စဆရ ႀကီးApril 4, 20111min18412
Mandalaygazette ကို ခုတစ်လောတွေ့နေရတာကို ကိုယ်ပိုင်အမြင်နဲ့ ပြောပြရမယ်ဆိုရင် နည်းနည်းငြီးငွေ့လာတယ်လို့ ဆိုရမလားဘဲ။ ဖတ်စရာ အကြောင်းအရာ ကောင်းကောင်းရှာမရဘဲ အပျော်ဖတ်စာပေတစ်ခုအနေနဲ့၊ Email Forward တွေကို ပြန်ပြီးရေးပြနေတဲ့ နေရာတစ်ခုလို့ပဲ မြင်လာမိပါတယ်။ နေ့တိုင်းတော့ မဖတ်ရမနေနိုင်လို့ ဝင်ဖတ်မိနေပေမယ့် မှတ်သားစရာ ဘာမှ မကျန်တော့လဲ နောင်ကို တော်တော်စဉ်းစားယူရမလို ဖြစ်နေပြန်တယ်။ ပင်တိုင်ဆောင်းပါးရှင်တွေအနေနဲ့လဲ Post များများတင်ချင်တဲ့စိတ်တစ်ခုနဲ့ ရရာနေရာကနေ ဆွဲယူသုံးနေလို့ Problem တွေဖြစ်နေတာကို မြင်နေရပြန်တော့လဲ စိတ်မကောင်းဖြစ်မိပြန်ပါတယ်။ ကျွန်တော်ဟာဆိုရင် ဒီ Site မှာ အတော်လေးကိုနောက်ကျမှ ရောက်ရှိလာတဲ့ စာဖတ်သူအသစ်တစ်ယောက်ဖြစ်သော်လည်း ဒီ Site လေးကို တွယ်တာပါတယ်။ သိပ်ကိုအောင်မြင်စေချင်တဲ့ စိတ်ရင်းအမှန်လဲရှိပါတယ်။ ဒါကြောင့်လဲ ဒီ Site က အမာခံစာရေးသားသူတွေကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေ […]


etoneMarch 31, 20111min24722
လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကပြောင်းလဲ သတ်မှတ်လိုက်ပြီးဖြစ်သော နှစ်သစ်ကူး ရုံးပိတ်ရက်တိုင်း အစိုးရရုံးများ ၊ ပုဂ္ဂလိက ရုံးများ ၊ စက်ရုံများ လက်ခံလိုက်နာကာ ရက်ရှည် နှစ်သစ်ကူး ပိတ်ရက် အဖြစ် သတ်မှတ်ကြရပါသည် ။ သို့ရာတွင် အချို့သော အစိုးရရုံး၊ ပုဂ္ဂလိက ရုံးများ ၊ စက်ရုံများ မှ လုပ်သားများ မဖြစ်မနေ အရေးတကြီး တာဝန်ထမ်းဆောင်ရန် အချိန်ပိုဆင်းရသည် ။ ပိတ်ရက်များတွင် အချိန်ပိုဆင်းရမည့် လုပ်သားများအနေဖြင့် အချိန်ပိုကြေး နှစ်ဆရရှိမည်ဟုလည်း သိရသည် ။ အများစုသော အလုပ်များ ပိတ်သည့် နှစ်သစ်ကူး အားလပ်ရပ်တွင် ထမင်းချိုင့်ဆွဲ အလုပ်ဝင်နေရသည့် အချိန်ပို ဝန်ထမ်းများအား ကိုယ်ချင်းစာမိပါသည် ။ ရေပက်ကစားကြသော သင်္ကြန်ကာလတွင် လိုင်းကားများ ရှိသော်လည်း လမ်းပိတ်ခြင်း […]


kaiMarch 31, 20112min20110
အင်တာနက်လိုက်နှိုက်ရင်းးကြိုက်တာလေးတွေ စုထားတာပါ..။ တွေးတွေးပြီး ကြိုက်တာမို ့.. တွေးကြိုက်ဓါတ်ပုံ တွေလို့ပဲ..ခေါ်ပါမယ်..။      


