ဒီနေ့မနက် 7-နာရီမတ်တင်းလက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ငြိမ့်ကနဲဖြစ်သွားပါတယ်။ တစ်ယောက်ယောက်က ခုန်ကို ဝင်တိုက်တယ်မှတ်တာ။ ထပ်ပြီးလှုပ်ပြန်တော့ ငလျင်လုှပ်တယ်ဆိုဝိုင်အော်ကြပါတယ်။ နောက် ပုခက်လွှဲသလို ထပ်လှုပ်တော့ အတော်များများကတော့ အပြင်ထွက်ပြေးကြပါတယ်။ အပေါ်မော့ကြည့်တော့ မီးချောင်းတွေ ပန်ကာတွေလဲလှူပ်နေပြန်ပါတယ်.။ နောက်တစ်ခါ ငြိမ့်ကနဲ့ ထပ်လုှုပ်ပြိးငြိမ်သွားပါတယ်။ အလုပ်ထဲရောက်တော့ မန်းမြန်မာပလာဇာ 25ထပ်ကြီးအက်သွားတယ်ပြောပါတယ်။ အလုပ်တွေလုပ်ရင်း ဖေစ်ဘုတ်ဖွင့်တော့ သတင်းတွေအချိန်နဲ့အမှီတက်တာမြင်ရ။ ဒါနဲ့ဘဲ လူပြောများတဲ့မန်းမြန်မာပလာဇာကြီး စောင်းမစောင်းသိရအောင် သူနဲ့အမြင့်ညီတဲ့ ယူနီဗာစ်ဟိုတယ် ကိုသွား မန်နေဂျာကို အကျုးိအကြောင်းပြောပြီးခွင့်တောင်းလို့ 12ထပ်ခေါင်မိုးကို တက်ပြီး လက်ဆော့ပါတယ်။ သူနဲ့ မန်းမြန်မာပလာဇာက တည့်တည့်ကိုး။ အောက်ခြေကတော့ ဘာမှန်းမသိပေမယ့် အထက်ကတော့အရင်အတိုင်းမပြောင်းမလဲ မစောင်းဘဲရှိနေတာမြင်ရ။ ရုံးခန်းဖွင့်ထားတဲ့ 25ထပ်အောက်ခြေမှာ ဆိုင်ကယ်စီးနေတဲ့လူကိုတောင်မြင်ခဲ့ရပါကြောင်း။ ကိုပေါက်လမ်းသလားခဲ့တာကို တင်ပြလိုက်ရပါ၏။


Mr. MarGaNovember 11, 20121min38286
ယနေ့ မြန်မာစံတော်ချိန် ရနာရီ ၄၂ မိနစ်ခန့်က မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့၏ အနောက်မြောက်ဘက် ၇၂ မိုင်ခန့် အကွာ၊ ရွှေဘိုမြို့၏မြောက်ဘက် ၄၅ မိုင်ခန့် အကွာတွင် ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၆.၈ ပမာဏရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားပါသည်။ မြေအောက်အနက် ၆မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချင်းအနေဖြင့် ၇၂ မိုင်ခန့် ရှိပါ၏။ မြေငလျင်၏ အရှိန်ကြောင့် အင်အား ၅.ဝခန့်ရှိ ဆင့်ပွားငလျင်နှစ်ခုကိုလည်း တိုင်းတာရှိကြောင်း သိရသည်။ မြေငလျင်ဒဏ်ကို မြန်မာနိုင်ငံ မန္တလေး၊ ရွေဘို၊ မိုးကုတ်၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ မြစ်ကြီးနား စသည့်မြို့များတွင် ခံစားရပါသည်။ ပြည်ပ အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း အဖျားခတ်ခဲ့ကြောင်း သိရှိရသည်။ အသေးစိတ်ကို အောက်ပါလင့်များတွင် […]


