johnnydeerJanuary 24, 20141min19810
ဟိုတယ်ဖွင့်ထားတာဆိုတော့ ဟိုတယ်အကြောင်းတွေ ရေးဖို့ ဝိုင်းတိုက်တွန်းကြတယ်…ရေးလဲ ရေးချင်ပါတယ်…ရေးစရာတွေလဲ တထောင့်တညပုံပြင်လိုပဲ အများကြီးပဲ…ဒါပေမယ့် မရေးဖြစ်ဘူး…တမင်သက်သက် မရေးတာပါ… ဟိုတယ် အကြောင်းရေးရင် ဟိုတယ်အကြောင်းနဲ့တင် ပြီးသွားတာမှ မဟုတ်တာ…လူမျိုးတရာ့တပါးနဲ့ အမြဲ ထိတွေ့ဆက်ဆံနေရတဲ့နေရာ ဆိုတော့ လူအကြောင်းတွေ ပါလာတော့မယ်…ဟိုတယ်ဆိုတော့ ကိုယ့်ဆီလာတည်းတဲ့ လူတွေရဲ့ privacy ကို ထိန်းသိမ်းစောင့်ရှောက်ရမှာက ဟိုတယ်တစ်ခုရဲ့ တာဝန် ဝတ္တရားကိုး…ရေးရင်းရေးရင်းနဲ့ လူအကြောင်းတွေ ပါသွားမှာစိုးပါတယ်…ဒါ့ကြောင့်လဲ ဟိုတယ် အကြောင်းတွေ သိပ်မရေးဖြစ်တာပါ… ဒါပေမယ့် တခါတလေတော့လဲ ဟိုတယ်ရဲ့ နာမည် ဂုဏ်သိက္ခာနဲ့ ပတ်သက်လို့ ထိပါးလာပြီ…ထိခိုက်လာပြီ လို့ ယူဆရရင်တော့ ဖြစ်ရပ်မှန်ကို ကိုယ်ကိုတိုင်ရှင်းပြ…ရေးပြရပါတော့တယ်…ဒါကလဲ ထမင်းကျွေးတဲ့ လုပ်ငန်းရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာအတွက်ပါ… တခါက ဟိုတယ်ကို မိတ်ဆွေ တစ်ယောက်လာတည်းပါတယ်…ဟိုတယ်ခ 21000 ထဲပါ…ဒါပေမယ့် သူ ဟိုတယ်ခထက်ကို […]


MAUNGJanuary 23, 20141min29124
ဝန်ခံချက် ။          ။ ဟို တစ်ပါတ်က ကိုကြီးခင် ရေးတဲ့ Ring Tone ပို့စ် ကိုဖတ်ပြီး ဒီ ပို့စ် ရေးဖို့စိတ်ကူးရ ပြီးရေးဖြစ်တာပါ။  တစ်ခါ တုန်းကပေါ့ ဗျာ..ကျွန်တော် မောင် တစ်ယောက် ဟမ်းဖုန်း ကိုင်ချင်တဲ့ရောဂါ အပြင်းအထန် စွဲကပ် နေသောကြောင့် မေမေ့ မှာမကြည့်ရက် တော့ဘဲ ဖုန်း တစ်လုံး အသည်းအသန် ရှာပေး ရပါတော့တယ်။ ဖုန်း က UFL ကျောင်းကဆရာမ တစ်ယောက်ရဲ့ နာမည် ပေါက်ပါ ။ ဈေး စကားပြော၊ ဈေး တဲ့လို့ ငွေသွားချေ၊ စာချုပ် ချုပ်တော့ ကျွန်တော် နဲ့ ကျွန်တော့ သူငယ်ချင်း အဲဒီ ဆရာမ အိမ် […]


