ခင္ခDecember 5, 20121min20720
သတင်းလေးအတိုင်း တကယ်ဖြစ်ရင် ကောင်းမှာဘဲလို့။ အသက် ၆ဝ နှင့် ၇ဝ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ  ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။ “ နိုင်ငံတော်ရဲ့ ဆင်းရဲချမ်းသာ၊ ဘာသာလူမျိုးမရွေး ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေဖို့အတွက် နိုင်ငံတော်၏ စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေး ဘဏ္ဍာငွေ ကူညီမှုတစ်ရပ်အဖြစ် ဆေးရုံများမှာ ဆေးပဒေသာပင်နဲ့ စရိတ်မျှပေးကျန်းမာရေးစနစ်ကို ပြုလုပ်နေပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တိုးပွားလာသော သက်ကြီးရွယ်အိုများအတွက် အစီအမံများ ချမှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစီမံချက်ဝင် မြို့နယ် ၈၈ ခုရှိပြီး မြို့နယ်အဆင့် ဆေးရုံ၊ တိုက်နယ်ကျန်းမာရေးအဆင့်၊ […]


minhtettharDecember 3, 20121min750
ကျွနုပ်တို့၏ မန္တလေးတွင် အကြီးအကျယ်မီးလောင်မှု နှစ်ခုဖြစ်ပွားခဲ့ရာ ကျွန်တော်တို့ အောင်မြေသာစံ မြို့နယ်အကွက် အမှတ်၁၅၄နှင့် ၁၅၅ မှာ မီးဘေးဒုက္ခမှ လွတ်မြောက်ခဲ့ပါသည်။ ဒါပေမဲ့ ယခုအခါတွင် ကျွန်တော် တို့အားမီးလောင်မြိုက်တွင်းသို့ ပို့ချင်သူတစ်ဦးပေါ်ထွက် လာခဲ့ပါပြီ။ ကျွန်တော်တို့ရပ်ကွက်အတွင်းတွင် ဓါတ်ဆီသိုလှောင်ရေးနှင့် ရောင်းဝယ်ရေး လာလုပ်ခြင်းဖြစ်ပါသည်။ အမြန်လမ်းမများနှင့် မြို့ပြင်များတွင်သာ ဖွင့်ခွင့်ပြုသည့် ဓါတ်ဆီဆိုင်ကဲ့သို့ လာရောက်ဖွင့်လှစ်ရန် ဆီဆိုင် ဆောက်ခြင်း၊ ဆီသိုလှောင်ခန်း တူးဖော်ထားခြင်းဖြစ်ပါသည်။ လူမှုရေးအရ၊ စီးပွားရေးအရ လုံးဝလက်မခံနိုင်သည့် ကိစ္စရပ်ဖြစ်ပါသည်။ လူမှုရေးအရ လက်မခံနိုင်ခြင်းမှာ ဤကဲ့သို့သော အန္တရာယ်ကြီးသည့် ကိစ္စရပ်မျိုးတွင် ရပ်ကွက်၏ အရှေ့(၁၀)အိမ်၊ အနောက်(၁၀)အိမ်၏ လက်ခံခွင့်ပြုချက်ပါမှသာ ဖွင့်လှစ်နိုင်ပါသည်ဟု သိရှိရပါသည်။ သို့သော် အဆ ိုပါစီးပွားရေးသမားမှာ ကျွန်တော်တို့ရပ်ကွက်၏ ခွင့်ပြုချက်နှင့် အိမ်များ၏ခွင့်ပြုချက် မရပါပဲနှင့် လာရောက်ဆောက်လုပ်ပြီး ဖွင့်လှစ်ရန် […]


လက်ပံတောင်းကြေးနီစီမံကိန်းမှ သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းမူအား ဆန့်ကျင်ရှုတ်ချလိုသည့် မြန်မာပြည်သူပြည်သားများအနေဖြင့် အိမ်ဖြူတော်(အမေရိကန်အစိုးရ)အား တိုက်ရိုက်လက်မှတ်ရေးထိုး ပန်ကြားနိုင်ပါသည်။ ပန်ကြားချက်ကိုအောက်ပါလင့်မှ သွားရောက်၍လက်မှတ်ရေးထိုးနိုင်ပါသည်။ (ဒီဇင်ဘာလ ၂၉ရက်နေ့အထိ လက်မှတ်ရေးထိုးသူဦးရေ ၂၅၀၀ဝပြည့်ရမည်ဖြစ်ပြီး၊လက်မှတ်မရေးထိုးမှီ အကောင့်အသစ်ပြုလုပ်ရမည်ဖြစ်သည်…။ လက်မှတ်ရေးထိုးရန်လင့်…့http://wh.gov/5Yrl ကဲ..ဒီရွာထဲက သူကြီးကစပြီး လှည်းနေလှေအောင်း၊မြင်းဇောင်းမကျန် ရှိရှိသမျှ ရွာသူားအပေါင်းတို့ … အပြောမဟုတ်အလုပ်နဲ့သက်သေပြကြပါဆို့…


