Thiha Phone MoNovember 19, 20131min17012
မင်းဘူးမြို့နယ်တွင် မြန်မာဩဘာလုပ်ငန်းစုကုမ္ပဏီလီမိတက်မှ တောင်သူများအားစိုက်ပျိုးဆေးသုံးစွဲနည်းပညာပေ ဟောပြောပွဲကျင်းပ မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့၊အမှတ်(၃)ရပ်ကွက် ပြည်တော်သားလမ်းရှိ သုခမိန်ခန်းမတွင် နိုဝင်ဘာ(၁၆)ရက်နေ့ နံနက်(၈)နာရီခွဲချိန်က မြန်မာ့ဩဘာလုပ်ငန်းစု ကုမ္ပဏီလီမိတက်မှ မကွေးတိုင်းဒေသကြီး တာဝန်ခံ ဦးကျော်ရှိန်ဦးဆောင်၍ တာဝန်ရှိသူများမှတောင်သူများအားစိုက်ပျိုးဆေးသုံးစွဲနည်းများကို ပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။ထိုဟောပြောပွဲသို့ မင်းဘူးမြို့နယ်ရှိ ကျေးရွာအုပ်စု(၁၇)စုတို့မှတောင်သူ(၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း၊တက်ရောက်လာကြသည့်တောင်သူ ဦးကြီးများအားမြန်မာဩဘာလုပ်ငန်းစု ကုမ္ပဏီလီမိတက်မှ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းခဲ့ကြောင်းသိရသည်။ ရန်ဖြစ်ရာကိုဝင်ရောက်ဖြန်ဖြေသူအားဓားဖြင့်ခုတ်သူအားအရေးယူမှု မင်းဘူးစကုမြို့နယ်တွင်ဖြစ်ပွား မင်းဘူး၊စကုမြို့နယ်၊အမှတ်(၃)ရွှေတိုင်ရပ်နေ ညွှန့်ဝင်း၏ မင်္ဂလာဆောင်နေအိမ်တွင် နိုဝင်ဘာ(၉)ရက်နေ့ နေ့လည်(၂)နာရီချိန်က မောင်စိုးနှင့်မောင်ကြည်တို့အရက်အတူသောက်စားပြီး စကားနိုင်လုပြောရာမှတစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်နေသည်ကို အနီးရှိ တစ်ရပ်တည်းနေ ဦးလှမောင်မှဝင်ရောက်ဖြန်ဖြေပေးခဲ့ပြီးနောက် ဦးလှမောင်သည်နေအိမ် သို့တစ်ဦးတည်းပြန်လာခဲ့စဉ် ရွှေပေါက်ကံရပ်ကွက်အရောက်တွင် မောင်ကြည်သည်နောက်မှဓါးကိုင်ပြေးဝင်လာပြီး ဘာမှမပြော ဘဲ ဦးလှမောင်အားဓါးဖြင့်ခုတ်သဖြင့် ဦးလှမောင်တွင် ဝဲဘက်ဒူးအထက်ပြတ်ရှဒဏ်ရာ၊ဝဲလက်ဖျံပြတ်ရှဒဏ်ရာ၊ဝဲဘက်နဖူးပြတ်ရှ ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုရေးအရစောင့်ဆိုင်းသော်လည်းလာရောက်တောင်းပန်ခြင်းမရှိသဖြင့် မောင်ကြည်အားအရေးယူပေး ပါရန် နိုဝင်ဘာ(၁၆)ရက်နေ့တွင်တိုင်တန်းသဖြင့် မင်းဘူးမြို့နယ်၊စကုနယ်မြေရဲစခန်းမှ (ပ)၇၂/၂၀၁၃၊ပုဒ်မ ၃၂၄ ဖြင့်အမှုဖွင့် ထားကြောင်းသိရှိရသည်။ ရေစကြိုမြို့နယ်ရှိ မအူအောက်ဆိပ် […]


alinsettNovember 18, 20133min21721