လူကေလးJanuary 13, 20141min19612
ရွာတွေ့ဆုံပွဲလေးကိုတက်ဖြစ်ခဲ့ရင်းနဲ့ပဲ . . စာရေးချင်လာတာနဲ့ အရင်ကရေးထားတဲ့ဇာတ်လမ်းလေးကိုပြန်ဆက်ဖြစ်တာပါ.. ဆက်မယ်ဆက်မယ်နဲ့ အားလည်းမအားတော့ဘူး . .ရေးလည်းမရေးဖြစ်တော့ဘူး.. ခုတော့ တကယ်ရေးပြီးတင်လိုက်ပါပြီ.. ——————————————————————————————————————————————————– ရှက်ပြေးတစ်ယောက်ရဲ့အစ ကျွန်တော်မမကို လွမ်းတယ်.. ရွာတန်းရှည်ကို ရောက်တော့လည်းလွမ်းတယ်.. အဖိုးနဲ့ အဖွားကို နှစ်သိမ့်ပေးရင်းနဲ့လည်း. .လွမ်းတယ် .. မောင်ပုတို့ စာကလေးတို့နဲ့တူတူ ထန်းရည်သောက် ရင်း ဂစ်တာတီးရင်း လည်း လွမ်းတယ်..ဦးဖိုးလူရဲ့ရှေးဟောင်း နှောင်းဖြစ်တွေ နားထောင်နေရင်းနဲ့လည်း လွမ်းတယ်.. ရွာကျောင်းလေးမှာ စာသင်နေရင်းနဲ့ လည်း လွမ်းတယ်.. သေချာတယ် . ကျွန်တော် အိမ်ပြေးနေတဲ့ကာလ တလျှောက်လုံး ကျွန်တော် မမကို လွမ်းနေခဲ့တယ် .. ခု ကားပေါ်မှာလည်း မမ အကြောင်းစဉ်းစားနေရင်းလည်း ကျွန်တော် မမကို လွမ်းမိပါတယ်.. ရန်ကုန်ကို ပြန်ရောက်တဲ့အခါ မမ […]


San Hla GyiJanuary 12, 20141min29818
(ယခင်လမှ အဆက်) အခန်း(၆) ပြန်ခါနီး မစ္စတာလိုကျင်း တယောက် စိတ်ပျက်စွာဖြင့် ရုံးခန်းထဲ ထိုင်နေမိသည်။ ဖြစ်ရပုံက မိမိဌာနမှ ဘူးဆန်းဆိုသော လူငယ် တယောက်ကြောင့် ဖြစ်သည်။ မစ္စတာလိုသည် တခြားဌာနမှ လူများ အတွက်သာ ကြောက်စရာ ဖြစ်နေသော်လည်း မိမိဌာနမှ တပည့်တွေ အတွက်တော့ ကြက်သားအုပ်မကြီးက ကြက်ကလေးတွေကို အကာအကွယ် ပေးသလို စောင့်ရှောက် ကာကွယ်ပေးတတ်သည်။ ဒီနေ့ ဖြစ်ရပုံများတော့ မပြောချင်တော့ဟု မစ္စတာလို တွေးနေမိသည်။ ဒါရိုက်တာအဖွဲ့ အစည်းအဝေး ရှိသဖြင့် သူ့အနေနဲ့ နေသိပ်မကောင်းတာတောင် ရုံးကို လာခဲ့သည်။ အစည်းအဝေးခန်းထဲမှာ သူဌေးကြီး ကေကေဝမ် အပါအဝင် အခြားဌာနများမှ လူကြီးများနဲ့ ဆွေးနွေးအပြီး အစည်းအဝေး ပြီးခါနီးတွင် မစ္စတာဝမ်က သူ့ကို ပြောစရာရှိလို့ ဆိုပြီး […]