ကို ကိုေလးNovember 29, 20121min1285
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သတ်၍ ပြည်ထောင်သမ္မတ မြန်မာနိုင်ငံ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် ၁၁/၂၀၁၂ ကို ထုတ်ပြန်ခဲ့ပြီး ယနေ့(နိုဝင်ဘာလ ၂၉ ရက်)ညနေ ၄နာရီတွင် MRTV မှ Breaking News အဖြစ် ကြေညာခဲ့သည်။ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ ) ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် ၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် ၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ […]


black chawNovember 28, 20121min28019
ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့…။ ရုံးပိတ်ရက် မနက်စောစော အိမ်ရှေ့က ဖြတ်သွားတဲ့ ဂျာနယ်ရောင်းတဲ့ ကလေးဆီက ဂျာနယ် ၃ စောင်ဝယ်…၊ မဒမ်ဘလက် စီစဉ်တဲ့ ကော်ဖီတစ်ခွက်ကို တစိမ့်စိမ့်သောက်…၊ စကိုင်းနက် MNTV ကလာတဲ့ သတင်းလေးတွေ လေ့လာ…။ အော်…ဘဝက ဒီလိုဆိုတော့လည်း မဆိုးလှပါ…ပေါ့…။ ဝယ်ထားလိုက်တဲ့ Every 1 ဆိုတဲ့ ဂျာနယ်အသစ်ထဲက မယ်လိုဒီ အင်တာဗျူးလေး ဖတ်ကြည့်ရင်းပြုံးမိ…။ အောင်မယ် ဗိုက်ကြီးတဲ့ ကိစ္စဆိုရင် သူတို့ ကြီးလို့မရဘူးလေ…။ ကိုယ်တွေပဲ ကြီးလို့ရတာ တဲ့ဗျာ…။ သူတို့ကိုယ်သူတို့ ဗိုက်ကြီးလို့ရတယ်ဆိုတာလေး ကွက်ပြီး ဂုဏ်ယူနေတယ်တဲ့ဗျာ…။ ဖက်တီးကက်ဆိုတဲ့ ယောက်ျားရင့်မကြီးရဲ့ ဗိုက်ကို မမြင်ဖူးသေးလို့ ပြောတာဖြစ်မယ်…။ ကိုရင်ဂီဂီ ဘာများပြောချင်ပါသလဲ…။ အေးလေ… ကိုရင်ဂီဂီတို့ ဆီကလည်း ဗိုက်ကြီးတဲ့အလုပ်ကို ကျွန်တော်တို့ […]


အမေရိကန်နိုင်ငံရေးလောကမှာ ဩဇာကြီးမာသော Foreign Policy Magazine ကြီးရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာထိပ်တန်း အတွေးအခေါ်ရှင် ၁၀ဝ စာရင်း၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ပူးတွဲပထမရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့စုံတွဲကလည်း နံပါတ်၃ပူတွဲးရရှိပြီး၊အမေရိကန်သမ္မတ ဘာရပ် အိုဘားမားက နံပါတ်ရ ရရှိပြီး၊ပါကစ္စတန်မှ မာလာလာဆိုသော ခလေးမလေးက အိုဘားမားနဲ့ ကပ်လျှက်နံပါတ်၆ ကိုရရှိပြီး၊သန်းကြွယ်သူဋ္ဌေးကြီး ဘီလ်ဂိတ်တို့သုံတွဲကလည်း နံပါတ်၅ ကိုပူးတွဲရရှိခဲ့ကြပါတယ်။ ဒီပိုစ့်ကို ဒေါင်းမာန်ဟုန် မှပြန်လည်ရယူဖေါ်ပြပါသည်..။ မူရင်းလင့်…http//www.foreign policy magazine.com/articles/2012/11/26/the_fp_100_global_thinkers