Nu ThanNovember 8, 20121min1154
ရခိုင်ပြည်နယ်သံတွဲမြို့တွင်၊ကျိတ္တော၊မြပြင်၊ငပလီစသောနေရာများ မှ မြေစာရင်းကိစ္စရပ် များဆောင်ရွက်ရာတွင် မြေစာရင်းဦးစီးဌာနမှ ငွေများစွာတောင်းယူနေပါသည်။မြေစာရင်းမြေပုံရေးကူးရာတွင် ငွေကျပ်ငါးသာင်းမှရှစ်သောင်းအထိပေးဆောင်ကြရပြီး၊အမည်ပြောင်း၊နာမည်ပြောင်းလျှောက်ထားရာတွင်ငွေကျပ်ရှစ်သောင်းကျော်(၁)သိန်းအထိပေးဆောင်ကြရပါသည်။အဆိုပါငွေကြေးများကို ပေါ်ပေါ် တင်တင် တောင်းယူကြကြောင်းသိရှိရပါသည်။ အဆိုပါတောင်းယူသောငွေမပေးပါက မလုပ်ပေးကြောင်းသိရှိရပါ သည်။ အဆိုပါကိစ္စရပ်များသည်နိုင်ငံတော်သမ္မတကြီးပြောသော Clean Goverment,GOOD Govermentဆိုသောစကားလုံးနှင့်ကွဲလွဲနေကြောင်းငွေမပေးလျှင်အ လုပ်မလုပ် ကြောင်းသိရှိရပါသည်။နိုင်ငံတော်မှအစိုးရဝန်ထမ်းလစာများကိုတိုးမြင့်ပေးထားသော်လည်းယခုကဲ့သို့ဌာနများတွင်လာဘ်ငွေပေါ်ပေါ်တင်တင်တောင်းခံနေခြင်းကိုထိထိရောက်ရောက်အရေးယူသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။


myanmarcitizenNovember 7, 20121min22620
နယ်မှအမေလာတော့ ဒီနှစ်(2012) ဆယ်တန်းအောင်တဲ့ကလေးတွေရဲ့ အောင်လက်မှတ်လျောက်ထားတဲ့ ဖြတ်ပိုင်းလေး ၅ခုပါလာပါတယ်။ နယ်ဘက်က ကလေးတွေကကိုယ်တိုင်ဘယ်လာထုတ်နိုင်မလဲလေ ရန်ကုန်ကိုတစ်ခေါက်လာဖို့ဆိုတာလွယ်တဲ့ကိစ္စမှမဟုတ်တာ။ ကားခက အသွားအပြန်ကို ၂၅၀၀ဝ လောက်ကုန်မယ်။ ရန်ကုန်မှာနေစာရိတ်စားစရိတ်နဲ့ဆို ၅၀၀၀ဝ လောက်ပါသွားမှအဆင်ပြေတာမျိုး ဆိုတော့ ရန်ကုန်ကိုသွားတဲ့လူကြုံကိုပဲအကူအညီတောင်းကြရတာပါ။ အမေသွားထုတ်တော့ အကုန်မရဘူး တစ်ရက်ကို(လူတစ်ယောက်တစ်စောင်ပဲထုတ်လို့ရမယ်လို့) ပြောတယ်ဆိုပြီး အောင်လက်မှတ် တစ်စောင်ပဲရလာခဲ့ကြောင်းပြောပါတယ်။ ကျွန်တော်သိပ်မယုံချင်ဘူး ဒီကိစ္စဒီလောက်တောင် ခက်လားပေါ့။ ကျွန်တော်ကလဲလက်တွေ့သမားဆိုတော့ ပေးကျန်တဲ့လေးစောင်ကိုယူပြီးဒီနေ့မနက်ပဲ မြန်မာနိုင်ငံစာစစ်အဖွဲရှိရာ ကိုသွားခဲ့လိုက်တယ်။ အိမ်က မေခဆောင် မှာထုတ်ရတယ်ပြောလို့ မေခဆောင် ကိုတန်းသွားခဲ့တယ်။ မေခဆောင် ရောက်တော့ အရင်ဆုံး ဟိုဟိုဒီဒီစာကပ်ထားတာတွေ လျောက်ကြည့်ခဲ့တယ်။ ဟုတ်ပါတယ် တကယ်ကိုစာရေးထားတာပါ (လူတစ်ဦးကို တစ်စောင်သာထုတ်ပေးမယ် ဆိုပြီးကပ်ထားပါတယ်)။ ကျွန်တော်စာရေးမလေးကိုမေးကြည့်ပါသေးတယ် နယ်ကလာတာ လေးယောက်ထုတ်ဖို့ပါလာတယ် ဒါဆိုကျွန်တော်က ရန်ကုန်မှာ လေးရက်ကြာနေရမယ့်ကိန်းဖြစ်နေပြီ ဒီလိုမျိုးလူတွေကိုအဆင်မပြေ အောင်လုပ်တဲ့ rules […]


