kanjosanFebruary 17, 20121min27114
MMA fighter အောင်လ (မြန်မာ စပါးကြီး) ဖိုက်မယ့် ပွဲပါ.. လာမယ့် မတ်လ ၁၆ ရက်နေ့မှာ ဖိုက်ပါမယ်။ ဖိုက်မယ့်နေရာက.. အမေရိကန်နိုင်ငံ.. SHEET METAL WORKER’S UNION HALL, PHILADELPHIA, PENNSYLVANIA, ပင်ဆယ်ဗေးနီးယားပြည်နယ်ရဲ့.. ဖီလာဒဲဖီးယားမြို့ မှာ ဖိုက်ပါမယ်. ။ အောင်လ..ကကျွန်တော်တို့.တိုင်းရင်းသား ကချင်အမျိုးသားပါ။ သူဟာ ၈ ပွဲနိုင် .. ၆ ပွဲရှုံး..သရေပွဲမရှိ တဲ့ မှတ်တမ်းရှိပါတယ်. အသေးစိတ်သိခြင်ရင်တော့… http://www.sherdog.com/fighter/Aung-La-Nsang-13029 သွားကြည့်ပါ… ကျွန်တော်တို့ မြန်မာတွေ တစ်ခြားနိုင်ငံတွေ ရောက်နေပေမဲ့ မညံဘူးဆိုတာ ဒါကိုကြည့်ပြီး သိနိုင်ပါတယ်…. လူမိုက်ဖြစ်ရင်လည်း ရှိတဲ့ မိုက်ရဲတဲ့ လူမိုက်တွေပါ..   ဟုတ်တယ်မလား ရွာသားပေါင်းတို့…


black chawFebruary 17, 20121min32821
ဒီပို့စ်လေးကို ချိုပေါ့ကျ လို့ ခေါင်းစဉ်ပေးဖြစ်ပါတယ်။ လဖက်ရည် ချိုပေါ့ကျ တစ်ခွက်သောက်ရတဲ့ အရသာမျိုး ရစေချင်လို့ပါ။ သောက်ကြည့်ကြပါ အဲအဲ ဖတ်ကြည့်ကြပါဗျာ။ ကိုပေါက်ရေ။ ဒီတစ်ပတ်ထုတ် ဆဲဗင်းဒေး ဂျာနယ်ထဲမှာ မန္တလေး အာဇာနည် ၁ရ ဦး ဗိမာန် ပြန်လည်ရှင်းလင်းခွင့်ရ ဆိုတဲ့ သတင်းလေး ကို ဓါတ်ပုံနှင့်တကွ ဖတ်ရတယ်ဗျို့။ လာမည့်ဇူလိုင်လ အာဇာနည်နေ့တွင်လည်း ဂုဏ်ပြုနိုင်ခွင့်ရရန် မျှော်လင့်ချက် ပိုအားကောင်းလာသည် လို့ ရေးထားပါတယ်ဗျာ။ ဟုတ်ပါတယ်ဗျာ။ အာဇာနည်နေ့ဆိုရင် မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ ဆိုတာလောက်ပဲ သိထားကြတာလေးက နည်းနည်းများလွဲနေပြီလား မဆိုနိုင်ပါဘူး။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ခရီးရှည်ကြီးမှာ အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်တွေကိုလည်း မေ့မထားသင့်ဘူး ပေါ့ဗျာ။ ဗိုလ်ချုပ်ကတော့ အာဇာနည်တို့ ရဲ့ ခေါင်းဆောင်ကြီးပေါ့ဗျာ။ […]


ကထူးဆန္းFebruary 17, 20121min23816
ဲပြီးခဲ့တဲ့ ၁၅ မိနစ်ခန့် ၁၁:၁၅ လောက်မှာ ငပလီ လေဆိပ်အဆင်းမှာ Air KBZ ရဲ့ လေယာဉ် ဘီး ကျိုးသွားတယ် လို့ သတင်းရရှိပါတယ် ။ လူ အသေအပျောက်တော့ မရှိပေမဲ့ နဲနဲပါးပါးခိုက်မိတာတော့ ရှိတယ်လို့ ပြောပါတယ် ။ လေယာဉ်မှုးရဲ့ ဆင်းသက်ပုံ ညံ့တာ လို့ စီးလာသူတစ်ဦးက ပြောပါတယ် ။ ခေါင်းနဲ့ ထိုးစိုက် ဆင်းပြီး ရုတ်တစ်ရက် ငါးခါလောက် ဆောင့်သွားပြီး ဘေးလမ်းပေါ်ထိုးကျသွားတယ်လို့ ဆိုပါတယ် … သံတွဲသားတို့ သတင်းရယူနိုင်မယ်ထင်ပါတယ် ။ ဲပြည်တွင်း လေယာဉ် နဲ့ ခရီးသွားသူ တစ်ဦး ကလည်း Air KBZ နဲ့ သွားမိတိုင်း အဆင်းတွေမှာ ညင်သာမှု့ မရှိဘဲ […]