တလောက သမဒဂျီး ဦးသိန်းစိန် အင်တာဗျူးမှာ မြန်မာအစိုးရ အခက်အခဲ တွေ့နေစဉ်မှာ တရုတ်ပြည်သည် အကူအညီပေးခဲ့တဲ့ အကောင်းဆုံး မိတ်ဆွေဂျီးဆိုပြီး မဟာချီးမွှမ်းခန်း ဖွင့်သွားပါတယ်။ ပြည်တွင်းပြည်ပ စောင့်ကြည့်အကဲခတ်များက ရုတ်နဲ့ကန် နှစ်နိုင်ငံအကြား ဗျာများနေတဲ့ သမဒဂျီးကို စာနာမှုပေးခဲ့ကြပြီး အသံတိတ်နေပေးခဲ့ကြတယ်။ ဒါကိုပဲ အဟုတ်ထင်သွားသလား မသိဘူး၊ လက်ပံတောင်း ကြေးနီတောင် သပိတ်စခန်းဖွင့် ဆန္ဒပြသူတွေဆီ ပြည်ဒေါင်စုဝမ်ကျီး ဦးအောင်မင်းသွားတွေ့ခိုက် ” တရုတ်က မူဆယ်ဖက်ကနေ ပစ္စည်းတွေ သွင်းပေးပြီး ထမင်း ကျွေးကြောင်း ၊ တရုတ်ကျေးဇူး ကြီးကြောင်း ၊ တရုတ်နိုင်ငံရဲ ့ ကျေးဇူးကို ကာပြန်ရင် အဝီစိငရဲမှာ နောက်ဘုရား မပွင့်မချင်း နေရမှာဖြစ်တယ် ” ပြောသွားခဲ့ကြောင်း fng news မှာဖတ်ရတယ်။ သစ်ထူးလွင်မှာလည်း […]


ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်၊အမာမြို့နယ်ခွဲတွင် မြို့နယ်ခွဲလျှပ်စစ်ရုုံးမှ မီးစက်မီးနှင့်ပေးဝေလျက်ရှိသော၊လျှပ်စစ်ဓာတ်အားမှာ မြို့နေပြည်သူများထံမှ ကောက်ခံသော ငွေကြေးပမာဏနှင့်ယှဉ်လျှင် ဖြန့်ဝေပေးချိန်နာရီ အလွန်နည်းပါးသောကြောင့် (၂၃-၁၁-၂၀၁၂)ရက်နေ့၊ညနေ ၄နာရီမှ ၆နာရီအထိ စည်းကမ်းနှင့်အညီ ၂နာရီကြာစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကျင်းပခဲ့ကြပုံများဖြစ်သည်။


Mr. MarGaNovember 19, 20121min2367
၁၉ နိုဝင်ဘာ ၂၀၁၂ တနင်္လာနေ့ ရန်ကုန်တက္ကသိုလ်တွင် ပြောကြားမည့် သမ္မတအိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ …………………………………………………………………………….. (အိမ်ဖြူတော်သတင်းဌာန) အမေရိကန်ပြည်ထောင်စုအနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ကျနော်ဒီကိုလာခဲ့တာလို့ပဲပြေ ာပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တော်တော်များများမှာ ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။ တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ဝတ်စုံဖြူတွေ၊ ဝတ်ပြီးသွားတွေ့အားပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တက်ကြွလှုပ်ရှားသူတွေ၊ လမ်းမထက်မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေ၊ ကျနော်တို့တွေ့ခဲ့ရပါတယ်။ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံရသူတွေကို ကူညီဖို့ စုပေါင်းလုပ်ဆောင်ကြတဲ့ သာမန်ပြည်သူတွေရဲ့ […]


