winkyawaungMarch 6, 20121min21314
မန်းရွှေစက်တော်က တည်းခိုခန်း(တည်းကျောင်းခ)တွေ ဈေးကြီးသနော် ၂-၃-၂၀၁၂၊(သောကြာနေ့) တောင်သူလယ်မားနေ့ မှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်က မန်းစက်တော်ရာ ရွှေစက်တော်ဘုရားပွဲတော်သို့ ဘုရားဖူးရောက်ရှိခဲ့ပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များ ရုံးပိတ်ရက်(၃)ရက်ဆက်တိုက်ဖြစ်နေလို့ အနယ်နယ် အရပ်ရပ်က ဘုရားဖူးများ အလွန်များပြားစည်ကားနေတာကို မြင်တွေ့ရပါတယ်။ ဒီဘုရားပွဲတော်ကြီးက တပို့တွဲလဆန်း(၅)ရက်မှ တပေါင်းလ၊ တန်ခူးလ သင်္ကြန်အပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ရှည်ကျင်းပတဲ့ မြန်မာပြည်က သမိုင်းဝင်ပွဲတော်ကြီးဖြစ်ပါတယ်။ မန်းစက်တော်ဘုရား ပွဲတော်မှာ ဝါးခင်း၊ထရံကာ၊သက္ကယ်မိုးများနဲ့ ဆောက်လုပ်ထားတဲ့ သီးသန့်လုံးချင်းတည်းခိုဆောင်များနဲ့ တည်းခိုဆောင်( ဒေသအခေါ် တည်းကျောင်း) များရှိပါတယ်။ အဲဒီတည်းခိုခန်း (၁၁)ခန်းတွဲ တစ်တွဲစီကို တည်းခိုဆောင်တစ်လုံး အဖြစ်သတ်မှတ် နေရာချထားပြီး ဆောက်လုပ်ပေးထားပါတယ်။ တစ်ခန်းလျှင် လူ ခုနှစ်ဦးခန့်သာ အိပ်စက်နိုင်ပါတယ်။ အဲဒီတည်းခိုခန်း(၁)ခန်းကို ငှါးရမ်းခက ပုံမှန်ဈေးမရှိပါ။ တစ်ခန်းငှါးရမ်းခ(တစ်ညအိပ်)တစ်ရက်၊ […]


Diamond KeyMarch 5, 20124min73
ဒီနေ့က အမေစု မန္တလေးရောက်နေပြီး နောက်တစ်နေ့ စစ်ကိုင်းမြို့ဆီ ခရီးဆက်မယ့်နေ့ပါ။ သတင်းနဲ့ မှတ်တမ်းရိုက်ကြမယ့် ကျွန်တော်တို့တွေက အမေစုနဲ့ တစ်ခါတည်း လိုက်ကြမယ့်သူတွေပါကြသလို စစ်ကိုင်းတံတားထိပ်ကနေ ကြိုစောင့်ကြမယ့် သူတွေထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအဝင်မို့ မနက် ၆ နာရီကတည်းက စစ်ကိုင်းတံတားထိပ်ဆီ ထွက်လာခဲ့ပါတယ်။ ကျွန်တော်တို့တွေ တံတားထိပ်ရောက်တော့စောနေသေးတာနဲ့ စစ်ကိုင်းမြို့ထဲဝင်ပြီး မနက်စာ စားလိုက်ကြသေးတယ်။ စစ်ကိုင်းမြို့ကတော့ မနက်ကတည်းကနေ တစ်မြို့လုံး အမေစု ကြိုဖို့ လှုတ်ရှားနေကြပါပြီ။ နေရာတိုင်းမှာ ခွတ်ဒေါင်းနဲ့ ကြယ်ဖြူ အလံ၊ တံဆိပ်၊ အကျီဝတ်ထားတဲ့ မြို့သူမြို့သားတွေ၊ ကားတွေ နဲ့ လှုတ်လှုတ်ရှားရှားပါ။ ဒီမိုကရေစီ သီချင်းသံတွေလည်း သောသောညံ နေပါတယ်။ ကျွန်တော်တို့ မြို့ထဲဝင် အလာမှာ အဝေးကနေ အလံတစ်လူလူ လွှင့်လာတဲ့ ဆိုင်ကယ်တွေကို  တွေ့ရလို့ […]