YE YINT THUFebruary 17, 20121min975
စိန်သော့ရဲ  ့သတင်းလေးကိုဖတ်ရလို ့သိထားသမျှ ဝေငှလိုက်တယ်ဗျာ။ ဒီခေတ်က ငွေများတရားနိုင်တဲ့ခေတ်လေ။ ဒါပေမယ့် ဒီဖြစ်စဉ်မှာ သဘာဝမကျတာက နှစ်ဖက်စလုံးရဲ  ့အချင်းဖြစ် ယာဉ်တွေကို အမှုမပြီးမချင်း ရဲစခန်းမှာ ယာဉ်ထိန်းက သိမ်းဆည်း ထိန်းသိမ်း ထားရမှာပါ။ အမှားအမှန်ကို သက်ဆိုင်ရာတရားရုံးကသာ အဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် တိုက်တဲ့ ယာဉ်ကို ဥပဒေလက်တလုံးခြား လွှတ်ပေးထား တာကတော့  “ ဥပဒေ  အထက်မှာမည်သူမျှမရှိစေရ ” ဆိုတဲ့ စကားက မြန်မာပြည်မှာ အခုလောလောဆယ် အသက်မဝင်သေးပါဘူး လို ့မီးမောင်းထိုးပြနေသလိုပါဘဲ။ ဒါပေမယ့် ဒို ့မြန်မာလူမျိုးဆိုတာ မဟုတ်တာလုပ်ရင်နဲနဲမှ ခေါင်းငုံ ့ခံတတ်တဲ့လူစားမျိုးတွေ မဟုတ်ဘူး။ ဒို ့ဘိုးဘွားဘီဘင်အဆက်ဆက်ကမျိုးစေ့ချပေးခဲ့တာဘဲ။ သက်ဆိုင်တဲ့လူကြီးတွေသိအောင်နည်းလမ်းတကျတိုင် သင့်တယ် ။ သိခဲ့ရင်လဲ ဒီလိုမလျော်ကန်တဲ့ ကိစ္စမျိုးကို လက်ပိုက်ကြည့်နေတဲ့ခေတ်မဟုတ်တော့ ပါဘူး။ […]


                                                                                      သံတွဲလေဆိပ်သို ့အဆင်း၊ယနေ ့ဖေဖော်ဝါရီလ ၁ရ ရက်နေ ့နေ ့လည် ၁၁နာရီတွင် မြက်ခင်းပြင်သို ့ ထိုးဆင်းခဲ့ရသည်။ဓါတ်ပုံကို တင်သွားပါမယ်။ခုမှဆိုတော့ […]


