ကြာတော့ကြာခဲ့ပါပြီ….. ဘဝရဲ ့အလှည်းအပြောင်းတွေနဲ ့အတူ ၊ လောကကို လေဆန်ပျံခဲ့တဲ့ ငှက်ကလေး တစ်ကောင်လို ပျံသန်းရင်း ဝမ်းတစ်ထွာအတွက် ၁၆နှစ်သားလောက် အရွယ်မှာ ဇာတ်သဘင်အဖွဲ ့ကြီး တစ်ခုရဲ ့ပင်တိုင်ပန်းချီ သမားအဖြစ် လိုက်တုန်းကပေါ့…။ တောင်ကြီး တန်ဆောင်တိုင်ပွဲကို ၁၃ည ကပြပြီး နမ့်ဆန်မှာကတော့….ပွဲကြည့် ပရိတ်သတ်ကလည်း များမှများ..။ တိုင်းရင်းသားတွေလေ..ရှမ်း၊ပအို ့တောင်သူတွေပေါ့…။ ဒါနဲ ့ပြဇာတ်ပြီး နှစ်ပါးခွင်ကနေတုန်း ဇာတ်ဆရာက ပြောပါတယ်…ပန်းချီဆရာ…ရုံဝင်ပေါက်ကိုသွားပြီး မန်နေဂျာ ဂျော်နီ ကိုပြောပေးပါ..လူပါးနေရင် ရုံဖွင့်လိုက်တော့ပေါ့… ဒါနဲ ့သွားပြောတာပေါ့…ကိုယ့်ဆရာက ဖွင့်လိုက်ပြီလို ့ဇာတ်ဆရာကို သတင်းပေးပြီး၊ရုံမဖွင့်ဘဲ…အောက်ဆိုက် ရှာနေတုန်း…ရတဲ ့ငွေ သူ ့အတွက်ပေါ့..။ ကျနော့်ကိုတောင် ခဏစောင့်ပေးပါ..ပါဆင့်နစ်ပေးမယ်..ငါအပေါ့အပါးသွားမလို ့ဆိုပြီး ထွက်သွားပါလေရောဗျာ….။ ချမ်းတာကလည်း အတော်ချမ်းတာ…အနွေးထည်ကို တင်းတင်းဆွဲပြီး ဝတ်ရသည် အဲလို […]