Mon LayOctober 22, 20161min22712
၁။ ကျွန်တော်ကသင်္ဘောသားဆိုတော့..  သင်္ဘောစလိုက်ကတည်းကတစ်ခါမှရန်ကုန်မှာသင်္ကြန်ဆိုတာကြီးနဲ ့လုံးလုံးဆုံကိုမဆုံဖြစ်တော့ပါ။ သင်္ကြန်ရောက်ရင်..  အမြဲသင်္ဘောပေါ်ကြီးမှာပဲဆိုတော့.. ဒီနှစ်သင်္ကြန်တော့ရန်ကုန်မှာရှိတုန်းရှိခိုက်အမုန်းကဲမယ်ဆိုပြီးမဏ္ဍပ်ကောင်းကောင်းတစ်ခုမှာဒီနေ ့ပဲသူငယ်ချင်းဘော်ဒါတွေနဲ ့All day ticketဝယ်ပစ်ပလိုက်တယ်။ ၂။ သင်္ကြန်ရက်ကိုကျရောက်လို့လာပါပြီ။ မဏ္ဍပ်ပေါ်မတက်သေးဘဲ.. ပြည်လမ်းရဲ  ့မဏ္ဍပ်ရှေ  ့မာလာဆောင်ရှေ  ့မှာပဲဘော်ဒါတွေ အတူစုပြီးစားသောက်နေလိုက်ကြသေးသည်။ မာလာဆောင်ရှေ  ့မှာစားသောက်ဆိုင်တန်းတွေကအလျှံအပယ်။ ကိုယ့်အုပ်စုနဲ ့ကိုယ်ထိုင်ကြစားကြသောက်ကြစကားပြောကြနှင့်။ မဏ္ဍပ်ကလည်း၉နာရီထိရေမဖွင့်သေးဘဲ.. သီချင်းတွေအကျယ်ကြီးဖွင့်ထားတာဆိုတော့.. စားလို့သောက်လို့ကလည်းကောင်းနေရောပေါ့.အမျိုးအစားအစုံအလင်နဲ ့လှပနေကြတဲ့ကောင်မလေးတွေဆိုတာလည်းပေါရောပေါ့.. ခုမှပဲတစ်နေရာထဲမှာအပြည့်အဝဖီလင်ကလည်းကောင်းနေရော။ တစ်နေကုန်ကိုမဏ္ဍပ်ပေါ်မတက်ဘဲအောက်မှာသယ်ရင်းဘော်ဒါတွေနဲ ့စကားပြော၊ အရက်ထိုင်သောက်၊ ဖြတ်သွားဖြတ်လာစကီလေးတွေကိုလည်းရှိုးနေရတာ.. .. တယ်ကောင်းတဲ့ဖီးလ်ပဲ။ ၃။ သင်္ကြန်ဒုတိယနေ ့ကိုရောက်လို ့လာပါပြီ။ ဒီနေ ့လည်းဘော်ဘော်တို ့ကမတက်သေးဘဲအောက်မှာပဲစားလို့သောက်လို့ကောင်းနေပြန်ရော။  ဒီနေ ့တော့.. ၁၁နာရီမှမဏ္ဍပ်တက်ကြမယ်ဆိုပြီးမဏ္ဍပ်ပေါ်တက်.. လူတွေကလည်းပြည့်ကျပ်ညပ်။  DJကလည်းကောင်းတစ်ချက်မကောင်းတစ်ချက်နဲ ့ကရတဲ့ဖီးလ်ကမကောင်းလာတော့အကုန်သူအောက်ကိုပဲပြန်ဆင်းကြတော့တယ်။ ကျွန်တော်တို့ နေ ့လည်စာစားနေကြတဲ့အချိန်မှာ ကောင်မလေး၂ယောက်နဲ ့ကောင်လေး၁ယောက်ကျွန်တော်တို့ ဝိုင်းထဲကို ရောက်လာကြတယ်။ ကျွန်တော့်ဘော်ဒါတစ်ယောက်နဲ […]