အဟက် ။   ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရတာ နာလွန်းလို ့ . . . သူများပေါင်တွေ လိုက် လှန်ထောင်းလိုက်ဦးမယ် ။   :kwi:   ********************   ဗမာတချို ့ပြောပါတယ်. . .။   သင့်တော်၏ မသင့်တော်၏ တောင် မစဉ်းစားကြတော့ပဲ . . . တလွဲတချော်တွေ လုပ်နေလိုက်ကြတာများးးးး   မြင် မကောင်း / ကြား မကောင်း ဖြစ်ချင်တိုင်းကို ဖြစ်လို ့ ။   တန်ဆောင်မုန်းလပြည့်နေ ့ မတိုင်ခင်ကတည်းက . . . ဘုံကထိန် အလှူတော်မင်္ဂလာတွေ ခြိမ့်ခြိမ့်သဲသဲ . . […]


alinsettNovember 17, 20131min24219
အဟိ ။   :kwi:   ********************   တစ်ခါဒုန်းဂ ပေါ့ ဗျာာာာ   ကြောင်ဂျီးဒဂေါင်ဟာာာ   ကြွက်ကလေး ဒဂေါင်ကို . . . စားချင်လွန်းလို ့လိုက်ဖမ်းပါလေရော. . .။   ကြွက်ကလေးက ပြေးးးး ကြောင်ဂျီးက လိုက်. . .နဲ့ ဝရုန်းသုန်းကားဂျီးပေါ့ . . . ။   ကြောင်ဂျီးဂ လျှာဂျီး တန်းလန်းထွက် သွားဂျီးကို ဖြီးးးလို ့ ။ လက်သည်းဂျီးတွေကိုလည်း ဖြန့်ကားပြီး ကြွက်ကလေးကို ခုန်ခုန်အုပ်တာပေါ့ ။   မိလိုက်လို ့ကတော့ ဒဂျွတ်ဂျွတ် ဝါးစားမှာ သေချာသပေါ့ ။   […]


black chawNovember 16, 20131min31861
ဒီပို့စ် မှာ ပါတဲ့ ခေါင်းစဉ်လေးတွေကို အရင်ဖေါ်ပြပေးလိုက်ပါတယ်…။ စိတ်ဝင်စားရာ ရွေးဖတ်ကြဖို့ပါ…။ ၁။ နားစွန်နားဖျားရပ်ကွက် ၂။ ကဗျာ ၃။ သီချင်း ၄။ ဂျာနယ် ၅။ စာအုပ် ၆။ မှုခင်းသတင်းဆန်းများ ၇။ လွမ်းတတ်သူရဲ့ အလွမ်းမှတ်တမ်း စသည်ဖြင့်ပေါ့…။ ရတဲ့အချိန်လေးတွေမှာ ရသလိုရေးထားတာပါ…။ ဓါတ်ပုံလေးတွေပါ တင်ဦးမလို့ပါပဲ…။ အချိန်က လုံးဝ မရတော့တာမို့ စိတ်လျှော့လိုက်ပါတယ်…။ ဆိုတော့… ဒီပို့စ်ထဲပါတဲ့ ကျွန်တော့်အရေးအသား အယူအဆတွေထဲမှာ အမှားပါခဲ့ရင် ကြိုတောင်းပန်ထားလိုက်ပါတယ်ဗျာ…။ နားစွန်နားဖျား ရပ်ကွက်…။ မိုးစက်ဝိုင် တစ်ယောက် မည်သည့်ဆုကိုမျှ ဆွတ်ခူးနိုင်ခြင်းမရှိခဲ့ပဲ ရန်ကုန်ပြန်ရောက်လာ…။ တချို့တချို့တွေ လည်း လေဆိပ်အထိ ဆင်းကြိုကြဆိုလား…။ ဦးဘလက်တော့ မအားလို့ ဆင်းမကြိုနိုင်လိုက်ဘူး မိုးစက်လေးရေ…။ ခွင့်လွှတ်တော့ကွယ်…။ People Choice […]


မုံရွာ လက်ပံတောင်းမှာ ဖက်ဆစ်စစ်တပ် လက်ကိုင်တုတ် လုံထိန်းရဲတွေပစ်လို့ လယ်သမားတွေ ထိခိုက်ဒဏ်ရာ ရကုန်ပြီ။ ရဲထိတာတော့ လာမပြောနဲ့ကွာ သပိတ်တားထားတာကို ဝမ်ပေါင်ပထွေး ကူမြူ နစ်တရုတ်ကျီး အားကိုနဲ့ သောက်ရမ်းဝင်ဖမ်းမှတော့ ဖြစ်တာ အဆန်းဗူး။။  မြန်တျန့်ဂေဇက် ရွာသားတွေလဲ ရှင်ကျန်းပြည်နယ်က ပန်းသေးတလုပ် အရာရှည်မလာ မာမွတ်ခိုမ် ပေးကမ်းဒဲ့ မသထှာရေစာ မြိုစို့ပီး အပေါက်ပိတ် မနေဂျနဲ့..