လင်းဝေMarch 25, 20111min1157
ရယ်စရာအလွန်ကောင်းနေပေမယ့် မရယ်နိုင်ပါဘူး။ ဒေါသပဲ အတောင့်လိုက်ထွက်ရင် မျိုချနေရတာလေး ပြေလိုပြေညား နည်းနည်းဖြေလျှော့ချကြည့်တာပါ။ ပြောချင်တာတွေက အများကြီး။ ရန်ကုန်မြို့တော်ဝန်လုပ်စားသွားတဲ့ အောင်သိန်းလင်းက စလို့ ပြောရပါမယ်။ ရန်ကုန်မြို့ရဲ့ လမ်းတွေ ခင်းတာ ပြင်တာနဲ့ ပတ်သက်လို့ သိချင်ပါတယ် ဆိုပြီး မေးတာကို ပြန်ဖြေတာလေးပါ။ အဖြေရဲ့ စ စချင်း မှာ ရန်ကုန်မြို့မှာ မိုးတွင်း ဆိုရင် မိုးတွေရွာပါသတဲ့။ ဒီလိုမိုးရွာတဲ့အခါ မိုးရေကြောင့် ကတ္တရာလမ်းက ကတ္တရာတွေဟာ စည်းကပ်မှု နည်းလာပြီး လမ်းများ ပျက်စီးခြင်း ငါးပါး ဆိုက်ပါသတဲ့။ ဒါကြောင့် ကွန်ကရစ်လမ်းတွေ ခင်းဖို့လုပ်နေပါတယ် ဆိုပါရောလား။ ကဲ…. စကာင်္ပူတို့ ကွာလာလမ်ပူတို့ လို တစ်နှစ်ပတ်လုံး မိုးတွေရွာနေတဲ့ မြို့မှာ ကတ္တရာလမ်းတွေကို ဘယ်လိုလုပ်ပြီး ခင်းထားပါလိမ့်။ လမ်းတွေ […]


nigimi77March 25, 20111min18420
မနေ ့ ညက ကိစ္စ တခုရှိလို ့ မြောက်ဥက္ကလာ အဝိုင်းကြီး ကို သွားပြီး ပြန်ဖို ့ မှတ်တိုင်ရှေ  ့မှာ ကားရပ်စောင့်နေတုံး  အလွန် ဆူညံစွာ အော်ဟစ်နေတဲ့ အသံကို သတိပြုမိတယ်။ Phone ပြောနေတုံးမို ့ လှည့်မကြည့်မိပေမဲ့  မျက်စိရှေ  ့တည့်တည့် ကို ဝင်လာတာက အသက် ၁ရ နဲ ့ ၁၈ ကြား လောက်မှာ ရှိမယ်လို ့ ထင်ရတဲ့ ယောဂီ ဝတ်စုံ ဝတ်ထားတဲ့ ကောင်မလေးနှစ်ယောက်။ ကျုပ် ရပ်နေတဲ့ နေရာနဲ ့ ခြေလှမ်း ၅ လှမ်းလောက်ကွာတဲ့ နေရာမှာ ရပ်ထားတဲ့ တက္ကဆီ နဲ  ့ ကျုပ်ရဲ  […]