                      အရင်တုန်းက cellular ခေတ်၊ပြီးတော့GSM၊ပြီးတော့ ကမ်းရိုးတန်းဖုန်း အမျိုးမျိုးမရိုးရအောင် ငှားရမ်းခ ငွေကျပ်ဆယ့်ငါးသိန်းပေးခဲ့ရပြီးပြီ။နောက်တခါ မနှစ်က ငါးသိန်းတန်ဖုန်းတွေ ထပ်ငှားတယ်။ GSM ရောCDMA 450နဲ ့800Mhzတွေ။ခုလာပြန်ပီ တန်ဖိုးမတိကျသေးတဲ့ တန်ဖိုးနည်းဖုန်း။အရင်တုန်းက ဖုန်းဝယ်ကိုင်ထားသူတွေက တရားစွဲတော့မယ်။


                                            ဓါတ်ဆီဖြည့်မှုသတိပြုကိုပြောတာ မဟုတ်ဘူးနော်။ရွာထဲက ဖုန်းအပြောများသူများအတွက် ဝမ်းသာစရာပါ။ အခမဲ့တော့မဟုတ်သေးဘူးနော်။


black chawMarch 3, 20121min31419
ရုံးပိတ်ရက် ဆိုရင် ရွာထဲမှာ လူနည်းလေ့ရှိပါတယ်။ လူနည်းတော့ ပျင်းစရာကောင်းတယ်လို့လည်း ညည်းတတ်ကြပါတယ်။ အဲဒီအတွက် အပျင်းပြေ သတင်းလေးတွေ ဖတ်ဘို့ တင်ပေးလိုက်တာပါ။ ရုံးပိတ်ရက်မှာဖတ်ဖို့ အပျင်းပြေပေါ့ဗျာ။ ပေါ့ပေါ့ပါးပါး ဖတ်ပြီး ပျင်းနေတဲ့ စိတ်လေးတွေ နည်းနည်းလောက် ထွက်ပေါက်ရတယ်ဆို ကျေနပ်ပါပြီခင်ဗျာ။ ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေး ရဲ့ သူငယ်ချင်း ဂျပန်မလေး ဝမ်းလျှောခြင်း။ (Sunday weekly) Facebook ပေါ်က သတင်းလို့ဆိုပါတယ် ကျောင်းဒကာ။ ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးရဲ့ သူငယ်ချင်း ဂျပန်မလေးတစ်ယောက် ဟာ ဟိုတယ်ကြီးတစ်ခုမှာတည်းရင်း ပုဇွန်ဟင်း အစားမှားလို့ ဝမ်းလျှောတော်မူပါသတဲ့ဗျာ။ တော်တော် ဆိုးတဲ့ပုဇွန်။ သေတာတောင်နည်းသေးတယ်။ ဘယ့်နှယ့် ဂျပန်မလေးကိုမှ သွားလုပ်ရတယ်လို့။ မသကာ မြန်မာဝန်ထမ်းကို ပါးရိုက်ခဲ့တဲ့ ဂျပန်ကောင်ထီးဆိုရင် တော်သေးရဲ့။ ခုတော့ သူလေးခင်ဗျာ ရေခြားမြေခြားမှာ […]


ဒီနေ့ ကျနာ်ပိုစ်နှစ်ပုဒ်ပြည့်သွားပေမယ့် အထူးသတင်းမို့ စည်းကမ်းချိုးဖောက်လိုက်ပါသည်။ တစ်ရက် နှစ်ပုဒ်တက်ပိုမတင်ရဘူးဆိုပေမယ့် အထူးသတင်းမို့တင်ပေးလိုက်ပါသည်။ 78လမ်းလေယာဉ်ပျံကွင်းရှေ့မှ စောင့်ရိုက်ထားသောပုံများဖြစ်ပါ၏ အားရပါးရ ကြည့်ကြပါ.။   ကိုပေါက်လက်ဆောင်


YE YINT THUMarch 3, 20121min1646
မန္တလေးမြို ့လည်ခေါင်အချို ့လမ်းမကြီးများပေါ်မှာ သွားလာနေကြတဲ့ မိဘ ပြည်သူများ အနေနဲ ့ကန် ့သတ်နယ်မြေအတွင်းမှာ ကား။ ဆိုင်ကယ် ယာဉ်ရပ်နား မယ်ဆိုရင်ရပ်နားခ ပေးဆောင်ကြရပါတယ်။ ယခုလက်ရှိ တရားဝင်သတ်မှတ်ထားတဲ့နှုန်းများ ကလည်း အောက်ပါအတိုင်း သတ်မှတ်ထားတာဖြစ်တဲ့ အတွက် ပေးဆောင်ရသူ အနေနဲ ့သင့်တင့်မျှတ တဲ့နှုန်းထားများ လို ့ဆိုနိုင် ပါတယ်။ (၁) ဆိုင်ကယ်တစ်စီးတစ်နာရီထိရပ်နားခ    ( ၅ဝ ကျပ်နှုန်း) တစ်နာရီထက်မည်မျှကျော်လွန်သည်ဖြစ်စေ (၁၀ဝ ကျပ် နှုန်း ) (၂) ကားတစ်စီး တစ်နာရီထိရပ်နားခ     ( ၁၀ဝ ကျပ်နျုန်း)  တစ်နာရီထက်မည်မျှကျော်လွန်သည်ဖြစ်စေ ( ၂၀ဝ ကျပ်နှုန်း ) ပြည်သူတွေပေးဆောင်နေတဲ့ အခွန်အခရှိမှလည်း နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကို ပြုလုပ်နိုင်မှာဖြစ်တဲ့ အတွက် ဒါကိုလည်းပြည်သူတွေဖက်က […]