winkyawaungFebruary 16, 20121min15511
မိတ်ဆွေများခင်ဗျာ..။ ကျွန်တော်တို့ မြန်မာပြည်တွင်းက ယခင် စစ်အစိုးရလက်ထက်မှ လုပ်ကိုင်ခွင့်ပြုထားခဲ့တဲ့ စကို်င်းနက်(အင်တာနက်လိုင်း) မှာ အများပြည်သူများထံမှ ဈေးနှုန်းများကိုလည်း အများဆုံးယူထားပါတယ်။ ဝန်ဆောင်မှုပေးတော့ ဘလော့ပို့စ်များနဲ့ အခြား သတင်းမီဒီယာလိုင်းများကို ပိတ်ထားဆဲဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး MPT ကတောင် ဘလော့ပို့စ်တွေ နိုင်ငံခြားသတင်းဌာန များ အားလုံးကိုဖွင့်ပေးနေပါပြီ..။ ယခုတော့ သူတို့က ဈေးကလဲ အများကြီးယူထားတယ်..။ ဝန်ဆောင်မှုကိုတော့ အင်တာနက်သုံးစွဲသူများ စိတ်ချမ်းသာအောင် ဆောင်ရွက်မပေးပါ။ ဒေါင်းလုပ်နေနေသာသာ အင်တာနက်လိုင်း အားလုံးလောက် ကို ဘန်းထားပါတယ်။ ယခုလို ခေတ်ပြောင်းနေတဲ့ အချိန်မှာ စကိုင်းနက် အင်တာနက်လိုင်းကို အသုံးပြုသူများ စိတ်ချမ်းသာအောင် သက်ဆိုင်ရာ ကုမ္ပဏီများက အလေးထားဆောင်ရွက်ပေးသင့်ပါပြီ..။ ယခု လာမည့် ၂၀၁၂/၂၀၁၃ ဘတ်ဂျက်အမှီ စကိုင်နက် အင်တာနက်လိုင်းကို ခေတ်နဲ့အညီ ပိတ်ထားတဲ့ ဝက်ဆိုက်များကို […]


Diamond KeyFebruary 16, 20121min24335
လွန်ခဲ့တဲ့ ရက်တစ်ရက် (၁၀-၀၂-၂၀၁၂) က မန္တလေးမြို့ လမ်းတစ်နေရာမှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပါတယ်။ လမ်းဘေးက ယာဉ်ရပ်နားရာ နေရာကနေ ထွက်လာတဲ့ မိန်းကလေးတစ်ယောက် စီးလာတဲ့ ဆိုင်ကယ်ကို လမ်းအတိုင်း မောင်းလာတဲ့ Light Track ကားတစ်စီးက ဝင်တိုက်မိတာပါ။ အတိုက်ခံရတဲ့ ဆိုင်ကယ်က ကျိုးပဲ့ပျက်စီးကာ စီးလာတဲ့ မိန်းကလေးက ခြေဖမိုးက အရေပြားလံကာ ခြေထောက်က သွေးသံ တရဲရဲ ဖြစ်နေပေမယ့် တိုက်တဲ့ကား ယာဉ်မောင်းသူက ဆေးရုံဆေးခန်း လိုက်ပို့ပေးဖို့ နေနေသာသာ “တိုင်ချင်ရာတိုင်” ဆိုပြီး မောင်းထွက်သွားလို့ ဘေးက လူတွေက ကားနံပါတ် လိုက်မှတ်ပေးကာ တိုက်သွားတဲ့ ကားနံပါတ်ကို မှတ်ထားလိုက် နိုင်ကြပါတယ်။ အဲဒါ သွေးသံတရဲရဲ ဖြစ်နေတဲ့ လူနာကို ဆေးရုံဝိုင်းပို့ပေးကြပြီး ယာဉ်ထိန်းတပ်ဖွဲ့ […]


  “တတိယ ဝင်ရိုးစွန်းသို့ ရောက်ခဲ့သော တတိယမျက်ဝန်းပိုင်ရှင်များ၏”     တစ်ရက်ဖိတ်စာလေးတစ်စောင်ရောက်လာပါတယ်။ ကြည့်လိုက်တော့ ရွာထဲက မိတ်ဆွေ။ မနှစ်သင်္ကြန်မတိုင်ခင်က သူ ဧဝရက်တောင်တက်မယ်ပြောထား။ ရင်ထဲမှာအားကျစိတ်တွေနဲ့ပေါ့။ သူတစ်ကယ်သွားဖြစ်လို့ပြန်လာတဲ့အခါမှာတော့ သူ့အတွေ့အကြုံတွေကြားရတာ ဓါတ်ပုံပိုးရှိတဲ့ကျနော်မှာ စိတ်တွေယား။ အားကျလို့ပေါ့.။ ဂျာနယ်တွေထဲမှာလဲ သူတို့ လေးယောက် ဧဝရက်တောင်ရောက်တာကို ဝေဝေဆာဆာ။   နောက်တော့လဲမေ့မေ့ပျောက်ပျောက်။ ဟိုတစ်လောကတော့ စာအုပ်လေးလက်ဆောင်ပေး။ တနေ့နည်းနည်းခြင်းဖတ်လို့မှာ အားမရ မပြီးသေးခင် ဖိတ်စာလေးရောက်လာ။ အဲတော့ မိတ်ဆွေတစ်ဦးရဲ့မှတ်တိုင်လေးကို မုဒိတာပွားများလို့ မျှဝေပေး။ ကျန်တာတွေတော့ စာစောင်တွေထဲပါလာမှာကိုစော င့်ဖတ်နော်။ တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့ကလဲ လူပြောများလွန်းတဲ့ ဗယ်လင်တိုင်းနေ့……………………………….. ကိုပေါက်လက်ဆောင်  မုဒိတာ (14-2-2012)