OnyxOctober 25, 20121min30117
၁။” မြန်မာနိုင်ငံမှာ လျျှပ်စစ်မီးတွေပိုလျှံလို့ တိုင်းတစ်ပါးကိုတောင် ရောင်းချနေရပါတယ်” ဦးဇော်မင်း (မြန်မာနိုင်ငံ လျှပ်စစ်မီးအကြောင်းပြောကြားခြင်း) ၂။”မိုးတွေရွာတော့မယ်ဆိုတော့ မီးမှန်ဖို့နီးလာပါပြီ” ဦးကိုကိုလှိုင်(မီးပျက်နေသည့်အတွက် ဖြေရှင်းချက်ထုတ်ခြင်း) ၃။ “လဝက ကလာဘ်စားလို့မရတဲ့ ဌာနတစ်ခုပါ” ဦးခင်ရီ (လဝကအကြောင်းရှင်းလင်းခြင်း) ၄။ “ခိုးဝင်လာတဲ့ ဘင်္ဂလီမရှိပါဘူး” ဦးခင်ရီ (တရားမဝင်ခိုးဝင်သည့် ဘင်္ဂလီရှိ/မရှိ မေးခွန်းအပေါ် ဖြေရှင်းချက်ထုတ်ခြင်း) ၅။ “မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့ က ၄ ရာခိုင်နှုန်းဖြစ်ပါတယ်” ဒေါက်တာမောင်မောင်သိမ်း(ကြွေးမြီနှင့် အလုပ်လက်မဲ့ စာရင်းဖြေရှင်းချက်ထုတ်ခြင်း)   အဲလိုအဲလို ပြောတဲ့ သူတို့ စကားတွေက အမှန်တွေလားမသိလို့မေးတာပါ…………Onyx


မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေသစ်ကို ထုတ်ပြန်လိုက်ကြောင်း သစ်ထူးလွင်ဆိုက်မှာ တနေ့က ဖတ်ရတယ်။ ယခင် ၁၈၉၉ ရန်ကုန်ရဲအက်၊ ၁၉၄၅ ရဲအက်တို့ကို အစားထိုးပြီး ဖွဲ့စည်းပုံ ဖော်ပြထားတယ်။ ဖွဲ့စည်းပုံ ကြီးကြီးမားမား ပြောင်းလဲတာမျိုး အပြင်လူအနေနဲ့ မတွေ့မိဘူး၊ ရာထူး အခေါ်အဝေါ် အသစ်ဆိုပေမဲ့ ရဲချုပ်မှ ရဲဗိုလ်ချုပ်ကြီး၊ ရဲမှူးက ရဲဗိုလ်မှူး၊ ရဲအုပ်က ရဲဗိုလ် ဖြစ်သွားတာပါ၊ အတန်းအဆင့်အားဖြင် ၁ဝမျိုး အတူတူပဲ။ အရင်လို ဒုရဲအုပ် (စခန်းမှူး) အပြာခံ တပွင့်အစား ရဲဗိုလ်တန်းပေးတယ်၊ အယင် မြို့နယ်မှူး ဒုတိယရဲမှူး သုံးပွင့်နေရာ အဆင့်တူ ရဲဗိုလ်မှူးပဲ ဆက်ထားမယ်ထင်တယ်။ ရဲတယောက် ပြောဖူးတယ်၊ ဒုရဲအုပ် တပွင့် အပြာခံဆိုတာ ကိုလိုနီခေတ် လက်ကျန် ရာထူးပေးပုံစနစ်တဲ့၊ ဒုရဲအုပ်ခြင်း အတူတူ […]