ဖေဖော်ဝါရီ ၂၈၊ တနင်္လာ မနေ့ညက ဒီကိုရောက်တယ်။ တကယ်က ဒီနေ့မှ ပြောင်းဖို့ကို မနေ့ တနင်္ဂနွေနေ့ညကတည်းက မထူးပါဘူး ဆိုပြီး တစ်ခါတည်း ရွှေ့လာတာ။ ပစ္စည်းက ခရီးဆောင် အိတ်နှစ်လုံးစာ။ ကိုယ့်ရှိတာလည်း ဒါအကုန်ပါ။ အခန်း ရောက်တော့ ပစ္စည်းလေးတွေ နေရာချတန်တာချ။ အိပ်ယာတန်းဝင်။ အိပ်လို့ကောင်းလိုက်တာ။ ကိုးနာရီထိုး၊ ဒေါ်အုန်းနွယ် တံခါးလာခေါက်မှ နိုးတယ်။ မနက်စာ လာပို့တာ။ ကြီးတော် ခမျာ ကျွန်တော့်ကို အရေးတယူနဲ့ ဂရုစိုက်ရှာပုံရပါတယ်။ မနက်စာက ကြက်ဥကြော်၊ ထမင်းကြော်နဲ့ ကော်ဖီ။ ကော်ဖီ သိပ်ကောင်း။ မျက်နှာသစ်၊ အဝတ်လေးလဲ၊ မနက်စာစားပြီးတော့ တည်းရိပ်သာက ကောင်လေး အခန်းသန့်ရှင်းရေး လုပ်တုန်း ဆေးလိပ် တစ်လိပ်ဖွာတယ်။ ကဲ..ဒီမှာတော့ ရောက်နေပြီ။ နည်းနည်းတော့ အန္တရာယ် […]


Foolish GirlOctober 13, 20161min892
နှိုးစက်၏ ဆူညံစွာလှုပ်နှိုးသံကြောင့် ဆောင်းတစ်ယောက် မထချင်ထချင်ဖြင် ထကာ အိမ်ယာပေါ်တွင်ငုတ်တုတ်ထိုင်ခဲ့သည်။ မေဦးပြောသလိုပင် ဆောင်းပျော်နေမိပါတယ်အမှန်ပင်ဖြစ်သည်။ သူတိတ်တခိုးသဘောကျနေသော ဆောင်းဦးမောင်ထံမှ မမျှော်လင့်သောဆက်ဆံမှုကြောင့်အရမ်းပျော်နေမိသည်။ သို့သော် ထိုပျော်ရွှင်မှုကို မည်သူ့ကိုမှ ချမပြချင်ခဲ့ ဒဏ္ဍာရီထက်မှာသာ ရင်ဖွင့်ထားလိုက်သည်။ “ဟဲ့ ဆောင်း အိပ်ယာပေါ်မှာ ငုတ်တုတ်ကြီး ဘာလုပ်နေတာလဲ။ အိပ်ယာထတုန်းကအားလုံးအတူတူထတာ အခုငါတို့က ပြင်ဆင်လို့တောင်ပြီးတော့မယ် နင်ကခုထိမျက်နှာသစ်ဖို့မပြောနဲ့ အိပ်ယာပေါ်ကတောင်မဆင်းသေးဘူး။ နေမကောင်းဘူးလား” “နေမကောင်းတာမဟုတ်ဘူး အကြွယ်ရေ့ ပီတိတွေဖြာ နေတာ” “မေဦးကောင်မစုတ် ဘာတွေလျှောက်ပြောနေမှန်းမသိဘူး” “တွေ့လားအကြွယ် အိုးမလုံအုံပွင့်တာ” မနက်ခင်းတစ်ခုကတော့ဖြင့် ဆောင်းတစ်ယောက် သူငယ်ချင်းများ၏စနောက်မှုဖြင့် ပျော်ရွှင်စွာ ကုန်ဆုံးစေခဲ့ပြန်ပါသည်။ ဆောင်းစိတ်ကိုပြေလျော့စေသော သူငယ်ချင်းများကို ကျေးဇူးတင်မိတယ်။ “ဟိတ်ကောင်တွေ ဆော့မနေကြနဲ့ အကျီမြန်မြန်လဲကြ။ မနက်စာစားရဦးမယ် ဖယ်ရီမမှီဘဲနေဦးမယ်” “ဟုတ်ကဲ့ပါ မေမေသဲနုရယ်” သုံးယောက်သား သဲနုမောင်ကို ရွဲ့ကာပြောဆိုရင်း ပြင်ဆင်ကာ […]


Foolish GirlOctober 12, 20161min1203