လင်းဝေMarch 25, 20111min612
ကိုယ့်ကိုကိုယ် သပ်ရပ်ခန့်ငြားမှုမရှိဘူးလို့ထင်ရင် နည်းနာယူဖို့ ဆက်ဖတ်ပါ။ မခန့်ငြားမသပ်ရပ်လည်း ဘာမှ မဖြစ်ဘူး လို့ ထင်ရင်လည်း ဆက်ပြီး ဖတ်ပေးပါဦး။ သပ်ရပ်ခန့်ငြားပြီးသား လူများလည်း ကိုယ့်သူငယ်ချင်း၊ ညီ၊ညီမ နဲ့ တူ၊တူမ များကို သွန်သင်ဖို့ ဆက်ဖတ်သင့်ပါသေးတယ်။ ဘယ်လိုမျိုး စတိုင်ကျကျ(ပဲများတာ ဟန်များတာ၊ အပေါ်ယံဆန်ဆန် ရှိုးထုတ်တာမျိုးကို မဆိုလို) နဲ့ သပ်ရပ်ခန့်ငြားပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုတည် ဆောက်နိုင်တယ်ဆိုတာ လေ့လာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ… ရုပ်မချောလည်း ကိုယ်ရည်ကိုယ်သွေး တောက်ပြောင်အောင်လုပ်လို့ရတယ်။ ကိုယ်ရည်ကိုယ်သွေးဆိုတာ စိတ်ဓါတ်နဲ့ မိမိကိုယ်ကို ယုံကြည်မှုအပေါ်တည်ပါတယ်။ ဝတ်စားဆင်ယင်မှုသပ်ရပ်သန့်ရှင်းဖို့ ကောင်မွန်စွာဝတ်စားဖို့လည်းပါတာပေါ့။ ကောင်းမွန်သပ်ရပ်သန့်ရှင်းဖို့ဆိုတာ ပိုက်ဆံများများပေးပြီးမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ငွေကြေးတတ်နိုင်မှုအပေါ်မူတည်ပြီး အဝတ်အစား အသုံးအဆောင်ကို ရိုသေစွာ သိမ်းဆည်းတာ။ သေချာ လျှော်ဖွပ် မီးပူတိုက်ပြီး ဝတ်ဆင်တာက စလို့ […]


fattyMarch 24, 20111min1378
မြန်မာ့အလင်း တို့ ကြေးမုံတို့မှာ သတင်းဖေါ်ပြတာနဲ့ပတ်သက်လို့ပါ …။ ခေတ်တွေပြောင်းကုန်ပါပြီ။ အတွေးအခေါ်တွေလဲ ပြောင်းသင့်တာပြောင်းကြရင်ကောင်းမယ် ..။ မျက်နှာဖုံးစာမျက်နှာမှာ လူကြီး VIP သတင်းတွေတင်ထားတာ ထားပါတော့ …။ ကမ်းရိုးတန်းမုန်တိုင်းကြောင့် လူ ၃၀၀ဝ ကျော်လောက် ကယ်လိုက်ရတဲ့သတင်းမျိုး ပင်လယ်ထဲမှာ ငါးဖမ်းဖေါင် ၁၀ဝ လောက် မျောပါသွားတဲ့သတင်းမျိုးကို မသိမသာ သတင်းအတိုလေးအနေနဲ့ ကြော်ငြာတွေကြား မဖြစ်သာလို့ ညှပ်ပြီးထဲ့လိုက်ရတဲ့ပုံစံမျိုးကတော့ မကောင်းပါဘူး ..။ မလုပ်ကောင်းပါဘူး ..။ တကယ်က မြန်မာပြည်မှာ မဆလ ခေတ်ကအတိုင်း ပြည်သူတွေကြောက်လန့်ကုန်မှာစိုးလို့ အဖြစ်မှန်တွေ သတင်းထဲမထဲ့ဘူး .. မထည့်သင့်ဘူးဆိုတာ ကို အရင်ကတော့ အဟုတ်မှတ်တာပေါ့ဗျာ ..။ ကျနော်သိရသလောက်လူကြီးတွေကတော်တော်ပါ ..။ အောက်ကလူတွေကြည့်လုပ်တာပိုဆိုးနေသလားလို့ …။