ဆူးMarch 2, 20121min40821
မအေးအေးကြည်အား ပါးရိုက်ခဲ့သူ ဂျပန်နှင့်ပတ်သက်ပြီး နုိုင်ငံခြားရေးဝန်ကြီးဌာန အရေးယူထားခြင်းအမိန့် (အီးမေးမှရောက်လာသည့် စာ) ဘီဘီစီ ဝင်းမြင့် http://www.facebook.com/photo.php?fbid=10150577938401577&set=a.292323291576.151011.273919856576&type=1&theater မှ ကူးယူ တင်ပြပါသည်။


ဒီနေ့ ဒီဗွီဘီသတင်းမှာ စစ်ကိုင်းတိုင်း ကသာခရိုင် အမျိုးသားလွှတ်တော် (Upper House) အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို ရွေးဂေါက်ပွဲကော်အသေမှ လက်မခံပယ်ဖျက်ကြောင်း ဖတ်ရပါတယ်။ ကာယကံရှင်၊ မိဘနှစ်ပါးစလုံး နိုင်ငံသားဖြစ်ရမည့် အချက်နဲ့ ငြိစွန်းကြောင်း ကြက်ဖွတ်ပါတီမှ တိုင်တယ်လို့ သစ်ထူးလွင်သတင်းမှာ ရေးထားတယ်။ ဦးစောလှိုင်သည် ၁၉၉ဝခုနှစ်ရွေးကောက်ပွဲတုန်းမှာ အရွေးကောက်ခံ ပြည်သူ့လွှတ်တော်အမတ် ဖြစ်ခဲ့ပြီး အခု၂၀၁၂ခုနှစ်ကြမှ ဘယ့်နှယ်လုပ် ရွေးဂေါက်ပွဲဥပဒေနဲ့ မကိုက်ညီ ဖြစ်သွားရလည်း အစဉ်းစားရခက်လှတယ်။ အတည်ဖြစ်ရင် ပေးထားတဲ့ မစို့မပို့ ၄၈နေရာ (အထက်၊ အောက်၊ ဒေသလွှတ်တော် နေရာစုစုပေါင်း တထောင်ကျော်မှာ) ကြားဖြတ်ရွေးဂေါက်ပွဲမှာ ရှင်နည်းရာ အဂ္ဂလူအထွက် ခံရပါဦးမယ်။ ဒေါ်စု ဘာလုပ်မှာလည်း..။ ထိုင်ခုံတထောင်ကျော်မှာ တနေရာ ဝ.၁ရာခိုင်နှုန်း မရှိဆိုပေမယ့် လေးဆဲ့ရှစ်နေရာ အမြင်နဲ့ကြည့်ရင် ၂ရာနှုန်းထက် […]