။ တတ်နိုင်သလောက် လေသေနတ် ကူပစ်ပေးဂျ.. ငါနဲ့ကိုင်တုပ်ကြ.. မအေနှမ တိုင်းထွာဆဲဂျ.. မြေရိုင်းလို့ ပန်းရိုင်းတာ ဘူဝိုင်းလို့ ဂူရွိုင်းတာ တယားဒယ်။ မြို့ဗော်နေလို့ ကိုယ်နဲ့မဆိုင်ထင်ရင် တနေ့ကျ တီလုပ်ကျီး ဆူပါမားကက်ဖွင့်ဖို့ အိမ်လာသိမ်းတဲ့အဖြစ် တွေ့ရလိမ့်မယ်…။ ကျေုးမုံဂျီးတွေ ကျေးမုံဂျက်တွေ သဂျီးသာမီးဒွေ သာဂျီးသမက်တွေ လာမလုပ်နဲ့ … တော်လှန်ရေးမှာ ရန်၊ငါ […]


Hlaing Zar ChiNovember 13, 20131min580
မကွေးမြို့နယ် ယင်းချောင်းဘေးတွင် အမည်မသိလူသေအလောင်းတွေ့ရှိ မကွေးမြို့နယ် ဇီးကျွန်းကျေးရွာတောင်ဘက်(၂)မိုင်ခန့်အကွာ အရှေ့မှအနောက်သို့စီးဆင်းသောအကျယ်(၅၀၀)ပေ ခန့်ရှိယင်းချောင်းမြေနုကျွန်းသဲသောင်အတွင်း နိုဝင်ဘာ(၁၁)ရက်နေ့ညနေ(၅)နာရီချိန်က လူသေအလောင်းတစ်လောင်း တွေ့ရှိကြောင်းသိရှိရသည်။ အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇော်မျိုးသက်နှင့်အဖွဲ့သက်သေများ နှင့်သွားရောက်စစ်ဆေးရာ ဦးခေါင်းခွံတစ်ခု၊နံရိုးဟုထင်ရသောအရှည်(၈)လက်မခန့်ရှိ အရိုးတစ်ချောင်း၊လက်ဖျံရိုးဟုထင်ရ သောအရှည်(၁၀)လက်မခန့်ရှိအရိုးတစ်ချောင်း၊အဝါရောင်လည်ကတုံး စပို့ရှပ်နှင့်အပြာရောင်ကွက်စိပ်ပုဆိုးဝတ်ဆင်ထား သည့်အလောင်းတစ်လောင်းအားတွေ့ရှိရသဖြင့် သေဆုံးသူမည်သူမည်ဝါဖြစ်ကြောင်းနှင့်ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်သိရှိနိုင်ရန် မကွေးမြို့နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၃)ဖြင့်အမှုဖွင့်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရှိရသည်။ ဆိုင်ကယ်ကယ်ရီသမား မိမိကိုယ်မိမိကြိုးဆွဲချသေဆုံးခဲ့ဟုဆို ပခုက္ကူမြို့၊အမှတ်(၈)ရပ်ကွက်၊လွတ်လပ်ရေးလမ်နေ ညီညီဇင်၊အသက်(၁၉)နှစ်သည် နိုဝင်ဘာ(၁၁)ရက်နေ့ည(၉)နာရီချိန်က နေအိမ်အောက်ထပ်အိပ်ခန်းအတွင်း၌ အမြင့်(၇)ပေခန့်ရှိအပေါ်ထပ်ကြမ်းခင်းတန်းအားချည်ကြိုးအဖြူရောင်အားချည်ပြီး လည်ပင်းကြိုးစွပ်၍သေဆုံးနေသဖြင့် ပြည်သူ့ဆေးရုံရောက်ရှိနေကြောင်းသတင်းရရှိသည်။သက်ဆိုင်ရာမှသွားရောက်စစ်ဆေး ရာတွင် ညီညီဇင်၏လည်ပင်းတွင် ညိုမဲဒဏ်ရာတွေ့ရှိရကြောင်း၊အခြားပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း သိရှိရပြီး ၎င်းအမျိုးသား သေဆုံးမှုနှင့်ပက်သက်၍ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာပခုက္ကူမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၁၃)ဖြင့်အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။ မကွေးမြို့နယ်တွင်အမျိုးသားတစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံး မကွေးမြို့နယ်၊စမ်းကန်ကျေးရွာအနောက်ဘက်(၄)ဖာလုံခန့်အကွာရှိ မြေပဲခင်းအတွင်းရှိ ရေတွင်းထဲတွင် နိုဝင်ဘာ(၁၂) ရက်နေ့မွန်းလွဲ(၂)နာရီချိန်က လူတစ်ဦးပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ သက်ဆိုင်ရာ မကွေးမြို့နယ်ရဲစခန်းမှ စခန်းမှူး […]


Hlaing Zar ChiNovember 13, 20131min430
မကွေးတိုင်းဒေကြီး၊ သရက်မြို့ရှိ တူရကီစစ်သချင်္ ိင်းအား ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းစတင်ဆောင်ရွက် မကွေးတိုင်းဒေသကြီး၊သရက်မြို့ရှိ တူရကီစစ်သချုႋင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအား ကိုင်ရိုဆောက်လုပ်ရေး (Cairo Construction Co.Ltd)စာချုပ်ချုပ်ဆိုပြီး တာဝန်ယူဆောင်ရွက်ပြုပြင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။လက်ရှိ တူရကီစစ်ဗိမာန် ၏အနေအထားမှာ ခြံစည်းရိုးပျက်စီးနေခြင်း၊စစ်သည်မှတ်တိုင်များပျက်စီးနေခြင်း၊ရှေ့တွင်ထားရှိသော ကျောက်စာများပျက်စီးနေ ခြင်းတို့ကြောင့် နိုဝင်ဘာ(၂)ရက်နေ့က ရန်ကုန်မြို့ရှိ တူရကီသံရုံးမှ Mr.AHMET သည် ကိုင်ရိုဆောက်လုပ်ရေး တာဝန်ခံအင်ဂျင် နီယာ ဦးဝေယံဖြိုးဝေ၊လုပ်ငန်းဆိုဒ် အင်ဂျင်နီယာ ဦးဇော်မျိုးထွန်းတို့နှင့်အတူ မြို့နယ်အုပ်ချုပ်ရေး ဦးညွန်လှိုင်နှင့်တွေ့ဆုံ၍ ခြံစည်းရိုးကာရံခြင်း၊အာဇာနည်ဗိမာန်တည်ဆောက်ခြင်း၊ Memorial and Guest Hourse တည်ဆောက်ခြင်း၊မြက်ခင်း၊အုတ်ဂူ၊ အတွင်းလမ်း၊သဘာဝကျောက်ပြား၊မြေအောက်ပိုက်ပြုလုပ်ခြင်း၊ကွန်ကရစ်လမ်းခင်းခြင်း၊ခြံစည်းရိုးအပြင်ရေမြောင်းပြုလုပ်ခြင်းများ ဆောက်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေခဲ့ကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ နိုဝင်ဘာ(၁၂)ရက်နေ့တွင် အထက်ဖော်ပြပါလုပ်ငန်းစဉ်များနှင့်ပက်သက်ပြီး ခွင့်ပြုထားသည့်ပုံစံ၊အတိုင်းအတာ၊ ပမာဏအတိုင်းတည် ဆောက်ခြင်း ရှိမရို ကြီးကြပ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ဝင် (၈)ဦးပါဝင်သောအဖွဲ့အားဖွဲ့စည်းထာကြောင်းသိရှိရသည်။အဆိုပါ ပြုပြင် ခြင်းလုပ်ငန်းအား(၃)လအတွင်းပြီးပြတ်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။ တရုတ်-မြန်မာချစ်ကြည်ရေးအသင်းမှလှူဒါန်သော ဆေးခြင်ထောင် နှင့် […]