  “ဂရုမစိုက်ဘူးကွာ”   ပြီးခဲ့တဲ့စနေနေ့ ကျနော် မြို့သစ်ဘက်ကိုသွားတော့ သိပ္ပံလမ်းကနေ ၇၃လမ်းထဲကိုချိုးကွေ့လိုက်ပါတယ်။ အဲဒီလမ်းကလေးက သစ်ရိပ်ဝါးရိပ်နဲ့ဆို နေပူသက်သာလို့ပါ။ မရောက်တာလဲ အတော်ကြာတော့ဖြတ်သွားချင်တာလဲ ပါပါတယ်။ ဝင်ဝင်ချင်း လမ်းဒေါင့်မှာ အရင်ကရှိတဲ့ ဘီယာဆိုင်ရော လက်ဖက်ရည်နဲ့တွဲထားတဲ့ အကြော်ဆိုင်လေးရောမရှိတော့။ သူတောင်ဘက်က မြေကွက်လပ်ကတော့ သံဇကာ ကာထားပြီး တပ်မတော်စိုက်ခင်းလို့ရေးထားပါတယ်။ အထဲမှာတော့ ကြံပင်တွေနဲ့စိမ်းစိမ်းစိုစို။ ဟိုးတုန်းကတော့ကြက်ဆူခင်းတွေပေါ့။ အဲဒီကနေ နည်းနည်းလေးရှေ့ဆက်သွားလိုက်တော့  အရင်ရှိတဲ့ကျောက်လမ်းနဲ့ သစ်ပင်ခင်တန်းလေးကြားမှာ မြေနီလမ်းအသစ်ဖောက်ထားတာကိုတွေ့ရပါတယ်။ အရင်တုန်းက မြေကွက်လပ်ကြီးမှာ အကာအရံတွေနဲ့ဖြစ်နေပါတယ်။ အဲဒီက နံရံပေါ်မှာတော့ကုမ္ပဏီတွေရဲ့ကြော်ငြာပေါင်းစုံကပ်ထားပါတယ်။ အော်မြိုသစ်တည်ဆောက်ရေး အဆင့်မြင့် လူနေအိမ်ယာစီမံကိန်းလို့ထင်ပါရဲ့လို့တွေးနေတုန်းအဲဒီအနောက်ဘက်က မြေလမ်းကနေ ကားအကြီးအပြာရောင်တစ်စီးဖြတ်လဲမောင်းလိုက်ရော ပါတ်ဝန်းကျင်တစ်ခုလုံး လေနီကြမ်းဝင်မွှေ့လိုက်တဲ့အတိုင်းဖုံတွေလုံးတက်သွားပါတော့တယ်။ ဖြစ်ဖြစ်ခြင်းတော့ ဓါတ်ပုံမရိုက်နိုင်။ မျက်နှာကို အုပ်ထားရလို့ပါ။ ကားလဲလွန်သွားရော ဒီပုံလေးတွေရလိုက်ပါတယ်။ အဲဒီကားကတော့ ဂိတ်-2 ဆိုတဲ့အထဲကိုဝင်သွားပါတယ်။ လမ်းဘေးက […]


“အမြဲမရှိဆိုတာမှားတယ်လို့ သက်သေပြနေတဲ့နေရာလေး”     ကျနော်တို့ အမြဲကြားနေရတဲ့စကားကတော့ အနိစ္စအမြဲမရှိပါတဲ့။ ဒါပေမယ့် ဒီနေရာလေးကတော့ ခေတ်တွေဘယ်လိုပြောင်းပြောင်း အုပ်ချုပ်သူဘယ်လိုပြောင်းပြောင်း မပြောင်းမလဲ ရှိနေတာလေးပါ။ တက်သိမ်းအင်း (ကန်တော်ကြီး)အရှေ့ဘက်ခြမ်း တိုက်ခန်း တွေရဲ့အနောက်ဘက်ကလမ်းကလေးပါ။ တိုက်ခန်းနေတဲ့အခန်းသုံးဆယ်က နေတဲ့လူတွေနေ့စဉ်သုံးတဲ့အမိူက်တွေကို ပစ်ရတဲ့နေရာလေးပါ။. ဒီအမိူက်ပစ်တဲ့နေရာလေးကို အစက သံစည်ပိုင်းလာချထားပေးပါတယ်။ ဒါပေမယ်အမိူက်က များ အမိူက်သိမ်းကားကမလာဆိုတော့ အဲဒီသံစည်ပိုင်းလေးလဲ သံချေးတက်ပေါက်ပြဲသွားတော့ ပြန်လာသိမ်းသွားပါတယ်။ နောက်တော့ ဝါးနဲ့ယက်ထားတဲ့ အမိူက်ခြင်းအကြီးကြီးလာချပေးပြန်ပါတယ်။ အဲဒါကလဲ အမိူက်မှန်မှန်လာမသိမ်းတော့ ဝန်နဲ့အားနဲ့မမျှဆိုတာလို ဆွေးပြီးပျက်သွားပြန်ရော။ အခုတော့ ဘာမှလာမထားတော့ တိုက်ခန်းနေတဲ့လူတွေကလဲ မြေကြီးပေါ်ဘဲအမိူက်သွန်ရတော့တာပေါ့။ ဒီအမိူက်ပုံလေးကို မနက်အာရုံတက်က စလို့ မိုးချုပ်တဲ့အထိ အမိူက်ကောက်တဲ့လူတွေက လာလာဖွပါတယ်။ အဲတော့ နဂိုရ်က မှ အထိန်းအကွပ်မဲ့နေတဲ့အမိူက်တွေက လမ်းပေါ်မှာ မြင်မကောင်းအောင်ပြန့်ကျဲနေပါတယ်။ စည်ပင်သာယာက လာမသိမ်းတာကြောင့် အမြင်မတော်တော့ […]