marblecommetJanuary 10, 20141min22711
(၁) လူတစ်ယောက် ကျွန်မကို ကြည့်နေတာ ကြာပြီ။ ကျွန်မလည်း ဆုံးဖြတ်ထားပြီးပါပြီ။ အချိန်လည်း မရှိတော့ဘူးမဟုတ်လား။ နောက်ခဏဆိုရင် ဆိုင်လည်း သိမ်းတော့မယ်လေ။ ကျွန်မ ဒီဆိုင်မှာ ထိုင်နေခဲ့တာ အချိန်အတော်ကြာခဲ့ပြီပဲ။ ဘာတွေ တွေးနေလို့ဒီလောက်အကြာကြီး ထိုင်နေမိတာလဲဆိုတာကိုတောင် ကျွန်မကိုယ်ကျွန်မ မမှတ်မိတော့ပါဘူး။ ကျွန်မအတွက် တကယ်တမ်းကျတော့ တွေးစရာတွေလည်း များများစားစား မရှိတော့ပါဘူး။ အခုအချိန်မှာ အရာရာကို အရှုံးပေးလိုက်ဖို့ ကျွန်မ ပြင်ဆင်ထားခဲ့ပြီးပါပြီ။ ဘုရားသခင်ကိုလည်း ကျွန်မ လက်မြှောက်ကြောင်းကို လွန်ခဲ့တဲ့အချိန်အနည်းငယ်က အသိပေးခဲ့ပြီးပါပြီ။ ကျွန်မ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဟိုလူ ကျွန်မဆီကို ထလာတယ်။ “သွားရအောင်လေ” ဘုရားရေ့…ကျွန်မ ထင်ထားတာထက် ပိုပြီး တိကျတဲ့အသုံးအနှုန်းနဲ့ ကျွန်မကို ခေါ်နေပါပြီ။ လွန်ခဲ့တဲ့တစ်လလောက်က နယ်မြို့ကြီးတစ်မြို့ရဲ့ တက္ကသိုလ်တစ်ခုက တတိယနှစ်ကျောင်းသူတစ်ယောက်ဟာ အခုအချိန်မှာ လူစိမ်းတစ်ယောက်ရဲ့ တိတိကျကျ […]


‘ချက်…..ချက်…….ချက်…ချက်…….ချက်…..ချက်’   နံရံမှာကပ်ထားတဲ့ နာရီသံက ကျွန်မကိုကျီစယ်နေသလိုလို။ ဒီနေ့က ဒီဇင်ဘာ(၃၁)ရက် တိတိကျကျပြောရမယ်ဆိုရင် ၂၀၁၃ခုနှစ် ၊ ဒီဇင်ဘာ(၃၁)ရက် ၊ ည (၁၀)နာရီတိတိကို ထိုးပြီမောင်။ အခန်းဝက ကန့်လန့်ကာက တစ်ချက်လှုပ်ခါသွားတာ ကြည့်ပြီး မောင်များလားလို့ မသိစိတ်က ကျွန်မထင်မိလိုက်သေးတယ်။ ပြီးမှ ကိုယ့်စိတ်ကိုယ်ပြန်ထိန်း တစ်ချက်ပြုံးပြီး မဖြစ်နိုင်ပါဘူးလေဆိုပြီး ဖြေသိမ့်လိုက်ရတယ်။ ဆောင်းရာသီရဲ့ မြောက်ပြန်လေက တစ်ချက်တစ်ချက် တိုက်ခတ်လာတယ်။ တိုက်ခတ်လာတဲ့လေနဲ့အတူ ခြံရှေ့က သစ်ခွပင်တွေဆီက သစ်ခွနံ့ခပ်သင်းသင်းက ကျွန်မဆီကိုတိုးဝင်လာတယ်။ ဪ ဟုတ်ပါရဲ့။ သစ်ခွတွေတောင် ပွင့်နေရောပေါ့။ သစ်ခွပင်တွေကြားထဲမှာ ကျွန်မလမ်းလျှောက်နေလိုက်တယ်။ တစ်ဖက်က ကျွန်မသိပ်နှစ်သက်တဲ့ ဒန်ဒရိုဗီယမ်သစ်ခွ နဲ့ မိုကာရာသစ်ခွတွေ ၊ တစ်ဖက်က မောင်သိပ်ကြိုက်တဲ့ ဗန်ဒါ နဲ့ ကတ်တလီယာသစ်ခွတွေ။ ဆောင်းညရဲ့စိုစွတ်စွတ်မြူတွေကြား ပွင့်နေကြလိုက်တာ။ […]