Hlaing Zar ChiNovember 13, 20131min560
မကွေးတိုင်းဒေသကြီးနှင့်အညီ မကွေးမြို့နယ်စည်ပင်သာယာဈေးများ၌ လုံခြုံရေး CCTV ကင်မရာများတပ်ဆင်ဆောင်ရွက်နေ မကွေးတိုင်းဒေသကြီးရှိ မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီပိုင်ဈေးများတွင် နေ့စဉ်ရောင်းဝယ်ဖောက်ကား သွားလာနေကြသော ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် နှင့် ဈေးအတွင်း၌  မလိုလားအပ်သော ပြဿနာများဖြစ်ပေါ်လာပါက အထောက်အထားတစ်ရပ်အဖြစ် စောင့်ကြည့်ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ မကွေးမြို့၊ မြို့မဈေး၌ ရတနာဆိုင်များအပါအဝင် အခြားလိုအပ်သောနေရာများတွင် CCTV ကင်မရာ (၅)လုံး၊ရန်ပယ်ဈေးတွင် ရတနာဆိုင်များအပါအဝင် အခြားလိုအပ်သောနေရာများတွင် CCTV ကင်မရာ(၅)လုံး၊ကန်သာဈေးတွင် CCTV ကင်မရာ(၂)လုံး တို့အား နိုဝင်ဘာ(၇)ရက်နေ့ကစတင်တပ်ဆင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ ယခုကဲ့သို့ဈေးများတွင် စည်ပင်သာယာရေး ကော်မတီ မှ CCTV  ကင်မရာများတပ်ဆင်ထားမှုအပေါ် ရန်ပယ်ဈေး၌ ဈေးရောင်းချနေသည့်ဈေးသည် ဒေါ်သန္တာအောင်အား မေးမြန်းရာတွင် ယခုကဲ့သို့ ခေတ်မီသော လုံခြုံရေးအထောက်အကူပြု ပစ္စည်းများတပ်ဆင်ပေးသည့်အတွက် ဈေးသူဈေးသားများ နှင့် ဈေးဝယ်သူများအတွက် ဘေးကင်းလုံခြုံစွာဈေးရောင်းဝယ်မှုပြုနိုင်သဖြင့်ကျေးဇူးတင်ရှိကြောင်း ယခုလို လုံခြုံရေး CCTV […]


Hlaing Zar ChiNovember 13, 20131min880
မင်းဘူးမြို့နယ်တွင် လွန်ခဲ့သောနှစ်ပေါင်း(၃၀)ကရဟန္တာဟုသမုဒ်သည့် ဆရာတော်၏ရုပ်ကလပ်လောင်းပျောက်ဆုံးမှုဖြစ်ပွား မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာ မင်းဘူး-မင်းလှကားလမ်းဘေးရှိ သာသနနုဂ္ဂဟကျောင်း ဝန်းအတွင်း ဂန္ဓာကုဋီတိုက်အတွင်းရှိ လွန်ခဲ့သောနှစ်ပေါင်း(၃၀)ခန့် (၁၂.၃.၁၉၈၃)ရက်ကပြန်လွန်တော်မူသွားခဲ့သည့် ဆရာတော် ဦးနိန္ဒိယ သက်တော်(၈၆)နှစ်၊ဝါတော်(၆၆)ဝါ၏ရုပ်ကလပ်အား မှန်ခေါင်းသွင်းလျှက်ထားရှိရာ အများပြည်သူများ ဖူးမျှော်ကြည်ညိုကတော့နိုင်ရန်ထားရှိခဲ့ရာ အောက်တိုဘာ(၂၉) ရက်နေ့နံနက်(၆)နာရီချိန်က လက်ရှိကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာမှ ဂန္ဓာကုဋီတိုက်တံခါးအားဖွင့်ကြည့်ခဲ့ရာသော့ဖျက်ထား ခြင်းမရှိဘဲ သင်္ကန်းဖုံးအုပ်ထားသည့် အရိုးစုများအားလုံး အဆိုပါ ဂန္ဓာကုဋီတိုက်အတွင်းရှိ မှန်ခေါင်းအတွင်းမှပျောက်ဆုံးသွား ကြောင်း သက်ဆိုင်ရာနန်းတော်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းသူမှပြောကြား၍သိရှိရသည်။အဆိုပါ ဆရာတော်ကြီးအား ရဟန္တာဟုသမုဒ်ကြကြောင်းလည်း ဒေသခံများကပြောကြားသည်။ အောင်လံမြို့နယ်တွင် ချောင်းရေတိုက်စားမှုကြောင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းပြတ်၍မီးလောင်ကျွမ်းမှုဖြစ်ပွား မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ် ကျောက်ဆည်ကျေးရွာ၏အရှေ့ဘက်ကိုက်(၄၀၀)ခန့်အကွာရှိ ဘွတ်ကြီးချောင်း အတွင်းဖြတ်သန်းသွားသည့် ပြည်-ဆားခါးသဘာဝဓါတ်ငွေ့(၁၄)လက်မပိုက်လိုင်းသည် အောက်တိုဘာ(၂၉)ရက်နေ နံနက်(၃) နာရီခွဲချိန်ခန့် က ချောင်းရေတိုက်စားမှုကြောင့်အနောက်ဘက်ကမ်းပါးထိပ်နှင့်ချောင်းအလယ်တို့တွင်ပိုက်ပြတ်ခဲ့သဖြင့် အနောက် ဘက် ကမ်းပါး ထိပ်နေရာမှစတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ၊အဆိုပါမီးတောက်သည်အမြင့်ပေ(၁၀၀)ခန့်မြင့် တက်လောင် ကျွမ်း […]


Hlaing Zar ChiNovember 12, 20131min680
မင်းဘူးမြို့နယ်တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း လုပ်ငန်းခွင်အတွင်းမှမြေစာပုံများအတွက်နစ်နာ ကြေးပေး လျှော်ရမည့်ကိစ္စ နှင့်ပက်သက်ဆွေးနွေးပွဲပြုလုပ်ရာတွင်  မည်သည့်ရက်တွင်ပေးအပ်မည်ဟုရက်မသတ်မှတ်ရသေးဟုဆို    မင်းဘူးခရိုင်၊ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် နိုဝင်ဘာ(၈)ရက်နေ့ နေလည်(၂)နာရီချိန်တွင် China Pteroleum Pipelline Con-Struction Co.Ltd မှ တာဝန်ယူဆောင်ရွက်နေသော ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း လုပ်ငန်းခွင် KP 13.7 မှ KP 160 အတွင်းမြေစာပုံများအတွက် နစ်နာကြေးပေး လျှော်ရမည့် တောင်သူများကိုယ်စား ပိုက်လိုင်း ဖြတ်သည့် ကျေးရွာအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်ရပ်မိရပ်ဖများအားရှင်းလင်းဆွေနွေးပွဲပြုလုပ်ခဲ့ကြောင်း ရှင်းလင်းဆွေးနွေးပွဲတွင် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေလုပ်ငန်း မြေယာသီးနှံလျှော်ကြေးပေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ကြီး(ငြိမ်း) အောင်ကိုကိုစိုး မှ  နစ်နာကြေးပေးလျှော် ရမည့်တောင်သူများ ထံမြန်မြန်ဆန်ဆန်ပေးနိုင်ရေး တင်ပြဆောင်ရွက်ထား ရှိသော်လည်း ခွင့်ပြုချက်မရရှိသေး၍ လျှော်ကြေးငွေအား မည်သည့်နေ့ရက်တွင်ပေးအပ်မည်ဟု မပြော နိုင်သေး ကြောင်းကို ယခုတက်ရောက် […]