winkyawaungFebruary 14, 20121min82
`ဆိပ်ဖြူမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာ၊ကိုင်းမြေနုကွန်း ကွင်းအမှတ်(၁၁၁၈) ၏ ပြဿနာ´ ၄-၂-၂၀၁၂ နေ့ နံနက်(၁၁)နာရီအချိန်၊ ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာဓမ္မာရုံတွင် ကိုးတောင့်ကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးဝင်း နှင့်တွေ့ဆုံခဲ့ပါသည်။ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး မှ ယခင် ၂၀၀၈ ခုနှစ် ထုတ်ပြန်ထားသော မြန်မာဂို(လ်)ဒင်းစတား (MGS) စိုက်ခင်းတာဝန်ခံ၏ တားမြစ်ထားသောစာ နှင့် ၂၀၁၁၊ ဇွန်လ(၂၇)ရက်နေ့တွင် ဆိပ်ဖြူမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ထံအစီရင်ခံတင်ပြ ထားသော စာ(၂) စောင်ကို တင်ပြလာပါသည်။ ထို့နောက် အောက်ပါအတိုင်း ရင်ဖွင့်ပြောဆိုသွားပါသည်။ ဤကိစ္စအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၏ အကူအညီဖြင့် အစိုးရအသစ် သမ္မတကြီး ဦးသိန်းစိန်ထံသို့ လည်း တင်ပြထားပြီးကြောင်း ပြောကြားပါသည်။ ရေလယ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးဝင်း၏ ပြောကြားချက်။ ကျွန်တော်တို့ရွာက […]


  NLD ရုံးချုပ်ရှေ့ ကြွက်လ္ဘက်ရည်ဆိုင်မှ ချောင်းနေပုံဖြစ်ပါသည်။ပုံများကို ရဲရင့်ငယ် ကနေဒါမှရရှိပါသည်။ http://yeyintnge.com-News-burmaone ဘာတွေကို ဒီလောက်တောင်သဲသဲမဲမဲ လိုက်ပြီးချောင်းနေရတာလဲ…NLD ကို တရားဝင် အသင်းအဖွဲ့အဖြစ်အသိအမှတ်ပြုထားပါတယ်ဆိုပြီး ဒီလိုလုပ်ရပ်တွေက ဘာတွေလဲ…ဘာကြောင့်လုပ်နေရတာလဲ…စဉ်းတော့ စဉ်းစားစရာတွေရှိနေပါတယ်…အပြောနဲ့ အလုပ်တွေ ညီဖို့တော့လိုပါလိမ့်မယ်…    


အာဂFebruary 14, 20121min69230
ထူးထူးခြားခြား အမျိုးသီးသန့် ယာဉ်လိုင်း ကား ယနေ့ရန်ကုန်မြို့မှာစတင်ပြေးဆွဲနေပြီဟုသိရပါတယ်။ ကားလိုင်းကတော့ မြန်မာ့စီးပွားရေးဦးပိုင်က ပါရမီ၊ အဓိပတိ ယာဉ်လိုင်းဖြစ်တယ်လို့သိရပါတယ်။ ကားရဲ့အရှေ့အနောက် ၊ဘေးပတ်ပတ်လည်မှာ အမျိုးသမီးများအတွက် သီးသန့်လို့ ဆိုင်းဘုတ်များရေးဆွဲထားတယ်လို့သိရပါတယ်။ ချစ်သူများနေ့ဖြစ်တာကြောင့် အကြောင်းမသိပဲတက်စီး မိတဲ့ စုံတွဲအချို့လည်း အနည်းငယ်ဒုက္ခရောက်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါယာဉ်လိုင်းမှာ မူလဆိုခဲ့ သလို အမျိုးသမီး ယာဉ်မောင်၊စပယ်ရာ တို့ထားရှိမယ်ဆိုပေမဲ့ ယခုလောလောဆယ်မှာတော့ အမျိုးသား ယာဉ်မောင်း၊စပယ်ရာတို့နှင့်သာ ပြေးဆွဲနေကြောင်းလည်းသိရှိရပါတယ်။ အမျိုးသမီးသီးသန့် ဆိုသော်ငြား အမျိုးသားကလေးငယ်များကိုတော့ စီးခွင့်ပေးထားပါတယ်။ထိုသို့အမျိုးသမီးသီးသန့် ယာဉ်လိုင်း စီးခမှာ ၂၀ဝကျပ်ဖြစ်ပြီး အမျိုးသမီးထုအများ စုကတော့ ထောက်လှမ်းရေး ရန်ကကင်းဝေပြီးဖြစ်လို့ ဝမ်းမြောက်စွာကြိုဆိုကြတယ်လို့လည်းသိရှိရပါတယ်။