ဤစာရေးသူကား အလွန်စေ့စပ်သေချာသူဟု ပြောနိုင်ပါသည်။ တစ်သက်တာကာလတွင် ဘာပစ္စည်းမှ ကျမပျောက်ဖူးပေ။ (တမင်ခိုးယူခြင်းခံရတာတော့ရှိ၏။) ဟမ်းဖုန်းခေါ်၊ မိုဘိုင်းလ်ဖုန်းခေါ်၊ လက်ကိုင်ဖုန်းဆိုလျှင် ပို၍ပင် ဂရုစိုက်သတိထားသဖြင့် ဖုန်းကိုင်သည့် သက်တမ်းခုနှစ်နှစ်မှာ တစ်ခါမျှ မမေ့ခဲ့၊ မပျောက်ခဲ့၊ မကျကွဲခဲ့ပါ။ ဟန်းဆက်တစ်ခုကိုလည်း သုံးနှစ်ကျော်အထိ မလဲပါ။ မော်ဒယ်ဘာပဲပေါ်ပေါ်၊ ကိုယ့်မူလဟန်းဆက်ကလေးကိုသာ တယုတယပြုခဲ့သူဖြစ်၏။ ဖုန်းနှင့်ကျွန်မ သစ္စာခိုင်မြဲသည်ဟု ဆိုနိုင်ပါသည်။ အိမ်မှာက မိသားစုငါးဦးရှိသည်။ အားလုံးကျောင်းသွားကြ၊ ရုံးသွားကြ၊ ကျူရှင်သွားကြ၊ ညဂျူတီသွားကြစသဖြင့် လုပ်ကြရသည်။ ရန်ကုန်မြို့ကြီးကလည်း ရှုပ်ပွေသည်။ နေ့မြင်ညပျောက်များသည်။ ထို့ကြောင့် မိသားစုဝင်များ၊ ဘယ်သူဘယ်ရောက်နေကြောင်း အဆက်အသွယ်ရှိဖို့ အရေးကြီးသဖြင့် ဟန်းဖုန်းများကို တစ်ယောက်တစ်လုံးကျ ဝယ်ခဲ့၏။ တစ်ပြိုင်နက် မဟုတ်ပါ။ ၁၅သိန်းတုန်းကတစ်ခါ၊ ငါးသိန်းမှာတစ်ခါ၊ နှစ်သိန်းမှာ နှစ်ခါနဲ့ နောက်ဆုံးသမ္မတကြီးပေးသည့် ၁၅၀ဝ တစ်ခါ ဖြစ်၏။ […]


ကျော်ဘသစ်January 6, 20141min26915
(၁) တစ်နေ့သ၌ ရန်ကုန်မြို့၊ ရွှေဘုံသာလမ်း၊ အမေရိကန်ဗီးရှင်းမျက်မှန်ဆိုင်ထဲသို့ ကြောက်ရွံ့ရွံရှာဖွယ် အသွင်အပြင်ရှိသော ဘိုးတော်တစ်ဦး ဝင်လာသည်။ မွဲထပ်ထပ်ဆံပင်၊ ဖရိုဖရဲမုတ်ဆိတ်၊ အညိုရောင် ညစ်ထေးထေးဝတ်ရုံကို ဝတ်ဆင်ထားသည့်အပြင် တစ်လုံးက အာလူးသီးလောက်၊ တစ်လုံးက ခရမ်းချဉ်သီးလောက်၊ မညီမညာ အသတီချင်စရာ အပြင်ကို ပြူးထွက်နေသော သူ့မျက်လုံးကြီးများကို ကြည့်ရင်း တုန်တုန်ရီရီ ဖြစ်နေသည့်ကြားက အရောင်းစာရေးမလေးတစ်ယောက်က တာဝန်အရ အရဲစွန့်ပြီး မေးရှာသည်။ “ဟုတ်… ဟုတ်.. ဟုတ်ကဲ့၊ ဘာ… ဘာ.. ဘာအလိုရှိပါသလဲရှင်” “မျက်မှန်တစ်လက် လိုချင်တယ်” “မျက်..မျက်… မျက်မှန်က အမျိုး..မျိုး..မျိုး..မျိုးမျိုး ရှိပါတယ်၊ ဘ… ဘ.. ဘယ်လိုမျက်မှန်မျိုး လိုချင်ပါသလဲရှင်” “နေကာမျက်မှန်” “နေ…နေ.. ကာမျက်မှန်ကလည်း အမျိုးမျိုး ရှိတယ်၊ ဘယ်လိုအမျိုးအစား ယူမလဲ..လဲ..လဲ..ရှင်” “ဘာပဲရရ၊ ငါ့မျက်နှာပေါ်က […]


johnnydeerJanuary 2, 20141min20311
ဘဝနဲ့ချီပြီး ရွတ်လိုက်ဦးမယ်… ဘဝတလျှောက် မှာ ကျွန်တော့်ကို တအားအထင်ကြီးတဲ့သူရှိတယ်… တခြား ဘယ်သူဖြစ်မှာလဲ… အမေပေါ့… အထင်ကြီးမှာပေါ့…ချစ်တဲ့ မျက်လုံးနဲ့ကြည့်တာကိုး… အမေဆိုတော့ ပေါက်တဲ့အီးတောင် ကိုယ့်သားပေါက်တဲ့ အီးမှ မွှေးတယ် ထင်တတ်တာကိုး… နောက်ပြီး ကျွန်တော့်ကို အထင်တစက်မှ မကြီးတဲ့ သူလဲရှိသေးတယ်… အဖေပေါ့… အဖေဆိုတော့ သားတွေကို အကြီးကြီး ဖြစ်စေချင်တယ်… ဖြစ်စေချင်တိုင်း ဖြစ်မလာတဲ့အခါကျတော့ အားမလို အားမရတွေ ဖြစ်လာပြီး ပြောချင်ရာ ပြောတော့တာပါပဲ… တစ်ရက်ကျတော့ ထမင်းစားရင်း…အဖေက ပြောတယ်… မင်းကိုယ်စွမ်းကိုယ်စ နဲ့တစ်ရက် သုံးထောင်ရအောင် ရှာနိုင်သလား တဲ့… အဖေက သားတော်မောင်ပူတူတူးလေးကို ဒဲ့ စိန်ခေါ်တာ… ဘယ့်နှယ်ဗျာ…ဒီလောက် အရည်အချင်းပြည့်ဝတဲ့ သားကို ဘလိုင်းကြီးလာကျောတာ… ဒီလိုကြီး လာကျောတာတော့ ကျွန်တော်ကလဲ ဘယ်သည်းခံမလဲ… ကျွန်တော်ကလဲ […]


no non negativeDecember 31, 20131min24814
ကြောင် နဲ့ ယစ်ပူဇော် တာ လေး တွေ့ လို့ share လိုက် တာ၊ စိတ် ဝင်စား သူ များ ရွာ ထဲက  ကြောင် တွေ နဲ့ စမ်း ကြည့် ပေါ့ နော် 🙂 ကြောင်လေးတွေကလည်း witchcraft တွေရဲ့ symbol မှာ မပါမဖြစ်ပါဘူး အရင်တုန်းက အင်းဟိုးရှေးရှေးတုန်းကဆိုတဲ့ အချိန်တုန်းက witch တွေက ကြောင်ပုံစံ ကိုးကြိမ်တိုင်တိုင်ပြောင်းနိုင်ပါတယ်တဲ့ ကြောင်တစ်ကောင်က အသက်ကိုးသက်ရှိလို့ပါတဲ့ နောက်ပြီး ritual တွေမှာ ကြောင်တွေကို ယစ်ပူဇော်ကြပါတယ် demons တွေကိုလည်း ကြောင်တွေနဲ့ကိုယ်စားပြု ပါတယ် အဲ အီဂျစ်တွေကတော့ ကြောင်တွေ ကိုးကွယ်ပြန်ရော မတူညီတဲ့ ယုံကြည်မှုတွေပေါ့ Celtic တွေယုံကြည်မှုအရတော့ […]