“ကျနော်ဘယ်နားကလမ်းလျှောက်ရမ လဲဗျာ”   ပြီးခဲ့တဲ့ရက်က နယ်က သူငယ်ချင်းတစ်ယောက်မန်းလေးရောက်လာပါတယ်။ သူက မုံရွာဘက်က လာတော့ 22စီလမ်းဘက်က သိရိမန္တာကား ဝင်းကြီးမှာ ကားဂိတ်ဆုံးပါတယ်။ ကျနော်ဆီဘယ်လိုလာရမလဲမေးတော့ လာခေါ်ရမလားမေးပေမယ့် မရောက်တာကြာလို့ လမ်းလျှောက်ချင်တယ်လို့ပြောပါတယ်။ နောက်သူက သယ်စရာ ခရီးဆောင်အိတ်တစ်လုံးဘဲပါလာတော့လာမကြိုနဲ့ဆိုပြောပါတယ်။. အဲဒါနဲ့သူနဲ့ကျနော်ဆုံရအောင် လမ်း30 80-81 ကြားကလက်ဖက်ရည်ဆိုင်မှာချိန်းလိုက်ပါတယ်။ သူအလွန်ဆုံးကြာ နာရီဝက်ပေါ့။ ကျနော်လဲသူနဲ့ဖုန်းပြောပြီး အတော်လေးကြာတာတော့ လက်ဖက်ရည်ဆိုင်ကနေသွားစောင့်နေလို်က်ပါတယ်။ မလာမလာ နဲ့စောင့်နေလိုက်တာ လမ်းများမှားသွားလားလို့တောင် ပူမိပါတယ်။ သူဖုန်းဆက်ပြီး တစ်နာရီကျော်ကျော်လောက်ကြာမှ မောကြီးပန်းကြီးနဲ့ရောက်လာပါတယ်။ ဘာလို့ဒီလောက်ကြာလဲဆိုတာကို မေးတော့ “လမ်းလျှောက်စရာနေရာမရှိလို့ပါတဲ့” လမ်းမပေါ်တက်လျှောက်တော့လဲ ကားတွေဆိုင်ကယ်ပြည့်ညှပ်နေတော့ မလျှောက်ရဲဘူးတဲ့ဗျာ။ သူကျနော်ကို မေးတဲ့မေးခွန်းက   “ကျနော်ဘယ်နားကလမ်းလျှောက်ရ မလဲဗျာ”တဲ့။ နောက်နေ့ ကျနော်အပြင်ထွက်ရင် ဟိုနားဒီနား တို့တို့တိတိနဲ့ လက်ဆော့ခဲ့ပါတယ်။ ဒီပုံတွေကိုပြန်ကြည့်လိုက်မှ သူမေးခွန်းကိုဘယ်လိုဖြေရမှန်းမသိဖြစ်သွားပါတယ်။. ကျနော်တို့ကသွားလေရာရာ […]


ကထူးဆန္းMarch 1, 20122min28721
ဒီကနေ့ ၁-၃-၁၀၁၂ ကနေ စက်သုံးဆီ ဈေးတက်တဲ့ အတွက် ဆိုပြီး Fuel Surcharge ဆိုပြီး ရန်ကုန် လေကြောင်းလိုင်းက စတင် ကောက်ခံပါပြီ။ အခြား လေယာဉ် လိုင်းများမှ လည်း မကြာမီ ကောက်ခံသွားမယ်လို့သိရပါတယ် ။ ရန်ကုန် လေကြောင်းလိုင်းမှ ဖြန့်ဝေခဲ့တဲ့စာပါ။ မြန်မာပြည်ထုံးစံအတိုင်းကပ် လုပ်တော့ ခရီးသွားများနဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ စကားများကြဦးပေါ့နော် .. ဘာဖြစ်လို့ ကြိုမပြောတာလဲဆိုတာ ဒိုင်ခံ ဖြေရှင်းကြတော့ဘဲ.. Date : 29th February, 2012 Ref. No. : YA/BDD/069/12 Dear Sir/Madam, Greetings from Yangon Airways! Due to the fuel price increase […]


လင်းဝေMarch 1, 20121min45137
ဒီနေ့ MRTV-4 ကနေတိုက်ရိုက်လွှင့်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားသော သမ္မတ မိန့်ခွန်းကို ကြည့်ဖြစ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေး ၊ စီးပွားရေး ၊ ကျန်းမားရေး ၊ ပညာရေး ၊ လူမှုရေး နဲ့ အစိုးရစနစ်စီမံခန့်ခွဲမှုပြင်ဆင်နေပုံ (အဂတိ တိုက်ဖျက်ရေး )၊ ဝန်ထမ်းလစာ (မတိုး)ရေး နဲ့ စတဲ့အပိုင်းတွေ ပြောတာ ကြားမိ မှတ်မိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံး ယုံယုံကြည်ကြည်နဲ့ လက်တွဲကြဖို့ ဆိုတဲ့သဘောကိုပြောပါတယ်။ တစ်ချိန်က သေနတ်ကိုင်ခဲ့တဲ့သူတွေ လက်ပ်တော့ ကိုင်ပြီး ထည်ဝါခန့်ငြားစေချင်ပါတယ်တဲ့။ (နောက်ဆိုရင် လက်နက်နဲ့ လက်ပ်တော့ လဲလှယ်ရေး လုပ်ကြတော့မယ်ထင်တယ် ) ခိုင်မာတဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ကြပါစို့တဲ့။ ( DKBA နဲ့တော့ ပြန်ဆော်နေကြပြန်တယ် နော်။ အောက်ခြေမြေပြင်မှာ နှစ်ဖက်စလုံးက […]