လင်းဝေMarch 24, 20111min1326
မြန်မာနိုင်ငံမှာ မိုးလေဝသ၊ရာသီဥတု ဆိုင်ရာ ကိစ္စတွေကို အများပြည်သူ သိရှိနိုင်အောင်လို့ မိုး/ဇလ ဌာနက တိုင်းထွာရရှိသမျှကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ အခုနောက်ပိုင်း အက်ဖ်အမ် ရေဒီယိုများကနေတစ်ဆင့် ထုတ်လွှင့်ပေးမှသာ လူထုက သိရှိနိုင်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ရှိရင် ( ဒါ ဦးထွန်းလွင်ရဲ့လေသံပါ) အခုနောက်ပိုင်းသဘာဝဘေးအန္တရာယ်ကို မြန်မာလူထုက ခံစားနေရတာနဲ့ပတ်သက်လို့ မြန်မာတာဝန်ရှိသူများဟာ ကြိုတင် အသိပေးမှုနဲ့ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်မှု အားနည်းလွန်းတယ်လို့ အများက စွပ်စွဲပြောဆိုလာကြပြီဖြစ်ပါတယ်။ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်လို့ ပြောင်းလဲဖြစ်ပေါ်ခဲ့ရတဲ့ မြန်မာ့ရာသီ ဥတု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မိုးဇလ ကမှ မထုတ်ပြန်ရင် ဘယ်သူမှ မသိနိုင်ပါဘူး လို့ ဆိုကြပါတယ်။ စင်စစ်အားဖြင့် မိုးဇလကနေပြီး သတင်းဖြန့်ဖြူးဖို့အတွက် ဘယ်လို လုပ်ငန်းစဉ်တွေ လုပ်ရတယ်ဆိုတာ ကျွန်တော်တို့မသိသေးပါဘူး။ နောင်များ […]


fattyMarch 24, 20111min15513
ကျနော်တခါက အဲလိုသုံးဖူးတယ် ..။ အခုလဲကြည့် … တော်ဝင်မိသားစုကုမ္ပဏီပိုင်ရှင်ကြီး ဦးကိုကိုထွေး …. F4 ကိုရီးယားကားထဲက မင်းသားနဲ့မင်းသမီး ခေါ်ပေးမယ်ဆိုလို့ … ဒေါ်လာ ၅၀၀၀ဝ စာချုပ်နဲ့ပေးလိုက်တာ .. ယူသွားတဲ့ကိုရီးယား က ပေါ်မလာတော့လို့ အခုတော့ အင်တာပို တောင်တိုင်ထားရတယ်တဲ့ ….။ မြန်မာပြည်မှာတော့ စမ်းချောင်းရဲစခန်းမှာ အမှုဖွင့်ထားတာပါ …။


တေစၧMarch 24, 20111min949
တစ်ည ကားတန်းကြီးတွေက နှစ်ထပ် အရှည်ကြီး ဆိုင်ကယ်တွေကလည်း အများကြီးနဲ့ ဟာ ဘာများဖြစ်ကြလို့ ဘာပွဲတွေများ လုပ်ကုန်ကြပြီလဲ ငါလဲ ဝင်ကြည့်ဦးမှ ဆိုပြီး ကြည့်လိုက်တော့ ဘယ်ဟုတ်မလဲ ဆီထုတ်ဖို့တဲ့ ဘယ့်နှယ် ကမာ္ဘမှာ လောင်စာ ရှားပါးတဲ့ ပြဿနာတွေများ ဖြစ်ကုန်ပြီလား ကမာ္ဘပျက်လို့များ ဘယ်ရောက်ရောက် မောင်းပြေးကြတော့ မလို့လားလို့ ဆီဆိုင်တွေမှာ ညအိပ်စောင့်ပြီးတော့တောင် စောင့်ဝယ်ရတယ်လို့ ကြားကြားဖူးပေါင် စက်သုံးဆီဆိုင်တွေ ပုဂ္ဂလိကကို ပေးလိုက်လို့ လောင်စာဆီများ အဆင်ပြေမလားဆို ခုမှပဲ မမြင်ဖူးတာတွေ မမြင်ရ အလုပ်အကိုင်သစ်တွေ ရနဲ့ ဟုတ်နေတာပဲ အလုပ်အကိုင်သစ်ဆိုတာက အလုပ်မရှိအကိုင်မရှိတဲ့သူတွေ ဆိုင်ကယ်တစ်စီးနဲ့ ဆီထုတ် ပြီးတော့ စုထား အပြင်မှာရောင်းစား အပြင်ပေါက်ဈေးက တစ်ဂါလန် ၅ ထောင်ကျော် ၆ ထောင်နီးပါး ဆီပန့်ပေါက်ဈေးက […]