black chawNovember 17, 20121min25224
ကြားပြီးကြပြီလားဗျ…။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတဲ့…။ လှလိုက်တဲ့ စကားလုံး…။ ဘယ်လိုပုဂ္ဂိုလ်အကောင်းစားကြီးတွေက တီထွင်သုံးစွဲသွားတာတဲ့လဲ…။ ခုရှုပ်မှနောင်ရှင်း… မှတ်တမ်းလေးတော့ တင်ထားသင့်တယ် ထင်မိပါတယ်…။ နောင်တစ်ချိန်…ဂုဏ်ပြုသင့်ရင်လည်း နာမည်တတ်ပြီး ဂုဏ်ပြုရအောင်ပေါ့…။ အဲ…အဲ ငါ နဲ့ ကိုင်တုတ်စရာရှိရင်လည်း နာမည်တတ်ပြီး ကိုင်တုတ်လို့ရတာပေါ့ နော့်…။ ဟေးဟေး…။ အဲဒါနဲ့ ပတ်သက်လို့ ကာတွန်းလေးတစ်ကွက် ဖတ်မိဘူးတယ်…။ ရေးသူအမည်မမှတ်မိတော့တာကိုတော့ ခွင့်လွှတ်ပေးပေါ့ဗျာ…။ ဆင်းရဲတဲ့လူတွေက အများစု…၊ ချမ်းသာကြွယ်ဝသူတွေက အနည်းစုဆိုတော့ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်တာထက် ချမ်းသာကြွယ်ဝမှုကို တိုက်ဖျက်တာက ပိုလွယ်ပါလိမ့်မယ်တဲ့…။ ဟုတ်တော့လည်း အဟုတ်သားဗျ…။ ဆင်းရဲမွဲတေသူတွေအနေနဲ့ ဖုန်းတောင်မကိုင်နိုင်ကြသေးတဲ့အချိန်မျိုးကြီးမှာ… နံပတ်အပူးနဲ့ ကျပ် ၂ သိန်းတန် GSM ဖုန်းတစ်လုံးကို ကျပ် ၄ရ သိန်းနဲ့ လေလံဆွဲဝယ်ယူသွားတယ်ဆိုတဲ့ သတင်းကလည်း ခုရက်ပိုင်း လူပြောများလို့ နေပါတယ်ဗျာ…။ အော်…မုဒိတာပွားနိုင်ပါတယ် […]


myanmarcitizenNovember 15, 20121min21214
လူတော်တော်များများကပြောကြတယ် သောကြာဆိုစကားများတယ်ပေါ့။ ကျွန်တော်သောကြာသားများ စကားနဲလိုက်တာဗျာ ပြောကိုမပြောဘူး။ စိတ်ထဲမှာမခံသိမခံသာတွေ တွေ့ရမြင်ရမှပဲ ရင်ဘတ်ထဲကစကား သံတွေက ပွင့်ပွင့်ပီးထွက်လာသပေ့ါဗျာ။ အဲ့ခါမှပဲပြောတော့တာ 🙂 စကားနဲဆို ဘယ်သူနဲ့မှစကားမပြောဖြစ်ပါဘူး။ ဂေဇက်ရွာထဲမှာပဲ ဟိုသတင်းဖတ်လိုက်၊ ကိုလွမ်းဆွေလေးဆီသွားလိုက်၊ ကိုမိုးသီးလေးသတင်းကြည့်လိုက်၊ ဟိုမျက်နှာစာအုပ် လေးသုံးလိုက်နဲ့ဘဝကိုဖြတ်သန်းလာလိုက်တာကိုယ့်အသက်လေးတော်တော် တောင်ရောက်လာပြီပဲ။ ဟိုးအရင်တုန်းကတော့ စာဖတ်ပရိတ်သတ်သီးသန့်ပါဗျာ ဂေဇက်မှာ account လေးတောင်မလုပ်ထားခဲ့ပါဘူး။ ဒါပေမဲ့ ဂေဇက်ထဲကလူကြီးတစ်ယောက်ပေါ့ သများဟာ သများ စာပဲဖတ်နေတာဟာကို စာရေးဖြစ်အောင်လာလာ လုပ်နေတာ သူက။ အဲ့ဒီလူပေါ့ လူဇိုးကြီး လူတွေကိုမထိတထိနဲ ကလိတိတိလုပ်လုပ်နေတာ ကြာတော့မခံနိုင်တော့တာနဲ့ဒီမှာဝင်ရေးဖြစ်သွားတာ။ စာရေးဖြစ်အောင်တွန်းပို့ခဲ့တဲ့ ကျေးဇူးရှင်ကြီးပေါ့။ ဒီလူကြီးခုတစ်လော ပျောက်နေတာကြာပြီ။ သူတူးနေတဲ့ ဟိုတွင်းထဲမှာပဲ ပိတ်မိနေသလားတော့မသိ။ နောက်တစ်ယောက်က ဒီမှာခေါ်ခေါ်နေတဲ့ သဂျီးဥကိုင်ပေါ့ ပိုင့် ၁၀၀၀၀ဝ ငွေ ၁၀၀၀၀ဝ ဆိုတော့ လူပဲဗျာသမာအာဇဝနဲ့ […]