ဆောင်းနှောင်းနွေ ချစ်စရာကောင်းသောရုပ်ရည် ၊ ကြည်လင်သောမျက်လုံး ၊ လခုံးနှင့်တူသော မျက်ခုံးများကိုပိုင်ဆိုင်ထားသော မျက်နှာပိုင်ရှင်ဖြစ်သည်။ လိမ်လည့်လှည့်ဖြား ပြောဆိုလျှင် မည်သို့မျှမဖုံးမဖိတတ်သော ရိုးသားသည့်မျက်ဝန်း ပိုင်ဆိုင်သူ ဖြစ်သည်။ အရပ်မှာမရှည်သော်လည်း မိန်းမတစ်ဦးပိုင်ဆိုင်သင့်သော အဆစ်အကောက်အချိုးအစားဖြင့် တင့်တယ်လှပသူ အသားမဖြူသော်လည်း ညိုညက်သောအသားအရေပိုင်ဆိုင်သူ ဆံပင်ကို step ဆွဲထားကာ ကပိုကရိုချထားတတ်သည်က သူမ၏ ဆွဲဆောင်မူတစ်မျိုးပင်ဖြစ်သည်။ ဆောင်းနှောင်းနွေသည် ရိုးသားသော်လည်း ခေါင်းမာသူတစ်ဦးဖြစ်သည်။ သူမမျှော်လင့်ကြီးစွာ ဆုံးဖြတ်ထားသည့် ကိစ္စ များကို မည်သူဖျက်ဖျက်လက်မခံ မှားယွင်းသောဆုံးဖြတ်ချက်ဖြစ်ခဲ့ပါကလည်း နောင်တမရတတ်ပေ။ ခံစားချက်ကိုလျှို့ဝှက်တတ်သည်။ များသောအားဖြင့် ဝမ်းနည်းမှုကို ပို၍ဖုန်းကွယ်တတ်သည်။ သူမဝမ်းနည်းနေမှန်း သိနေရ ပေမယ့် သူမဆီမှ ဝမ်းနည်းမှုဟန်ပန်မျိုးလုံးဝထုတ်ဖော်ခြင်းမရှိတတ်ပါ။ အပေါင်းအသင်းဆန့်သည်။ မိတ်ဆွေဖွဲ့တတ်သည်။ အပေါင်းအသင်းများကို ခင်မင်တတ်သည်။ သို့သော် ယောက်ကျားလေးများနှင့် မူ ခပ်တန်းတန်းသာ ဆက်ဆံတတ်သည်။ စိုးရိမ်စိတ် […]


(ဂျာမန် ထိတ်လန့်သည်းဖို စာရေးဆရာ Hans Heinz Ewers သည် အမှန်အားဖြင့် ပြဇာတ်သရုပ်ဆောင်ခြင်း နှင့် ကဗျာများအတွက် အသိများသူ ဖြစ်သည်။ လိင် နှင့် အကြမ်းစားဇာတ်ကွက်များကြောင့် သူ့လက်ရာများ ချိနဲ့ သွားသည်ဟု (ဖတ်သူစိတ်ထဲ) ဖြစ်ရသော်လည်း ဟန့်စ် ကမူ ရေးဖို့ ရှက်ရွံ့လက်တွန့်မည် မဟုတ်ပါ။ နာဇီပါတီ ကို ပထမတွင် ထောက်ခံအားပေးခဲ့သော်လည်း ဂျူးများနှင့် လိင်တူချစ်သူများအပေါ်တွင် နာဇီတို့ ထားရှိသော သဘောထားကို မနှစ်သက်သောကြောင့် ပါတီမှ ခွာခဲ့သည်။ နာဇီများက အငြှိုးထားကာ သူ့အ လုပ်များနှင့် သူ့စာများကို ပိတ်ပင်သည်။ သူ့ပိုင်ဆိုင်မှုများကို သိမ်းပိုက်သည်။ အသနားခံစာပေါင်းများစွာ ရေးတင်ခဲ့သော် လည်း အရာမရောက် မထူးခြားခဲ့ချေ။ ထိုနှစ် ၁၉၄၃ ခုနှစ်မှာပင် ဟန့်စ် […]


အပိုင်း – (၁) အပိုင်း – (၂) အပိုင်း – (၃) မနက်ကျတော့ ကတ္ထူပုံးကို သွားရှာတယ်။ ချုံပင်က အကိုင်းတွေနဲ့ ငြိနေတာ တွေ့တာပဲ။ အဖုံးက လည်း ပုံးအောက်တည့်တည့်မှာ ကျလို့။ အဲဒီတော့ ငါ့လက်က လွတ်ကတည်းက အဖုံးပွင့်သွားတာ မဟုတ်ဘူး ပေါ့။ တစ်ခါတည်း ပါသွားတာ..။ အထဲကဟာရော။           ဒါပဲ။ အင်း..