Hlaing Zar ChiNovember 12, 20131min540
မင်းလှမြို့နယ် ဒဟတ်ပင်ရေနံမြေတွင် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး    မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်ှိ ဒဟတ်ပင်ရေနံမြေ (MOGE)ရုံး၏မြောက်ဘက်(၆)ဖာလုံခန့်အကွာရှိ တွင်းပိုင်ရှင် နေဇော် ဂွေးချိုကျေးရွာ ချောက်မြို့နယ်နေ သူ၏ရေနံတွင်း တွင် နိုဝင်ဘာ (၁၀)ရက်နေ့နေ့လည်(၁၂)နာရီချိန်က မီးလောင်းမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အငယ်လေး(ခေါ်)ဘိုဟန်ချို ရေနံတွင်းလုပ်သား ကြီးနီကျေးရွာ ချောက်မြို့နေသူ ခပ်ထည့်သည့်ရေနံသိုလှောင်ကန်အ တွင်းရှိရေနံ စိမ်းများအား နိုင်လင်းချို ကြံခင်းမြို့နယ်နေသူမှ မော်တာပန့်မောင်း၍ ဖောကားပေါ်သို့တင်စဉ် ရေနံစိမ်းများ မော်တာပန့် ပေါ်သို့ကျကာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း၊မီးလောင်မှုကြောင့် အနီးရှိရေနံ တွင်း(၃)တွင်း ၊ကလပ်ခုံ(၃)ခုံ ၊တန်ဘိုး(၁၅)သိန်းခန့် ရေနံစိမ်းပေပါ(၂၀)လုံး၊တန်ဘိုး(၁၀)သိန်းခန့်စုပေါင်း(၂၅)သိန်းခန့် မီးလောင်ဆုံး ရုံးခဲ့ကြောင်းနှင့်  နိုင်လင်းချို နှင့် ၎င်းအနီးရှိ ကျော်ကြီး၊ မင်းလှမြို့နယ်နေ သူတို့တွင် မီးလောင်ကျွမ်မှုကြောင့် နိုင်လင်းချို သည် အဆိုပါနေ့ ညနေ(၅)နာရီချိန်ကသေဆုံးသွားခဲ့ပြီး ကျော်ကြီးအား မင်းလှပြည်သူ့ဆေးရုံသို့ပိုသဆေးကုသနေကြောင်း၊ အဆိုပါမီးလောင်ကျွမ်းမှုနှင့် […]


nicolus agralNovember 11, 20131min53330
OIC ဆိုတာဟာ Organisation of Islamic Cooperation ကို အတိုကောက်ခေါ်တာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၅ရနို်င်ငံပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ မူစလင်နိုင်ငံများရဲ့ အကျိုး စီးပွားကာကွယ်ရေး၊မူစလင်နိုင်ငံများ တိုးတက်ဖွံ့ဖြိုးလာစေရေး စတဲ့ရည်ရွယ်ချက်များကို ဝိုင်းဝန်း အကောင်အထည်ဖော်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ဘာသာရေးအခြေပြုအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ ပေါ်ပေါက်လာပုံ ၁၉ရာစုနှစ်လောက်ကတည်းက မူစလင်ဘာသာဝင်များအနေနဲ့ သည်လိုအဖွဲ့အစည်းမျိုးကို တည် ထောင်ဖို့ ရည်ရွယ်ခဲ့ကြတယ်။၁၉၆ရခုနှစ် အစ္စရေး-ပါလက်စတိုင်း ခြောက်ရက်ကြာစစ်ပွဲအပြီး အစ္စရေးတို့ စစ်ပွဲအောင်မြင်ပြီး နောက်ပိုင်းမှာတော့သည်လို အဖွဲ့အစည်းမျိုးဟာ အရေးတကြီးလိုအပ်လာပြီလို့ မူစလင် ခေါင်းဆောင်များကို တပ်လှန့်လိုက်သလိုဖြစ်သွားပါတယ်။သည်လိုနဲ့ မူစလင်ခေါင်းဆောင်များ စုစည်းပြီး ၁၉၆၉၊စက်တင်ဘာလ ၂၅ရက်နေ့မှာ OIC ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်းချိန်မှာတော့ OIC ရဲ့အမည်က Organisation of the Islamic Conference ဖြစ်ပါ တယ်။အဖွဲ့ရဲ့ကြေညာစာတမ်းထဲမှာ အစ္စလာမ်နိုင်ငံများရဲ့ […]


Hlaing Zar ChiNovember 9, 20131min580
မင်းလှမြို့နယ်ဒဟတ်ပင်ရေနံမှော်မီးလောင်မှုဖြစ်ပွားပြန် သရက်ခရိုင်၊မင်းလှမြို့နယ်၊ဒဟတ်ပင်ရေနံမှော်ရေနံမြေလုပ်ကွက်အမှတ်(၅)MOGE အနောက်ဘက်တစ်မိုင်ခန့်အကွာရှိ  ဦးသန်းဝင်း ၏ယာခင်းအတွင်းတွင် နိုဝင်ဘာ(၈) ရက်နေ့နံနက်(၁၀)နာ ရီ(၁၅)မိနစ်ချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဦးသန်းဝင်း၏ယာခင်းအတွင်း  ရေနံကျင်းပိုင်ရှင် ဦးလှမိုး အုတ်ပုံရွာ မင်းလှမြို့နယ်နေသူ ၏ကလပ်တွင်း၌  ရေနံလုပ်သား သန်းနိုင်ဦး ကလေးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးနေသူသည် ရေနံခပ်စဉ် ရေနံခွက်နှင့်သံပိုက်ပွတ်တိုက်မိရာမှမီးပွင့်၍မီး လောင်မှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်နေရာသို့ ဒေသခံများ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊MOGE ဝန်ထမ်းများပူးပေါင်း၍မီးငြိမ်းသတ် ခဲ့ရကြောင်း မီးလောင်မှုကြောင့် ရေနံစိမ်း(၁)ပေပါမီးလောင်ကျွမ်းခဲ့သဖြင့် ဆုံးရှုံးမှုတန်ဘိုးကျပ်(၅)သောင်းခန့်ဖြစ်ကြောင်း ရေနံအားပေါ့ဆစွာခပ်သူ သန်းနိုင်ဦးအား မင်းလှမြို့မရဲစခန်းမှ (ပ)၁၂၅/၂၀၁၃ ၊ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။ ရေစကြိုမြို့နယ်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွား မကွေးတိုင်းဒေသကြီး၊ရေစကြိုမြိုနယ်၊ ပညှင်းကျေးရွာတွင် နိုဝင်ဘာ(၆)ရက်နေ့နံနက်(၄)နာရီချိန်ကကြိုးဆွဲချ သေဆုံမှုဖြစ် ပွားခဲ့သည်။ ဖြစ်စဉ်မှာအဆိုပါကျေးရွာနေ ဒေါ်ဂျစ်ခင် အသက်(၄၀)နှစ်သည်၎င်း၏နေအိမ်အတွင်း ထုတ်တန်းနှင့် မြေပြင်အ ကွာ(၆)ပေ (၈)လက်မခန့်တွင် နိုင်လွန်ကြိုးလုံးပတ်(၃)မူးခန့်နှင့်ကြိုးဆွဲချသေဆုံးနေသဖြင့် အခင်းဖြစ်နေရာသို့ ရေစကြိုမြို့မရဲစခန်းမှ […]