black chawNovember 15, 20121min22233
သတင်းတွေ…သတင်းတွေ… မနက်မိုးလင်းတာနဲ့ မိုးရွာသလိုရွာချလာတဲ့သတင်းတွေ… အော်…အိမ်သူဇနီး ချစ်သည်းကြီးကို ရှောင်ချင်တယ်ဆိုရင်တောင် လွတ်နိုင်တယ်ဆိုပေမယ့်… သတင်းတွေကိုတော့ ရှောင်လို့ကို မလွတ်နိုင်ဘူးတဲ့ ကွယ်…။ ပိုက်ဆံတတ်နိုင်တဲ့လူတွေများကြတော့လည်း… သတင်းထူးရှိတိုင်း ချက်ခြင်းသိနိုင်ဖို့… သတင်းမက်ဆေ့ချ်တွေတောင် ဝယ်ထားကြဆိုလား ကြားရတာပါပဲ…။ ပိုက်ဆံမရှိလို့ သတင်းမက်ဆေ့ချ်မဖတ်ရဘူးဆိုပြီး စိတ်မကောင်းဖြစ်မနေပါနဲ့ဗျာ…။ သတင်းအချက်အလက်တွေကို လက်ကိုင်ဖုန်းများသို့ SMS စံနစ်ဖြင့် ဖြန့်ဝေနိုင်ရန်… ပြန်ကြားရေးဝန်ကြီးဌာနကစီစဉ်နေပါပြီတဲ့…။ မြန်မာလိုဖတ်ချင်တယ်ဆိုရင်တော့ မြန်မာဖေါင့်လေးတော့ ဖုန်းထဲထည့်ထားပေါ့ကွယ်…။ ပို့ပေးတဲ့ မက်ဆေ့ချ်ထဲက သတင်းမှန်တာမမှန်တာကတော့ ကံတရားပဲပေါ့…။ သက်ရှိလူတွေရဲ့ သတင်းတွေထဲမှာ သက်မဲ့လို့ဆိုကြတဲ့ သဘာဝတရားကြီးကလည်း ဘယ်ငြိမ်နေလိမ့်မလဲ ကိုကိုရယ်…။ သူကြီးတို့ ရုံးစိုက်ရာ အမေရိကားတောင် စန်ဒီ မုန်တိုင်းကြီးရဲ့ ကျည်ဆယ်ခြင်းအောက်မှာ… အလူးလူးအလိမ့်လိမ့် ဖြစ်ခဲ့ရပါရောလား…။ ဒီလောက်နဲ့တော့ မကျေနပ်သေးဘူးတဲ့ဗျာ…။ နယူးယောက်မြို့ကြီးတောင် ရေလွှမ်းမိုးခံခဲ့ရပြီး သန်းနဲ့ချီတဲ့လူနေအိမ်တွေ လျှပ်စစ်မီးပြတ်တောက်နေပါတယ်တဲ့…။ သဘာဝတရားကြီးက ဖွံ့ဖြိုးပြီးတွေ […]


ေၾကးမုံ the greatNovember 12, 20121min785
ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း အမြန်ပြန်စဂျပါချင့်။ မြန်ကျင့်ပြည် ဆင်းရဲနေတာ ရေကာတာဂျီး မစနိုင်ဖြစ်နေရလို့ပါ။ ရေကာတာဂျီး ပြီးသွားရင် လျှပ်စစ်မီးတွေ အလျှံအပယ် ထွက်လာပြီး စီးပွားရေး တိုးတက်လာပါလိမ့်မယ်။ အခုတောင် ရှင်တို့ မြစ်ဆုံကို အပြစ်ပုံလို့ ရွှေဘိုနယ်တဝိုက်မှာ ကမာ္ဘမြေနတ်သမီး အချစ်ကုန်ပြီး ဟစ်တုန်ပြလိုက်ပြီ မဟုတ်ပါလား။ လိမ်မာရေးခြား ရှိကြပါ။ ဝတို့ကောင်းစားရင် လုတို့လည်း တောင်းစား ပါစေ့မယ်။ ပြောတဲ့အတိုင်း မလုပ်ရင်တော့ ဓာ့ပုံမှာ ပြထားတဲ့ တင့်ကားဂျီးတွေ လွှတ်လိုက်မှာနော။ အမိန့်အရ – ကြေးမုံဂျီး (အမေရိကန်ဒေါ်လာ ၂.ရဘီလျံ ချမ်းသာသူ ဝန်ဂျီးချုပ် ဘိုးဘိုးဝမ်နှင့်လည်း အမျိုးတော်သည်) မြန်ကျင့်ဒေသ နိုင်ငံရေးမှူး တရုတ်ကူမြူနစ်ပါတီ