ကတ္ထူပုံး အိမ်ပြန်သယ်သွားပြီး ဟို ခေါင်းခွံကို ပြန်ထည့်၊ ဗီရိုထဲမှာ တစ်ခါတည်း သော့ခတ် ထားလိုက်တယ်။ အိမ်အကူကလေးမက မနက်စာပြင်ပေးရင်း ဘာပြောသလဲဆိုတော့ သူဒီမှာ မလုပ်နိုင်တော့ ဘူးတဲ့။ သွားတော့မယ်တဲ့။ ပြီးခဲ့တဲ့လက လစာ မရလည်း ကိစ္စမရှိပါဘူး ဆိုပဲ။ ကလေးမ မျက်နှာကြည့်တော့ လည်း […]


ငါက သိပ်ကြောက်တတ်တဲ့လူမျိုးတော့ မဟုတ်ဘူးကွ။ သရဲခြောက်လှပါတယ်ဆိုတဲ့ သင်္ဘောတွေ လည်း လိုက်ခဲ့ဖူးပါရဲ့။ ဆိုးဆိုးဝါးဝါးတွေလည်း တွေ့ခဲ့ဖူးတာပဲ။ တစ်ခုမှ ခေါင်းထဲ..စိတ်ထဲ စွဲမကျန်ရစ်ပါဘူးကွာ။ ဒီဟာကတော့ ခေါင်းထဲကကို ထုတ်လို့မရတာဟေ့။ အဲဒါကြီး လွှင့်မပစ်ဘူးလား..။ ဟား..မရဘူးကွ။ အဲဒါက သူ့နေရာမှာပဲ သူနေချင်တာ။ သူ့တို့အိပ်ခန်းထဲ က ဗီရိုထဲမှာပဲ နေချင်တာ။ တခြား ဘယ်နေရာမှာမှ မပျော်လို့ထင်တာပဲ။ ဘယ်လိုသိရမလဲကွ..ငါ စမ်းကြည့်ဖူး တာကိုး။ မင်းနှယ်..ငါ မလုပ်ကြည့်ခဲ့ဖူးဘူးလို့ ထင်နေတာလား။ သူ့နေရာမှာ သူဆိုရင်တော့ အော်သံပေးယုံ လောက် ပဲ။ အဲ..တခြားသွားထားကြည့်..။ အိမ်ထဲမှာပဲနော်..နေရာရွှေ့ကြည့်။ အိမ်ထဲမှာ ဘယ်သူမှ ၂၄နာရီ ပြည့်အောင် မနေရဲဘူး။ အိမ်အကူတွေပါ ပြေးကုန်လို့ နှစ်ပတ်လောက် ဒုက္ခတွေ့ရသေး။ ရွာထဲကလူတွေများ နေဝင်တာနဲ့ အိမ်ရှေ့ကတောင် ဖြတ်မလျှောက်တော့ဘူး။ ရောင်းဖို့၊ […]


ယောက်ျားသုံးယောက်ကို ပိပိရိရိသတ်ပစ်တဲ့ မိန်းမတစ်ယောက်အကြောင်းပေါ့ကွာ။ ကြားဖူးလားတော့ မသိဘူး။ လေးယောက်မြောက်ကျကာမှ မိတော့တာ။ အိုင်ယာလန်မှာ ဖြစ်ခဲ့တာပါ။ အင်း..မသေမချင်းကြိုးကွင်း စွပ်သတ်စေပေါ့။ သူ့ယောက်ျားတွေကို ဘယ်လိုသတ်ပစ်ခဲ့သလဲ ဟုတ်လား။ ဒီလိုကွ..အရင်ဆုံး ဆေးခပ်ပြီး မူး မေ့အောင်လုပ်။ ပြီးတော့ ပွက်ပွက်ဆူနေတဲ့ ခဲရည်တွေကို ကတော့လေးတစ်ခုနဲ့ နားထဲလောင်းထည့်တာပဲ။ အေးပေါ့..မူးမေ့ပြီး အိပ်ပျော်နေတဲ့အချိန် လုပ်တာပေါ့။ အေး..တခြားတော့ ဘာမှ ထူးထူးခြားခြား မဖြစ်သေး ဘူး။  မနှစ်က ဒီအချိန်လောက်..။အင်း အဲဒီညနေ ထမင်းပွဲပြီးတဲ့နောက်ပေါ့..။ နိုဝင်ဘာလပဲကွ..။ မှတ်မိတာ ပေါ့ကွာ။ မနှင်းရည်လေးတစ်ယောက် အိပ်ယာထဲမှာပဲ ရုတ်တရက် ဆုံးရှာသတဲ့။ အဲ..ရက်စွဲလား..အဲဒါတော့ မသေချာဘူးကွ။ အဲဒီတုန်းက ရခိုင်ဘက် ငါရောက်နေတာ။ အင်း..အင်း..မနှင်းရည်ကလေး ဆုံးရှာတော့ ငါ့ညီ လူထက် အထီးကျန်ရှာမှာပဲဆိုပြီး ငါသွားတွေ့တာ ပေါ့။ ဒီကောင့်ကြည့်ရတာ […]