johnnydeerDecember 30, 20131min27414
ဟိုက ယတြာ ချေတာ… ဟိုဟာတွေက အရှက်မရှိ လိုက်ဝတ်တာ… ဟိုက လူတွေက မေးကြတော့မယ်… ဟို ဝတ်စုံကြီးက ဘာကြီးလဲ…လို့… ဟို…ဟိုး…ရှက်ထှာ… ဟိုဒင်းထဲပဲ ဒီမျက်နှာကြီး ဖွက်ထားရတော့မယ်ထင်တယ်… ဟိုဟို…ဒီဒီ ဝေ့လည်ကြောင်ပတ် လျှောက်ပြောရတော့မယ် ထင်တယ်… ဟိုဟာလေးတွေရေ… ဟိုဟာကြီးတွေက… ဟိုဟာ မပျောက်အောင်… ဟိုအကြောဖြတ်ပြီး… ဟိုလို ဝတ်ကြတာပါ…ပေါက်ကြရဲ့လား…အဲ့ဒါကို ဟိုဟာလေးတွေက ဘာသဘောကျလို့ လိုက်ဝတ်ကြတာလဲ… ဟိုဟာ နဲ့ ဟိုဟာ အဲ့လို ဆင်တူဝတ်လိုက်ကြတော့… ဟိုဟာလား…ဒီဟာလား…တို့က ဘယ်လို ခွဲကြမှာလဲ… ဟိုလို ဒီလို ခွဲမရမယ့် အတူတူတော့… ဟို ပိုနေတဲ့ ဟာလေးကိုပါ… ဟိုဒင်း ဟိုဟာ လုပ်ပြီး တခါထဲ ကိစ္စတုံး… ဟိုလို လုပ်လိုက်ပါလား…အိမ်နီးချင်း… ဟိုနိုင်ငံက အဲ့လို… ဟိုဟာလုပ်တာ […]


ကျော်ဘသစ်December 28, 20131min32113
(က) “ယုံကြည်မှုတွေ ရမယ်နော်.. ယုံကြည်မှုတွေ.. ယုံကြည်မှုတွေ” “တစ်ဆယ်သားမှ ငါးရာတည်း၊ တစ်ဆယ်သားမှ ငါးရာတည်း” “အလျားနဲ့ ဝယ်မယ်ဆိုရင် တစ်ပေကို ရှစ်ရာ၊ ပုလင်းနဲ့ဆိုရင် တစ်ပုလင်း ခုနှစ်ရာ၊ သုံးမျိုးပေါင်းယူရင်တော့  တစ်ထောင့်ငါးရာနဲ့ ရမယ်၊ ယုံကြည်မှုတွေ  ယုံကြည်မှုတွေ” “ကဲ ကဲ.. လာထား လာထား.. အရောင်အသွေးစုံ၊ ကာလာစုံတယ်နော်” “အဓိပ္ပါယ်မျိုးစုံ၊ စိတ်ကူးမျိုးစုံ၊ အကြောင်းအရာမျိုးစုံပါတဲ့ ယုံကြည်မှုတွေ၊ ဝယ်မလား.. ဝယ်မလား၊ ဦးရာလူနဲ့ ထိုက်ရာလူပဲ ရမယ်နော်” နေအလွန်တရာပူပြီး အိတ်ကပ်ထဲ ဘီယာသောက်စရာ ပိုက်ဆံ တစ်ပြားမှမရှိတဲ့ တစ်နေ့မှာ ကျွန်တော်ဟာ  လူစည်းကားရာ မဟာဗန္ဓုုလပန်းခြံထောင့် တစ်နေရာမှာ ယုံကြည်မှုတွေ ဖြန့်ခင်း ရောင်းချနေပါတယ်။ လက်တစ်ဖက်နဲ့ ယုံကြည်မှုတွေကို အဆုပ်လိုက် အဆုပ်လိုက် ကိုင်မြှောက်ပြ၊ တစ်ဖက်ကလည်း […]