koko chitOctober 21, 20121min1495
သံတွဲမြို့တွင် ယနေ့21.10.2012 နေ့၊နေ့လည် 2 နာရီ တွင်ဆန္ဒပြမည်ဖြစ်ပြီးထိုအတွက်ကြောက်လန့်နေသူများလည်းရှိသလို မလိုလား အပ်သော သတင်းမှားများကိုလည်းထုတ်လွင့်နေကြောင်းသိရှိရသည်။ ဆန္ဒပြသူများသည် မင်းဗာကြီးလမ်းရှိအောင်မြေသာစည်ပရိယတ္တိစာသင်တိုက်မှစတင် ထွက်ခွာမည်ဖြစ်ပြီးသံတွဲမြို့ထဲသို့ဗိုလ်ချုပ်လမ်း၊ရတနာလမ်း၊ဦးဥတ္တမလမ်းများသို့လှည့်လည်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ မလိုလားအပ်သောသတင်များမှာ ဆန္ဒပြနေချိန်တွင် ရွာသစ်ကုန်း၊အမှတ်(၁)ရပ်ကွက်အတွင်းသို့နောက်မှနေ၍ ဝင်ရောက်မည်ဆိုသည့်သတင်း များနှင့် မာဃလမ်းတွင်လည်းဓါးများနှင့်လူစုလျှက်ရှိကြောင်းဆိုသောသတင်းမှားများကိုလည်းတစ်ချို့ကပြောဆိုကြောက်လန့်နေကြလေသည်။ ဆန္ဒပြမည်ဟုသိရှိကြသောအခါတွင်လည်းတောရွာများမှဈေးလာရောင်းကြသူအချို့နှင့်မြို့တွင်း၌နေထိုင်ကြသောဈေးသည်အချို့သည်လည်းကြောက် လန့်လျှက်ရှိပြီးယနေ့တွင်ဈေးလာရောင်းကြသူများမှာအလွန်နည်းပါးလျှက်ရှိပေသည်။ ထိုဆန္ဒပြမှုအတွက်ကိုလည်းသံတွဲဒေသအတွင်းမှအာဏာပိုင်များကလုံခြုံရေးများကိုသေချာစွာနေရာချထားပေးလျှက်ရှိကြောင်းသိရပါသည်။  


Mobile HouseOctober 19, 201211min2299
  ပန်းသီး user တွေ အတွက်   ပြော ရအုံး မယ် ဗျာ ။အဲ့ ဒါ လဲ Samsung တွေလိုပဲ စိတ် မချ ရတဲ့ အထဲ ပါဝင် နေ ပါတယ် ။ လက် ရှိ Iph 5 မှာ unoffical တွေ ဖြစ် ပြီး ဘယ် ဖက် က ဝင် နေ မှန်း မသိရသေး ပါဘူး ။ ခု လက် ရှိ ဆိုင် ကြီး က ခိုင် လုံ တဲ့ သတင်း  ရတာ ကတော့ iph 5 […]