     တစ်ခုသော ညနေတွင် ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ယောက်သည် ညနေစာထမင်းကို အိမ်တွင်မစားမူဘဲ ထမင်းကြော်သုပ် သွား၍စားကြပြီးနောက် လက်ဘက်ရည်ဆိုင်ဘက်သို့ စက်ဘီးကလေးတစ်စီးဖြင့် ကမ်းနား လမ်းအတိုင်း နင်းလာကြလေသည်။   မကြာမီတွင် မည်းနက်သော ကောင်းကင်ပြင်၌ လျှပ်စီးများ ပြိုးပျက်လျက် ချက်ခြင်းလိုလိုပင် အေးစိမ့် လာပြီး မိုးပေါက်များ ကျဆင်းလာလေသည်။ ဗြုန်းစားကြီး ရွာချလိုက်သော မိုးကြောင့် ထီးအကာ မ ပါသော ကျွန်ုပ်တို့နှစ်ဦးသည် မိုးလွတ်ရာကို အသည်းအသန်ရှာကြရာ အိုမင်းဟောင်းနွမ်းနေသော အဆောက်အဦးကြီး ဘေးတွင် အဖီချထားသော ဈေးဆိုင်လော၊ လူနေအိမ်လော မပီပြင်သည့်နေရာ မှ မှေးမှိန်သော ဘက်ထရီ မီး ချောင်းအလင်းရောင်ကို သတိပြုမိကြလေ၏။ ပထမတွင် ကျွန်ုပ်တို့နှစ် ဦးသည် တံစက်မြိတ်အောက်တွင် ခိုကပ် နေရာမှ အဖီအတွင်းသို့ကဲကြည့်ရာ […]


Foolish GirlAugust 11, 20161min19710
“ထွန်းကျော်ဆေးရုံတင်ထားရတယ်” မင်းနိုင်ကျောင်းရောက်ရောက်ခြင်းနှင်းထံသတင်းပို့သည်။ ရွက်သစ်က “ကောင်းတယ် ဒီလိုကောင်သေရမှာ သူများကိုစိတ်ထိခိုက်အောင်လုပ်ထားတာ” “ကိုမင်းနိုင် ထွန်းကျော်ဘာလို့ဆေးရုံတင်လိုက်ရတာလဲ” “ကျောက်ကပ်မကောင်းလို့တဲ့ နှင်း။ မွေးရာပါကျောက်ကပ်အားနည်းတာလေ။ တစ်နှစ်တစ်ခါ ကျောက်ကပ်ဆေးနေရတာ။ ကျောက်ကပ်ဆေးရမယ့်ရက်မရောက်သေးပေမယ့် စိတ်ကြောင့်ထင်တယ် ရောဂါဖောက်လာတယ်လို့ပြောရမှာပေါ့” “အဲဒါကကုလို့မရဘူးလား၊ မပျောက်တော့ဘူးလား” နှင်းတစ်ယောက် မိမိချစ်သူရောဂါဝေဒနာခံစားနေရသည်ကို ကြားရရုံဖြင့် ဘယ်လိုမှမခံစားနိုင်တော့ပါ။ “ပျောက်ဖို့အလားအလားမရှိဘူး အခြေအနေကပိုဆိုးနေတယ်တဲ့။ ကျောက်ကပ်အစားထိုးမှရမှာတဲ့။ အခုသူ့အမေတို့က ကျောက်ကပ်အလှူရှင်စုံစမ်းနေကြတယ်” နှင်း ….