောင့်ပါဦးပြောခဲ့ပေမယ့်…ရွာကလူတွေ စိတ်ဆိုးနေမှာစိုးတာကြောင့် အမေအပြင်ထွက်တုန်း ခဏလစ်တဲ့အချိန် နေပူပူထဲ ထွက်လာခဲ့တာပါ…။ တချို့တွေ ကောင်းကင်ပြာအတွက် စိတ်ပူနေကြပြီး တစ်ချို့တွေ…ဒေါသထွက်နေကြတယ် ကြားပါတယ်…။ ကောင်းကင်ပြာ သံယောဇဉ်ရှိတဲ့ ရွာကလူတွေကို လှည့်စားဖို့ စိတ်နဲ့တောင် မကြံခဲ့ဖူးပါဘူး…။ ဟိုလင်းတ ရှုပ်ခဲ့တဲ့ အရှုပ်တွေ နေမကောင်းတဲ့ကြားက လာရှင်းတာပါ… နောင်ရိုး အရင်က ဘာပိုစ့်တင်တင်…သူ ဘယ်သူ့ကို ပြောတယ်ဆိုတာ သိမှာစိုးလို့…ပိုစ့်တွေမှာတောင် ကော်မန့်ဝင်မရေးခဲ့တာပါ…။ ခုတော့ ဝင်မလာလို့ မရတော့လို့ ကောင်းကင်ပြာ ရွာထဲ ဝင်လာပါတယ်..။ ဖြစ်သွားတဲ့ ကိစ္စတွေကို ရွာသားတွေ အမြင်ရှင်းအောင် ပြောပြချင်ပါတယ်….. ငယ်ငယ်က […]


တစ်ဖျတ်ဖျတ်တောက်ပနေတဲ့ ကြယ်တွေကို ကျွန်မမော့ကြည့်မိနေတယ်။ ကျွန်မစောင့်ကြည့်နေတယ်။ ကြာခဲ့ပါပြီ။ မိုးတစ်ဖွဲဖွဲကျရောက်နေပေမယ့် လက်တစ်ဖက်က ထီးကိုဆုပ်ကိုင်ထားပြီ စောင့်ကြည့်နေမိတယ်။ မြစ်ကမ်းဘေးနားမှာ လူတစ်ယောက်မှရှိဘူး။ ကူးတို့ဆိပ်နားက လှေကိုစောင့်ရင် နားဖို့ထားတဲ့ ဝါးတဲအိမ်က ကတော့ ခပ်တည်းတည်း။ လှေစီးမယ့်သူမရှိတော့တဲ့အချိန်မှာ ညကမှောင်မိုက်နေတယ်။ ချောင်းရေပြင်ပေါ် မှာတော့ မိုးပေါက်တွေရဲ့ ကျရောက်မှုကြောင့် လှိုင်းပွက်ကလေးတွေက ခပ်ဖျောက်ဖျောက်ပေါ်နေတယ်။ ကြယ်တွေကတော့ မှိတ်တုတ်မှိတ်တုတ်။ တိမ်မည်းမည်းတွေ အနည်းငယ်အုပ်မိုးထားတော့ ကြယ်တွေကို သိပ်မတွေ့ရဘူး။ တစ်စုံတစ်ရာကြယ်များ ကြွေမလားလို့ပေါ့။ ဆုတောင်းဆိုတာ တောင်းတိုင်းပြည့်သလားလို့ ကျွန်မကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်မိတယ်။ နောက်ဆုံးတော့လည်း မျှော်လင့်ချက်တွေသာ အဖတ်တင်ခဲ့ သလားလို့ ပြန်အဖြေထုတ်မိပြန်တယ်။ အခုတော့ ကျွန်မစောင့်ကြည့်တဲ့အချိန်ထိ ကြယ်တွေမကြွေသေးဘူး …မောင်။   ……………………………………………………………………………………………………………………   မှုန်ပျပျနံနက်ခင်းဟာ နေ့တိုင်းလိုလိုပါပဲ။ အုံ့မှိုင်းမှိုင်းရာသီဥတုက ပိုသတိရလွမ်းဆွတ်နေသလိုလို။ အိမ်ရှေ့ထွက်လိုက်တာနဲ့ တူတူစိုက်ခဲ့တဲ့ ထားဝယ်ပန်းတွေဟာ […]


စူးခနဲ တစ်ချက်အော်၍ ဆွဲဆွဲငင်ငင်အော်ငိုလိုက်သော အသံကြောင့် ဘုန်းတော်ကြီး ဦးသီလ ကျိန်းနေရာမှ နိုးလာခဲ့သည်။ သူ့ကျောင်းဆောင်လေး ရှေ့ထွက်ကြည့်တော့ နွမ်းနွမ်းပါးပါး ကလေးမလေး တစ်ယောက် ငိုယိုနေတာ တွေ့မိသည်။ ညကြီးမင်းကြီး အချိန်မတော် ဘာဖြစ်လို့ပါလိမ့်ဟု ဦးသီလ စဉ်းစားနေသည်။ ကလေးမကို မေးတော့ လည်း အတွင်သာ ငိုနေသဖြင့် အငိုတိတ်အောင် ခဏမျှစောင့်နေလိုက်၏။ အတန်ကြာတော့ ကလေးမလေးက ဦးသီလ မေးသမျှ ရှိုက်သံစွက်၍ ဖြေရှာသည်။ “ဒကာမလေး ဘာဖြစ်လို့တုန်းကွဲ့။” “တပည့်တော် နာမည် မိထူးပါ ဘုန်းဘုန်း။ တပည့်တော်အဖေ သေတော့မယ် ဘုရား..။” “ဒကာမလေး အဖေက ဘယ်သူတုန်းကွဲ့။” “ဦးနေမျိုးပါ ဘုရား..။” “ဦးနေမျိုး..။” ဦးသီလ သံယောင်လိုက်ပြီး စဉ်းစားလိုက်သည်။ အိမ်သာကျင်းတူးတဲ့ နေမျိုးကို ပြောတာဖြစ်မယ်ဟုတွေး မိသည်။ […]