Diamond KeyFebruary 14, 20121min29021
ဘဏ်တစ်ခု ရဲ့ Customer သစ်တွေအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခု မန္တလေးမြို့မှာ ဒီရက်ပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ဘဏ်တစ်ခုဟာ ဘဏ်ငွေစုငွေ ရရှိစေရန် ဘဏ် ဝန်ထမ်းများကို အသုံးပြုကာ အပြောနှင့်မညီသည့် လုပ်ဆောင်မှုတစ်ခု ပြူလုပ်သွားကြောင်း လက်တွေ့ကြုံခဲ့ရသူများ၏ ပြောပြချက် အရ သိရှိရပါတယ်။ ထိုဘဏ်က ဝန်ထမ်းမိန်းကလေးတွေက ၎င်းဘဏ်ဖွင် ့ပွဲနေ ့နဲ့ အကြိုနေ့တွေမှာ account  ဖွင့် လိုသူများ ရှိပါက အိမ်တိုင်ယာရောက် (သို ့) ရုံးတိုင်ယာရောက်ဝန်ဆောင်မှုပေးမည်ဖြစ်ပါကြောင်း၊ Account ဖွင့်မည် ့ Customers များအား T-Shirt တစ်ထည် ။ note book တစ်အုပ် နှင့် note pad တစ်ခုစီ လက်ဆောင်ပေးမည်ဖြစ်ပြီး ကျပ်ငွေ 10000 နှင့် […]


winkyawaungFebruary 12, 20121min1374
မကွေးတိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး( ဆိပ်ဖြူမြို့နယ်) မှ ဖိတ်ကြားချက်အရ ၄-၂-၂၀၁၂ နေ့ နံနက်(၁ဝး၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာဓမ္မာရုံသို့ စာရေးသူ သွားရောက်ခဲ့ ပါသည်။ ယင်းဓမ္မာရုံတွင်း၌ မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး နှင့် မြေယာများကို မြန်မာဂို(လ်)ဒင်းစတားကုမ္ပဏီမှ မတရားသဖြင့် အသိမ်းခံထားရ၍ ပြန်လည်ရယူလိုကြသော မူလမြေပိုင်ရှင်များ (၂၃)ဦး တို့ တိုင်ပင်ဆွေးနွေးနေကြသည်ကို သတင်းရယူခဲ့ပါသည်။ စုစုပေါင်းအသိမ်းခံထားရသော မြေဧကမှာ(၃ဝ ဧက) ခန့်ဟုသိရပါသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မူလမြေယာပိုင်ရှင် များလက်မှတ်ရေးထိုး ၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ(၂၀၁၁ ခု အောက်တိုဘာလ(၁၃)ရက်နေ့စွဲဖြင့် အသနားခံလွှာတင်ပြထားသော စာကို ဦးမြင့်စိုး(မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်) မှ ရှင်းလင်းဖတ်ကြားပွဲဖြစ်ပါသည်။ ဒီကိစ္စကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်မှာလည်း ဆက်လက်တင်ပြသွားမည်ဟု ဦးမြင့်စိုးမှပြောကြားပါသည်။ မြေယာအသိမ်းခံရသော မြေပိုင်ရှင်တချို့အား စာရေးသူမှ […]