မျက်ရည်များက အသိမပေးခြင်းမရှိပါပဲ မျက်ဝန်းအိမ်ထဲကနေအလိုလို စီးကျကာနေတော့သည်။ ရင်ထဲတွင်လည်း အမည်ဖော်၍မရသော ခံစားချက်များ ဗျောင်းဆန်ကာနေလေတော့သည်။ ×××××××××××××××××××××××××××××××××××××××××××××× နှင်းသူငယ်ချင်းများကို မပြောဘဲ တစ်ယောက်တည်းဆေးရုံကိုထွက်လာခဲ့သည်။ ထွန်းကျော်အခန်းရှေ့မှထွန်းကျော်ကိုချောင်းကြည့်လိုက်သည်။ ထွန်းကျော်တစ်ယောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေသည်။ ထို့နောက် ထွန်းကျော်၏ ဆရာဝန်ထံထွက်လာခဲ့သည်။ “သမီးရဲ့ကျောက်ကပ်က လူလေးအတွက်အဆင်ပြေပါတယ်သမီးရဲ့ ဒါပေမယ့် ……” “ဒါပေမယ့်….ဘာဖြစ်လဲဆရာ” “ဒါပေမယ့် သမီးမှာ ကျောက်ကပ်ကတစ်ခုပဲရှိတာတွေ့တယ်။ သမီးငယ်ငယ်ကကျောက်ကပ်လှူဖူးတာရှိလား” “ဟင့်အင်းတစ်ခါမှမလှူဘူးပါဘူးဆရာ” […]


Foolish GirlAugust 10, 20161min975
“တောက်ကွာ” ထွန်းကျော်၏ တောက်ခေါက်သံကြောင့် မင်းနိုင်တစ်ယောက်လန့်ဖြန့်သွားသည်။ “ဘာဖြစ်တာလဲထွန်းကျော်ရ” “ဘာဖြစ်ရမှာလဲကွ နှင်းပေါ့ နှင်း ကောင်လေးတစ်ယောက်နဲ့ထွက်သွားတယ် ဆိုင်ကယ်ပေါ်မှာ ကားလည်းဖက်ထားလိုက်သေးတယ်” “လူမှားတာနေမှာပါကွာ” “မမှားဘူး လုံးဝမမှားဘူး ငါကမနက်ဆိုကျောင်းသွားဖို့ဝင်ခေါ်နေကျလေကွာ ဒီမနက် သူတို့အဆောင်ကနေအဲ့ကောင်နဲ့ထွက်လာတာ ငါ့မျက်လုံးနှစ်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ သူကလည်းပြုံးလို့ပျော်လို့” “သူ့မောင်လေးရောမဖြစ်နိုင်ဘူးလား” “မဖြစ်နိုင်ဘူး သူငါ့ကိုသက်သက်အပျော်ကြံတာ၊ အဲဒါငါ့ကို ချိုးလိုက်တာကွ ငါသူ့ကိုအရမ်းမုန်းတယ်ဟာ ဟောဟိုမှတွေ့လား သူတို့သူငယ်ချင်းတစ်သိုက်နဲ့ ရယ်ရယ်မောမော စကားပြောနေကြတာ” ကိုယ်တိုင်တွေ့လိုက်ရပြီမို့ မင်းနိုင်လည်း မဖြေရှင်းပေးတတ် ပြီးတော့ သူကိုယ်တိုင်ပင် ဇဝေဇဝါဖြစ်သွားသည်။ ကောင်လေးကခပ်ချောချောလေးပင် နှင်းနှင့်ပင်ခပ်ဆင်ဆင် ။ နှစ်ဦးသားကလည်းလိုက်ဖက်သည်။ ချစ်ချင်လည်းချစ်ချင်စရာ ကောင်လေးကချောသည်။ ယောကျာ်းချင်းမနာလိုစရာ ကောင်မလေးများကြွေချင်စရာ ဘော်ဒီလည်း ပိုင်ဆိုင်ထားသည်။ သို့ပေမယ့်သူငယ်ချင်းကိုအားပေးရပြန်ဦးမည်။ “ထွန်းကျော်မင်း နှင်းကို သေချာဆွေးနွေးသင့်တယ်လို့ငါထင်တယ်ကွာ” “ဆွေးနွေးစရာ ဟုတ်လား မင်းနိုင် ဒီလောက်လက်ပူးလက်ကြပ်မိနေတဲ့ကိစ္စ ငါ […]