လင်းဝေMarch 22, 20111min774
အားလုံး သတိထားစေချင်လို့ပါ။ ရန်ကုန်မှာနေသူများ သတိထားကြပါ။ ၂၀၀၅ တုန်းက လက်သည်ကို သေချာတိကျစွာ ဖော်နိုင်ခဲ့တာမဟုတ်ပါဘူး။ အစိုးရက ဒီမိုအင်းအားစုနဲ့ ကရင်ဘက်ကို လက်ညိုးထိုးသလို လူထုကလည်း အစိုးရကို ပြန်ထိုးရင်းပြီးခဲ့တာပါပဲ။ တကယ်တမ်း လက်ရာက နိုင်ငံတကာမှာ ခွဲပုံမျိုးပါပဲ။ လန်ဒန်မှာ ဖြစ်တာနဲ့ ဆင်လွန်းပါတယ်။ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်းတောမြို့နယ် အတွင်း၌ တာလီဘန် အကြမ်းဖက် သမားများဟု သင်္ကာမကင်းသူ အစ္စလမ်ဘာသာဝင် ၁၀ဝ ဝန်းကျင်ကို မောင်းတော အခြေစိုက် နအဖအစိုးရ၏ နယ်စပ်ဒေသ ကွပ်ကဲရေး ဌာနချုပ်(နစက) စစ် တပ်မှ ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးထားကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ဖမ်းဆီးခံထားရသူများသည် ယခုလဆန်းပိုင်းတွင် မောင်းတောမြို့နယ်အတွင်းရှိ နစက တပ်ဖွဲ့တည်ရှိရာ ခမောင်းဆိပ်ကျေးရွာ အနီး၌ ဖောက်ခွဲရေးနှင့်ပတ်သက်သော […]


nigimi77March 21, 20111min24821
သေပြီးရင် ဘာဖြစ်မလဲ ဆိုတော့ကာ… အရင်ဆုံး အသက်မရှုတော့ဘူးပေါ့။ ခန္ဒာကိုယ်မှာ ရှိသမျှ ကိရိယာ တန်ဆာပလာတွေ အားလုံး ရပ်တန် ့သွားတော့ သွေးတွေလဲ မလည်ပတ်နိုင် တဖြည်းဖြည်း အနံ ့တွေ တစ်ထောင်းထောင်း အရည်တွေ စီးကျပြီး ပုတ်ပွလာတာပေါ့။ ငါသေရင်တော့ သဂြိုလ် စားရိတ်လဲ သက်သာအောင် ငါ့ မိသားစုတွေလဲ ကရိကထ မများရအောင် လှီးဖြတ်ခုတ်ထစ် လေ့လာမဲ့ လူတွေကို ပေးလိုက်မယ်။ ဒါဆို ပေါက်တတ်ကရ အယူအဆတွေနဲ ့ ရိုးရာဆိုတာတွေ ဘာမှ လုပ်စရာ မလိုတော့ဘူး။ ငါသေပြီးရင် ဘယ်ဘဝ ရောက်မလဲဆိုတော့….ငါက ဘယ်ဘဝက လာတယ်ဆိုတာတောင် မသိတာ… နောက် ဘဝ ဆိုတာကို အပို အလုပ် တခု အနေနဲ ့ […]