Nu ThanOctober 17, 20121min1589
ရခိုင်ပြည်နယ်အတွင်းအေးချမ်းလာရာမှထပ်မံဆူပူမှုများဖြစ်ပေါ်စေရန်ရခိုင်ပြည်နယ်အစိုးရမှ ဆန္ဒပြရန်စေခိုင်းနေ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်အတွင်ဆူပူှဆန္နပြစေရန်လှုံဆော်နေပါသည်။ တည်ငြိမ်အေးချမ်းလာသော ရခိုင်ဒေသအားဆူပူသွေးဆူဆန္နပြစေရန်နှင့်တနိုင်ငံလုံးဆူပူစေ ရန်ရခိုင်အစိုးရအဖွဲ့မှ အကွက်ချစီစဉ်ဆောင်ရွက်နေကြာင်းခိုင်မာသောသတင်းရရှိ ပါသည်။ ရခိုင်ပြည်နယ်အစိုးရသည် ၎င်းတို့လက်ထက်တွင်မှဆိုရွားသောဘာသာရေးနှိပ်ကွပ် မှုကိုဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ ယခုအခါတည်ငြိမ်အေးချမ်းလာသောအခြေအနေ များကို ထပ်မံ့ပြဿနာဖြစ်စေရန်ဆူပူမှုမဖြစ်သေးသော မြို့နယ် များသို့ RNDP အဖွဲ့မှအစွန်းရောက် မျာကိုစေလွတ်ကာ ဆူပူဆန္နပြစေရန် လှုံဆော်ခဲ့ပါသည်။သက်ဆိုင်ရာမြို့နယ်များမှ ခွင်ြ့ပုချက်မပေးသော်လည်းပြည်နယ်သို့ တင်ပြစေကာတပြည်နယ်လုံးဆန္နပြခိုင်းနေပါသည်။ အချိုဆူပူဖျက်ဆီးလို့သူများသည်လုစု့သည်နှင့်ဘာသာရေးပုတ်ခတ်စော်ကားမှုများကို ပေါ်ပေါ်တင်တင်ကြွေးကြော်ကာအစ္စလာမ်ဘာသာဝင်မျာကိုစော်ကားပုတ်ခတ်ပြီး သွေးဆူ အောင်ပြဲုလုပ်ကာဆန္နပြလမ်းတစ်လျှောက်တွင်အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သောအိုး အိမ်များကိုမီရှိုခြင်းဖျက်ဆီးခြင်းမျာပြုလုပ်စေခဲ့ပါသည်။ ယခုအခါတည်ငြိမ်အေးချမ်းနေသော ပြဿနာလုံဝဖြစ်ပွါးခြင်းမရှိသော ကျောက်ဖြူ၊သံတွဲ အစရှိသောမြို့များကို ပြဿနာဖြစ်ပွါးစေရန် ဆန္နပြရန် ရခိုင်ပြည်နယ်အစိုးရမှအထက်အမိန့် ဆိုကာ ဆန္နပြရန် အားဓမ္မခိုင်းစေ ခဲ့ပါသည်။ရခိုင်ပြည်နယ်သံတွဲမြို့တွင် ၂၁-၁၀-၂၀၁၂ နေတွင်ဆူပူဆန္နပြစေရန် ပြည်နယ်အစိုးရခိုင်းစေခဲ့ပါသည်။ OIC ရုံးမဖွင့်ရန်ဆန္နပြခိုင်းရန် အကြောင်းပြသော်လည်း ယခု ဗဟိုအစိုးရမှ0ICရုံးမဖွင့်တော့ကြောင်းကြေငြာပြီးသော်လည်း ရမည်ရှာကာ ပြဿနာဖြစ်စေရန်ဆူပူစေရန်ဆန္နပြခိုင်းခြင်းဖြစ်ပါသည်။သက်ဆိုင်ရာမြိုု့နယ်များမှအေးချမ်းနေသော မြို့ကလေးအား ပြဿနာမဖြစ်ပွါးစေရန်ခွင်ါပြုချက်မပေးခဲ့သော်လည်းပြည် နယ်မှ ခွင်ါပြုပေးခဲ့ကြောင်းကြားသိရပါသည်။ ယခု့ကဲ့သို့အေးချမ်းတည်ငြိမ်လာမှ […]


ခင္ခOctober 17, 20121min18412
ကျန်းမာရေးနဲ့ဆိုင်သော သတင်းလေးပါ။ ခင်ခ FB ထဲကို Mg Mandalay ကနေပို့လိုက်တဲ့ သတင်းလေးကို ဖတ်ကြည့်ပြီး ရွာသူားတွေလည်း ကျန်းမာ ရေး သတိပေးချင်တာနဲ့ သတင်းအဖြစ် မျှဝေတင်ပေးမိတာပါ။ စီပွားရေးသမားတွေလုပ်ရပ် ကလည်းအတော့် ကို ဆိုးသည်ထက်ဆိုးနေပါလားနော်။   ရန်ကုန်တွင် ဆာလဖျူရစ် အက်ဆစ်ပြင်း ပါသော ငရုတ်သီးများတွေ ့ ……. ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံနှင့် အင်းစိန်မြို ့နယ်တို ့ရှိ အရောင်းဆိုင်များတွင် ဝက်သားတုတ်ထိုးနှင့် အသုပ်စုံများ ရောင်းချရာ၌အသုံးပြုသော ငရုတ်ဆီထုပ်များ အတွင်း ဆာလဖျူရစ် အက်ဆစ်ပြင်း အသုံးပြုထား သည်ကို စစ်ဆေးတွေ ့ရှိရကြောင်း စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က the voice သို့ ပြောကြားသည်။ […]