Foolish GirlAugust 10, 20161min1465
“ရွက်သစ်နင်ဘယ်လိုပုံဆွဲပေးလိုက်လို့သူတို့ခေါင်းချင်းဆိုင်သွားရတာလဲ” “လွယ်လွယ်လေးပါနှင်းရယ် သူစကားစပြောကတည်းက လိပ်စာတောင်းမှာ သိနေတာနဲ့ ငါရယ် မိုးစက်ရယ်တိုင်ပင်ပြီး ဆွဲလိုက်တာ ဒီလိုလေ” “ဟုတ်ပနင့်ပုံကဘာပုံကြီးမှန်းမသိဘူး” “ဘာကြီးမှန်းမသိအောင်ဆွဲတာပါဆို” “အခုနင်တို့ညွှန်ထားတဲ့အိမ်က …..” “မသိဘူးလေ ငါတို့လည်းဆွဲရင်းနဲ့ ဘာတွေမှန်းကို မသိတော့ဘူး” “ကောင်မအစုတ်ပလုပ်လေးတွေ သူများကို ဒုက္ခရောက်အောင်” “ဟဟ ဘာမှတောင်မဖြစ်သေးဘူး အဖြစ်သဲနေလိုက်တာ မိုးစက်ရေ ပြောဦးနင့်ယောင်းမကို” “ဟုတ်ပ ယောက်မနင်ငါ့အစ်ကို ကို မယူတော့ဘူးလား” “နင့်ကိုလည်းယောင်းမတော်မယ်လေဟာ” “မရဘူး နှင်း နင်မျက်နှာမများနဲ့နော် ငါ့အကိုနဲ့တိုင်ပြောမယ်” “နှင်းကလည်းအဖြစ်သည်းနေတာကတည်း ယောက်ကျားလေးတစ်ယောက်သူသလောကျတဲ့ကောင်မလေးအဆောင်ကို သူကိုယ်တိုင်စုံစမ်းနိုင်ရမှပေါ့ သူတကယ်စုံစမ်းချင်ရင်လွယ်လွယ်လေးပါ ငါတို့ကိုမေးစရာတောင်မလိုဘူး ကောင်မနော် မခူးခင်ကတည်းညွှတ်ချင်မနေနဲ့” “မဟုတ်ပါဘူးအေ၊ ပြီးတော့ ငါတို့ ကအဆောင်မှာ နေတာမှမဟုတ်တာ ရှာရလွယ်မယ်မထင်ဘူးလေ” “ရော်ခက်ပြီ နှင်းရယ် ငါတို့ ferry ကားပေါ်ကဆင်းတာနဲ့ သူတို့လိုက်ကြည့်ရင်သိတာပဲကို” “ဟုတ်သားပဲ ငါ့သူငယ်ချင်းကအကွက်မြင်တယ်” […]


alinsettAugust 10, 20161min21320
                  ”လူ”   ဤမြို့ကလေးထဲမှာ ”အမှောင်ထုချင်း သတ်ပုတ်ရင်း နက်ရှိုင်းသည်ထက် ပိုနက်ရှိုင်းနေသည့်အချိန်”တွင် သူ. . . ရောက်လာခြင်းဖြစ်သည်။   အဝေးပြေးကားကြီးပေါ်မှ ဘုတ်ခနဲ ဆင်းလိုက်သည်နှင့် သူ့ကို လှမ်းနှုတ်ဆက်လိုက်သမျှမှာ. . . ၁။ ရိုးတွင်းချဉ်ဆီထဲထိ စိမ့်အေးသွားစေသော လေထု ၂။ မနီးမဝေးရှိ ခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင် အူသံ ၃။ စိမ်းရွှင်ရွှင် ရနံ့တစ်ခုခု ၄။ ကြောက်မက်ဖွယ်ရာ အေးစက်စက်(သို့သော် မကြာခင် တစ်စုံတစ်ခု ဖြစ်ပျက်သွားတော့မလိုလို ခံစားရစေသော) ငြိမ်သက်တိတ်ဆိတ်ခြင်း . . . စသည်တို့ ဖြစ်သည်။   အမှန်တော့ […]